< Dela apostolska 13 >
1 A u crkvi koja bješe u Antiohiji bijahu neki proroci i uèitelji, to jest: Varnava i Simeun koji se zvaše Nigar, i Lukije Kirinac, i Manail odgajeni s Irodom èetverovlasnikom, i Savle.
၁အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။
2 A kad oni služahu Gospodu i pošæahu, reèe Duh sveti: odvojte mi Varnavu i Savla na djelo na koje ih pozvah.
၂ထိုသူတို့သည်သခင်ဘုရား ဝတ်ကိုပြု၍ အစာကို ရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော် မူသည် အတိုင်း၊
3 Tada postivši i pomolivši se Bogu metnuše ruke na njih, i otpustiše ih.
၃အစာရှောင်၍ ပဌနာပြုလျက်၊ ထိုသူတို့ခေါင်း ပေါ်မှာ လက်ကို တင်၍လွှတ်လိုက်ကြ၏။
4 Ovi dakle poslani od Duha svetoga siðoše u Seleukiju, i odande otploviše u Kipar.
၄ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ် တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့ သွား၍ ထိုမြို့မှ သင်္ဘောနှင့် လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။
5 I došavši u Salamin javiše rijeè Božiju u zbornicama Jevrejskima; a imahu i Jovana slugu.
၅ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားစရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။
6 A kad proðoše ostrvo tja do Pafa, naðoše nekakvoga èovjeka vraèara i lažna proroka, Jevrejina, kome bješe ime Varisus,
၆တကျွန်းလုံးကို ရှောက်၍ပါဖုမြို့သို့ရောက်လျှင်၊
7 Koji bješe s namjesnikom Srðem Pavlom, èovjekom razumnijem. Ovaj dozvavši Varnavu i Savla zaiska da èuje rijeè Božiju.
၇ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတ်သမားကို မြို့ဝန် မင်းသေရဂိပေါလု ထံ၌တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့်ရှောလုတို့ကို ခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော် ကိုနာလိုသောစိတ်ရှိသော်၊
8 A Elima vraèar jer to znaèi ime njegovo) stade im se suprotiti, gledajuæi da odvrati namjesnika od vjere.
၈အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ တမန်တော်တို့ကို ဟန့်တားလေ၏။
9 A Savle koji se zvaše i Pavle, pun Duha svetoga pogledavši na nj
၉ထိုအခါပေါလုဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊
10 Reèe: o napunjeni svakoga lukavstva i svake pakosti, sine ðavolji! neprijatelju svake pravde! zar ne prestaješ kvariti pravijeh putova Gospodnjijeh?
၁၀လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်း တရား၏ ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။
11 I sad eto ruke Gospodnje na te, i da budeš slijep da ne vidiš sunca za neko vrijeme. I ujedanput napade na nj mrak i tama, i pipajuæi tražaše voða.
၁၁ယခုပင်ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန် ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏခြင်းတွင်မျက်စိမြှေးရှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကို ရှာလျက် တလည်လည်ရှိ၍နေ၏။
12 Tada namjesnik, kad vidje šta bi, vjerova, diveæi se nauci Gospodnjoj.
၁၂ထိုအကြောင်းအရာကိုမြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
13 A kad se Pavle sa svojijem društvom odveze iz Pafa, doðoše u Pergu Pamfilijsku; a Jovan se odvoji od njih, i vrati se u Jerusalim.
၁၃ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန် သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ပြန်လေ၏။
14 A oni otišavši iz Perge doðoše u Antiohiju Pisidijsku, i ušavši u zbornicu u dan subotni sjedoše.
၁၄ပေရဂမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ် သို့ဝင်၍ထိုင်ကြ၏။
15 A po èitanju zakona i proroka poslaše starješine zbornièke k njima govoreæi: ljudi braæo! ako je u vama rijeè utjehe za narod, govorite.
၁၅ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမ စရာ စကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။
16 A Pavle ustavši i mahnuvši rukom reèe: ljudi Izrailjci i koji se Boga bojite! èujte.
၁၆ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ် ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင် ကြလော့။
17 Bog naroda ovoga izabra oce naše, i podiže narod kad bijahu došljaci u zemlji Misirskoj, i rukom visokom izvede ih iz nje.
၁၇ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့်ထိုပြည်မှ နှုတ်ဆောင် တော်မူ၏။
18 I do èetrdeset godina prehrani ih u pustinji.
၁၈အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။
19 I zatrvši sedam naroda u zemlji Hanaanskoj na kocke razdijeli im zemlju njihovu.
၁၉ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။
20 I potom na èetiri stotine i pedeset godina dade im sudije do Samuila proroka.
၂၀ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကိုပေးတော်မူ၏။
21 I od tada iskaše cara, i dade im Bog Saula, sina Kisova, èovjeka od koljena Venijaminova, za èetrdeset godina.
၂၁နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။
22 I uklonivši njega podiže im Davida za cara, kome i reèe svjedoèeæi: naðoh Davida sina Jesejeva, èovjeka po srcu mojemu, koji æe ispuniti sve volje moje.
၂၂နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူ အားသက်သေခံတော်မူလျက်၊စိတ်နှလုံး၌ ညီညွတ်သည် ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။
23 Od njegova sjemena podiže Bog po obeæanju Izrailju spasa Isusa;
၂၃ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်း စေတော်မူပြီ။
24 Kad Jovan pred njegovijem dolaskom propovijeda krštenje pokajanja svemu narodu Izrailjevu.
၂၄ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင် သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။
25 I kad svršivaše Jovan teèenje svoje, govoraše: ko mislite da sam ja nijesam ja; nego evo ide za mnom, kome ja nijesam dostojan razdriješiti remena na obuæi njegovoj.
၂၅ယောဟန်သည်မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။
26 Ljudi braæo! sinovi roda Avraamova, i koji se meðu vama Boga boje! vama se posla rijeè ovoga spasenija.
၂၆အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရား သခင်ကို ကြောက်ရွံ့သောသူတို့၊ ဤ ကယ်တင်တော်မူခြင်းတရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။
27 Jer oni što žive u Jerusalimu, i knezovi njihovi, ne poznaše ovoga i glasove proroèke koji se èitaju svake subote osudivši ga izvršiše.
၂၇ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်းအစဉ် ဘတ်ရွက်သော ပရောဖက်တို့၏ စကားကို၎င်း၊ မသိ နားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သော အားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။
28 I ne našavši ni jedne krivice smrtne moliše Pilata da ga pogubi.
၂၈ကိုယ်တော်၌သေထိုက်သောအပြစ် တစုံတခုကို မျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။
29 I kad svršiše sve što je pisano za njega, skinuše ga s drveta i metnuše u grob.
၂၉ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထား သမျှတို့ကို ပြည့်စုံ စေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍သင်္ချိုင်းတွင်း၌ ထားကြ၏။
30 A Bog vaskrse ga iz mrtvijeh.
၃၀ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ တော်မူသည်ဖြစ်၍၊
31 I pokaziva se mnogo dana onima što izlaziše s njim iz Galileje u Jerusalim, koji su sad svjedoci njegovi pred narodom.
၃၁ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူ တို့အားနေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြ တော်မူ၏။
32 I mi vam javljamo obeæanje koje bi ocevima našima da je ovo Bog ispunio nama, djeci njihovoj, podignuvši Isusa;
၃၂ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ် ကြ၏။
33 Kao što je napisano i u drugom psalmu: ti si moj sin, ja te danas rodih.
၃၃ဆာလံကျမ်းဒုတိယခဏ်း၌လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။
34 A da ga iz mrtvijeh vaskrse da se više ne vrati u truhljenje ovako reèe: daæu vam svetinju Davidovu vjernu.
၃၄ယနေ့ပင်သင့်ကိုငါဖြစ်သွားစေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ဂတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အား ပြည့်စုံတော်မူ သည်ဟူ၍၎င်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ် ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြော ကြ၏။
35 Zato i na drugom mjestu govori: neæeš dati da tvoj svetac vidi truhljenja.
၃၅ထိုကြောင့်ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော်၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟုလာ၏။
36 Jer David posluživši rodu svojemu po volji Božijoj umrije, i metnuše ga kod otaca njegovijeh, i vidje truhljenje.
၃၆ဒါဝိဒ်သည်မိမိကာလ၌ ဘုရားသခင်၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ၏။
37 A kojega Bog podiže ne vidje truhljenja.
၃၇ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။
38 Tako da vam je na znanje, ljudi braæo! da se kroza nj vama propovijeda oproštenje grijeha.
၃၈ထိုကြောင့်ညီအစ်တို့ကို၊ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊
39 I od svega, oda šta se ne mogoste opravdati u zakonu Mojsijevu, opravdaæe se u njemu svaki koji vjeruje.
၃၉ထိုသခင်ကိုယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှ တို့နှင့် လွတ်ရကြသည်ကို၎င်း သိမှတ် ကြလော့။
40 Gledajte dakle da ne doðe na vas ono što je kazano u prorocima:
၄၀အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။
41 Vidite, nemarljivi! i èudite se, i nek vas nestane; jer ja èinim djelo u dane vaše, djelo koje neæete vjerovati ako vam ko uskazuje.
၄၁အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။
42 A kad izlažahu iz zbornice Jevrejske, moljahu neznabošci da im se ove rijeèi u drugu subotu govore.
၄၂လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။
43 A kad se sabor raziðe, poðoše za Pavlom i za Varnavom mnogi od Jevreja i pobožnijeh došljaka; a oni govoreæi im svjetovahu ih da ostanu u blagodati Božijoj.
၄၃အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။
44 A u drugu subotu sabra se gotovo sav grad da èuju rijeèi Božije.
၄၄နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။
45 A kad vidješe Jevreji narod, napuniše se zavisti, i govorahu protivno rijeèima Pavlovijem nasuprot govoreæi i huleæi.
၄၅ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။
46 A Pavle i Varnava oslobodivši se rekoše: vama je najprije trebalo da se govori rijeè Božija; ali kad je odbacujete, i sami se pokazujete da nijeste dostojni vjeènoga života, evo se obræemo k neznabošcima. (aiōnios )
၄၆ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။ (aiōnios )
47 Jer nam tako zapovjedi Gospod: postavih te za vidjelo neznabošcima, da budeš spasenije do samoga kraja zemlje.
၄၇မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။
48 A kad èuše neznabošci, radovahu se i slavljahu rijeè Božiju, i vjerovaše koliko ih bješe pripravljeno za život vjeèni. (aiōnios )
၄၈ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ၏။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့်၊ (aiōnios )
49 I rijeè se Božija raznošaše po svoj okolini.
၄၉ထာဝရဘုရား၏ သာသနာတော်သည် တပြည် လုံး၌ နှံပြားလေ၏။
50 Ali Jevreji podgovoriše pobožne i poštene žene i starješine gradske te podigoše gonjenje na Pavla i Varnavu, i istjeraše ih iz svoje zemlje.
၅၀ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ ၏။
51 A oni otresavši na njih prah sa svojijeh nogu doðoše u Ikoniju.
၅၁တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အားခါလိုက်ပြီးမှ ၊ ဣကောနိမြို့သို့ သွားကြ၏။
52 A uèenici punjahu se radosti i Duha svetoga.
၅၂တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်းပြည့်စုံကြ၏။