< Jeremija 31 >
1 U to vrijeme, govori Gospod, ja æu biti Bog svijem porodicama Izrailjevijem, i oni æe mi biti narod.
၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။
2 Ovako veli Gospod: narod što osta od maèa naðe milost u pustinji, kad iðah da dam odmor Izrailju.
၂တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။
3 Odavna mi se javljaše Gospod. Ljubim te ljubavlju vjeènom, zato ti jednako èinim milost.
၃ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
4 Opet æu te sazidati, i biæeš sazidana, djevojko Izrailjeva, opet æeš se veseliti bubnjima svojim, i izlaziæeš sa zborom igraèkim.
၄အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။
5 Opet æeš saditi vinograde na brdima Samarijskim, sadiæe vinogradari i ješæe rod.
၅ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
6 Jer æe doæi dan kad æe vikati èuvari na gori Jefremovoj: ustanite, da idemo na Sion, ka Gospodu Bogu svojemu.
၆ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
7 Jer ovako veli Gospod: pjevajte veselo radi Jakova, i podvikujte radi glave narodima; javljajte, hvalite i govorite: spasi, Gospode, narod svoj, ostatak Izrailjev.
၇ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
8 Evo, ja æu ih dovesti iz zemlje sjeverne, i sabraæu ih s krajeva zemaljskih, i slijepa i hroma, i trudnu i porodilju, sve zajedno, zbor veliki vratiæe se ovamo.
၈သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။
9 Iæi æe plaèuæi, i s molitvama æu ih dovesti natrag; vodiæu ih pokraj potoka pravijem putem, na kom se neæe spoticati; jer sam otac Izrailju, i Jefrem je prvenac moj.
၉ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။
10 Èujte, narodi, rijeè Gospodnju, i javljajte po dalekim ostrvima i recite: koji rasije Izrailja, skupiæe ga, i èuvaæe ga kao pastir stado svoje.
၁၀အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
11 Jer iskupi Gospod Jakova, i izbavi ga iz ruku jaèega od njega.
၁၁အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။
12 I doæi æe i pjevaæe na visini Sionskoj, i steæi æe se k dobru Gospodnjem, k žitu, k vinu i k ulju, k jaganjcima i teocima; i duša æe im biti kao vrt zaliven, i neæe više tužiti.
၁၂ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။
13 Tada æe se veseliti djevojka u kolu, i momci i starci zajedno, i promijeniæu žalost njihovu na radost, i utješiæu ih, i razveseliæu ih po žalosti njihovoj.
၁၃ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။
14 I napitaæu sveštenicima dušu pretilinom, i narod æe se moj nasititi dobra mojega, govori Gospod.
၁၄ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
15 Ovako veli Gospod: glas u Rami èu se, naricanje i plaè veliki; Rahilja plaèe za djecom svojom, neæe da se utješi za djecom svojom, jer ih nema.
၁၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
16 Ovako veli Gospod: ustavi glas svoj od plaèa i oèi svoje od suza, jer ima plata djelu tvojemu, govori Gospod, i oni æe se vratiti iz zemlje neprijateljske.
၁၆ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
17 I imaš nada za pošljedak, govori Gospod, da æe se vratiti sinovi tvoji na meðe svoje.
၁၇သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
18 Èujem doista Jefrema gdje tuži: pokarao si me, te sam pokaran kao june neuko; obrati me da se obratim, jer si ti Gospod Bog moj.
၁၈ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။
19 Jer pošto se obratih, pokajah se; i pošto se nauèih, udarih se po bedru; jer se posramih i stidim se što nosim sramotu mladosti svoje.
၁၉ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။
20 Nije li mi Jefrem mio sin? nije li dijete predrago? Otkad govorih protiv njega, jednako ga se opominjem; zato je srce moje ustreptalo njega radi, doista æu se smilovati na nj, govori Gospod.
၂၀ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
21 Podigni znake, nanesi gomile kamenja, zapamti put kojim si išla; vrati se, djevojko Izrailjeva, vrati se u gradove svoje.
၂၁လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလသတို့သမီးကညာ၊ ပြန်လာလော့။ သင်၏ နေရာ ဤမြို့များသို့ ပြန်လာလော့။
22 Dokle æeš lutati, kæeri odmetnice! jer je Gospod uèinio nešto novo na zemlji: žena æe opkoliti èovjeka.
၂၂အိုဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည်။
23 Ovako veli Gospod nad vojskama, Bog Izrailjev: još æu ovu rijeè govoriti u zemlji Judinoj i u gradovima njegovijem kad natrag dovedem roblje njihovo: Gospod da te blagoslovi, stane pravde, sveta goro!
၂၃ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည်။
24 Jer æe se naseliti u njoj Juda, i svi gradovi njegovi, i ratari i koji idu za stadom.
၂၄ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။
25 Jer æu napojiti umornu dušu, i nasititi svaku klonulu dušu.
၂၅ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ၏။
26 Utom se probudih i pogledah, i san mi bješe sladak.
၂၆ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။
27 Evo idu dani, govori Gospod, kad æu zasijati dom Izrailjev i dom Judin sjemenom èovjeèijim i sjemenom od stoke.
၂၇ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည်။
28 I kao što sam pazio na njih da ih istrijebljujem i razvaljujem, i kvarim i zatirem i muèim, tako æu paziti na njih da ih sazidam i posadim, govori Gospod.
၂၈ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ၏။
29 U te dane neæe se više govoriti: oci jedoše kiselo grožðe, a sinovima trnu zubi.
၂၉ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ ဟု မဆိုရကြ။
30 Nego æe svaki za svoj grijeh poginuti; ko god jede kiselo grožðe, tome æe zubi trnuti.
၃၀လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည်။
31 Evo, idu dani, govori Gospod, kad æu uèiniti s domom Izrailjevijem i s domom Judinijem nov zavjet,
၃၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်
32 Ne kao onaj zavjet koji uèinih s ocima njihovijem, kad ih uzeh za ruku da ih izvedem iz zemlje Misirske, jer onaj zavjet moj oni pokvariše, a ja im bijah muž, govori Gospod;
၃၂ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
33 Nego ovo je zavjet što æu uèiniti s domom Izrailjevijem poslije ovijeh dana, govori Gospod: metnuæu zavjet svoj u njih, i na srcu njihovu napisaæu ga, i biæu im Bog i oni æe mi biti narod.
၃၃နောက်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
34 I neæe više uèiti prijatelj prijatelja ni brat brata govoreæi: poznajte Gospoda; jer æe me znati svi od maloga do velikoga, govori Gospod; jer æu im oprostiti bezakonja njihova, i grijeha njihovijeh neæu više pominjati.
၃၄ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
35 Ovako veli Gospod, koji daje sunce da svijetli danju, i uredbe mjesecu i zvijezdama da svijetle noæu, koji raskida more i buèe vali njegovi, kojemu je ime Gospod nad vojskama:
၃၅နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊
36 Ako tijeh uredaba nestane ispred mene, govori Gospod, i sjeme æe Izrailjevo prestati biti narod preda mnom navijek.
၃၆ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
37 Ovako veli Gospod: ako se može izmjeriti nebo gore i izvidjeti temelji zemaljski dolje, tada æu i ja odbaciti sve sjeme Izrailjevo za sve što su uèinili, veli Gospod.
၃၇တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
38 Evo idu dani, govori Gospod, u koje æe se sazidati Gospodu ovaj grad od kule Ananeilove do vrata na uglu.
၃၈တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှ စ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
39 I još æe dalje otiæi uže mjeraèko do huma Gariva i obrnuæe se na Goat.
၃၉ဂါရက်တောင်ကို လွန်၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။
40 I sva dolina od mrtvijeh tjelesa i pepela, i sva polja dori do potoka Kedrona, do ugla konjskih vrata k istoku, biæe svetinja Gospodu; neæe se razvaliti ni potrti dovijeka.
၄၀အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင် အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့် တရှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့် မည်။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။