< Amos 9 >
1 Vidjeh Gospoda, a on stajaše na oltaru, i reèe: udari u gornji prag od vrata da se zatresu dovratnici, i rascijepi ih sve od vrha njihova; a što ostane iza njih pobiæu maèem; neæe uteæi izmeðu njih nijedan, niti æe se koji spasti.
၁တဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား၊ ရှိသမျှသောသူ တို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။
2 Da se zakopaju u najdonji kraj zemlje, odande æe ih uzeti ruka moja; i da izaðu na nebo, odande æu ih skinuti; (Sheol )
၂မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည်။ (Sheol )
3 I da se sakriju na vrh Karmila, naæi æu ih i uzeæu ih odande; i da se sakriju ispred mojih oèiju na dno morsko, ondje æu zapovjediti zmiji da ih ujede;
၃ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက် ၌ ပုန်းရှောင်သော်လည်း၊ ငါသည် နဂါးကို မှာလိုက်၍ ကိုက်စေမည်။
4 Da otidu u ropstvo pred neprijateljima svojim, i ondje æu zapovjediti maèu da ih pobije, i obratiæu oèi svoje njima na zlo a ne na dobro.
၄ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ထားကို မှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။
5 Jer Gospod Gospod nad vojskama kad se dotakne zemlje, ona se rastapa i tuže svi koji žive na njoj, i razljeva se sva kao rijeka i potapa se kao od rijeke Misirske.
၅ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည် အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။
6 On je sagradio sebi klijeti na nebu i svod svoj osnovao na zemlji; zove vode morske i izljeva ih po zemlji; ime mu je Gospod.
၆အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ၏။ သမုဒ္ဒရာရေကိုခေါ်၍ မြေကြီးပြင်၌ သွန်းလောင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
7 Nijeste li mi, sinovi Izrailjevi, kao sinovi Etiopski? govori Gospod; ne izvedoh li Izrailja iz zemlje Misirske, a Filisteje iz Kaftora i Sirce iz Kira?
၇အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ၎င်း၊ ရှုရိလူတို့ကို ကိရပြည်မှ၎င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
8 Gle, oèi su Gospodnje upravljene na ovo grješno carstvo da ga zatrem sa zemlje; ali neæu sasvijem zatrti doma Jakovljeva, govori Gospod.
၈အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။
9 Jer, evo, ja æu zapovjediti i razmetaæu meðu svijem narodima dom Izrailjev kao što se razmeæe žito u rešetu da ni zrno ne padne na zemlju.
၉တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည်။ ဆန်တစေ့မျှ မြေသို့မကျရ။
10 Od maèa æe poginuti svi grješnici izmeðu mojega naroda, koji govore: neæe doæi, niti æe nas zadesiti zlo.
၁၀ဘေးဥပဒ်သည် ငါတို့ကို မမှီနိုင်၊ မဆီးတားနိုင်ဟု ဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ထားဖြင့် သေရကြလိမ့်မည်။
11 U to æu vrijeme podignuti opali šator Davidov, i zatvoriæu mu pukotine, i opraviæu mu što je razvaljeno, i opet æu ga sagraditi kao što je bio prije,
၁၁ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍ ငါ၏နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှါ၊
12 Da bi naslijedili ostatak Edomski i sve narode na koje se priziva ime moje, govori Gospod, koji èini ovo.
၁၂လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ ၏။
13 Evo, idu dani, govori Gospod, kad æe oraè stizati žeteoca, i koji gazi grožðe sijaèa, i gore æe kapati slatkim vinom, a svi æe se humovi rastapati.
၁၃ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို၎င်း၊ စပျစ်သီးနယ် သောသူသည် မျိုးစေ့ကြဲသောသူကို၎င်း မှီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလရောက်လိမ့်မည်။
14 I povratiæu roblje naroda svojega Izrailja, i opet æe sagraditi puste gradove i naseliæe se, i nasadiæe vinograde i piti vino iz njih, i naèiniæe vrtove i jesti rod iz njih.
၁၄သိမ်းသွားခြင်းကို ခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကို စိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။
15 I posadiæu ih u zemlji njihovoj, i neæe se više išèupati iz zemlje svoje, koju im dadoh, govori Gospod Bog tvoj.
၁၅သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါ ပေးသောပြည်မှ နောက်တဖန် အဘယ်သူမျှ မနှုတ်ရဟု၊ သင်၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ၏။