< Isus Navin 10 >
1 A kad èu Adonisedek car Jerusalimski da je Isus uzeo Gaj i raskopao ga, kao što je uèinio s Jerihonom i njegovijem carem, tako da je uèinio i s Gajem i njegovijem carem, i da su Gavaonjani uèinili mir s Izrailjem i stoje usred njih,
၁ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။-
2 Uplaši se vrlo; jer Gavaon bijaše velik grad kao kakav carski grad, i bijaše veæi od Gaja, i svi ljudi u njemu bijahu hrabri.
၂ယေရုရှလင်မြို့သားတို့သည်အလွန်ကြောက် လန့်ကြ၏။ အဘယ်ကြောင့်ဆိုသော်ဂိဗောင် မြို့သည်မင်းနေပြည်တော်မြို့များကဲ့သို့ ကြီးကျယ်ခမ်းနားသောမြို့ဖြစ်သောကြောင့် လည်းကောင်း၊ အာဣမြို့ထက်ကြီး၍မြို့သား တို့သည်တိုက်ရည်ခိုက်ရည်ကောင်းသူများ ဖြစ်သောကြောင့်လည်းကောင်းဖြစ်သတည်း။-
3 Zato posla Adonisedek car Jerusalimski k Oamu caru Hevronskom i k Piramu caru Jarmutskom i k Jafiji caru Lahiskom i k Daviru caru Jeglonskom, i poruèi:
၃သို့ဖြစ်၍ယေရုရှလင်မြို့ဘုရင်မင်းကြီး အဒေါနိဇေဒက်သည်ဟေဗြုန်ဘုရင်ဟောဟံ၊ ယာမုတ်ဘုရင်ဝိရံ၊ လာခိရှဘုရင်ယာဖျာ၊ ဧဂလုန်ဘုရင်ဒေပိရတို့ထံသို့သံတမန် များကိုစေလွှတ်၍၊-
4 Hodite k meni, i pomozite mi da udarimo na Gavaon, jer uèini mir s Isusom i sa sinovima Izrailjevim.
၄``ဂိဗောင်မြို့သားတို့သည်ယောရှုနှင့်ဣသ ရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာ ချုပ်ချုပ်ထားကြသောကြောင့် ဂိဗောင်မြို့ကို တိုက်ခိုက်ရန်ငါ့ထံသို့စစ်ကူပို့ကြပါ'' ဟုပြောစေ၏။-
5 I skupi se i poðe pet careva Amorejskih, car Jerusalimski, car Hevronski, car Jarmutski, car Lahiski, car Jeglonski, oni i sva vojska njihova, i stavši u oko pod Gavaonom poèeše ga biti.
၅ထိုကြောင့်အာမောရိဘုရင်ငါးပါးဖြစ် သောယေရုရှလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန် ဘုရင်တို့သည်စုပေါင်း၍ မိမိတို့၏စစ် သည်အလုံးအရင်းနှင့်ချီတက်လာကြ ပြီးလျှင်ဂိဗောင်မြို့ကိုဝိုင်းရံတိုက်ခိုက် ကြလေသည်။
6 Tada Gavaonjani poslaše k Isusu u oko u Galgalu i rekoše: nemoj dignuti ruku svojih sa sluga svojih; hodi brzo k nama, izbavi nas i pomozi nam, jer se skupiše na nas svi carevi Amorejski koji žive u gorama.
၆ထိုအခါဂိဗောင်မြို့သားတို့သည်ဂိလ ဂါလစခန်းတွင်ရှိသောယောရှုထံသို့ လူစေလွှတ်၍``ကိုယ်တော်၏ကျွန်တို့ကိုစွန့်ပစ် ထားတော်မမူပါနှင့်။ အလျင်အမြန်ကြွ ၍အကျွန်ုပ်တို့အားကယ်တင်တော်မူပါ။ တောင်ကုန်းဒေသမှအာမောရိမင်းအပေါင်း တို့သည်စုပေါင်း၍အကျွန်ုပ်တို့အားတိုက် ခိုက်ပါပြီ'' ဟုအကြောင်းကြားလျှောက် ထားလေသည်။
7 I izide Isus iz Galgala, on i s njim sav narod što bješe za boj, svi junaci.
၇ထို့ကြောင့်ယောရှုသည်လက်ရွေးစင်စစ်သူရဲ များပါဝင်သော ဣသရေလတပ်မတော်တစ် တပ်လုံးနှင့်ဂိလဂါလမြို့မှချီတက်လာ လေသည်။-
8 I Gospod reèe Isusu: ne boj ih se; jer ih dadoh tebi u ruke, nijedan ih se neæe održati pred tobom.
၈ထာဝရဘုရားသည်ယောရှုအား``သူတို့ကို မကြောက်နှင့်။ ငါသည်သူတို့ကိုသင့်လက်သို့ အပ်ပြီ။ မည်သူမျှသင့်ကိုမခုခံနိုင်'' ဟူ၍ မိန့်တော်မူ၏။-
9 I Isus udari na njih iznenada, išavši cijelu noæ od Galgala,
၉ယောရှုသည်ဂိလဂါလမြို့မှဂိဗောင်မြို့ သို့တစ်ညလုံးချီတက်လာ၍ အာမောရိတပ် များကိုရုတ်တရက်တိုက်ခိုက်လေသည်။-
10 I smete ih Gospod pred Izrailjem, koji ih ljuto pobi kod Gavaona, pa ih potjera putem kako se ide u Vetoron, i sjekoše ih do Azike i do Makide.
၁၀ထာဝရဘုရားသည်ရန်သူတို့အားဖရို ဖရဲထွက်ပြေးစေတော်မူ၏။ ထိုအခါ ဣသရေလတပ်သားတို့သည်ဂိဗောင်မြို့ တွင်ရန်သူအမြောက်အမြားကိုသတ်ဖြတ် ၍ ဗေသောရုံတောင်ကြားကိုလွန်လျက်တောင် ဘက်အဇေကာမြို့နှင့်မက္ကဒါမြို့များသို့ တိုင်အောင်လိုက်လံတိုက်ခိုက်ကြလေသည်။-
11 A kad bježahu ispred Izrailja i bijahu niz vrlet Vetoronsku, baci Gospod na njih kamenje veliko iz neba dori do Azike, te ginjahu: i više ih izgibe od kamenja gradnoga nego što ih pobiše sinovi Izrailjevi maèem.
၁၁ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
12 Tada progovori Isus Gospodu onaj dan kad Gospod predade Amorejca sinovima Izrailjevijem, i reèe pred sinovima Izrailjevijem: stani sunce nad Gavaonom, i mjeseèe nad dolinom Elonskom.
၁၂အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊ ``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။ အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟု ဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
13 I stade sunce i ustavi se mjesec, dokle se ne osveti narod neprijateljima svojim. Ne piše li to u knjizi istinitoga? I stade sunce nasred neba i ne naže k zapadu skoro za cio dan.
၁၃ဣသရေလအမျိုးသားတို့ကရန်သူများ ကိုအောင်မြင်စွာနှိမ်နင်းပြီးသည်အထိ နေ နှင့်လတို့သည်မရွေ့လျားဘဲရပ်တန့်၍နေ ကြ၏။ ထိုအကြောင်းကိုယာရှာ၏စာစောင် တွင်ဖော်ပြထားလေသည်။ တစ်နေ့လုံးနေ သည်မဝင်ဘဲကောင်းကင်အလယ်တွင်ရပ် တန့်၍နေ၏။-
14 I ne bi takoga dana ni prije ni poslije, da Gospod posluša glas èovjeèji, jer Gospod vojeva za Izrailja.
၁၄ထာဝရဘုရားသည်လူသားတစ်ယောက် ၏စကားကိုထိုနေ့၌နားထောင်ခဲ့တော် မူ၏။ ယင်းသို့တစ်ခါမျှမဖြစ်စဖူး၊ နောင် အခါ၌လည်းဖြစ်လိမ့်မည်မဟုတ်။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ဘက်မှစစ်ကူ၍တိုက်ခိုက်တော်မူပါသည် တကား။
15 I vrati se Isus i sav Izrailj s njim u oko u Galgal.
၁၅ထိုနောက်ယောရှုနှင့်ဣသရေလတပ်သားတို့ သည် ဂိလဂါလစခန်းသို့ပြန်လာကြလေ သည်။
16 A onijeh pet careva utekoše i sakriše se u peæinu kod Makide.
၁၆အာမောရိမင်းငါးပါးတို့သည်ကားလွတ် မြောက်၍ မက္ကဒါလိုဏ်ဂူထဲတွင်ပုန်းအောင်း လျက်ရှိကြ၏။-
17 I doðe glas Isusu: naðe se pet careva sakrivenijeh u peæini kod Makide.
၁၇တစ်စုံတစ်ယောက်သောသူသည်ထိုမင်းများ ပုန်းအောင်းနေသည်ကိုတွေ့သဖြင့် ယောရှု ထံသို့အကြောင်းကြားလေသည်။-
18 A Isus reèe: privalite veliko kamenje na vrata peæini, i namjestite ljude kod nje da ih èuvaju.
၁၈ယောရှုက``လိုဏ်ဂူဝကိုကျောက်တုံးကြီး များဖြင့်ပိတ်ထားလော့။ အစောင့်လည်းချ ထားလော့။-
19 A vi ne stojte, nego gonite neprijatelje svoje i bijte ostatak njihov, ne dajte im da uðu u gradove svoje, jer vam ih dade u ruke Gospod Bog vaš.
၁၉သင်တို့မူကားထိုအရပ်တွင်စောင့်၍မနေနှင့်။ ရန်သူများနောက်သို့လိုက်လံ၍နောက်ဆွယ်မှ တိုက်ခိုက်လော့။ မြို့များထဲသို့မဝင်စေနှင့်။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ရန်သူကိုသင်တို့လက်သို့အပ်တော်မူပြီ'' ဟုဣသရေလအမျိုးသားတို့အားမှာ ကြားလေသည်။-
20 A kad Isus i sinovi Izrailjevi prestaše biti ih u boju vrlo velikom, razbivši ih sasvijem, a koji ih ostaše živi, utekoše u tvrde gradove,
၂၀ယောရှုနှင့်ဣသရေလအမျိုးသားတို့သည် ရန်သူမြောက်မြားစွာတို့ကိုသတ်ဖြတ်ကြ၏။ သို့ရာတွင်ရန်သူအချို့တို့သည်လွတ်မြောက် ၍တံတိုင်းကာရံထားသောမြို့များထဲသို့ ဝင်ရောက်ခိုအောင်းသဖြင့်အသက်ချမ်းသာ ရာရကြ၏။-
21 Vrati se sav narod zdravo u oko k Isusu u Makidu, i niko ne maèe jezikom svojim na sinove Izrailjeve, ni na jednoga.
၂၁ထိုနောက်ဣသရေလတပ်သားအားလုံးတို့ သည် ဘေးကင်းစွာယောရှုရှိရာမက္ကဒါစခန်း သို့ပြန်လာကြလေသည်။ ထိုပြည်တွင်မည်သူမျှဣသရေလအမျိုး သားတို့အား အပြစ်တင်သောစကားကိုပင် မပြောဝံ့ချေ။
22 Tada reèe Isus: otvorite vrata od one peæine, i izvedite k meni onijeh pet careva iz peæine.
၂၂ထိုနောက်ယောရှုက``လိုဏ်ဂူဝကိုဖွင့်၍ မင်းငါးပါးကိုငါ့ထံသို့ထုတ်ဆောင်ခဲ့ ကြလော့'' ဟုအမိန့်ပေးလေ၏။-
23 I uèiniše tako, i izvedoše k njemu onijeh pet careva iz peæine: cara Jerusalimskoga, cara Hevronskoga, cara Jarmutskoga, cara Lahiskoga, cara Jeglonskoga.
၂၃သူတို့သည်ယေရုရှလင်ဘုရင်၊ ဟေဗြုန် ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကိုလိုဏ်ဂူထဲမှထုတ်၍၊-
24 A kad izvedoše te careve k Isusu, sazva Isus sve ljude Izrailjce, i reèe vojvodama od vojske koje bijahu išle s njim: pristupite i stanite nogama svojim na vratove ovijem carevima. I oni pristupiše i stadoše im na vratove nogama svojim.
၂၄ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။-
25 A Isus im reèe: ne bojte se i ne plašite se; budite slobodni i hrabri, jer æe tako uèiniti Gospod svijem neprijateljima vašim na koje zavojštite.
၂၅ယောရှုကဗိုလ်မှူးတို့အား``ထာဝရဘုရား သည်သင်တို့၏ရန်သူဟူသမျှကို ဤသို့ပြု တော်မူမည်ဖြစ်သောကြောင့်မကြောက်ကြ နှင့်။ စိတ်မပျက်ကြနှင့်။ အားမာန်တင်း၍ရဲ ရင့်ခြင်းရှိကြလော့'' ဟူ၍ဆိုလေ၏။-
26 Potom ih pobi Isus i pogubi ih, i objesi ih na pet drveta, i ostaše viseæi na drvetima do veèera.
၂၆ထိုနောက်ယောရှုသည်မင်းငါးပါးတို့ကိုဋ္ဌား ဖြင့် ကွပ်မျက်၍အလောင်းများကိုသစ်ပင် ငါးပင်ပေါ်တွင် ညနေခင်းတိုင်အောင်ချိတ် ဆွဲထားလေသည်။-
27 A o zahodu sunèanom zapovjedi Isus te ih skidoše s drveta i baciše ih u peæinu, u koju se bijahu sakrili, i metnuše veliko kamenje na vrata peæini, koje osta ondje do danas.
၂၇နေဝင်ချိန်သို့ရောက်သော်ယောရှုကအလောင်း များကိုသစ်ပင်ပေါ်မှဖြုတ်ချ၍ သူတို့ပုန်း အောင်းနေခဲ့သောလိုဏ်ဂူထဲသို့ပစ်သွင်းရန် အမိန့်ပေးလေသည်။ ထိုနောက်လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့်ပိတ်ထားစေရာ ယနေ့တိုင်ကျောက်တုံးကြီးများကိုတွေ့ မြင်နိုင်သည်။
28 Istoga dana uze Isus i Makidu, i sve u njoj isijeèe oštrijem maèem, i cara njezina i njih pobi, sve duše koje bjehu u njoj, ne ostavi nijednoga živa; i uèini s carem Makidskim kao što uèini s carem Jerihonskim.
၂၈ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။-
29 Potom otide Isus i sav Izrailj s njim iz Makide u Livnu, i stade biti Livnu.
၂၉ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် မက္ကဒါမြို့မှလိဗနာမြို့သို့ချီတက် တိုက်ခိုက်ကြသည်။-
30 Pa i nju predade Gospod u ruke Izrailju i cara njezina; i isijeèe sve oštrijem maèem, sve duše koje bijahu u njoj, ne ostavi u njoj nijednoga živa; i uèini s carem njezinijem kao što uèini s carem Jerihonskim.
၃၀ထာဝရဘုရားသည်ထိုမြို့နှင့်ထိုမြို့၏ မင်းကိုလည်း ဣသရေလအမျိုးသားတို့ ၏လက်သို့အပ်တော်မူ၏။ သူတို့သည်မြို့ သူမြို့သားတို့ကိုတစ်ယောက်မကျန် သတ် ဖြတ်သုတ်သင်ခဲ့လေသည်။ ယေရိခေါမင်း ကိုအဆုံးစီရင်ခဲ့သကဲ့သို့လိဗနာ မင်းကိုလည်းအဆုံးစီရင်ကြသည်။
31 Potom otide Isus i sav Izrailj s njim iz Livne na Lahis, i stade u oko pred njim, i stade ga biti.
၃၁ထိုနောက်ယောရှုနှင့်သူ၏တပ်သားတို့သည် လိဗနာမြို့မှ လာခိရှမြို့သို့ချီတက်၍ မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-
32 I Gospod predade Lahis u ruke Izrailju, i on ga uze sjutradan, i isijeèe sve oštrijem maèem, sve duše što bijahu u njemu, isto onako kako uèini s Livnom.
၃၂ထာဝရဘုရားသည်တိုက်ပွဲဒုတိယနေ့ ၌လာခိရှမြို့ကို ဣသရေလအမျိုးသား တို့၏လက်သို့အပ်တော်မူ၏။ သူတို့သည် လိဗနာမြို့သူမြို့သားတို့ကိုပြုသကဲ့ သို့ လာခိရှမြို့သူမြို့သားအပေါင်းတို့ ကိုလည်းတစ်ယောက်မကျန်သတ်ဖြတ် သုတ်သင်ကြသည်။-
33 Tada doðe Oram car Gezerski u pomoæ Lahisu; ali pobi Isus njega i narod njegov da ne osta nijedan živ.
၃၃ဂေဇာမင်းဟောရံသည်လာခိရှမင်းဘက် မှစစ်ကူ၍တိုက်ခိုက်သော်လည်း ယောရှုသည် သူနှင့်သူ၏တပ်ကိုတိုက်ခိုက်အောင်မြင်၍ တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်လေ သည်။
34 Potom poðe Isus i sav Izrailj s njim iz Lahisa na Jeglon, i stavši u oko prema njemu udariše na nj;
၃၄ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် လာခိရှမြို့မှဧဂလုန်မြို့သို့ချီ တက်၍မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-
35 I uzeše ga isti dan, i isjekoše sve oštrijem maèem; sve duše što bijahu u njemu pobi taj dan isto onako kako uèini s Lahisom.
၃၅သူတို့သည်ထိုနေ့၌ပင်မြို့ကိုတိုက်ခိုက်သိမ်း ပိုက်နိုင်သဖြင့် လာခိရှမြို့သားတို့အားပြု သကဲ့သို့ ဧဂလုန်မြို့သူမြို့သားတို့ကို လည်းတစ်ယောက်မကျန်သတ်ဖြတ်သုတ် သင်ကြလေသည်။
36 Potom se podiže Isus i sav Izrailj s njim iz Jeglona na Hevron, i stadoše ga biti;
၃၆ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဧဂလုန်မြို့မှတောင်ကုန်းဒေသတွင် တည်ရှိသော ဟေဗြုန်မြို့သို့ချီတက်၍မြို့ကို တိုက်ခိုက်၊-
37 I uzeše ga i isjekoše oštrijem maèem, i cara njegova i sve gradove njegove, sve duše što bijahu u njima; ne ostavi nijednoga živa isto onako kako uèini s Jeglonom; zatr ga sa svijem dušama što bijahu u njemu.
၃၇သိမ်းပိုက်ကြလေသည်။ သူတို့သည်ဟေဗြုန် မင်းနှင့်မြို့သူမြို့သားအပေါင်းတို့ကိုလည်း ကောင်း၊ အနီးအနားမြို့များမှမြို့သူမြို့ သားအပေါင်းတို့ကိုလည်းကောင်း သတ်ဖြတ် သုတ်သင်ကြလေသည်။ ယောရှုသည်ဧဂလုန် မြို့ကိုလုံးလုံးလျားလျားဖျက်ဆီးခဲ့သည့် နည်းတူ ဟေဗြုန်မြို့ကိုလည်းဖျက်ဆီးလေ သည်။ မည်သူတစ်ယောက်မျှအသက်ရှင်၍ မကျန်ရစ်ချေ။
38 Potom se obrati Isus i sav Izrailj s njim na Davir, i stade ga biti;
၃၈ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဒေဗိရမြို့သို့ပြန်လာ၍ထိုမြို့ကို တိုက်ခိုက်ကြသည်။-
39 I uze ga i cara njegova i sve gradove njegove, i isjekoše ih oštrijem maèem i zgubiše sve duše što bijahu u njima; ne ostavi nijednoga živa; kao što uèini s Hevronom, tako uèini s Davirom i carom njegovijem, i kao što uèini s Livnom i carem njezinijem.
၃၉သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။
40 Tako pobi Isus svu zemlju, gore i južnu stranu i ravnice i doline, i sve careve njihove; ne ostavi nijednoga živa, nego sve duše žive zgubi, kao što bješe zapovjedio Gospod Bog Izrailjev.
၄၀ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
41 I pobi ih Isus od Kadis-Varnije do Gaze, i svu zemlju Gosensku do Gavaona.
၄၁ယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။-
42 A sve te careve i zemlju njihovu uze Isus ujedanput; jer Gospod Bog Izrailjev vojevaše za Izrailja.
၄၂ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးသား တို့ဘက်မှကူညီတိုက်ခိုက်သောကြောင့် ယောရှု သည်ထိုမင်းအပေါင်းတို့နှင့်သူတို့၏တိုင်း ပြည်များကိုဆက်တိုက်နှိမ်နင်းအောင်မြင် ခဲ့သည်။-
43 Potom se vrati Isus i sav Izrailj s njim u oko u Galgal.
၄၃ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား အပေါင်းတို့သည် ဂိလဂါလစခန်းသို့ပြန် လာကြလေသည်။