< Jov 27 >
1 I Jov nastavi besjedu svoju i reèe:
၁ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊
2 Tako da je živ Bog, koji je odbacio parbu moju, i svemoguæi, koji je ojadio dušu moju,
၂ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
3 Dok je duša moja u meni, i duh Božji u nozdrvama mojim,
၃ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊
4 Neæe usne moje govoriti bezakonja, niti æe jezik moj izricati prijevare.
၄တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
5 Ne dao Bog da pristanem da imate pravo; dokle dišem, neæu otstupiti od svoje dobrote.
၅သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။
6 Držaæu se pravde svoje, niti æu je ostaviti; neæe me prekoriti srce moje dokle sam živ.
၆ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
7 Neprijatelj moj biæe kao bezbožnik, i koji ustaje na me, kao bezakonik.
၇ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။
8 Jer kako je nadanje licemjeru, kad se lakomi a Bog æe išèupati dušu njegovu?
၈အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
9 Hoæe li Bog uslišiti viku njegovu kad na nj doðe nevolja?
၉ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။
10 Hoæe li se svemoguæemu radovati? hoæe li prizivati Boga u svako vrijeme?
၁၀ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
11 Uèim vas ruci Božjoj, i kako je u svemoguæega ne tajim.
၁၁ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။
12 Eto, vi svi vidite, zašto dakle jednako govorite zaludne stvari?
၁၂သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
13 To je dio èovjeku bezbožnom od Boga, i našljedstvo koje primaju nasilnici od svemoguæega.
၁၃လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊
14 Ako mu se množe sinovi, množe se za maè, i natražje njegovo neæe se nasititi hljeba.
၁၄သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
15 Koji ostanu iza njega, na smrti æe biti pogrebeni, i udovice njihove neæe plakati.
၁၅သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။
16 Ako nakupi srebra kao praha, i nabavi haljina kao blata,
၁၆သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊
17 Što nabavi, obuæi æe pravednik, i srebro æe dijeliti bezazleni.
၁၇ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။
18 Gradi sebi kuæu kao moljac, i kao kolibu koju naèini èuvar.
၁၈သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။
19 Bogat æe umrijeti a neæe biti pribran; otvoriæe oèi a nièega neæe biti.
၁၉ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။
20 Stignuæe ga strahote kao vode; noæu æe ga odnijeti oluja.
၂၀ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
21 Uzeæe ga vjetar istoèni, i otiæi æe; vihor æe ga odnijeti s mjesta njegova.
၂၁အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
22 To æe Bog pustiti na nj, i neæe ga žaliti; on æe jednako bježati od ruke njegove.
၂၂ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။
23 Drugi æe pljeskati rukama za njim, i zviždaæe za njim s mjesta njegova.
၂၃လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။