< 1 Књига о царевима 11 >

1 Али цар Соломун љубљаше многе жене туђинке осим кћери Фараонове, Моавке, Амонке, Едомке, Сидонке и Хетејке,
ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။
2 Од ових народа за које беше рекао Господ синовима Израиљевим: Не идите к њима и они да не долазе к вама, јер ће занети срце ваше за својим боговима. За њих приону Соломун љубећи их.
ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
3 Те имаше жена царица седам стотина, и три стотина иноча; и жене његове занесоше срце његово.
မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
4 И кад остаре Соломун, жене занесоше срце његово за туђим боговима; и срце његово не би цело према Господу Богу његовом као што је било срце Давида, оца његовог.
ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။
5 И Соломун хођаше за Астаротом, богињом сидонском, и за Мелхомом, гадом амонским.
ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
6 И чињаше Соломун шта беше зло пред Господом, и не хођаше сасвим за Господом као Давид, отац његов.
ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
7 Тада сагради Соломун висину Хемосу, гаду моавском, на гори према Јерусалиму, и Молоху гаду амонском.
ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။
8 Тако учини свим женама туђинкама, те кађаху и приношаху жртве својим боговима.
မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။
9 А Господ се разгневи на Соломуна што се одврати срце његово од Господа Бога Израиљевог, који му се беше јавио два пута,
အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊
10 И беше му заповедио да не иде за другим боговима, а он не одржа шта му Господ заповеди.
၁၀ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့်၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက်၊
11 И рече Господ Соломуну: Што се то нађе на теби, и ниси држао завет мој ни уредбе моје, које сам ти заповедио, зато ћу отргнути од тебе царство и даћу га слузи твом.
၁၁သင်သည်ဤသို့ပြု၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန် အား ပေးမည်။
12 Али за твог века нећу то учинити ради Давида оца твог; него ћу га отргнути из руке сина твог.
၁၂သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကို ထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။
13 Али нећу отргнути сво царство; једно ћу племе дати сину твом ради Давида слуге свог и ради Јерусалима, који изабрах.
၁၃သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
14 И подиже Господ противника Соломуну, Адада Идумејца, који беше од царског рода у Идумеји.
၁၄ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ်၏။
15 Јер кад Давид беше у Идумеји и Јоав војвода дође да покопа побијене, поби све мушкиње у Идумеји.
၁၅အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊
16 Јер Јоав оста онде шест месеци са свим Израиљем докле не поби све мушкиње у Идумеји.
၁၆
17 Тада утече Адад с неколико Идумејаца, слуга оца свог, и отиде у Мисир; а Адад беше тада дете.
၁၇ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။
18 И отишавши из Мадијана дођоше у Фаран; и узевши са собом људи из Фарана дођоше у Мисир к Фараону, цару мисирском, који му даде кућу и одреди му храну, и даде му и земље.
၁၈မိဒျန်ပြည်မှထွက်၍ မါရန်ပြည်သို့ ရောက်လေ၏။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။
19 И Адад нађе велику милост у Фараона, те га ожени сестром жене своје, сестром царице Тахпенесе.
၁၉ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ်၍ မိမိခင်ပွန်းမိဖုရားတာပနက်၏ညီမကို ပေးစား၏။
20 И сестра Тахпенесина роди му сина Генувата, ког отхрани Тахпенеса на двору Фараоновом, и беше Генуват на двору Фараоновом међу синовима Фараоновим.
၂၀တာပနက်၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင်၍၊ တာပနက်သည်နန်းတော်၌နို့ခွါသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။
21 А кад Адад чу у Мисиру да је Давид починуо код отаца својих и да је умро Јоав војвода, рече Адад Фараону: Пусти ме да идем у своју земљу.
၂၁ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။
22 А Фараон му рече: А шта ти је мало код мене, те хоћеш да идеш у своју земљу? А он рече: Ништа; али ме пусти.
၂၂ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။
23 Подиже му Бог још једног противника, Резона сина Елијадиног, који беше побегао од господара свог Адад-Езера, цара совског.
၂၃ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊
24 И скупивши к себи људе поста старешина од чете кад их Давид уби; потом отишавши у Дамаск осташе онде и овладаше Дамаском.
၂၄လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ၏။
25 И беше противник Израиљев свега века Соломуновог, и то осим зла које чињаше Адад; и мржаше на Израиља царујући у Сирији.
၂၅ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကို အစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
26 И Јеровоам син Наватов, Ефраћанин из Сариде, чија мати беше по имену Серуја жена удовица, слуга Соломунов, подиже се на цара.
၂၆ထိုမှတပါးရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း။
27 А ово би узрок зашто се подиже на цара: Соломун грађаше Милон и зазиђиваше пролом града Давида, оца свог;
၂၇ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ် ၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊
28 А Јеровоам беше крепак и храбар; зато видећи Соломун младића да настаје за послом постави га над свим поданицима дома Јосифовог.
၂၈ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်း ကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ၏။
29 Па у то време кад Јеровоам отиде из Јерусалима, нађе га на путу Ахија Силомљанин, пророк имајући на себи нову хаљину, и беху њих двојица сами у пољу.
၂၉တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရော ဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊
30 И Ахија узе нову хаљину која беше на њему, и раздре је на дванаест комада.
၃၀အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊
31 И рече Јеровоаму: Узми десет комада; јер овако вели Господ Бог Израиљев: Ево истргнућу царство из руке Соломунове, и даћу теби десет племена.
၃၁ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။
32 Само ће једно племе остати њему ради слуге мог Давида и ради града Јерусалима, који изабрах између свих племена Израиљевих.
၃၂ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ၏။
33 Јер оставише мене и поклонише се Астароти, богињи сидонској и Хемосу богу моавском и Мелхому богу синова Амонових, и не ходише путевима мојим чинећи што је право преда мном, уредбе моје и законе моје, као Давид отац његов.
၃၃ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက်။
34 Али нећу узети царство из руку његових, него ћу га оставити нека влада докле је год жив Давида ради слуге свог, ког изабрах, који је држао заповести моје и уредбе моје.
၃၄သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။
35 Него ћу узети царство из руку сина његовог, и даћу теби од њега десет племена.
၃၅ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။
36 А сину ћу његовом дати једно племе да буде видело Давиду слузи мом вазда преда мном у граду Јерусалиму, који изабрах да у њему наместим име своје.
၃၆ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။
37 Тебе ћу, дакле, узети да царујеш над свим шта ти душа жели, и бићеш цар над Израиљем.
၃၇သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ၏။
38 И ако узаслушаш све што ти заповедим, и узидеш мојим путевима и ушчиниш што је право преда мном, држећи уредбе моје и заповести моје, као што је чинио Давид слуга мој, бићу с тобом и сазидаћу ти тврд дом, као што сам сазидао Давиду, и даћу ти Израиља.
၃၈သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဘို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။
39 И мучићу семе Давидово зато, али не свагда.
၃၉ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည်။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
40 Зато тражаше Соломун да убије Јеровоама; али се Јеровоам подиже и побеже у Мисир к Сисаку, цару мисирском, и би у Мисиру докле не умре Соломун.
၄၀ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ ၏။
41 А остала дела Соломунова и шта је год чинио, и мудрост његова, није ли то записано у књизи дела Соломунових?
၄၁ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထား လျက်ရှိ၏။
42 А царова Соломун у Јерусалиму над свим Израиљем четрдесет година.
၄၂ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
43 И почину Соломун код отаца својих, и би погребен у граду Давида, оца свог; а Ровоам, син његов, зацари се на његово место.
၄၃ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

< 1 Књига о царевима 11 >