< Izlazak 17 >
1 I podiže se iz pustinje Sina sav zbor sinova Izrailjevih putem svojim po zapovjesti Gospodnjoj, i stadoše u oko u Rafidinu; a ondje ne bješe vode da narod pije.
၁ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်းသိန် ဟုခေါ်သောတောကန္တာရမှထွက်၍ စခန်း တစ်ထောက်ပြီးတစ်ထောက်နားလျက်ခရီး သွားကြ၏။ သူတို့သည်ရေဖိဒိမ်အရပ်သို့ ရောက်၍စခန်းချကြ၏။ သို့ရာတွင်ထို အရပ်၌သောက်စရာရေမရှိ။-
2 I narod se svaðaše s Mojsijem govoreæi: daj nam vode da pijemo. A on im reèe: što se svaðate sa mnom? što kušate Gospoda?
၂ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
3 Ali narod bješe ondje žedan vode, te vikaše narod na Mojsija, i govoraše: zašto si nas izveo iz Misira da nas i sinove naše i stoku našu pomoriš žeðu?
၃သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
4 A Mojsije zavapi ka Gospodu govoreæi: šta æu èiniti s ovijem narodom? Još malo pa æe me zasuti kamenjem.
၄ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။
5 A Gospod reèe Mojsiju: proði pred narod, i uzmi sa sobom starješine Izrailjske, i štap svoj kojim si udario vodu uzmi u ruku svoju, i idi.
၅ထာဝရဘုရားက မောရှေကို``သင်နှင့်ဣသ ရေလအမျိုးသားခေါင်းဆောင်အချို့တို့သည် လူအပေါင်းတို့ကိုဦးဆောင်၍ရှေ့သို့သွား လော့။ နိုင်းမြစ်ကိုရိုက်သောတောင်ဝှေးကိုယူ ၍သွားလော့။-
6 A ja æu stajati pred tobom ondje na stijeni na Horivu; a ti udari u stijenu, i poteæi æe iz nje voda da pije narod. I uèini Mojsije tako pred starješinama Izrailjskim.
၆သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
7 A mjesto ono prozva Masa i Meriva zato što se svaðaše sinovi Izrailjevi i što kušaše Gospoda govoreæi: je li Gospod meðu nama ili nije?
၇ဣသရေလအမျိုးသားတို့က``ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိပါသလား'' ဟုမေးလျက်မောရှေအားညည်းညူ၍ထာဝရ ဘုရားကိုစုံစမ်းကြသဖြင့် ထိုအရပ်ကို``မဿာ'' ဟူ၍လည်းကောင်း``မေရိဘ'' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြသတည်း။
8 Ali doðe Amalik da se bije s Izrailjem u Rafidinu.
၈အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-
9 A Mojsije reèe Isusu: izberi nam ljude, te izaði i bij se s Amalikom; a ja æu sjutra stati na vrh brda sa štapom Božjim u ruci.
၉မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။-
10 I uèini Isus kako mu reèe Mojsije, i pobi se s Amalikom; a Mojsije i Aron i Or izaðoše na vrh brda.
၁၀ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။-
11 I dokle Mojsije držaše u vis ruke svoje, nadbijahu Izrailjci, a kako bi spustio ruke, odmah nadbijahu Amalièani.
၁၁မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။-
12 Ali ruke Mojsiju otežaše, zato uzeše kamen i podmetnuše poda nj, te sjede; a Aron i Or držahu mu ruke jedan s jedne strane a drugi s druge, i ne klonuše mu ruke do zahoda sunèanoga.
၁၂မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊-
13 I razbi Isus Amalika i narod njegov oštrijem maèem.
၁၃ယောရှုသည်အာမလက်တပ်ကိုအောင်မြင် ချေမှုန်းခဲ့လေ၏။
14 Potom reèe Gospod Mojsiju: zapiši to za spomen u knjigu, i kaži Isusu neka pamti da æu sasvijem istrijebiti spomen Amalikov ispod neba.
၁၄ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
15 Tada naèini Mojsije oltar, i nazva ga: Gospod zastava moja.
၁၅မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
16 I reèe: što se ruka bješe podigla na prijesto Gospodnji, Gospod æe ratovati na Amalika od koljena do koljena.
၁၆ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။