< Jevrejima 11 >
1 Vjera je pak tvrdo èekanje onoga èemu se nadamo, i dokazivanje onoga što ne vidimo.
၁ယုံကြည်ခြင်းဆိုသည်မှာမျှော်လင့်သည့် အရာများကိုစိတ်ချခြင်း၊ မမြင်နိုင်သော အရာများကိုသေချာခြင်းဖြစ်၏။-
2 Jer u njoj stari dobiše svjedoèanstvo.
၂ယုံကြည်ခြင်းကြောင့်ရှေးခေတ်လူတို့သည် ဘုရားသခင်၏ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
3 Vjerom poznajemo da je svijet rijeèju Božijom svršen, da je sve što vidimo iz ništa postalo. (aiōn )
၃မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။ (aiōn )
4 Vjerom prinese Avelj Bogu veæu žrtvu nego Kain, kroz koju dobi svjedoèanstvo da je pravednik, kad Bog posvjedoèi za dare njegove; i kroz nju on mrtav još govori.
၄အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။
5 Vjerom bi Enoh prenesen da ne vidi smrti; i ne naðe se, jer ga Bog premjesti, jer prije nego ga premjesti, dobi svjedoèanstvo da ugodi Bogu.
၅ဧနောက်သည်အရှင်လတ်လတ်ကောင်းကင်ဘုံ သို့ယူဆောင်ခြင်းကိုခံရသည်မှာ သူ၏ ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ဘုရားသခင် သည်သူ့ကိုယူဆောင်သွားတော်မူသဖြင့် သူ့အားမည်သူမျှရှာ၍မတွေ့နိုင်။ ဘုရား သခင်ယူဆောင်တော်မူခြင်းကိုမခံရမီ အခါက ဧနောက်သည်ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူဖြစ်သည်ဟူ၍ ကျမ်း စာတော်ကဖော်ပြထား၏။-
6 A bez vjere nije moguæe ugoditi Bogu; jer onaj koji hoæe da doðe k Bogu, valja da vjeruje da ima Bog i da plaæa onima koji ga traže.
၆ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
7 Vjerom Noje primivši zapovijest i pobojavši se onoga šta još ne vidje, naèini kovèeg za spasenije doma svojega, kojijem osudi sav svijet, i posta našljednik pravde po vjeri.
၇ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
8 Vjerom posluša Avraam kad bi pozvan da iziðe u zemlju koju šæaše da primi u našljedstvo, i iziðe ne znajuæi kuda ide.
၈အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။-
9 Vjerom doðe Avraam u zemlju obeæanu, kao u tuðu, i u kolibama življaše s Isakom i s Jakovom, sunašljednicima obeæanja toga.
၉ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။-
10 Jer èekaše grad koji ima temelje, kojemu je zidar i tvorac Bog.
၁၀အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် ဘုရားသခင်စီမံတည်ဆောက်တော်မူ သောခိုင်ခန့်သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်စောင့်စားလျက်နေသောကြောင့် တည်း။
11 Vjerom i sama Sara nerotkinja primi silu da zatrudni, i rodi preko vremena starosti; jer držaše za vjerna onoga koji obeæa.
၁၁အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။-
12 Zato se i rodiše od jednoga, još gotovo mrtvoga, kao zvijezde nebeske mnoštvom, i kao nebrojeni pijesak pokraj mora.
၁၂အာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။
13 U vjeri pomriješe svi ovi ne primivši obeæanja, nego ga vidjevši izdaleka, i poklonivši mu se, i priznavši da su gosti i došljaci na zemlji.
၁၃ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။-
14 Jer koji tako govore pokazuju da traže otaèanstva.
၁၄ယင်းသို့ဝန်ခံသူတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံတစ်ခုကိုရှာလျက်နေကြကြောင်း အတိအလင်းပြောဆိုကြ၏။-
15 I da bi se oni opomenuli onoga iz kojega iziðoše, imali bi vrijeme da se vrate.
၁၅သူတို့သည်မိမိတို့ထွက်ခွာလာခဲ့သည့်ပြည် ကိုတမ်းတလျက်နေကြသည်မဟုတ်။ ထို ပြည်ကိုတမ်းတပါကပြန်နိုင်ရန်အခွင့် ကိုရရှိကြပေသည်။-
16 Ali sad bolje žele, to jest nebesko. Zato se Bog ne stidi njih nazivati se Bog njihov; jer im pripravi grad.
၁၆သို့ရာတွင်သူတို့သည်ထိုပြည်ထက်သာလွန် ကောင်းမြတ်သည့်ကောင်းကင်ရွှေပြည်ကိုတမ်းတ ကြသည်ဖြစ်၍ ဘုရားသခင်သည်သူတို့၏ ဘုရားဟူ၍ခေါ်ဝေါ်ခြင်းခံရသည်ကိုရှက် တော်မမူ။ ကိုယ်တော်သည်သူတို့နေထိုင်ရန် မြို့ကိုပြင်ဆင်တော်မူပြီးဖြစ်သတည်း။
17 Vjerom privede Avraam Isaka kad bi kušan, i jedinorodnoga prinošaše, pošto bješe primio obeæanje,
၁၇အာဗြဟံသည်ဘုရား၏စမ်းသပ်စစ်ဆေးခြင်း ကိုခံရသောအခါယုံကြည်ခြင်းအားဖြင့် သား ဣဇာက်ကိုယဇ်ကောင်အဖြစ်ပူဇော်လေသည်။ ``သင်၏အမျိုးအနွယ်ကိုဣဇာက်မှဆင်းသက် ပေါက်ပွားစေမည်'' ဟူသောဘုရားသခင်၏ ကတိတော်ကို သူသည်ခံယူရရှိခဲ့သော်လည်း မိမိ၏တစ်ဦးတည်းသောသားကိုပူဇော်ရန် အသင့်ရှိပေသည်။-
18 U kojemu bješe kazano: u Isaku nazvaæe ti se sjeme;
၁၈
19 Pomislivši da je Bog kadar i iz mrtvijeh vaskrsnuti; zato ga i uze za priliku.
၁၉ဣဇာက်အားသေရာမှဘုရားသခင်ပြန်၍ ရှင်စေတော်မူနိုင်ကြောင်းကိုသူသည်မှတ်ယူ ၏။ အမှန်စင်စစ်အားဖြင့်သူသည်မိမိ၏ သားကိုသေရာမှပြန်၍ရသည်ဟုဆိုနိုင် လေသည်။
20 Vjerom blagoslovi Isak Jakova i Isava u stvarima koje æe doæi.
၂၀ဣဇာက်သည်ယုံကြည်ခြင်းအားဖြင့်အနာဂတ် ကာလကိုရည်မှန်း၍ယာကုပ်နှင့်ဧသောအား ကောင်းချီးပေး၏။
21 Vjerom blagoslovi Jakov umiruæi svakoga sina Josifova, i pokloni se vrhu palice njegove.
၂၁ယာကုပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် ယောသပ်၏သားနှစ်ယောက်ကို ကောင်းချီးပေးလေသည်။ သူသည်မိမိ၏တောင် ဝှေးထိပ်ကိုမှီပြီးလျှင်ဘုရားသခင်အား ဆုတောင်းလေ၏။
22 Vjerom se opominja Josif umiruæi izlaska sinova Izrailjevijeh, i zapovijeda za kosti svoje.
၂၂ယောသပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့လွတ်မြောက်လာမည့်အခြင်းအရာ ကိုရည်ညွှန်းပြောကြားကာ မိမိ၏အရိုး များနှင့်ပတ်သက်၍မှာကြား၏။
23 Vjerom Mojsija, pošto se rodi, kriše tri mjeseca roditelji njegovi, jer vidješe krasno dijete, i ne pobojaše se zapovijesti careve.
၂၃မောရှေကိုဖွားမြင်ပြီးနောက်သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့်သူ့အားသုံးလတိုင်တိုင် ဝှက်ထားကြ၏။ မောရှေသည်ချစ်စရာကောင်း သောသူငယ်ဖြစ်သဖြင့် သူတို့သည်ရှင်ဘုရင် ၏အမိန့်တော်ကိုပင်လွန်ဆန်ရန်မကြောက် ကြ။
24 Vjerom Mojsije, kad bi veliki, ne htjede da se naziva sin kæeri Faraonove;
၂၄မောရှေသည်ကြီးပြင်းလာသောအခါယုံကြည် ခြင်းအားဖြင့် မိမိကိုယ်ကိုဖာရောဘုရင့်သမီး တော်၏သားဟူ၍အခေါ်မခံဘဲနေ၏။-
25 I volje stradati s narodom Božijim, negoli imati zemaljsku sladost grijeha:
၂၅သူသည်ခဏတာမျှအပြစ်၌ပျော်မွေ့ရသည် ထက် ဘုရားသခင်၏လူစုတော်နှင့်အတူ ဆင်းရဲဒုက္ခခံရသည်ကိုပိုမို၍လိုလား၏။-
26 Državši sramotu Hristovu za veæe bogatstvo od svega blaga Misirskoga; jer gledaše na platu.
၂၆မေရှိယအရှင်၏အတွက်ခံရသောကဲ့ရဲ့ခြင်း သည် အီဂျစ်ပြည်၏စည်းစိမ်ချမ်းသာရှိသမျှ တို့ထက်ပို၍တန်ဖိုးရှိသည်ဟုယူဆ၏။ အဘယ် ကြောင့်ဆိုသော်သူသည်အနာဂတ်ကာလတွင် ရရှိမည့်အကျိုးကို အာရုံစူးစိုက်လျက်နေ သောကြောင့်ဖြစ်ပေသည်။
27 Vjerom ostavi Misir, ne pobojavši se ljutine careve; jer se držaše onoga koji se ne vidi, kao da ga viðaše.
၂၇မောရှေသည်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင် ၏အမျက်တော်သင့်မည်ကိုမကြောက်ဘဲအီဂျစ် ပြည်မှထွက်ခွာခဲ့၏။ သူသည်မျက်စိဖြင့်မတွေ့ မမြင်နိုင်သောဘုရားသခင်အားတွေ့မြင်ရ ဘိသကဲ့သို့နောက်မဆုတ်ဘဲနေ၏။-
28 Vjerom uèini pashu i proljev krvi, da se onaj koji gubljaše prvoroðene ne dotakne do njih.
၂၈ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။
29 Vjerom prijeðoše Crveno More kao po suhoj zemlji; koje i Misirci okušavši potopiše se.
၂၉ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ကုန်းလမ်းခရီးပြုသည့်အလားပင် လယ်နီကိုဖြတ်ကျော်ကြ၏။ အီဂျစ်အမျိုးသား တို့ ယင်းသို့ဖြတ်ကျော်ကြသောအခါမူရေနစ်၍ သေဆုံးကြကုန်၏။
30 Vjerom padoše zidovi Jerihonski, kad se obilazi oko njih sedam dana.
၃၀ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ခုနစ်ရက်တိုင်တိုင်ယေရိခေါမြို့ကို လှည့်ပတ်ချီတက်ကြပြီးနောက်မြို့ရိုးများ ကိုပြိုကျစေ၏။-
31 Vjerom Raav kurva ne pogibe s nevjernicima, primivši uhode s mirom, i izvedavši ih drugijem putem.
၃၁ပြည့်တန်ဆာရာခပ်သည်ဣသရေလသူလျှိုတို့ အားဖော်ရွေစွာလက်ခံခဲ့သည့်အတွက် ဘုရား သခင်၏စကားကိုနားမထောင်သူတို့နှင့် အတူအသတ်မခံရပေ။
32 I šta æu još da kažem? Jer mi ne bi dostalo vremena kad bih stao pripovijedati o Gedeonu, i o Varaku i Samsonu i Jeftaju, o Davidu i Samuilu, i o drugijem prorocima,
၃၂ဆက်လက်ဖော်ပြရန်လိုသေးသလော။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်းကိုဖော်ပြရန် အချိန်လောက်မည်မဟုတ်။-
33 Koji vjerom pobijediše carstva, uèiniše pravdu, dobiše obeæanja, zatvoriše usta lavovima,
၃၃ထိုသူတို့သည်ယုံကြည်ခြင်းအားဖြင့်တိုင်း နိုင်ငံများကိုနှိမ်နင်းအောင်မြင်ခဲ့ကြ၏။ အမှန် တရားကိုကျင့်သုံး၍ဘုရားသခင်၏ကတိ တော်အတိုင်းခံစားခဲ့ကြ၏။ ခြင်္သေ့များ၏နှုတ် ကိုပိတ်ခဲ့ကြ၏။-
34 Ugasiše silu ognjenu, utekoše od oštrica maèa, ojaèaše od nemoæi, postaše jaki u bitkama, rastjeraše vojske tuðe;
၃၄ပြင်းထန်စွာတောက်လောင်နေသောမီးကိုငြိမ်း သတ်ခဲ့ကြ၏။ ဋ္ဌားဘေးမှလွတ်မြောက်ခဲ့ကြ၏။ သူတို့သည်ခွန်အားနည်းသူများဖြစ်သော်လည်း ခွန်အားကြီးလာကြ၏။ စစ်ရေး၌စွမ်းရည်သတ္တိ ရှိလျက်တိုင်းတစ်ပါးမှတပ်များကိုဖြိုခွင်း ကြ၏။-
35 Žene primiše svoje mrtve iz vaskrsenija; a drugi biše pobijeni, ne primivši izbavljenja, da dobiju bolje vaskrsenije;
၃၅အမျိုးသမီးတို့သည်လည်းယုံကြည်ခြင်း အားဖြင့်သေရာမှရှင်လာသောဆွေမျိုးများ တို့ကိုပြန်လည်၍ရရှိကြ၏။ အချို့သောသူတို့သည်လွတ်မြောက်ခွင့်ကို လက်မခံဘဲ သာလွန်မွန်မြတ်သည့်ဘဝသို့ ထမြောက်ဝင်စားရစေရန်နှိပ်စက်ညှဉ်းဆဲ ခြင်းကိုခံ၍သေကြကုန်၏။-
36 A drugi ruganje i boj podnesoše, pa još i okove i tamnice;
၃၆အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။-
37 Kamenjem pobijeni biše, pretrveni biše, iskušani biše, od maèa pomriješe; idoše u kožusima i u kozijim kožama, u sirotinji, u nevolji, u sramoti;
၃၇သူတို့သည်ခဲနှင့်ပေါက်ခြင်း၊ လွှနှင့်တိုက်ဖြတ် ခြင်း၊ ဋ္ဌားနှင့်ခုတ်သတ်ခြင်းတို့ကိုခံကြရ၏။ သူတို့သည်ဆင်းရဲနွမ်းပါးလျက်အနှိပ်အစက် ကိုခံ၍မတရားအနိုင်အထက်ပြုခြင်းကို ခံကာ၊ သိုးရေဆိတ်ရေတို့ကိုဝတ်၍သွားလာ ကြရ၏။-
38 Kojijeh ne bijaše dostojan svijet, po pustinjama potucaše se, i po gorama i po peæinama i po rupama zemaljskijem.
၃၈ကမ္ဘာလောကသည်ထိုသူတို့နှင့်မထိုက်မတန် ပါတကား။ သူတို့သည်လိုဏ်ဂူများနှင့်မြေ တွင်းများတွင်နေထိုင်ကြလျက်တောကန္တာရ များနှင့်တောင်ပေါ်ဒေသများသို့လှည့်လည် သွားလာရကြ၏။
39 I ovi svi dobivši svjedoèanstvo vjerom ne primiše obeæanja;
၃၉ဤသူအပေါင်းတို့သည်မိမိတို့၏ယုံကြည် ခြင်းကြောင့်ဂုဏ်ပြုချီးမွမ်းခြင်းကိုခံကြရ၏။ သို့ရာတွင်သူတို့သည်ဘုရားသခင်ကတိ ထားတော်မူသောကောင်းကျိုးချမ်းသာများ ကိုမခံစားကြရ။-
40 Jer Bog nešto bolje za nas odredi, da ne prime bez nas savršenstva.
၄၀အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ငါတို့အတွက်ပိုမိုကောင်းမြတ်သည့်အကြံ အစည်တော်ရှိတော်မူသောကြောင့်ဖြစ်၏။ ယင်းအကြံအစည်တော်မှာထိုသူတို့သည် ငါတို့ပါရှိမှသာလျှင်ပြည့်ဝစုံလင်သူ များဖြစ်လာကြစေရန်ပင်ဖြစ်ပေသည်။