< Brojevi 3 >
1 A ovo je pleme Aronovo i Mojsijevo, kad Gospod govori s Mojsijem na gori Sinajskoj.
၁ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊
2 I ovo su imena sinova Aronovijeh: prvenac Nadav, pa Avijud i Eleazar i Itamar.
၂အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။
3 To su imena sinova Aronovijeh, sveštenika, koji biše pomazani i posveæeni da vrše službu sveštenièku.
၃ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။
4 Ali pogibe Nadav i Avijud pred Gospodom, kad prinesoše oganj tuð pred Gospodom u pustinji Sinajskoj; i ne imaše djece; zato Eleazar i Itamar otpravljahu službu sveštenièku za života Arona oca svojega.
၄နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
5 A Gospod reèe Mojsiju govoreæi:
၅ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊
6 Kaži neka pristupi pleme Levijevo, i postavi ga pred Aronom sveštenikom da mu služe,
၆သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။
7 I da rade za nj i za sav zbor pred šatorom od sastanka služeæi šatoru,
၇သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
8 I da èuvaju sve posuðe u šatoru od sastanka, i da straže za sinove Izrailjeve služeæi šatoru.
၈သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
9 Pa æeš dati Levite Aronu i sinovima njegovijem; oni su darovani njemu izmeðu sinova Izrailjevijeh.
၉လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။
10 A Arona i sinove njegove postavi da vrše sveštenièku službu svoju; ako li bi ko drugi pristupio, da se pogubi.
၁၀အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
11 Još reèe Gospod Mojsiju govoreæi:
၁၁တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
12 Evo uzeh Levite izmeðu sinova Izrailjevijeh za sve prvence što otvoraju matericu meðu sinovima Izrailjevijem; zato æe moji biti Leviti.
၁၂ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။
13 Jer je moj svaki prvenac; od onoga dana kada pobih sve prvence u zemlji Misirskoj, posvetih sebi svakoga prvenca u Izrailju od èovjeka do živinèeta; moji æe biti; ja sam Gospod.
၁၃အကြော်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
14 Još reèe Gospod Mojsiju u pustinji Sinajskoj govoreæi:
၁၄တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊
15 Izbroj sinove Levijeve po domovima otaca njihovijeh, po porodicama njihovijem, sve muškinje od mjeseca dana i više izbroj.
၁၅လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊
16 I Mojsije ih izbroji po zapovijesti Gospodnjoj, kako mu bi zapovjeðeno.
၁၆မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။
17 I bjehu sinovi Levijevi po imenu ovi: Girson i Kat i Merarije.
၁၇လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
18 A ovo su imena sinova Girsonovijeh po porodicama njihovijem: Lovenije i Semej.
၁၈မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။
19 A sinovi Katovi po porodicama svojim: Amram i Isar, Hevron i Ozilo.
၁၉မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
20 A sinovi Merarijevi po porodicama svojim: Malije i Musije. To su porodice Levitske po domovima otaca svojih.
၂၀မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။
21 Od Girsona porodica Lovenijeva i porodica Semejeva. To su porodice Girsonove.
၂၁ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
22 A izbrojenih meðu njima, kad se izbroji sve muškinje od mjeseca dana i više, bješe ih izbrojenijeh svega sedam tisuæa i pet stotina.
၂၂ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။
23 Porodice Girsonove stajahu u oko iza šatora sa zapada.
၂၃ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။
24 A starješina od doma otaèkoga u porodicama Girsonovim bješe Elisaf sin Dailov.
၂၄ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသား ဧလျာသပ်တည်း။
25 A sinovi Girsonovi èuvahu u šatoru od sastanka šator i naslon, pokrivaè njegov i zavjes na vratima šatora od sastanka,
၂၅ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊
26 I zavjese od trijema i zavjes na vratima od trijema što je oko šatora i oko oltara, i uža njegova za svaku potrebu njegovu.
၂၆တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
27 A od Kata bješe porodica Amramova i porodica Isarova i porodica Hevronova i porodica Ozilova. To su porodice Katove.
၂၇ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။
28 Svega muškinja od mjeseca dana i više bješe na broj osam tisuæa i šest stotina, koji služahu oko svetinje.
၂၈တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း။
29 Porodice sinova Katovijeh stajahu u oko pored šatora s juga.
၂၉ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော် တောင်မျက်နှာ၌ နေရာချရမည်။
30 A starješina od doma otaèkoga u porodicama Katovijem bješe Elisafan sin Ozilov.
၃၀ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလ သား ဧလိဇာဖန်တည်း။
31 A oni èuvahu kovèeg i sto i svijetnjak i oltar i posuðe u svetinji kojim služe, i zavjes, i sve što pripada k njemu.
၃၁သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။
32 A starješina nad starješinama Levitskim bješe Eleazar sin Arona sveštenika, postavljen nad onima koji èuvaju svetinju.
၃၂ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။
33 A od Merarija bješe porodica Malijeva i porodica Musijeva. To su porodice Merarijeve.
၃၃မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
34 I bješe ih izbrojenijeh, kad se izbroji sve muškinje od mjeseca dana i više, šest tisuæa i dvjesta.
၃၄ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။
35 A starješina od doma otaèkoga u porodicama Merarijevim bješe Surilo sin Avihejev; oni stajahu u oko pored šatora sa sjevera.
၃၅မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
36 I sinovi Merarijevi èuvahu daske od šatora i prijevornice njegove i stupce njegove i stopice njegove i sve sprave njegove i sve što k njemu pripada,
၃၆မေရာရိသားတို့ အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊
37 I stupce od trijema unaokolo i stopice njihove i kolje i uža njihova.
၃၇ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
38 A pred šatorom od sastanka s istoka stajahu u oko Mojsije i Aron i sinovi njegovi èuvajuæi svetinju za sinove Izrailjeve; a da ko drugi pristupi, poginuo bi.
၃၈မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
39 A svega Levita kad ih izbroji Mojsije i Aron po zapovijesti Gospodnjoj po porodicama njihovijem, svega muškinja od mjesec dana i više, bješe dvadeset i dvije tisuæe.
၃၉ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
40 I Gospod reèe Mojsiju: izbroj sve prvence muške meðu sinovima Izrailjevim od mjeseca dana i više, i saberi broj imena njihovijeh.
၄၀တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
41 I uzmi Levite za mene ja sam Gospod) mjesto svijeh prvenaca meðu sinovima Izrailjevim, i stoku Levitsku mjesto svijeh prvenaca od stoke sinova Izrailjevih.
၄၁ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊
42 I izbroji Mojsije kako mu zapovjedi Gospod, sve prvence meðu sinovima Izrailjevijem;
၄၂မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊
43 I svega prvenaca muških, kad se izbrojiše po imenima od jednoga mjeseca i više, bješe izbrojenijeh dvadeset i dvije tisuæe i dvjesta i sedamdeset i tri.
၄၃အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။
44 I Gospod reèe Mojsiju govoreæi:
၄၄တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
45 Uzmi Levite mjesto svijeh prvenaca meðu sinovima Izrailjevim i stoku Levitsku mjesto stoke njihove, da budu moji Leviti; ja sam Gospod.
၄၅ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
46 A da se otkupe oni dvjesta i sedamdeset i tri, što ima prvenaca meðu sinovima Izrailjevijem više nego Levita,
၄၆လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊
47 Uzmi po pet sikala od glave; uzmi po svetom siklu a u taj sikal ide dvadeset gera).
၄၇အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
48 I podaj te novce Aronu i sinovima njegovijem, otkup za one koji prelaze broj njihov.
၄၈ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊
49 I uze Mojsije otkup od onijeh koji ostaše preko onijeh koji biše promijenjeni za Levite.
၄၉လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊
50 I uze novce od prvenaca sinova Izrailjevijeh, tisuæu i trista i šezdeset i pet sikala, po svetom siklu.
၅၀မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊
51 I dade Mojsije taj otkup Aronu i sinovima njegovijem po zapovijesti Gospodnjoj, kao što zapovjedi Gospod Mojsiju.
၅၁ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။