< Isus Navin 6 >
1 A Jerihon se zatvori, i èuvaše se od sinova Izrailjevih; niko ne izlažaše, niti ko ulažaše.
၁ထိုအခါ ဣသရေလ အမျိုးသားတို့ကြောင့် ၊ ယေရိခေါ မြို့သည် ကျပ်တည်းစွာ ပိတ် ထားလျက် ရှိ၍ ၊ ထွက် သောသူ၊ ဝင် သောသူ တစုံတယောက်မျှမ ရှိသည်နှင့်အညီ၊
2 A Gospod reèe Isusu: evo, dajem ti u ruke Jerihon i cara njegova i junake njegove.
၂ထာဝရဘုရား က၊ ကြည့်ရှု လော့။ ယေရိခေါ မြို့၊ ယေရိခေါ မင်းကြီး နှင့်တကွ ခွန်အားကြီးသော စစ်သူရဲ တို့ ကို သင့် လက် ၌ ငါအပ် လေပြီ။
3 Zato obidite oko grada svi vojnici, iduæi oko grada jedanput na dan; tako uèini šest dana.
၃သို့ဖြစ်၍ မြို့ ကိုလှည့်ပတ် ရကြမည်။ ဣသရေလစစ်သူရဲ အပေါင်း တို့သည် ခြောက် ရက် ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြု ရကြမည်။
4 A sedam sveštenika neka nose sedam truba od rogova ovnujskih pred kovèegom; a sedmoga dana obidite oko grada sedam puta, i sveštenici neka trube u trube.
၄ယဇ် ပုရောဟိတ်ခုနစ် ယောက်တို့သည် သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် ရကြမည်။ သတ္တမ နေ့ ရက်၌ ခုနစ် ကြိမ် တိုင်အောင်မြို့ ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ် တို့သည် တံပိုးကိုမှုတ် ရကြမည်။
5 Pa kad otežuæi zatrube u rogove ovnujske, èim èujete glas od trube, neka povièe sav narod iza glasa; i zidovi æe gradski popadati na svojem mjestu, a narod neka ulazi, svaki naprema se.
၅ယုဘိလ တံပိုး တို့ကို ရှည်သောအသံနှင့် မှုတ် ၍ ၊ တံပိုး သံ ကိုကြား လျှင် လူ အပေါင်း တို့သည် ကျယ် သောအသံနှင့် ကြွေးကြော် ၍ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ရလိမ့်မည်။ ထိုအခါ လူ များတို့သည် တည့်တည့် တက် ရကြမည် ဟု ယောရှု အား မိန့် တော်မူ၏။
6 Tada Isus sin Navin dozva sveštenike, i reèe im: uzmite kovèeg zavjetni, a sedam sveštenika neka nose sedam truba od rogova ovnujskih pred kovèegom Gospodnjim.
၆နုန် ၏သား ယောရှု သည် ယဇ်ပုရောဟိတ် တို့ကို ခေါ် ၍ ၊ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ခုနစ် ယောက်တို့သည် ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သွားကြလော့ဟူ၍၎င်း၊
7 A narodu reèe: idite i obidite oko grada, i vojnici neka idu pred kovèegom Gospodnjim.
၇လူ များတို့အား လည်း ၊ သင်တို့သွား ၍ မြို့ ကိုလှည့်ပတ် ကြလော့။ လက်နက်ကိုင် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ သွား ကြလော့ဟူ၍၎င်း မှာ ထားလေ ၏။
8 A kad Isus reèe narodu, sedam sveštenika noseæi sedam truba od rogova ovnujskih poðoše pred Gospodom, i zatrubiše u trube, a kovèeg zavjeta Gospodnjega poðe za njima.
၈ယောရှု သည် လူ များတို့အား မှာ ထားပြီးမှ ၊ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ တံပိုး မှုတ် လျက် သွား ကြ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် သူ တို့နောက် သို့ လိုက်လေ၏။
9 A vojnici poðoše pred sveštenicima, koji trubljahu u trube, a ostali poðoše za kovèegom; iduæi trubljahu u trube.
၉တံပိုး မှုတ် သော ယဇ်ပုရောဟိတ် တို့ရှေ့ မှာ လက်နက်ကိုင် တို့သည် သွား ၍ ၊ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက်သွား ကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက် သို့ လိုက် ကြ၏။
10 A narodu zapovjedi Isus govoreæi: ne vièite, i nemojte da vam se èuje glas, i nijedna rijeè da ne izide iz usta vaših do dana kad vam ja kažem: vièite; tada æete vikati.
၁၀ယောရှု ကလည်း၊ သင် တို့သည် ကြွေးကြော် စေခြင်းငှါ ငါ မှာ ထားသောနေ့ မ ရောက်မှီတွင် မ ကြွေးကြော် ရ၊ အသံ တစုံတခုကိုမျှ မ ပြုရ၊ စကား တခွန်းကိုမျှ မ ပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော် ရကြမည်ဟု လူ များတို့အား မှာ နှင့်လေပြီ။
11 Tako obide kovèeg Gospodnji oko grada jednom; pa se vratiše u oko, i noæiše u okolu.
၁၁ထိုသို့ ထာဝရဘုရား ၏ သေတ္တာ တော်သည် မြို့ ကိုတ ကြိမ် လှည့်ပတ် ဝိုင်း သွားပြီးလျှင် ၊ တပ် ထဲသို့ ဝင် ပြန်၍ ညဉ့် ကိုလွန်စေကြ၏။
12 A sjutradan usta Isus rano, i sveštenici uzeše kovèeg Gospodnji.
၁၂နံနက် စောစော ယောရှု သည်ထ၍ ယဇ်ပုရောဟိတ် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း ယူ ကြ၏။
13 I sedam sveštenika noseæi sedam truba od rogova ovnujskih iðahu pred kovèegom Gospodnjim, i iduæi trubljahu u trube; a vojnici iðahu pred njima, a ostali iðahu za kovèegom Gospodnjim; iduæi trubljahu u trube.
၁၃ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွား မြဲသွား ၍ တံပိုး မှုတ် ကြ၏။ လက်နက်ကိုင် တို့သည် သူ တို့ရှေ့ မှာသွား ၍ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက် သွား ကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား ၏ သေတ္တာ တော်နောက် သို့ လိုက် ကြ ၏။
14 I obidoše oko grada jednom drugoga dana, pa se vratiše u oko; tako uèiniše šest dana.
၁၄ဒုတိယ နေ့ ၌ မြို့ ကိုတ ကြိမ် လှည့်ပတ် ပြီးမှတပ် ထဲသို့ ပြန် လာကြ၏။ ထိုသို့ ခြောက် ရက် ပတ်လုံးပြု ကြ၏။
15 A sedmoga dana ustaše zorom, i obidoše oko grada isto onako sedam puta; samo toga dana obidoše oko grada sedam puta.
၁၅သတ္တမ နေ့ နံနက် စောစောမိုဃ်းလင်းစက ထ ၍ အရင်နည်းတူ၊ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ကြ ၏။ ထို နေ့ ၌ သာ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ရကြ ၏။
16 A kad bi sedmi put da zatrube sveštenici u trube, Isus reèe narodu: vièite, jer vam Gospod dade grad.
၁၆သတ္တမ အကြိမ် တွင် ယဇ်ပုရောဟိတ် တို့သည် တံပိုး မှုတ် သောအခါ ၊ ယောရှု က၊ ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် သင် တို့အား မြို့ ကိုပေး တော်မူမည်။
17 A grad da bude proklet Gospodu i što je god u njemu; samo Rava kurva nek ostane u životu i svi koji budu kod nje u kuæi, jer sakri poslanike koje bijasmo poslali.
၁၇မြို့ နှင့်တကွ မြို့ ၌ ရှိသမျှ တို့ကို ကျိန် ၍ ထာဝရဘုရား ၌ အပ်ရမည်။ သို့ရာတွင်ပြည်တန်ဆာ ရာခပ် သည် ငါတို့စေလွှတ် သော တမန် တို့ကို ဝှက် ထားသောကြောင့် ၊ သူ နှင့်တကွ သူ ၏အိမ် ၌ ရှိသမျှ တို့အား အသက် ချမ်းသာပေးရမည်။
18 Ali se èuvajte od prokletijeh stvari da i sami ne budete prokleti uzevši što prokleto, i da ne navuèete prokletstvo na oko Izrailjev i smetete ga.
၁၈သင် တို့သည် ကျိန် အပ်သောအရာကို သတိ နှင့် ရှောင်ကြလော့။ သို့မဟုတ်ထိုအရာကို သိမ်းယူ လျှင် မိမိတို့ ကို၎င်း၊ ဣသရေလ တပ် ကို၎င်းအကျိန် ခံစေ၍ ၊ နှောင့်ရှက် မည်ကို စိုးရိမ်စရာရှိ၏။
19 Nego sve srebro i zlato i posuðe od mjedi i od gvožða neka bude sveto Gospodu, neka uðe u riznicu Gospodnju.
၁၉ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာရှိသမျှ တို့ကို၎င်း၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေ၍၊ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားရကြမည်ဟု လူ များတို့အား ယောရှုသည် မှာ ထားလေ၏။
20 Tada povika narod i zatrubiše trube, i kad narod èu glas trubni i povika iza glasa, popadaše zidovi na mjestu svom; i narod uðe u grad, svaki naprema se; i uzeše grad.
၂၀ထိုသို့ နှင့်အညီတံပိုး ကို မှုတ် ၍ ၊ လူ များတို့သည် ကြွေးကြော် ကြ၏။ တံပိုး သံ ကို ကြား ၍ ကျယ် သောအသံ နှင့် ကြွေးကြော် ကြသောအခါ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ၍၊ လူ များအပေါင်းတို့သည် မြို့ ထဲ သို့ တည့်တည့် ဝင် ပြီးလျှင် သိမ်းယူ ကြ၏။
21 I pobiše kao prokleto oštrijem maèem sve što bješe u gradu, i žene i ljude, i djecu i starce, i volove i ovce i magarce.
၂၁မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။
22 A onoj dvojici što uhodiše zemlju reèe Isus: idite u kuæu one žene kurve, i izvedite nju i sve što je njezino, kao što ste joj se zakleli.
၂၂ထိုပြည် ကို စူးစမ်း သော လူ နှစ် ယောက်တို့အား ယောရှု က၊ သင်တို့သည် ကျိန်ဆို သည်အတိုင်း ၊ ပြည်တန်ဆာ မိန်းမ အိမ် သို့ သွား ၍ ၊ သူ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို ဆောင် ခဲ့ကြလော့ဟု မှာ လိုက်သည်အတိုင်း၊
23 I otišavši oni momci što uhodiše zemlju, izvedoše Ravu i oca joj i mater joj i braæu joj i što god bješe njezino, i sav rod njezin izvedoše, i ostaviše ih iza okola Izrailjeva.
၂၃တံလျှို လုပ်သောလုလင် တို့သည် ဝင် ၍ ၊ ရာခပ် နှင့် သူ့ မိဘ ၊ သူ့ မောင် များ၊ သူ ၌ ရှိသမျှ တို့ကို၎င်း ၊ သူ့ ပေါက်ဘော် အပေါင်း တို့ကို၎င်းထုတ် ဆောင်ခဲ့၍ ၊ ဣသရေလ တပ် ပြင် မှာထား ပြီးလျှင်၊
24 A grad spališe ognjem i što bješe u njemu; samo srebro i zlato i posuðe od mjedi i od gvožða metnuše u riznicu doma Gospodnjega.
၂၄မြို့ နှင့်တကွမြို့ ၌ ရှိသမျှ တို့ကို မီး ရှို့ ကြ၏။ သို့ရာတွင် ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာတို့ကို၎င်း၊ ထာဝရဘုရား ၏ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားကြ၏။
25 A Ravu kurvu i dom oca njezina i sve što bješe njezino ostavi u životu Isus, i ona osta meðu Izrailjcima do danas, jer sakri poslanike koje posla Isus da uhode Jerihon.
၂၅ယောရှု သည်လည်း၊ ပြည်တန်ဆာ ရာခပ် နှင့် သူ့ ပေါက်ဘော် ၊ သူ ၌ ရှိသမျှ တို့ကို အသက် ချမ်းသာပေး၍ ၊ သူသည် ဣသရေလ အမျိုးသားတို့တွင် ယနေ့ တိုင်အောင် နေ ရလေ၏။ အကြောင်းမူကား ၊ ယေရိခေါ မြို့ကို စူးစမ်း စေခြင်းငှါ ၊ ယောရှု စေလွှတ် သော တမန် တို့ကို သူသည် ဝှက် ထားသောကြောင့်တည်း။
26 I u to vrijeme prokle Isus govoreæi: proklet da je pred Gospodom èovjek koji bi ustao da gradi ovaj grad Jerihon! na prvencu svom osnovao ga, i na mjezincu svom postavio mu vrata!
၂၆ထိုအခါ ယောရှု က၊ အကြင်သူ သည် ထ ၍ ယေရိခေါ မြို့ ကို တည် ပြန်၏၊ ထိုသူ သည် ထာဝရဘုရား ရှေ့ တော်၌ ကျိန် အပ်သောသူဖြစ်ပါစေ။ သူ သည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ သားထွေး လက်ထက်၌ မြို့ တံခါး တို့ကို ထောင် ပါစေဟု ကျိန်ဆို ၏။
27 I Gospod bijaše s Isusom, i razglasi se ime njegovo po svoj zemlji.
၂၇ထိုသို့ ထာဝရဘုရား သည် ယောရှု နှင့်အတူ ရှိ တော်မူ၍ ၊ သူ ၏ သိတင်း သည် တပြည် လုံး ၌ နှံ့ပြား ကျော်စော လေ၏။