< Dela apostolska 23 >
1 A Pavle pogledavši na skupštinu reèe: ljudi braæo! ja sa svom dobrom savjesti življeh pred Bogom do samoga ovog dana.
၁ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
2 A poglavar sveštenièki Ananija zapovjedi onima što stajahu kod njega da ga biju po ustima.
၂ယဇ်ပုရောဟိတ်မင်းအာနနိသည်လည်း အနီးတွင်ရပ်နေသူများအား ပေါလု၏နှုတ် ကိုအရိုက်ခိုင်းလေ၏။-
3 Tada mu reèe Pavle: tebe æe Bog biti, zide okreèeni! I ti sjediš te mi sudiš po zakonu, a prestupajuæi zakon zapovijedaš da me biju.
၃ပေါလုက ``ထုံးဖြူသုတ်သည့်အုတ်ရိုး၊ သင့်ကို ဘုရားသခင်မုချဒဏ်ခတ်တော်မူမည်။ သင် သည်အကျွန်ုပ်အားတရားဥပဒေအရ စစ်ဆေးစီရင်ရန် တရားခွင်တွင်ထိုင်လျက် နေစဉ်၌ပင် အကျွန်ုပ်ကိုအရိုက်ခိုင်းခြင်း ဖြင့်တရားဥပဒေကိုချိုးဖောက်ပါသည် တကား'' ဟုဆို၏။
4 A oni što stajahu naokolo rekoše: zar psuješ Božijeg poglavara sveštenièkoga?
၄အနီးတွင်ရပ်နေသူတို့က ``သင်သည်ဘုရား သခင်၏ယဇ်ပုရောဟိတ်မင်းကိုစော်ကားပါ သလော'' ဟုမေးကြလျှင်၊-
5 A Pavle reèe: ne znadoh, braæo, da je poglavar sveštenièki, jer stoji napisano: starješini naroda svojega da ne govoriš ružno.
၅ပေါလုက ``ညီအစ်ကိုတို့၊ ထိုသူသည်ယဇ် ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ပါ။ ကျမ်းစာတော်တွင် `သင်၏အမျိုးကိုအုပ် စိုးသောသူအားမကောင်းမပြောရ' ဟုဖော် ပြထားပါ၏'' ဟုဖြေကြားလေသည်။
6 A znajuæi Pavle da je jedan dio sadukeja a drugi fariseja, povika na skupštini: ljudi braæo! ja sam farisej i sin farisejev: za nad i za vaskrsenije iz mrtvijeh doveden sam na sud.
၆သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
7 A kad on ovo reèe, postade raspra meðu sadukejima i farisejima, i razdijeli se narod.
၇ထိုအခါဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့သည် အငြင်းပွားကြသဖြင့် တရားလွှတ်တော် အဖွဲ့သည်နှစ်ခြမ်းကွဲလေ၏။-
8 Jer sadukeji govore da nema vaskrsenija, ni anðela ni duha; a fariseji priznaju oboje.
၈(ဇဒ္ဒုကဲတို့ကသေခြင်းမှထမြောက်ရှင် ပြန်ခြင်းဟူသည်မရှိ။ ကောင်းကင်တမန်မရှိ။ နာမ်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ သို့သော် ဖာရိရှဲတို့ကထိုအရာသုံးပါးလုံးပင်ရှိ သည်ဟုယုံကြည်လက်ခံကြ၏။)-
9 I postade velika vika, i ustavši književnici od strane farisejske prepirahu se meðu sobom govoreæi: nikakvo zlo ne nalazimo na ovome èovjeku; ako li mu govori duh ili anðeo, da se ne suprotimo Bogu.
၉သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။
10 A kad posta raspra velika, pobojavši se vojvoda da Pavla ne raskinu, zapovjedi da siðu vojnici i da ga otmu izmeðu njih, i da ga odvedu u oko.
၁၀ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
11 A onu noæ stade Gospod predanjga i reèe: ne boj se, Pavle, jer kao što si svjedoèio za mene u Jerusalimu, tako ti valja i u Rimu svjedoèiti.
၁၁ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
12 A kad bi dan, uèiniše neki od Jevreja vijeæu i zakleše se govoreæi da neæe ni jesti ni piti dokle ne ubiju Pavla.
၁၂နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။-
13 A bješe ih više od èetrdeset koji ovu kletvu uèiniše.
၁၃ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
14 Ovi pristupivši ka glavarima sveštenièkijem i starješinama, rekoše: kletvom zaklesmo se da neæemo ništa okusiti dok ne ubijemo Pavla;
၁၄သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-
15 Sad dakle vi sa saborom kažite vojvodi da ga sjutra svede k vama, kao da biste htjeli doznati bolje za njega; a mi smo gotovi da ga ubijemo prije nego se on približi.
၁၅သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
16 A sin sestre Pavlove èuvši ovu zasjedu doðe i uðe u oko i kaza Pavlu.
၁၆သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
17 A Pavle dozvavši jednoga od kapetana reèe: ovo momèe odvedi k vojvodi, jer ima nešto da mu kaže.
၁၇ပေါလုသည်တပ်ခွဲမှူးတစ်ယောက်ကိုခေါ် ၍ ``ဤလူငယ်ကိုတပ်မှူးထံသို့ခေါ်ဆောင် သွားပါ။ တပ်မှူးအားလျှောက်ထားရန်ကိစ္စ တစ်ခုရှိပါသည်'' ဟုပြော၏။-
18 A on ga uze i dovede k vojvodi, i reèe: sužanj Pavle dozva me i zamoli da ovo momèe dovedem k tebi koje ima nešto da ti govori.
၁၈သို့ဖြစ်၍တပ်ခွဲမှူးသည်ထိုလူငယ်ကိုတပ်မှူး ထံသို့ခေါ်ဆောင်ခဲ့ပြီးနောက် ``အကျဉ်းသား ပေါလုသည်အကျွန်ုပ်ကိုခေါ်၍ဤလူငယ်ကို အရှင့်ထံသို့အပို့ခိုင်းပါသည်။ သူ့မှာအရှင့် အားလျှောက်ထားရန်ကိစ္စတစ်ခုရှိပါသည်'' ဟုလျှောက်၏။
19 A vojvoda uzevši ga za ruku, i otišavši nasamo, pitaše ga: šta je što imaš da mi kažeš?
၁၉တပ်မှူးသည်နှစ်ယောက်ချင်းပြောဆိုနိုင်ရန် ထို လူငယ်ကိုလက်ဆွဲ၍ဆိတ်ကွယ်ရာအရပ်တစ် ခုသို့ခေါ်သွား၏။ ထိုနောက် ``ငါ့အားသင်အဘယ် အရာကိုပြောလိုပါသနည်း'' ဟုမေး၏။
20 A ono reèe: Jevreji dogovoriše se da te zamole da sjutra svedeš Pavla k njima na skupštinu, kao da bi htjeli bolje ispitati za njega;
၂၀လူငယ်က ``ယုဒအာဏာပိုင်တို့သည်ပေါလု ၏အမှုကိုပိုမိုသေချာစုံစမ်းစစ်ဆေးလိုဟန် ဖြင့် အရှင့်အားပေါလုကိုနက်ဖြန်နေ့၌တရား လွှတ်တော်သို့ခေါ်ဆောင်ခဲ့ရန် မေတ္တာရပ်ခံကြ မည်ဟုတိုင်ပင်ညှိနှိုင်းထားကြပါ၏။-
21 Ali ti ih nemoj poslušati, jer ga èekaju od njih više od èetrdeset ljudi koji su se zakleli da neæe ni jesti ni piti dokle ga ne ubiju; i sad su gotovi, i èekaju tvoje obeæanje.
၂၁သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
22 A vojvoda onda otpusti momèe zapovjedivši mu: nikom ne kazuj da si mi ovo javio.
၂၂တပ်မှူးက ``သင်သည်ဤကဲ့သို့ငါ့အားတိုင် ကြားခဲ့ကြောင်းအဘယ်သူအားမျှမပြော နှင့်'' ဟုဆို၍ထိုလူငယ်ကိုထွက်ခွာသွားစေ၏။
23 I dozvavši dvojicu od kapetana reèe: pripravite mi dvjesta vojnika da idu do Æesarije, i sedamdeset konjika i dvjesta strijelaca, po treæemu sahatu noæi.
၂၃ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
24 I neka dovedu konje da posade Pavla, i da ga prate do Filiksa sudije.
၂၄ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
25 I napisa poslanicu u kojoj ovako govoraše:
၂၅တပ်မှူးသည်စာတစ်စောင်ကိုလည်းရေး၍ပေး လိုက်၏။
26 Od Klaudija Lisije èestitome Filiksu pozdravlje.
၂၆ထိုစာတွင် ``ကလောဒိလုသိထံမှအရှင် ဖေလဇ်မင်းထံသို့ရိုသေစွာအစီရင်ခံအပ် ပါသည်။-
27 Èovjeka ovoga uhvatiše Jevreji i šæahu da ga ubiju; ja pak doðoh s vojnicima i oteh ga doznavši da je Rimljanin.
၂၇ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
28 I želeæi doznati uzrok za koji ga krive svedoh ga na njihovu skupštinu.
၂၈အကျွန်ုပ်သည်သူ့အားယုဒအမျိုးသားတို့ အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြကြောင်းကိုသိလို သဖြင့် သူတို့၏တရားလွှတ်တော်သို့ခေါ်ဆောင် သွားပါ၏။-
29 Tada naðoh da ga krive za pitanja zakona njihova, a da nema nikakve krivice koja zaslužuje smrt ili okove.
၂၉ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
30 I doznavši ja ugovor Jevrejski o glavi ovoga èovjeka odmah ga poslah k tebi zapovjedivši i suparnicima njegovijem da pred tobom kažu što imaju na nj. Zdrav budi!
၃၀ယုဒအမျိုးသားတို့သည်သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်းသတင်းကို ရရှိသဖြင့် အကျွန်ုပ်သည်သူ့အားအရှင့်ထံ သို့ချက်ချင်းစေလွှတ်လိုက်ပါ၏။ တရားလို များအားလည်းမိမိတို့၏အမှုကိုအရှင့် ရှေ့တော်တွင် လျှောက်လဲကြရန်ညွှန်ကြား လိုက်ပါသည်။ အရှင်ကျန်းမာပါစေသော'' ဟူ၍ပါရှိ၏။
31 A vojnici onda, kao što im se zapovjedi, uzeše Pavla i odvedoše ga noæu u Antipatridu.
၃၁စစ်သားတို့သည်တပ်မှူး၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ သူတို့သည်ပေါလုကိုခေါ် ၍ထိုည၌ပင်အန္တိပတရိမြို့အထိပို့ ဆောင်ကြ၏။-
32 A sjutradan ostavivši konjike da idu s njim, vratiše se u oko.
၃၂နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
33 A oni došavši u Æesariju, predaše poslanicu sudiji i izvedoše Pavla preda nj.
၃၃မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။-
34 A sudija proèitavši poslanicu zapita odakle je; i doznavši da je iz Kilikije
၃၄ဘုရင်ခံမင်းသည်စာကိုဖတ်ပြီးနောက် ``သင် သည်အဘယ်ပြည်သားဖြစ်သနည်း'' ဟုပေါလု အားမေး၏။ ကိလိကိပြည်သားဖြစ်ကြောင်းကို ကြားသိသောအခါ၊-
35 Reèe: ispitaæu te kad suparnici tvoji doðu. I zapovjedi da ga èuvaju u dvoru Irodovom.
၃၅ဘုရင်ခံမင်းက ``ဤအရပ်သို့သင်၏တရား လိုများရောက်ရှိလာကြသောအခါ သင်၏ အမှုကိုငါစစ်ဆေးမည်'' ဟုဆို၏။ ထိုနောက် ပေါလုအားဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့ သောနန်းတော်တွင်အစောင့်အကြပ်နှင့်ထား ရန်အမိန့်ပေးလေသည်။