< Jeremija 28 >
1 A iste godine, u poèetku carovanja Sedekije cara Judina, èetvrte godine, petoga mjeseca, reèe mi Ananija sin Azorov, prorok iz Gavaona, u domu Gospodnjem pred sveštenicima i svijem narodom govoreæi:
၁ထိုနှစ်တည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံစတုတ္ထ နှစ် ၊ ပဉ္စမ လ တွင် ၊ ဂိဗောင် မြို့နေ၊ အာဇုရ သား ဟာနနိ က၊
2 Ovako veli Gospod nad vojskama Bog Izrailjev: slomih jaram cara Vavilonskoga.
၂ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်။
3 Do dvije godine ja æu vratiti na ovo mjesto sve sudove doma Gospodnjega, koje uze Navuhodonosor car Vavilonski odavde i odnese u Vavilon.
၃ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ အရပ် မှ ဗာဗုလုန် မြို့သို့ ယူသွားသောဗိမာန် တော် တန်ဆာ အလုံးစုံ တို့ကို နှစ် နှစ်အတွင်း တွင်၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။
4 I Jehoniju sina Joakimova cara Judina i sve roblje Judino što otide u Vavilon, ja æu dovesti opet na ovo mjesto, govori Gospod, jer æu slomiti jaram cara Vavilonskoga.
၄ဗာဗုလုန် မြို့သို့ သိမ်း သွားသော ယုဒ ပြည်သား အပေါင်း တို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ မင်းကိုလည်း ၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ ဗိမာန် တော်၌ ယဇ် ပုရောဟိတ်များ၊ လူ များအပေါင်း တို့ ရှေ့ မှာ ငါ့အား ပြောဆို၏။
5 Tada reèe Jeremija prorok Ananiji proroku pred sveštenicima i pred svijem narodom, koji stajaše u domu Gospodnjem,
၅ထိုအခါ ပရောဖက် ယေရမိ သည် ဗိမာန် တော်၌ ရပ် နေသောယဇ် ပုရောဟိတ်များနှင့် လူ များအပေါင်း တို့ ရှေ့ မှာ၊ ပရောဖက် ဟာနနိ အား ပြန်ပြော သည်ကား၊
6 Reèe Jeremija prorok: amin, da Gospod uèini tako, da Gospod ispuni tvoje rijeèi što si prorokovao da bi vratio sudove doma Gospodnjega i sve roblje iz Vavilona na ovo mjesto.
၆အာမင် ၊ ထာဝရဘုရား ပြု တော်မူပါစေသော။ ဗိမာန် တော်တန်ဆာ များနှင့်တကွ ၊ ဤ အရပ် မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသော သူများအပေါင်း တို့ကို၊ ထာဝရဘုရား သည် တဖန်ဆောင် ခဲ့၍၊ သင်ဟောပြော သော စကား မှန် ကြောင်းကို ပြ တော်မူပါစေသော။
7 Ali èuj ovu rijeè koju æu ja kazati pred tobom i pred svijem narodom:
၇သို့ရာတွင် ၊ သင် နှင့် တကွလူ အပေါင်း တို့အား ငါ ယခု ဟောပြော သော စကား ကို နားထောင် လော့။
8 Proroci koji su bili prije mene i prije tebe od starine, oni prorokovaše mnogim zemljama i velikim carstvima rat i nevolju i pomor.
၈ငါ တို့မဖြစ်မှီ ရှေး ကာလ၌ ဖြစ်ဘူးသော ပရောဖက် တို့သည်၊ များပြား သော ပြည် ၊ အားကြီး သော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက် မည်အကြောင်း ၊ ဘေး ရောက်မည်အကြောင်း ၊ ကာလနာ ပေါ်မည်အကြောင်း တို့ကို ဟော ပြောတတ်ကြ၏။
9 Prorok koji prorièe mir, kad se zbude rijeè toga proroka, onda se poznaje taj prorok da ga je zaista poslao Gospod.
၉ငြိမ်ဝပ် မည်အကြောင်း ကို ဟောပြော သော ပရောဖက် ရှိလျှင်၊ သူ ၏ စကား ပြည့်စုံ သောအခါ စင်စစ်ထာဝရဘုရား စေလွှတ် တော်မူသော ပရောဖက် ဖြစ် ကြောင်း ထင်ရှား လိမ့်မည်ဟု ပြောဆို၏။
10 Tada Ananija prorok skide jaram s vrata Jeremiji proroku i slomi ga.
၁၀ထိုအခါ ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ လည်ပင်း မှ ထမ်းဘိုး ကို ယူ ၍ ချိုး လျက် ၊
11 I reèe Ananija pred svijem narodom govoreæi: ovako veli Gospod: ovako æu slomiti jaram Navuhodonosora cara Vavilonskoga do dvije godine s vrata svijeh naroda. I otide prorok Jeremija svojim putem.
၁၁ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ လူ အမျိုးမျိုး တို့၏ လည်ပင်း ပေါ် မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ် နှစ်အတွင်းတွင် ငါချိုး ပယ်မည်ဟု မိန့် တော်မူကြောင်းကို၊ လူ အပေါင်း တို့ရှေ့ မှာ ပြောဆို ၏။ ထို အခါ ပရောဖက် ယေရမိ သည် ထွက် သွားလေ၏။
12 Ali doðe rijeè Gospodnja Jeremiji, pošto slomi Ananija prorok jaram s vrata Jeremiji proroku, i reèe:
၁၂ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ ၏ လည်ပင်း မှ ထမ်းဘိုး ကို ချိုး ပယ်သောနောက် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊
13 Idi i kaži Ananiji i reci: ovako veli Gospod: slomio si jaram drveni, ali naèini mjesto njega gvozden jaram.
၁၃သင်သွား ၍ ထာဝရဘုရား ၏ အမိန့် တော်ကို ဟာနနိ အား ဆင့်ဆို ရမည်မှာ၊ သင်ချိုး သော သစ်သား ထမ်းဘိုး အစား ၊ သံ ထမ်းဘိုး ကို လုပ် ရမည်။
14 Jer ovako veli Gospod nad vojskama Bog Izrailjev: gvozden æu jaram metnuti na vrat svijem tijem narodima da služe Navuhodonosoru caru Vavilonskom, i služiæe mu, dao sam mu i zvijerje poljsko.
၁၄ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး ရှိသမျှ တို့သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုခံစေခြင်းငှါ ၊ သူတို့လည်ပင်း ပေါ် မှာ သံ ထမ်းဘိုး ကို ငါတင် ပြီ။ ထိုသူတို့သည် ထိုမင်း ၏ အစေ ကိုခံ ရကြမည်။ တော တိရစ္ဆာန် များကိုလည်း ၊ သူ ၌ ငါအပ်ပေး ပြီဟု မိန့်တော်မူ၏။
15 Potom reèe Jeremija prorok Ananiji proroku: èuj, Ananija; nije te poslao Gospod, a ti si uèinio da se narod ovaj pouzda u laž.
၁၅ပရောဖက်ယေရမိ ကလည်း ၊ ဟာနနိ၊ နားထောင် လော့။ ထာဝရဘုရား သည် သင့် ကို စေလွှတ် တော်မ မူ။ ဤ လူမျိုး သည် မုသာ ၌ ခိုလှုံမည်အကြောင်းကို သင် ပြု တတ်၏။
16 Zato ovako veli Gospod: evo, ja æu te skinuti sa zemlje, ove godine ti æeš umrijeti; jer si kazivao odmet od Gospoda.
၁၆ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှါ သွန်သင် သောကြောင့် ၊ သင့် ကို မြေပြင် မှ ငါ ပယ်ရှင်း မည်။ ယခုနှစ် တွင် သင် သည် သေ ရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို ၏။
17 I umrije prorok Ananija te godine sedmoga mjeseca.
၁၇ထိုသို့ နှင့်အညီပရောဖက် ဟာနနိ သည် ထို နှစ် တွင် ၊ သတ္တမ လ ၌ သေ လေ၏။