< Jezekilj 42 >
1 I izvede me u spoljašnji trijem prema sjeveru, i dovede me ka klijetima, koje bijahu prema odijeljenoj strani i prema graðevini na sjeveru.
၁ထိုလူသည်ငါ့အားတံတိုင်းအပြင်ဝင်း အတွင်းသို့ခေါ်ဆောင်ကာဗိမာန်တော်မြောက် ဘက်၌ရှိသောအဆောက်အအုံသို့ခေါ် ဆောင်သွား၏။ ထိုအဆောက်အအုံသည် အလျားတစ်ရာခုနစ်ဆယ်ပေ၊ အနံရှစ် ဆယ့်ငါးပေရှိ၍ဗိမာန်တော်အနောက် ဘက်၌ရှိသည့်အဆောက်အအုံနှင့် မဝေးချေ။-
2 S lica bješe u dužinu sto lakata kod sjevernijeh vrata, a u širinu pedeset lakata.
၂
3 Prema unutrašnjem trijemu od dvadeset lakata i prema podu spoljašnjega trijema bijahu klijeti prema klijetima u tri reda.
၃ယင်းသည်တစ်ဖက်ဗိမာန်တော်နှင့်ယှဉ်၍သုံး ဆယ့်လေးပေကျယ်သောမြေကွက်လပ်ကို လည်းကောင်း၊ တံတိုင်းအပြင်ဝင်း၏နောက် ဘက်မှကျောက်သမံတလင်းခင်းလမ်းကို လည်းကောင်းမျက်နှာမူ၍နေ၏။ ထိုအဆောက် အအုံကိုအဆင့်ဆင့်မြင့်တက်လာသော မြေပြင်သုံးဆင့်အပေါ်တွင်တည်ဆောက် ထားလေသည်။-
4 I pred klijetima bijaše hodnik u širinu od deset lakata, unutra, put k njima od jednoga lakta, i vrata bjehu prema sjeveru.
၄မြောက်ဘက်၌ယင်းကိုယှဉ်လျက်နေသည့် လမ်းတစ်သွယ်ရှိ၏။ ထိုလမ်းသည်အလျား ပေတစ်ရာခုနစ်ဆယ်၊ အနံတစ်ဆယ့်ခုနစ် ပေရှိ၏။ ထိုမြောက်ဘက်၌ပင်လျှင်ထို အဆောက်အအုံသို့ဝင်ရန်အပေါက်များ ရှိလေသည်။-
5 A najgornje klijeti bjehu tješnje, jer klijeti donje i srednje u zgradi izlažahu veæma nego one.
၅အမြင့်ပိုင်းတွင်ရှိသည့်အခန်းများသည် အလယ်ပိုင်းနှင့်အနိမ့်ပိုင်းတွင်ရှိသည့် အခန်းများထက်ပို၍ကျဉ်း၏။ အဘယ် ကြောင့်ဆိုသော်ထိုအခန်းတို့ကိုနောက်သို့ ဆုတ်၍ဆောက်လုပ်ထားသောကြောင့်ဖြစ်၏။-
6 Jer bijahu na tri poda, ali nemahu stupova kao u trijemu, i zato se suživaše iznad donjega i srednjega od zemlje.
၆မြေပြင်သုံးဆင့်စလုံး၌ရှိသောအခန်း တို့သည်မြေပြန့်ကုန်းမြင့်များပေါ်တွင်တည် ဆောက်ထားသဖြင့်ယင်းတို့သည်တံတိုင်း အပြင်ဝင်းအတွင်းမှအခြားအဆောက် အအုံများမှာကဲ့သို့ကျောက်တိုင်များ မရှိချေ။-
7 A ograda koja bijaše spolja prema klijetima k trijemu spoljašnjem pred klijetima imaše u dužinu pedeset lakata.
၇အနိမ့်ပိုင်းတွင်ရှိသည့်အဆောက်အအုံ ၏နံရံသည်အလျားတစ်ဝက်မှာရှစ်ဆယ့် ငါးပေဖြစ်၏။ ကျန်သောရှစ်ဆယ့်လေးပေ တွင်အခန်းများရှိ၏။ ဗိမာန်တော်နှင့်ကပ် လျက်ရှိသောဘက်တွင် ပေတစ်ရာ့ခုနစ်ဆယ် ရှိသည်။ အဆင့်ထိပ်ဆုံးမြေပြင်တွင်အဆောက် အအုံတစ်လျှောက်လုံး၌အခန်းများရှိ၏။-
8 Jer dužina klijetima, koje bijahu u trijemu spoljašnjem, bijaše pedeset lakata. I gle, pred crkvom bješe sto lakata.
၈
9 A pod tijem klijetima bijaše ulaz s istoka, kojim se ulažaše u njih iz spoljašnjega trijema.
၉ဤအခန်းများအောက်အဆောက်အအုံ၏ အရှေ့စွန်းပိုင်းတံတိုင်းအပြင်ဝင်းအစ ပြုသည့်နေရာ၌တံတိုင်းအပြင်ဝင်းသို့ ထွက်ပေါက်ရှိ၏။ ဗိမာန်တော်တောင်ဘက်အပြင်တံတိုင်းတစ် လျှောက် ဗိမာန်တော်အပြင်ဝင်းနှင့်ဆက်၍ တံတိုင်းနံရံ၏ဆန့်ကျင်ဘက်တွင် အဆောက် အအုံများရှိလေသည်။-
10 U širini ograde toga trijema k istoku pred odijeljenom stranom i pred graðevinom bijahu klijeti.
၁၀
11 A pred njima bijaše put kao kod sjevernijeh klijeti; jednake dužine i jednake širine bijahu, i izlazi im i vrata bijahu jednaka.
၁၁အခန်းများ၏ရှေ့တွင်မြောက်ဘက်မှာကဲ့ သို့ပင်လမ်းတစ်သွယ်ရှိ၏။ ထိုအခန်းတို့ ၏အတိုင်းအတာ၊ ပုံပန်းသဏ္ဌာန်နှင့်တံခါး ပေါက်များသည်မြောက်ဘက်ရှိအခန်းများ အတိုင်းပင်ဖြစ်၏။-
12 I kaka bijahu vrata u klijeti koje bijahu prema jugu, taka bijahu vrata gdje se poèinjaše put pred ogradom pravo k istoku, kad se ide k njima.
၁၂ဤအဆောက်အအုံ၏တောင်ဘက်ပိုင်း ရှိအခန်းများအောက်တွင်တံတိုင်းအစ ပြုသည့်အရှေ့စွန်း၌တံခါးတစ်ခုရှိ၏။
13 I reèe mi: sjeverne klijeti i južne klijeti pred odijeljenom stranom jesu svete klijeti, gdje sveštenici koji pristupaju ka Gospodu jedu presvete stvari, ondje æe ostavljati presvete stvari i dar i prinos za grijeh i prinos za krivicu, jer je sveto mjesto.
၁၃ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
14 Kad sveštenici uðu, neæe izlaziti iz svetinje u spoljašnji trijem, nego æe ondje ostavljati haljine svoje u kojima služe, jer su svete, i oblaèiæe druge haljine, pa onda izlaziti k narodu.
၁၄ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
15 I izmjerivši dom unutrašnji odvede me na vrata istoèna i izmjeri svuda unaokolo.
၁၅ထိုလူသည်ဗိမာန်တော်အတွင်းပိုင်းအကျယ် အဝန်းကိုတိုင်းတာပြီးနောက် ငါ့အားအရှေ့ တံခါးမှခေါ်ဆောင်ကာအပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။-
16 Izmjeri istoènu stranu trskom mjeraèkom, i bješe pet stotina trsaka, trskom mjeraèkom unaokolo.
၁၆သူသည်ကူရိုးကိုယူ၍အပြင်ပိုင်းကို တိုင်းရာရှစ်ရာလေးဆယ်ပေရှိလေသည်။-
17 Izmjeri sjevernu stranu, i bješe pet stotina trsaka, trskom mjeraèkom unaokolo.
၁၇ထိုနောက်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အနောက် ပိုင်းတို့ကိုတိုင်းတာ၏။ ယင်းတို့အားလုံး အလျားပေရှစ်ရာလေးဆယ်စီရှိကြ၏။-
18 Izmjeri južnu stranu, i bješe pet stotina trsaka, trskom mjeraèkom.
၁၈
19 I okrenuvši se na zapadnu stranu, izmjeri, i bješe pet stotina trsaka, trskom mjeraèkom.
၁၉
20 Izmjeri sa èetiri strane, i bješe zid unaokolo pet stotina trsaka dug i pet stotina širok da razdvaja sveto mjesto od svjetskoga.
၂၀သို့ဖြစ်၍တံတိုင်းသည်စတုရန်းပေရှစ်ရာ လေးဆယ်ရှိသောမြေကိုကာရံ၍ထားလေ သည်။ ဤတံတိုင်းကသန့်ရှင်းသောအရပ်နှင့် မသန့်ရှင်းသောအရပ်တို့ကိုပိုင်းခြား၍ ထားသတည်း။