< 1 Dnevnika 26 >
1 A redovi vratarski bijahu: od sinova Korejevih bijaše Meselemija sin Korejev izmeðu sinova Asafovijeh;
၁ဗိမာန်တော်အစောင့်တပ်သားများအား ခွဲခန့် သတ်မှတ်ပေးသည့်တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်၏။ ကောရဟိဆွေမျိုး စုတွင်အာသပ်၏အိမ်ထောင်စုမှကောရ၏ သားမေရှလေမိဆိုသူရှိ၏။-
2 A sinovi Meselemijini: Zaharija prvenac, Jediailo drugi, Zevadija treæi, Jatnilo èetvrti,
၂သူ့မှာဇာခရိ၊ ယေဒျေလ၊ ဇေဗဒိ၊ ယာသနေလ၊-
3 Elam peti, Joanan šesti, Elioinaj sedmi;
၃ဧလံ၊ ယောဟနန်နှင့်ဧလဲသြနဲဟူ၍ကြီးစဉ် ငယ်လိုက်သားခုနစ်ယောက်ရှိ၏။
4 I Ovid-Edomovi sinovi: Semaja prvenac, Jozavad drugi, Joah treæi i Sahar èetvrti i Natanailo peti,
၄ရှေမာယ၊ ယောဇဗပ်၊ ယောအာ၊ စာကာ၊ နာသ နေလ၊ အမျေလ၊ ဣသခါ၊ ပုလသဲဟူသော သားရှစ်ယောက်ဖြင့်ထာဝရဘုရားကောင်း ချီးပေးသူသြဗဒေဒုံဆိုသူလည်းရှိ၏။
5 Amilo šesti, Isahar sedmi, Feultaj osmi; jer ga blagoslovi Bog.
၅
6 I Semaji sinu njegovu rodiše se sinovi, koji starješovahu u domu oca svojega, jer bijahu dobri junaci.
၆သြဗဒေဒုံ၏သားဦးရှေမာယတွင်စွမ်းရည် ကြီးမားသဖြင့် မိမိတို့ဆွေမျိုးစု၌အရေး ပါအရာရောက်သည့်သားများရှိလေသည်။ သူ တို့၏နာမည်များမှာသြသနိ၊ ရေဖေလ၊ သြဗက်၊ ဧလာဇာဗဒ်၊ ဧလိဟုနှင့်သေမခိ ဟူ၍ဖြစ်၏။ နောက်ဆုံးဖော်ပြသူနှစ်ဦးမှာ အထူးပင်အစွမ်းအစကောင်းသူများ ဖြစ်ကြ၏။
7 Sinovi Semajini: Gotnije i Rafailo i Ovid i Elzavad braæa njegova, hrabri ljudi, Eliuj i Semahija.
၇
8 Svi ovi bijahu od sinova Ovid-Edomovijeh, i oni i sinovi njihovi i braæa njihova, svi hrabri ljudi, krjepki za službu, bijaše ih šezdeset i dva od Ovid-Edoma.
၈သြဗဒေဒုံ၏အိမ်ထောင်စုမှဤအလုပ် တာဝန်အတွက် အထူးအရည်အချင်းနှင့် ပြည့်စုံသူလူခြောက်ဆယ့်နှစ်ယောက်ရရှိ၏။
9 A Meselemijinih sinova i braæe, hrabrijeh ljudi, bijaše osamnaest.
၉မေရှလေမိ၏အိမ်ထောင်စုမှ အရည်အချင်း နှင့်ပြည့်စုံသူတစ်ဆယ့်ရှစ်ယောက်ရရှိ၏။
10 A Osini sinovi, od sinova Merarijevih: Simrije poglavar, premda ne bješe prvenac, ali ga otac postavi poglavarem;
၁၀မေရာရိ၏အိမ်ထောင်စု၌ ဟောသဆိုသူတစ် ဦးရှိ၏။ သူ့မှာရှိမရိ၊ ဟိလခိ၊ တေဗလိ၊ ဇာခရိဟူ၍သားလေးယောက်ရှိ၏။ (ထိုသူ တို့အနက်ရှိမရိသည်သားဦးမဟုတ်သော် လည်းသူ၏ဖခင်ကခန့်ထားသဖြင့်ခေါင်း ဆောင်ဖြစ်လေ၏။) ဟောသ၏အိမ်ထောင်စုမှ ဗိမာန်တော်တပ်သားစုစုပေါင်းတစ်ဆယ့် သုံးယောက်ရသတည်း။
11 Helkija drugi, Tevalija treæi, Zaharija èetvrti; svijeh sinova i braæe Osine bijaše trinaest.
၁၁
12 Od njih bijahu redovi vratarski po poglavarima da èuvaju stražu naizmjence s braæom svojom služeæi u domu Gospodnjem.
၁၂ဗိမာန်တော်၏အစောင့်တပ်သားတို့ကို အိမ်ထောင် စုများအလိုက်အုပ်စုများခွဲ၍ အခြားလေဝိ အနွယ်ဝင်တို့နည်းတူအလုပ်တာဝန်များကို ခွဲခန့်ပေးလေသည်။-
13 Jer metaše ždrijeb za maloga kao i za velikoga po domovima svojih otaca, za svaka vrata.
၁၃လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
14 I pade ždrijeb na istok Selimiji; a Zahariji sinu njegovu, mudromu savjetniku, kad baciše ždrijeb, pade mu ždrijeb na sjever;
၁၄ရှေလမိသည်အရှေ့တံခါးကိုရ၍ သူ၏သား ဇာခရိသည်မြောက်တံခါးကိုရလေသည်။ သူ သည်အစဉ်ပင်အကြံကောင်းဉာဏ်ကောင်းကို ပေးတတ်သူဖြစ်၏။-
15 A Ovid-Edomu na jug, a sinovima njegovijem na riznicu;
၁၅သြဗဒေဒုံသည်တောင်တံခါးကိုစောင့်ရန် တာဝန်ကျ၏။ သူ၏သားတို့သည်ကုန် လှောင်ရုံကိုစောင့်ရကြ၏။-
16 Sufimu i Osi na zapad s vratima Salehetskim na putu koji ide gore; straža bješe prema straži:
၁၆ရှုပိန်နှင့်ဟောသတို့သည်အနောက်တံခါးနှင့် အထက်လမ်းရှိ၊ ရှလ္လေခက်တံခါးတွင်တာဝန် ကျကြ၏။ အစောင့်တာဝန်ကိုတစ်ချိန်ပြီး တစ်ချိန် ခွဲခန့်သတ်မှတ်ထား၏။-
17 S istoka šest Levita; sa sjevera èetiri na dan; s juga na dan èetiri; a kod riznice po dva;
၁၇အရှေ့မျက်နှာတွင်အစောင့်တပ်သားခြောက် ယောက်၊ မြောက်မျက်နှာတွင်လေးယောက်နှင့် တောင်မျက်နှာတွင်လေးယောက်နေ့စဉ်တာဝန် ကျလေသည်။ ကုန်လှောင်ရုံများတွင်တစ်ရုံ လျှင်ခြောက်ယောက်စီနေ့စဉ်တပ်သားလေး ယောက်စောင့်ရကြ၏။-
18 Na Parvaru sa zapada èetiri na putu, dva kod Parvara.
၁၈အနောက်မျက်နှာစင်္ကြံအနီးလမ်းပေါ်တွင် အစောင့်တပ်သားလေးယောက်နှင့်စင်္ကြံထဲ တွင်နှစ်ယောက်ရှိ၏။-
19 To su redovi vratarski meðu sinovima Korejevim i sinovima Merarijevim.
၁၉ဤကားကောရ၏အိမ်ထောင်စုနှင့်မေရာရိ ၏အိမ်ထောင်စုတို့အားအစောင့်တာဝန်ခွဲခန့် သတ်မှတ်ပေးပုံဖြစ်သတည်း။
20 I ovi još bijahu Leviti: Ahija nad blagom doma Božijega, nad blagom od posveæenijeh stvari.
၂၀အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။-
21 Od sinova Ladanovijeh izmeðu sinova Girsonovijeh od Ladana, izmeðu glavara domova otaèkih od Ladana sina Girsonova bijaše Jehilo,
၂၁ဂေရရှုံ၏သားလာဒန်သည်ယေဟေလိအိမ် ထောင်စုအပါအဝင် အိမ်ထောင်စုများ၏ဘိုး ဘေးဖြစ်၏။-
22 Sinovi Jehilovi: Zetam i Joilo brat mu bijahu nad blagom doma Gospodnjega;
၂၂လာဒန်၏အခြားသားများဖြစ်ကြသော ဇေသံနှင့်ယောလတို့သည် ဗိမာန်တော်ဘဏ္ဍာ တိုက်နှင့်ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရလေသည်။
23 Od sinova Amramovijeh, Isarovijeh, Hevronovijeh, Ozilovijeh,
၂၃အာမရံ၏သားမြေးများဖြစ်ကြသော ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ကိုလည်း အလုပ်တာဝန်ခံများခွဲခန့်သတ်မှတ်၍ ပေး၏။
24 Bijaše Sevuilo sin Girsona sina Mojsijeva starješina nad blagom.
၂၄မောရှေ၏သားဂေရရှုံသားချင်းစုမှ ရှေဗွေလ သည်ဗိမာန်တော်ဘဏ္ဍာတိုက်၏တာဝန်ခံအုပ် ချုပ်ရေးမှူးဖြစ်၏။-
25 A braæa njegova od Elijezera: Reavija sin mu, a njegov sin Jesaija, a njegov sin Joram, a njegov sin Zihrije, a njegov sin Selomit;
၂၅သူသည်ဂေရရှုံ၏ညီ၊ ဧလျာဇာနှင့်ဆက်စပ် ၍ရှေလောမိတ်၏ဆွေမျိုးဖြစ်လာလေသည်။ ဧလျာဇာ၏သားသည်ရေဟဗိ၊ ရေဟဗိ၏ သားမှာယေရှာယ၊ ယေရှာယ၏သားကား ယောရံဖြစ်၏။ ယောရံ၏သားသည်ဇိခရိ ဖြစ်၍ဇိခရိ၏သားမှာရှေလောမိတ်ဖြစ် သတည်း။-
26 Ovaj Selomit i braæa njegova bijahu nad svijem blagom od posveæenijeh stvari, koje posveti car David i poglavari domova otaèkih i tisuænici i stotinici i vojvode;
၂၆ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ဘုရားသခင်အားဒါဝိဒ်မင်းကြီး၊ အိမ်ထောင် ဦးစီးများ၊ သားချင်းစုခေါင်းဆောင်များနှင့် စစ်တပ်အရာရှိများဆက်ကပ်ထားသည့်လှူ ဖွယ်ပစ္စည်းများကိုတာဝန်ယူ၍ထိန်းသိမ်း ရကြ၏။-
27 Od ratova i od plijena posvetiše da se opravi dom Gospodnji;
၂၇သူတို့သည်စစ်ပွဲမှတိုက်ရာပါပစ္စည်းအချို့ ကိုယူ၍ ဗိမာန်တော်တွင်အသုံးပြုရန် ဆက်ကပ်ကြလေသည်။-
28 I što god bješe posvetio Samuilo vidjelac i Saul sin Kisov i Avenir sin Nirov i Joav sin Serujin; ko god posveæivaše, davaše u ruke Selomitu i braæi njegovoj.
၂၈ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ပရောဖက်ရှမွေလ၊ ရှောလုမင်း၊ နေရ၏သား အာဗနာနှင့်ဇေရုယာ၏သားယွာဘတို့ယူ ဆောင်လာသော လှူဖွယ်ပစ္စည်းများအပါအဝင် ဗိမာန်တော်တွင် အသုံးပြုရန်ဆက်ကပ်လေ သမျှသောအရာတို့ကိုတာဝန်ယူ၍ထိန်း သိမ်းရကြ၏။
29 Od sinova Isarovijeh: Henanija i sinovi njegovi bijahu nad spoljašnjim poslovima u Izrailju, upravitelji i sudije.
၂၉ဣဇဟာ၏သားမြေးများအနက်ခေနနိနှင့် သားများသည် စာရင်းအင်းများထိန်းသိမ်းခြင်း နှင့်ဣသရေလပြည်သားတို့အချင်းဖြစ်ပွား မှုများကို ဖြေရှင်းခြင်းစသောအုပ်ချုပ်ရေး တာဝန်များကိုထမ်းဆောင်ရကြ၏။
30 Od sinova Hevronovijeh Asavija i braæa njegova, tisuæa i sedam stotina hrabrijeh ljudi, bijahu nad Izrailjem s ovu stranu Jordana na istoku za svaki posao Gospodnji i za službu carsku.
၃၀ဟေဗြုန်၏သားမြေးတို့အနက်ဟာရှဘိနှင့် သူ၏ဆွေမျိုးသားချင်းတစ်ထောင့်ခုနစ်ရာ တို့သည် ယော်ဒန်မြစ်အနောက်ဘက်ရှိဣသရေလ အမျိုးသားတို့၏ဘာသာရေးနှင့်မြို့ပြရေး ရာအမှုကိစ္စမှန်သမျှကို စီမံအုပ်ချုပ်ရန် တာဝန်ယူရကြလေသည်။ သူတို့အားလုံး ပင်ထူးချွန်သူများဖြစ်သတည်း။-
31 Izmeðu sinova Hevronovijeh bijaše Jerija poglavar sinovima Hevronovijem po porodicama njihovijem i domovima otaèkim. Èetrdesete godine carovanja Davidova potražiše ih i naðoše meðu njima hrabrijeh junaka u Jaziru Galadskom.
၃၁ယေရိယသည်ဟေဗြုန်၏သားမြေးတို့တွင်ခေါင်း ဆောင်ဖြစ်၏။ ဒါဝိဒ်မင်းနန်းစံအနှစ်လေးဆယ် မြောက်တွင်ဟေဗြုန်၏သားမြေးဆွေစဉ်မျိုးဆက် များကိုစုံစမ်းရှာဖွေ၍ကြည့်ရာ ယင်းအဆက် အနွယ်များထဲမှထူးချွန်သောစစ်သူရဲများ သည်ဂိလဒ်ပြည်ယာဇာမြို့၌နေထိုင် လျက်ရှိကြောင်းတွေ့ရလေသည်။-
32 I braæe njegove, hrabrijeh ljudi, bijaše dvije tisuæe i sedam stotina glavara u domovima otaèkim; i postavi ih car David nad sinovima Ruvimovijem i Gadovijem i polovinom plemena Manasijina za sve poslove Božije i carske.
၃၂ဒါဝိဒ်မင်းသည်ယေရိယ၏ဆွေမျိုးများ ထဲမှ ထူးချွန်သူအိမ်ထောင်ဦးစီးနှစ်ထောင့် ခုနစ်ရာကိုရွေးချယ်၍ရုဗင်ပြည်၊ ဂဒ် ပြည်နှင့်မနာရှေအရှေ့ပိုင်းတို့တွင်ဘာသာ ရေးနှင့် မြို့ပြရေးရာအမှုကိစ္စမှန်သမျှ တို့ကိုစီမံအုပ်ချုပ်ရန်တာဝန်ပေးအပ် တော်မူ၏။