< Izlazak 30 >

1 Jošte naèini oltar kadioni, od drveta sitima naèini ga.
တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။
2 Dužina neka mu bude lakat, i širina lakat, èetvorouglast da bude, i dva lakta visok; iz njega neka mu izlaze rogovi.
ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိ ရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။
3 I pokuj ga èistijem zlatom, ozgo sa strana unaokolo, i rogove njegove; i naèini mu vijenac zlatan unaokolo.
ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
4 I naèini mu po dva bioèuga zlatna ispod vijenca na dva ugla njegova s obje strane, i kroz njih æeš provuæi poluge da se može nositi.
ရွှေတန်ဆာအောက်၊ ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည်။
5 A poluge naèini od drveta sitima, i okuj ih u zlato.
ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။
6 I metni ga pred zavjes koji visi pred kovèegom od svjedoèanstva prema zaklopcu koji je nad svjedoèanstvom, gdje æu se s tobom sastajati.
ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။
7 I neka kadi na njemu Aron kadom mirisnim; svako jutro neka kadi kad spremi žiške.
အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည်။
8 I kad zapali Aron žiške uveèe, neka kadi; neka bude kad svagdašnji pred Gospodom od koljena do koljena vašega.
ညဦးယံ၌လည်း မီးခွက်တို့ကို ထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း။
9 Ne prinosite na njemu kada tuðega niti žrtve paljenice niti prinosa; ni naljeva ne ljevajte na njemu.
ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သော ယဇ်ကို မပြုရ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ။
10 Samo oèišæenje neka èini nad rogovima njegovijem Aron jednom u godini; krvlju od žrtve za grijeh u dan oèišæenja jednom u godini èiniæe oèišæenja na njemu od koljena do koljena vašega; jer je to svetinja nad svetinjama Gospodu.
၁၀အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာယဇ် ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့ သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။
11 Jošte reèe Gospod Mojsiju govoreæi:
၁၁တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
12 Kad staneš brojiti sinove Izrailjeve, izmeðu onijeh koji idu u broj svaki neka dade otkup za život svoj Gospodu, kad ih staneš brojiti, da ne bi došlo na njih kako zlo kad ih staneš brojiti.
၁၂ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှ တို့သည် အသီးအသီး မိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအား ဆက်ကပ်ရမည်။
13 A neka da svaki koji ide u broj po sikla, po siklu svetom a taj je sikal dvadeset novèiæa po sikla biæe prilog Gospodu.
၁၃ရေတွက်၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။
14 Ko god ide u broj, od dvadeset godina i više, neka da prilog Gospodu.
၁၄အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရား အားပြုရမည်။
15 Bogati da ne da više a siromah da ne da manje od po sikla, kad daju prilog Gospodu na oèišæenje duša vaših.
၁၅ကိုယ်အသက်ကို ရွေးခြင်းငှါ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောအခါ၊ ငွေရတတ်သော သူတို့သည် မပို၊ ဆင်းရဲသော သူတို့သည် မလျှော့ဘဲ၊ လူတိုင်း အကျပ်တဝက်စီ ပေးရမည်။
16 I uzevši novce za oèišæenje od sinova Izrailjevijeh ostavi ih za potrebu u šatoru od sastanka, i biæe sinovima Izrailjevijem spomen pred Gospodom za oèišæenje duša vaših.
၁၆ဣသရေလအမျိုးသားတို့၏ အရွေးငွေကို ယူ၍ သူတို့အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
17 Još reèe Gospod Mojsiju govoreæi:
၁၇တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
18 Naèini i umivaonicu od mjedi i podnožje joj od mjedi za umivanje; i metni je izmeðu šatora od sastanka i oltara, i nalij u nju vode.
၁၈အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။
19 Da iz nje pere Aron i sinovi njegovi ruke svoje i noge svoje.
၁၉သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော်၎င်း၊၊
20 Kad idu u šator od sastanka, neka se umivaju vodom, da ne izginu, ili kad pristupaju k oltaru da služe i da pale žrtvu ognjenu Gospodu.
၂၀အမှုတော်ကို ထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊
21 Tada neka peru ruke svoje i noge svoje da ne izginu. To neka im bude uredba vjeèna Aronu i sjemenu njegovu od koljena do koljena.
၂၁သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
22 Još reèe Gospod Mojsiju govoreæi:
၂၂တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
23 Uzmi mirisa najboljih: smirne najèistije pet stotina sikala i cimeta mirisavoga pola toliko, dvjesta pedeset, i iðirota takoðe dvjesta pedeset,
၂၃သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ်၊ မွှေးသောကြံနှစ်ရာငါးဆယ်၊
24 I kasije pet stotina mjerom svetom, i ulja maslinova jedan in.
၂၄သစ်ကြံပိုးတမျိုးငါးရာ၊ သံလွင်ဆီတဟိန်ကို ယူ၍၊
25 I od toga naèini ulje za sveto pomazanje, ulje najbolje vještinom apotekarskom; to da bude ulje svetoga pomazanja.
၂၅ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသော နံ့သာဆီကို ဘော်ပြီးမှ၊
26 I njim pomaži šator od sastanka i kovèeg od svjedoèanstva,
၂၆ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊
27 I sto i sve sprave njegove, i svijetnjak i sprave njegove, i oltar kadioni,
၂၇စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊
28 I oltar na kojem se prinosi žrtva paljenica, i sve sprave njegove, i umivaonicu i podnožje njezino.
၂၈မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊
29 Tako æeš ih osvetiti, te æe biti svetinja nad svetinjom, i što ih se god dotakne biæe sveto.
၂၉ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့ သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။
30 Pomaži i Arona i sinove njegove, i osvetiæeš ih da mi budu sveštenici.
၃၀အာရုန်နှင့် သူ၏သားတို့ကို လိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
31 A sinovima Izrailjevijem kaži i reci: ovo neka mi bude ulje svetoga pomazanja od koljena do koljena vašega.
၃၁ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည်။
32 Tijelo èovjeèije neka se ne maže njim, niti pravite takoga ulja kako je ono; sveto je, neka vam bude sveto.
၃၂လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကို ဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
33 Ako li bi ko naèinio tako ulje ili namazao njim drugoga, istrijebiæe se iz naroda svojega.
၃၃ထိုဆီနှင့်တူအောင် ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
34 I reèe Gospod Mojsiju: uzmi mirisa, stakte, oniha i halvana mirisavoga, i tamjana èistoga, koliko jednoga toliko drugoga.
၃၄တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊
35 I od toga naèini kad, sastavljen vještinom apotekarskom, èist i svet.
၃၅ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည်။
36 I istucavši ga nasitno, metaæeš ga pred svjedoèanstvom u šatoru od sastanka, gdje æu se sastajati s tobom; to neka vam bude svetinja nad svetinjama.
၃၆အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာ ထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။
37 A takvoga kada kakav naèiniš nemojte sebi praviti; to neka ti je svetinja za Gospoda.
၃၇ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ။ သင်တို့တွင် ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
38 Ako li bi ko naèinio taki da ga miriše, istrijebiæe se iz naroda svojega.
၃၈အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

< Izlazak 30 >