< Levitski Zakonik 17 >
1 Jošte reèe Gospod Mojsiju govoreæi:
၁တဖန်မောရှေအား ထာဝရဘုရားက၊
2 Kaži Aronu i sinovima njegovijem i svijem sinovima Izrailjevim, i reci im: ovo je zapovjedio Gospod govoreæi:
၂သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
3 Ko god od doma Izrailjeva zakolje vola ili jagnje ili kozu u okolu, ili ko god zakolje izvan okola,
၃ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊
4 A ne dovede na vrata šatora od sastanka, da prinese prinos Gospodu pred šatorom Gospodnjim, kriv je za krv; prolio je krv; zato da se istrijebi onaj èovjek iz naroda svojega.
၄ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။
5 Zato sinovi Izrailjevi neka dovedu žrtve svoje, koje bi klali u polju, neka ih dovedu Gospodu na vrata šatora od sastanka k svešteniku, i neka prinesu žrtve zahvalne Gospodu.
၅ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။
6 I sveštenik neka pokropi krvlju po oltaru Gospodnjem na vratima šatora od sastanka, i salo neka zapali na ugodni miris Gospodu.
၆ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။
7 I neka više ne prinose žrtve svoje ðavolima, za kojima oni èine preljubu. Ovo neka im bude zakon vjeèan od koljena na koljeno.
၇သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
8 Zato im reci: ko bi god od doma Izrailjeva ili izmeðu stranaca koji se bave meðu njima prinio žrtvu paljenicu ili drugu žrtvu,
၈ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊-
9 A ne bi je doveo na vrata šatora od sastanka da je prinese Gospodu, taj èovjek da se istrijebi iz naroda svojega.
၉ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။
10 A ko bi god od doma Izrailjeva ili izmeðu stranaca koji se bave meðu njima jeo kakve god krvi, okrenuæu lice svoje nasuprot onomu èovjeku koji bude jeo krvi, i istrijebiæu ga iz naroda njegova.
၁၀ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
11 Jer je duša tijelu u krvi; a ja sam vam je odredio za oltar da se èiste duše vaše; jer je krv što dušu oèišæa.
၁၁အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။
12 Zato rekoh sinovima Izrailjevim: niko izmeðu vas da ne jede krvi; ni došljak koji se bavi meðu vama da ne jede krvi.
၁၂ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
13 I ko bi god izmeðu sinova Izrailjevih ili izmeðu došljaka koji se bave kod njih ulovio zvjerku ili pticu, koja se jede, neka iscijedi krv iz nje, i zaspe je zemljom.
၁၃ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။
14 Jer je duša svakoga tijela krv njegova, to mu je duša. Zato rekoh sinovima Izrailjevim: krvi nijednoga tijela ne jedite, jer je duša svakoga tijela krv njegova. Ko bi je god jeo, da se istrijebi.
၁၄အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။
15 A ko bi jeo meso od životinje koja crkne ili koju raskine zvjerka, bio domorodac ili došljak, neka opere haljine svoje i okupa se u vodi, i biæe neèist do veèera, a poslije æe biti èist.
၁၅အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
16 Ako li ih ne opere, i tijela svojega ne okupa, nosiæe bezakonje svoje.
၁၆အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။