< Jestira 9 >
1 I tako dvanaestoga mjeseca, a to je mjesec Adar, trinaestoga dana, kad doðe da se izvrši rijeè careva i zapovijest njegova, istoga dana kad se neprijatelji Judejski nadahu da æe obladati njima, preokrenu se, te Judejci obladaše svojim nenavidnicima.
၁ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင်၊
2 Skupiše se Judejci u svojim gradovima po svijem zemljama cara Asvira da dignu ruke na one koji im tražahu zlo; i niko ne mogaše stajati pred njima; jer strah od njih popade sve narode.
၂ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏။
3 I svi knezovi zemaljski, namjesnici i upravitelji i koji opravljahu poslove careve, podupirahu Judejce, jer ih popade strah od Mardoheja.
၃အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော် မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။
4 Jer velik bijaše Mardohej u domu carevu, i slava njegova prolažaše sve zemlje, jer taj èovjek Mardohej bivaše sve veæi.
၄အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား၍၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း။
5 I tako pobiše Judejci sve neprijatelje svoje maèem i potrše i istrijebiše, i uèiniše što htješe od nenavidnika svojih.
၅ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုချင်သမျှပြုကြ၏။
6 I u Susanu carskom gradu ubiše Judejci i istrijebiše pet stotina ljudi.
၆ရှုရှန်မြို့တော်၌လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။
7 I Farsandatu i Dalfona i Aspatu,
၇ယုဒအမျိုး၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
8 I Poratu i Adaliju i Aridatu,
၈
9 I Farmastu i Arisaja i Aridaja i Vajezatu,
၉
10 Deset sinova Amana sina Amedatina neprijatelja Judejskoga pobiše, ali na plijen ne digoše ruke svoje.
၁၀
11 U onaj dan kad javiše caru broj pobijenijeh u Susanu carskom gradu,
၁၁ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။
12 Reèe car Jestiri carici: u Susanu carskom gradu pobiše i potrše Judejci pet stotina ljudi i deset sinova Amanovijeh, a šta su uèinili po ostalijem zemljama carevijem? Šta želiš? daæe ti se; i šta još moliš? biæe.
၁၂ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒ လူတို့သည် ရှုရှန် မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလိုရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ်ဆိုကို တောင်းချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
13 A Jestira reèe: ako je ugodno caru, da se dopusti Judejcima u Susanu i sjutra da uèine po današnjoj naredbi i deset sinova Amanovijeh da objese na vješala.
၁၃ဧသတာက၊ အရှင်မင်းကြီးအလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊
14 I zapovjedi car da bude tako. I oglašena bi zapovijest u Susanu, i objesiše deset sinova Amanovijeh.
၁၄ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့် တော်ကို ထုတ်ပြီးမှ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ၏။
15 I Judejci koji bijahu u Susanu skupivši se i èetrnaestoga dana mjeseca Adara pobiše u Susanu tri stotine ljudi, ali na plijen ne digoše ruke svoje.
၁၅ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။
16 A ostali Judejci koji bijahu po zemljama carevijem skupiše se da brane život svoj i da se smire od neprijatelja svojih; i pobiše sedamdeset i pet tisuæa nenavidnika svojih; ali na plijen ne digoše ruke svoje.
၁၆နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။
17 To bi trinaestoga dana mjeseca Adara; a èetrnaestoga poèinuše, i praznovaše taj dan gosteæi se i veseleæi se.
၁၇ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ၏။
18 A Judejci koji bijahu u Susanu skupiše se trinaestoga i èetrnaestoga dana istoga mjeseca, a poèinuše petnaestoga, i praznovaše taj dan gosteæi se i veseleæi se.
၁၈ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာ နေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏။
19 Zato Judejci seljani, koji žive po mjestima neograðenijem, praznuju èetrnaesti dan mjeseca Adara veseleæi se i gosteæi se i blagujuæi, i šaljuæi dijelove jedan drugom.
၁၉မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။
20 Jer Mardohej napisa ovo, i razasla knjige svijem Judejcima koji bijahu po svijem zemljama cara Asvira, blizu i daleko,
၂၀တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။
21 Nareðujuæi im da praznuju dan èetrnaesti mjeseca Adara i petnaesti dan istoga mjeseca svake godine;
၂၁ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊
22 Prema danima u koje se smiriše Judejci od neprijatelja svojih i prema mjesecu kad im se pretvori žalost u radost i tuga u veselje, da te dane praznuju gosteæi se i veseleæi se i šaljuæi dijelove jedan drugom, i siromasima darove.
၂၂သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။
23 I primiše svi Judejci da èine što su poèeli i što im pisa Mardohej.
၂၃ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။
24 Jer Aman sin Amedatin Agagej neprijatelj svijeh Judejaca namisli za Judejce da ih istrijebi, i baci Fur, to jest ždrijeb, da ih potre i istrijebi.
၂၄ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊
25 Ali kad Jestira izide pred cara, on zapovjedi knjigom, te se zla misao njegova koju smisli na Judejce obrati na njegovu glavu, i objesiše njega i sinove njegove na vješala.
၂၅ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊
26 Zato prozvaše te dane Furim od imena Fur; i radi svijeh rijeèi te knjige i radi onoga što vidješe, tako i radi onoga što im se dogodi,
၂၆ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊
27 Postaviše Judejci i primiše na se i na sjeme svoje i na sve koji se udruže s njima da je nepromjenito da slave ta dva dana kao što je napisano za njih i na vrijeme koje je za njih odreðeno, svake godine,
၂၇ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊
28 I da se ti dani spominju i slave u svakom naraštaju, u svakoj porodici, u svakoj zemlji i u svakom gradu; i ti dani Furim da ne prestanu meðu Judejcima i spomen njihov da ne pogine u sjemenu njihovu.
၂၈ထိုပုရနေ့တို့သည် ယုဒအမျိုး၌မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။
29 I pisa carica Jestira kæi Avihailova i Mardohej Judejac svakom tvrðom potvrðujuæi knjigu za Furim drugi put.
၂၉ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တဖန်ရေးထားကြ၏။
30 I Mardohej razasla knjigu svijem Judejcima u sto i dvadeset i sedam zemalja cara Asvira s rijeèima ljubaznijem i istinijem,
၃၀ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊
31 Da tvrdo drže dane Furim na vrijeme kao što im je postavio Mardohej Judejac i carica Jestira i kao što sami postaviše sebi i sjemenu svojemu za spomen postu njihovu i vikanju njihovu.
၃၁ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
32 Tako zapovijest Jestirina potvrdi uredbu za Furim, i bi zapisano u knjigu.
၃၂ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။