< Jezekilj 3 >
1 I reèe mi: sine èovjeèji, pojedi što je pred tobom, pojedi ovu knjigu, pa idi, govori domu Izrailjevu.
၁တဖန်၊ အချင်းလူသား၊ သင်တွေ့သောအရာကို စားလော့။ ဤစာလိပ်ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသားတို့ရှိရာသို့ သွား၍ဟော ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
2 I otvorih usta, i založi me onom knjigom.
၂ငါသည်ပစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူ လျက်၊
3 I reèe mi: sine èovjeèji, nahrani trbuh svoj, i crijeva svoja napuni ovom knjigom koju ti dajem. I pojedoh je, i bješe mi u ustima slatka kao med.
၃အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည် စား၍ပစပ်၌ပျားရည်ကဲ့သို့ ချို၏။
4 Zatijem reèe mi: sine èovjeèji, idi k domu Izrailjevu, i govori im moje rijeèi.
၄တဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။
5 Jer se ne šalješ k narodu nepoznata jezika i nerazumljiva govora, nego k domu Izrailjevu;
၅သင်မသိမကျွမ်း၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလအမျိုးရှိရာသို့ စေလွှတ်၏။
6 Ne k mnogim narodima nepoznata jezika i nerazumljiva govora, kojima rijeèi ne bi razumio; k njima da te pošljem, poslušali bi te.
၆သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။
7 Ali dom Izrailjev neæe te poslušati, jer neæe mene da poslušaju; jer je sav dom Izrailjev tvrda obraza i uporna srca.
၇ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံးရှိကြ၏။
8 Evo dadoh tebi obraz tvrd prema njihovu obrazu, i èelo tvrdo prema njihovu èelu.
၈သို့ရာတွင်၊ သူတို့မျက်နှာတဘက်၌ သင်၏ မျက်နှာကို၎င်း၊ သူတို့နဖူးတဘက်၌ သင်၏နဖူးကို၎င်း ငါခိုင်ခံ့စေပြီ။
9 Kao kamen dijamanat, tvrðe od stijene dadoh ti èelo; ne boj ih se, niti se plaši od njih, zato što su dom odmetnièki.
၉သင်၏နဖူးကို ကျောက်ထက်မက၊ စိန်ထက် သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည်မကြောက်နှင့်။ သူတို့မျက်နှာရည် ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။
10 Potom reèe mi: sine èovjeèji, sve rijeèi moje što æu ti govoriti primaj u srce svoje i slušaj ušima svojim.
၁၀တဖန်၊ အချင်းလူသား၊ သင့်အားငါပြောလတံ့ သမျှသော စကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။
11 Idi k roblju, k sinovima naroda svojega, i govori im i reci im: tako veli Gospod Gospod; poslušali ili ne poslušali.
၁၁သိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသား ချင်းတို့ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ဟု၊ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
12 Tada podiže me duh, i èuh za sobom glas gdje se silno razliježe: blagoslovena slava Gospodnja s mjesta njegova;
၁၂ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ ထာဝရ ဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု၊ ငါ့နောက်၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား၏။
13 I lupu krila onijeh životinja, koja udarahu jedno o drugo, i prasku toèkova prema njima, glas koji se silno razlijegaše.
၁၃တခုနှင့်တခုစပ်လျက်ရှိသော သတ္တဝါတို့၏ အတောင်များမြည်သံကို၎င်း၊ သူတို့အနားမှာ ဘီးများ မြည်သံကို၎င်း၊ ကြီးစွာသော လှုပ်ရှားခြင်းအသံကို၎င်း ငါကြားရ၏။
14 I duh me podiže i odnese, i iðah žalostan od srdnje u duhu svom; ali ruka Gospodnja silna bješe nada mnom.
၁၄ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ၍၊ ငါသည်ခါးသောစိတ်၊ ပူပန်သောစိတ်နှင့်လိုက်ရ၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ လေးလံ စွာ တင်လျက်ရှိ၏။
15 I doðoh k roblju u Telaviv, koje stanovaše na rijeci Hevaru, i sjedoh gdje oni sjeðahu, i sjedjeh ondje meðu njima sedam dana èudeæi se.
၁၅သိမ်းသွားခြင်းကိုခံရ၍၊ ခေဗာမြစ်နား၊ တေလ ဗိဗရွာမှာ နေရာကျသော သူတို့ရှိရာသို့ ငါရောက်၍၊ သူတို့နေရာအရပ်၌ ခုနစ်ရပ်ပတ်လုံး မိန်းမောတွေဝေ လျက်နေ၏။
16 A poslije sedam dana doðe mi rijeè Gospodnja govoreæi:
၁၆ခုနစ်ရက်လွန်မှ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
17 Sine èovjeèji, postavih te stražarem domu Izrailjevu, da slušaš rijeèi iz mojih usta i opominješ ih od mene.
၁၇အချင်းလူသား၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိ ပေးသောစကားကို နားထောင်၍ သူတို့အား ဆင့်ဆို လော့။
18 Kad reèem bezbožniku: poginuæeš, a ti ga ne opomeneš i ne progovoriš mu da bi odvratio bezbožnika od bezbožnoga puta njegova, da bi ga saèuvao u životu, onaj æe bezbožnik poginuti sa svojega bezakonja; ali æu krv njegovu iskati iz tvojih ruku.
၁၈သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည်သတိမပေး၊ လူဆိုး၏ အသက် ကို ချမ်းသာစေခြင်းငှါ၊ လူဆိုးအား သတိပေးသောစကား ကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေ လိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။
19 A kad ti opomeneš bezbožnika, a on se i ne vrati od bezbožnosti svoje i sa zloga puta svojega, on æe poginuti s bezakonja svojega, a ti æeš saèuvati dušu svoju.
၁၉သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို၎င်း၊ မိမိလိုက်သော အဓမ္မလမ်းကို၎င်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ။
20 Ako li se pravednik odvrati od pravde svoje, i stane èiniti bezakonje, i ja mu podmetnem na što æe se spotaæi, te pogine, a ti ga ne opomenu, on æe poginuti sa svoga grijeha, i neæe se pomenuti pravedna djela njegova što je èinio, ali æu krv njegovu iskati iz tvoje ruke.
၂၀တဖန်တုံ၊ ဖြောင့်မတ်သောသူသည်ဖေါက်ပြန်၍ ဒုစရိုက်ကိုပြု လျှင်၎င်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာငါထားလျှင်၎င်း သူသည် သေလိမ့်မည်။ သင်သည်သတိမပေးသောကြောင့်၊ သူသည်မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ။ သူ၏ အသက်ကိုကား၊ သင်၌ငါတောင်းမည်။
21 Ako li ti opomeneš pravednika da ne griješi pravednik, i on prestane griješiti, on æe živjeti, jer primi opomenu, i ti æeš saèuvati dušu svoju.
၂၁သို့မဟုတ်၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း၊ သည်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည်။ သင်သည် လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ၏။
22 I doðe ondje nada me ruka Gospodnja, i reèe mi: ustani, izidi u polje, i ondje æu govoriti s tobom.
၂၂တဖန် ထာဝရဘုရား၏လက်တော်သည် ငါ့ အပေါ်မှာ တင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည် အတိုင်း၊
23 I ustavši otidoh u polje, a gle, slava Gospodnja stajaše ondje kao slava koju vidjeh na rijeci Hevaru, i padoh na lice svoje.
၂၃ငါသည် ထ၍လွင်ပြင်သို့သွား၏။ ရောက်သော အခါ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော ထာဝရဘုရား၏ ဘုန်းတော်သည် ရပ်တော်မူ၍၊ ငါသည် ပြပ်ဝပ်လျက် နေ၏။
24 I uðe u me duh, i postavi me na noge; i progovori sa mnom i reèe mi: idi, zatvori se u kuæu svoju.
၂၄ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ် နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။
25 Jer, sine èovjeèji, evo, metnuæe na te uzice, i svezaæe te njima, i neæeš izlaziti meðu njih.
၂၅အချင်းလူသား၊ သင်သည်ကြိုးနှင့်ချည်နှောင် ခြင်းကို ခံ၍ သူတို့တွင် မထွက်ရ။
26 I ja æu uèiniti da ti se jezik prilijepi za grlo, te æeš onijemjeti, i neæeš ih karati, jer su dom odmetnièki.
၂၆သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှါ၊ စကားအလျက်သင့် လျှာကိုအာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။
27 Ali kad ti progovorim, otvoriæu ti usta, i kazaæeš im: ovako veli Gospod Gospod; ko æe slušati, neka sluša, a ko neæe slušati, neka ne sluša; jer su dom odmetnièki.
၂၇သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ် ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူ၏ ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသသည် နားမထောင် ဘဲနေစေ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ၏။