< Brojevi 31 >
1 Opet reèe Gospod Mojsiju govoreæi:
၁ထာဝရဘုရားသည်မောရှေအား၊-
2 Osveti sinove Izrailjeve na Madijancima, pak æeš se onda pribrati k rodu svojemu.
၂``ဣသရေလအမျိုးသားတို့အတွက်မိဒျန် အမျိုးသားတို့အားလက်စားချေလော့။ ထို တာဝန်ကိုဆောင်ရွက်ပြီးနောက် သင်သည် အနိစ္စရောက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
3 I Mojsije reèe narodu govoreæi: opremite izmeðu sebe ljude na vojsku da idu na Madijance da uèine osvetu Gospodnju na Madijancima,
၃ထို့ကြောင့်မောရှေသည်ဣသရေလအမျိုးသား တို့အား``မိဒျန်အမျိုးသားတို့သည်ထာဝရ ဘုရားကိုပြစ်မှားကြသောကြောင့် သူတို့ကို တိုက်ခိုက်ချေမှုန်းရန်အသင့်ပြင်ကြလော့။-
4 Po tisuæu od plemena, od svakoga plemena Izrailjeva opremite na vojsku.
၄စစ်ချီတက်တိုက်ခိုက်ရန်ဣသရေလအနွယ် များမှ တစ်နွယ်လျှင်လူတစ်ထောင်ကျစေ လွှတ်လော့'' ဟုဆို၏။
5 I dadoše od tisuæa Izrailjevijeh po tisuæu od svakoga plemena, dvanaest tisuæa opremiše na vojsku.
၅သို့ဖြစ်၍စစ်ချီရန်ဣသရေလအနွယ်များ မှလူတစ်ထောင်ကျစီဖြင့် လူပေါင်းတစ်သောင်း နှစ်ထောင်ကိုရွေးချယ်ကြလေသည်။-
6 I posla Mojsije po tisuæu od svakoga plemena na vojsku, i s njima Finesa sina Eleazara sveštenika, i u njega bjehu sudi sveti i trube.
၆ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။-
7 I zavojštiše na Madijance, kako zapovjedi Gospod Mojsiju, i pobiše sve muškinje.
၇ထာဝရဘုရားကမောရှေအားအမိန့်ပေး တော်မူသည်အတိုင်း သူတို့သည်မိဒျန်အမျိုး သားတို့ကိုတိုက်ခိုက်ရာ၊-
8 Pobiše i careve Madijanske, s drugima koje im pobiše, Evina i Rokoma i Sura i Ura i Rovoka, pet careva Madijanskih, i Valama sina Veorova ubiše maèem.
၈မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
9 I zarobiše sinovi Izrailjevi žene Madijanke i djecu njihovu, i zaplijeniše svu stoku njihovu, krupnu i sitnu, i sve blago njihovo.
၉ဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသမီးနှင့် ကလေးများကိုသုံ့ပန်း အဖြစ်ဖမ်းဆီး၍သူတို့၏သိုး၊ နွား တိရစ္ဆာန်တို့နှင့်တကွပစ္စည်းဥစ္စာရှိသမျှ ကိုသိမ်းယူလေ၏။-
10 A mjesta njihova u kojima življahu i gradove njihove sve popališe ognjem.
၁၀သူတို့၏မြို့နှင့်စခန်းရှိသမျှတို့ကို လည်းမီးရှို့ဖျက်ဆီးပစ်ကြ၏။-
11 I sve roblje i sav plijen, ljude i stoku, uzeše;
၁၁သူတို့သည်သိမ်းယူရရှိသမျှသောဥစ္စာ ပစ္စည်း၊ သုံ့ပန်းနှင့်တိရစ္ဆာန်တို့ကို၊-
12 I povedoše k Mojsiju i Eleazaru svešteniku i ka zboru sinova Izrailjevijeh, i roblje i ostali plijen i dobit u oko na polju Moavskom, koje je na Jordanu prema Jerihonu.
၁၂ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်တွင် စခန်းချလျက်ရှိသော မောရှေ၊ ဧလာဇာနှင့်ဣသရေလအမျိုး သားတို့ထံယူဆောင်ခဲ့ကြလေသည်။
13 A Mojsije i Eleazar sveštenik i svi knezovi od zbora izidoše im na susret iz okola.
၁၃မောရှေ၊ ဧလာဇာနှင့်ဣသရေလခေါင်း ဆောင်အပေါင်းတို့သည် စခန်းအပြင်သို့ ထွက်၍တပ်သားများကိုဆီးကြိုကြ၏။-
14 I Mojsije se razgnjevi na vojvode, na tisuænike i stotinare, koji se vraæahu s vojske;
၁၄သို့ရာတွင်မောရှေသည်တိုက်ပွဲပြန်တပ် ရင်းမှူး၊ တပ်ခွဲမှူးစသောအရာရှိတို့ ကိုအမျက်ထွက်၍၊-
15 I reèe im Mojsije: a što ostaviste u životu sve žene?
၁၅``သင်တို့သည်အဘယ်ကြောင့်အမျိုးသမီး အားလုံးကို အသက်ချမ်းသာစေကြသနည်း။-
16 Ta one po rijeèi Valamovoj navratiše sinove Izrailjeve da zgriješe Gospodu s Fegora, te doðe ona pogibija na narod Gospodnji.
၁၆ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။-
17 Zato sada pobijte svu djecu mušku, i sve žene pobijte, koje su poznale èovjeka.
၁၇သို့ဖြစ်၍ယောကျာ်းကလေးများနှင့် ယောကျာ်း နှင့်ဆက်ဆံဖူးသောမိန်းမရှိသမျှတို့ ကိုသတ်လော့။-
18 A djevojke, koje ne poznaše èovjeka, ostavite u životu.
၁၈မိန်းကလေးများနှင့်အပျိုကညာများကို သင်တို့အသက်ချမ်းသာပေးကြလော့။-
19 A vi ostanite izvan okola sedam dana; svaki koji je ubio koga i koji se dotakao ubijenoga, oèistite se treæi dan i sedmi dan, sebe i roblje svoje.
၁၉သင်တို့တွင်လူအသက်ကိုသတ်ခဲ့သူနှင့် လူသေကောင်ကို ကိုင်တွယ်မိခဲ့သူအပေါင်း တို့သည်စခန်းအပြင်ဘက်တွင်ခုနစ်ရက် နေထိုင်ရကြမည်။ တတိယနေ့နှင့်သတ္တမ နေ့ရက်များ၌ သင်တို့နှင့်သင်တို့ဖမ်းဆီး ခဲ့သောအမျိုးသမီးများအတွက် သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
20 I sve haljine i sve stvari kožne i sve što je od kostrijeti i sve sudove drvene oèistite.
၂၀သင်တို့၏အဝတ်အင်္ကျီများနှင့်သားရေ၊ ဆိတ်မွေးသို့မဟုတ်သစ်သားဖြင့်ပြုလုပ် သောပစ္စည်းရှိသမျှတို့ကိုလည်းသန့်စင် စေရမည်'' ဟုဆို၏။
21 I reèe Eleazar sveštenik vojnicima, koji bijahu išli na vojsku: ovo je naredba i zakon što je Gospod zapovjedio Mojsiju:
၂၁ယဇ်ပုရောဟိတ်ဧလာဇာကလည်းတိုက်ပွဲပြန် စစ်သည်တို့အား``ထာဝရဘုရားကမောရှေ အားမိန့်ကြားတော်မူသောပညတ်များမှာ၊-
22 Zlato, srebro, mjed, gvožðe, kositer i olovo,
၂၂ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သံဖြူ၊ ခဲအစရှိသည့်မီး မလောင်ကျွမ်းနိုင်သောသတ္တုပစ္စည်းရှိသမျှ အားမီးကိုဖြတ်သန်းစေခြင်းဖြင့်သန့်စင်စေ ရမည်။ အခြားသံဝတ္ထုပစ္စည်းများကိုသန့်စင် ခြင်းဝတ်ပြုရာရေဖြင့်သန့်စင်စေရမည်။-
23 Što god podnosi vatru, propustite kroz vatru, i oèistiæe se, ali pošto se oèisti vodom oèišæenja; a što god ne podnosi vatre, propustite kroz vodu.
၂၃
24 I operite haljine svoje sedmi dan, i biæete èisti; i onda æete uæi u oko.
၂၄သတ္တမနေ့တွင်သင်တို့၏အဝတ်အင်္ကျီ များကိုဖွပ်လျှော်ရမည်။ ထိုနောက်သင်တို့ သည်သန့်စင်ပြီဖြစ်သဖြင့် စခန်းအတွင်း သို့ပြန်လည်ဝင်ရောက်နိုင်သည်ဟူ၍ဖြစ် သည်'' ဟုဆိုလေ၏။
25 Još reèe Gospod Mojsiju govoreæi:
၂၅ထာဝရဘုရားသည်မောရှေအား၊
26 Izbroj sve što je zaplijenjeno, ljude i stoku, ti i Eleazar sveštenik i poglavari od plemena narodnijeh.
၂၆``သင်နှင့်ဧလာဇာတို့သည်ဣသရေလ အမျိုးသားအကြီးအကဲတို့နှင့်အတူ သုံ့ပန်းနှင့်တိရစ္ဆာန်များအပါအဝင် လက်ရသိမ်းဆည်းခဲ့သောပစ္စည်းရှိသမျှ ကိုရေတွက်ရမည်။-
27 I razdijeli sve zaplijenjeno na dvoje: na vojnike koji su išli na vojsku i na sav zbor.
၂၇ထိုပစ္စည်းများကိုထက်ဝက်စီအညီအမျှ ခွဲပြီးလျှင် တစ်ဝက်ကိုစစ်သည်တို့အားပေး ၍ တစ်ဝက်ကိုကျန်သောဣသရေလအမျိုး သားတို့အားပေးရမည်။-
28 I uzmi dio za Gospoda od vojnika koji su išli na vojsku, po jednu dušu od pedeset, i od ljudi i od goveda i od magaraca i od ovaca.
၂၈စစ်သည်တို့အတွက်ဝေစုထဲမှသုံ့ပန်းငါးရာ လျှင် တစ်ယောက်ကျဖြင့်လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်းထိုအချိုးကျဖြင့် လည်းကောင်း ထာဝရဘုရားအတွက်အခွန် အဖြစ်သီးသန့်ထားရမည်။-
29 Od njihove polovine to uzmite, i podajte Eleazaru svešteniku za prinos Gospodu.
၂၉ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။-
30 I od polovine koja dopade sinovima Izrailjevijem uzmi po jedno od pedeset, i od ljudi i od goveda i od magaraca i od ovaca i od svake stoke, i to podaj Levitima koji rade što treba za šator Gospodnji.
၃၀ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
31 I uèini Mojsije i Eleazar sveštenik kako zapovjedi Gospod Mojsiju.
၃၁မောရှေနှင့်ဧလာဇာတို့သည် ထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းဆောင်ရွက် ကြလေသည်။
32 I bješe plijena, što osta od plijena koji zaplijeni vojska: šest stotina i sedamdeset i pet tisuæa ovaca,
၃၂စစ်သည်တို့ကိုယ်ပိုင်အတွက်သိမ်းထားသော ပစ္စည်းများအပြင် လက်ရသိမ်းဆည်းခဲ့သော တိရစ္ဆာန်နှင့်လူအရေအတွက်စာရင်းမှာ သိုး နှင့်ဆိတ်ကောင်ရေခြောက်သိန်းခုနစ်သောင်း ငါးထောင်၊ နွားကောင်ရေခုနစ်သောင်းနှစ်ထောင်၊ မြည်းကောင်ရေခြောက်သောင်းတစ်ထောင်နှင့် အပျိုကညာဦးရေသုံးသောင်းနှစ်ထောင် ယောက်ဖြစ်သည်။-
33 I sedamdeset i dvije tisuæe goveda,
၃၃
34 I šezdeset i jedna tisuæa magaraca,
၃၄
35 I ženskinja što ne bješe poznalo èovjeka, svega trideset i dvije tisuæe duša.
၃၅
36 A u polovini, u dijelu onijeh koji bijahu išli na vojsku, bješe na broj tri stotine i trideset i sedam tisuæa i pet stotina ovaca,
၃၆စစ်သည်တို့အတွက်ထက်ဝက်ဝေစုမှာ သိုး နှင့်ဆိတ်ကောင်ရေပေါင်းသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန်ကောင်ရေမှာ ခြောက်ရာ့ခုနစ်ဆယ့်ငါး ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစုနွားကောင် ရေသုံးသောင်းခြောက်ထောင်ဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန် ကောင်ရေမှာခုနစ်ဆယ့်နှစ်ကောင်ဖြစ် သည်။ စစ်သည်တို့အတွက်ဝေစုမှာမြည်း ကောင်ရေသုံးသောင်းငါးရာဖြစ်၍၎င်းတို့ အနက် ထာဝရဘုရားအတွက်အခွန် အဖြစ်ဆက်သရန်ကောင်ရေမှာခြောက်ဆယ့် တစ်ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစု မှာအပျိုကညာတစ်သောင်းခြောက်ထောင် ယောက်ဖြစ်၍ ၎င်းတို့အနက်ထာဝရဘုရား အတွက်အခွန်အဖြစ်ဆက်သရန်အတွက် မှာသုံးဆယ့်နှစ်ယောက်ဖြစ်သည်။-
37 A od toga dio Gospodu bješe šest stotina i sedamdeset i pet ovaca;
၃၇
38 I trideset i šest tisuæa goveda, a od toga dio Gospodu sedamdeset i dva;
၃၈
39 I trideset tisuæa i pet stotina magaraca, a od toga dio Gospodu šezdeset i jedan;
၃၉
40 I šesnaest tisuæa duša ljudskih, a od toga dio Gospodu trideset i dvije duše.
၄၀
41 I dade Mojsije Eleazaru svešteniku dio za prinos Gospodu, kao što mu zapovjedi Gospod.
၄၁သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။
42 A od druge polovine, koja dopade sinovima Izrailjevijem, koju uze Mojsije od ljudi koji bjehu išli na vojsku,
၄၂ဣသရေလအမျိုးသားတို့အတွက်ဝေစု သည်လည်း စစ်သည်တို့အတွက် ဝေစုအတိုင်း သိုးနှင့်ဆိတ်ကောင်ရေသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာ၊ နွားကောင်ရေသုံးသောင်း ခြောက်ထောင်၊ မြည်းကောင်ရေသုံးသောင်းငါး ရာနှင့်အပျိုကညာဦးရေတစ်သောင်းခြောက် ထောင်ယောက်ဖြစ်သည်။-
43 A i u toj polovini, koja dopade zboru, bješe tri stotine i trideset i sedam tisuæa i pet stotina ovaca,
၄၃
44 Trideset i šest tisuæa goveda,
၄၄
45 Trideset tisuæa i pet stotina magaraca,
၄၅
46 I šesnaest tisuæa duša ljudskih)
၄၆
47 Od te polovine, koja dopade sinovima Izrailjevijem, uze Mojsije po jedno od pedeset, i od ljudi i od stoke, i dade Levitima koji rade što treba za šator Gospodnji, kao što mu Gospod zapovjedi.
၄၇မောရှေသည်ထိုဝေစုထဲမှသုံ့ပန်းနှင့်တိရစ္ဆာန် တို့ကို ငါးဆယ်ချိုးတစ်ချိုးကျနုတ်ယူ၍ ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်း တဲတော်ကို တာဝန်ယူစောင့်ထိန်းရသောလေဝိအမျိုးသား တို့အားပေးအပ်လေသည်။
48 I pristupiše k Mojsiju vojvode, tisuænici i stotinari,
၄၈ထိုနောက်တပ်မှူးတို့သည် မောရှေထံသို့လာ ရောက်၍``အကျွန်ုပ်တို့၏လက်အောက်ရှိစစ်သည် များကိုရေတွက်ရာ တစ်ယောက်မျှပျောက်ဆုံး ခြင်းမရှိကြောင်းတွေ့ရပါသည်။-
49 I rekoše mu: sluge tvoje prebrojiše vojnike koji bijahu pod našom rukom, i nijednoga nije manje.
၄၉
50 Zato prinosimo Gospodu prinos, svaki što je ko zadobio, zlatnijeh zaklada, kopaèa, narukvica, prstena, obodaca i lanèiæa, da bi se oèistile duše naše pred Gospodom.
၅၀သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။-
51 I uze Mojsije i Eleazar sveštenik od njih zlato, svakojake zaklade.
၅၁မောရှေနှင့်ဧလာဇာတို့သည်ရွှေလက်ဝတ် တန်ဆာများကိုလက်ခံလေသည်။-
52 A bješe svega zlata prinesenoga, što prinesoše Mojsiju tisuænici i stotinari, šesnaest tisuæa i sedam stotina i pedeset sikala.
၅၂တပ်မှူးများဆက်သသောလက်ဝတ်တန် ဆာအလေးချိန်မှာပေါင်လေးရာကျော် ရှိသည်။-
53 A vojnici zadržaše sebi što koji bješe zaplijenio.
၅၃ရိုးရိုးတပ်သားတို့သည်မိမိတို့ရရှိသော ပစ္စည်းများကို ကိုယ်ပိုင်အတွက်သိမ်းဆည်း ထားကြ၏။-
54 I uzevši Mojsije i Eleazar zlato od tisuænika i stotinara, unesoše ga u šator od sastanka za spomen sinovima Izrailjevijem pred Gospodom.
၅၄ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကို ကာကွယ်စောင့်ရှောက်တော်မူအံ့ သောငှာ မောရှေနှင့်ဧလာဇာတို့သည်ရွှေများ ကိုတဲတော်သို့ယူဆောင်သွားကြလေသည်။