< 1 Књига о царевима 21 >
1 А после ових ствари догоди се: Навутеј Језраељанин имаше виноград у Језраелу до двора Ахава цара самаријског.
၁ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိ မင်းကြီးအာဟပ်၏နန်းတော်နားမှာ ရှိသည်ဖြစ်၍၊
2 И рече Ахав Навутеју говорећи: Дај ми свој виноград да начиним од њега врт за зеље, јер је близу двора мог; а ја ћу ти дати за њ бољи виноград, или ако волиш, даћу ти у новцу шта вреди.
၂အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင်၊
3 А Навутеј рече Ахаву: Сачувај Боже да бих ти дао наследство отаца својих.
၃နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။
4 Тада Ахав дође кући зловољан и љутит ради речи коју му рече Навутеј Језраељанин говорећи: Не дам ти наследство отаца својих. И леже на постељу своју, и окрену лице своје на страну, и не једе хлеба.
၄ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။
5 Тада дође к њему Језавеља, жена његова и рече му: Зашто је душа твоја зловољна те не једеш хлеба?
၅ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊
6 А он јој рече: Јер говорих с Навутејем Језраељанином и рекох му: Дај ми виноград свој за новце, или ако волиш, даћу ти други виноград за тај. А он рече: Не дам ти свој виноград.
၆မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို၏။
7 Тада му рече Језавеља жена његова: Ти ли си цар над Израиљем? Устани, једи хлеба и буди весео. Ја ћу ти дати виноград Навутеја Језраељанина.
၇ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း၊
8 И написа књигу на име Ахавово, и запечати је печатом његовим и посла књигу старешинама и главарима који беху у граду његовом, који наставаху с Навутејем.
၈အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ၏။
9 А у књизи написа ово: Огласите пост, и посадите Навутеја међу главаре народне.
၉စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။
10 И поставите два неваљала човека према њему, па нека засведоче на њ говорећи: Хулио си на Бога и на цара. Тада га изведите и заспите камењем, да погине.
၁၀သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။
11 И учинише људи оног града, старешине и главари, који живљаху у граду његовом, како им заповеди Језавеља, како беше написано у књизи коју им посла.
၁၁ယေဇဗေလပေးလိုက်သော စာ၌ ပါသည် အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊
12 И огласише пост, и посадише Навутеја међу главаре народне.
၁၂အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ၏။
13 И дођоше два неваљала човека, и стадоше према њему; и сведочише на Навутеја ти неваљали људи пред народом говорећи: Навутеј је хулио на Бога и на цара. И изведоше га иза града, и засуше га камењем, те погибе.
၁၃အဓမ္မလူနှစ်ယောက်သည် လာ၍သူ့ရှေ့မှာ ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေ ခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။
14 Потом послаше к Језавељи и поручише јој: Засут је камењем Навутеј, и погинуо је.
၁၄ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ်၍ ကြားလျှောက်ကြ၏။
15 А кад Језавеља чу да је Навутеј засут камењем и погинуо, рече Ахаву Језавеља: Устани, узми виноград Навутеја Језраељанина, који ти не хте дати за новце, јер Навутеј није жив него је умро.
၁၅ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။
16 А кад чу Ахав да је умро Навутеј, уста и пође у виноград Навутеја Језраељанина да га узме.
၁၆နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။
17 Али дође реч Господња к Илији Тесвићанину говорећи:
၁၇ထိုအခါတိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊
18 Устани, изиђи на сусрет Ахаву, цару Израиљевом, који седи у Самарији; ено га у винограду Навутејевом, куда је отишао да га узме.
၁၈သင်သည်ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့။ သူသည်နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား၍ ယခုဥယျာဉ်၌ရှိ၏။
19 И реци му и кажи: Овако вели Господ: Ниси ли убио и ниси ли присвојио? Па му кажи и реци: Овако вели Господ: Како пси лизаше крв Навутејеву, тако ће лизати пси и твоју крв.
၁၉ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ၏။
20 А Ахав рече Илији: Нађе ли ме непријатељу мој? А он рече: Нађох, јер си се продао да чиниш зло пред Господом.
၂၀အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။
21 Ево, пустићу зло на те, и узећу наслеђе твоје, и истребићу Ахаву и оно што уза зид мокри, и ухваћеног и остављеног у Израиљу.
၂၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည်။
22 И учинићу с домом твојим као с домом Јеровоама, сина Наватовог и као са домом Васе, сина Ахијиног, што си ме гневио и што си навео на грех Израиља.
၂၂ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုး ကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။
23 Такође и за Језавељу рече Господ говорећи: Пси ће изјести Језавељу испод зидова језраелских.
၂၃ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည်။
24 Ко Ахавов погине у граду изјешће га пси, а ко погине у пољу изјешће га птице небеске.
၂၄အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။
25 И не би таквог као Ахав, који се продаде да чини шта је зло пред Господом, јер га подговараше жена његова Језавеља.
၂၅အာဟပ်နှင့်တူသော သူတယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်း သောသူဖြစ်၏။
26 И почини врло грдна дела идући за гадним боговима сасвим као што чинише Амореји, које изагна Господ испред синова Израиљевих.
၂၆ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း၊ ရုပ်တုဆင်းတုကို ဆည်းကပ်၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု၏။
27 А кад Ахав чу те речи, раздре хаљине своје, и привеза кострет око тела свог, и пошћаше, и спаваше у кострети, и хођаше полагано.
၂၇သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။
28 И дође реч Господња Илији Тесвићанину говорећи:
၂၈ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား၊
29 Јеси ли видео како се Ахав понизио преда мном? Зато што се тако понизио преда мном, нећу пустити оно зло за његовог живота; него за сина његовог пустићу оно зло на дом његов.
၂၉အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီ လော။ ထိုသို့ငါ့ရှေ့ မှာနှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ၏။