< པྲཀཱཤིཏཾ 22 +
1 ཨནནྟརཾ ས སྥཊིཀཝཏ྄ ནིརྨྨལམ྄ ཨམྲྀཏཏོཡསྱ སྲོཏོ མཱམ྄ ཨཨུརྴཡཏ྄ ཏད྄ ཨཱིཤྭརསྱ མེཥཤཱཝཀསྱ ཙ སིཾཧཱསནཱཏ྄ ནིརྒཙྪཏི།
၁ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
2 ནགཪྻྱཱ མཱརྒམདྷྱེ ཏསྱཱ ནདྱཱཿ པཱརྴྭཡོརམྲྀཏཝྲྀཀྵཱ ཝིདྱནྟེ ཏེཥཱཾ དྭཱདཤཕལཱནི བྷཝནྟི, ཨེཀཻཀོ ཝྲྀཀྵཿ པྲཏིམཱསཾ སྭཕལཾ ཕལཏི ཏདྭྲྀཀྵཔཏྲཱཎི ཙཱནྱཛཱཏཱིཡཱནཱམ྄ ཨཱརོགྱཛནཀཱནི།
၂ထိုအသက်ပင်သည်တစ်လတစ်ကြိမ်၊ တစ်နှစ် လျှင်တစ်ဆယ့်နှစ်ကြိမ်အသီးသီး၏။ ထိုအပင် ၏အရွက်များသည်လူမျိုးတကာတို့၏အနာ ရောဂါများကိုပျောက်ကင်းစေရန်အတွက်ဖြစ်၏။-
3 ཨཔརཾ ཀིམཔི ཤཱཔགྲསྟཾ པུན རྣ བྷཝིཥྱཏི ཏསྱཱ མདྷྱ ཨཱིཤྭརསྱ མེཥཤཱཝཀསྱ ཙ སིཾཧཱསནཾ སྠཱསྱཏི ཏསྱ དཱསཱཤྩ ཏཾ སེཝིཥྱནྟེ།
၃ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံရသည့်အရာ တစ်စုံတစ်ရာမျှ ထိုမြို့တွင်ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသူငယ်တော်၏ပလ္လင်တော် သည် ထိုမြို့တွင်ရှိ၍ကိုယ်တော်၏အစေခံတို့ သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်။-
4 ཏསྱ ཝདནདརྴནཾ པྲཱཔྶྱནྟི བྷཱལེཥུ ཙ ཏསྱ ནཱམ ལིཁིཏཾ བྷཝིཥྱཏི།
၄သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကိုဖူး မြင်ရကြလိမ့်မည်။ နာမတော်ကိုသူတို့၏ နဖူးတွင်ရေးထားလျက်ရှိလိမ့်မည်။-
5 ཏདཱནཱིཾ རཱཏྲིཿ པུན རྣ བྷཝིཥྱཏི ཡཏཿ པྲབྷུཿ པརམེཤྭརསྟཱན྄ དཱིཔཡིཥྱཏི ཏེ ཙཱནནྟཀཱལཾ ཡཱཝད྄ རཱཛཏྭཾ ཀརིཥྱནྟེ། (aiōn )
၅ထိုမြို့တွင်ညရှိတော့မည်မဟုတ်။ ထာဝရအရှင် ဘုရားသခင်သည်သူတို့အားအလင်းကိုပေးတော် မူမည်ဖြစ်၍၊ သူတို့သည်ဆီမီး၏အရောင်၊ နေ၏ အလင်းရောင်ကိုလိုကြတော့မည်မဟုတ်။ သူတို့ သည်ဘုရင်အဖြစ်ဖြင့်ထာဝစဉ်စိုးစံရကြ လတ္တံ့။ (aiōn )
6 ཨནནྟརཾ ས མཱམ྄ ཨཝདཏ྄, ཝཱཀྱཱནཱིམཱནི ཝིཤྭཱསྱཱནི སཏྱཱནི ཙ, ཨཙིརཱད྄ ཡཻ རྦྷཝིཏཝྱཾ ཏཱནི སྭདཱསཱན྄ ཛྙཱཔཡིཏུཾ པཝིཏྲབྷཝིཥྱདྭཱདིནཱཾ པྲབྷུཿ པརམེཤྭརཿ སྭདཱུཏཾ པྲེཥིཏཝཱན྄།
၆ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။
7 པཤྱཱཧཾ ཏཱུརྞམ྄ ཨཱགཙྪཱམི, ཨེཏདྒྲནྠསྱ བྷཝིཥྱདྭཱཀྱཱནི ཡཿ པཱལཡཏི ས ཨེཝ དྷནྱཿ།
၇သခင်ယေရှုက``နားထောင်လော့။ ငါသည်မကြာ မီကြွလာမည်။ ဤကျမ်းစောင်တွင်ပါရှိသည့် ပရောဖက်စကားများကို လိုက်လျှောက်သော သူတို့သည်မင်္ဂလာရှိ၏'' ဟုမိန့်တော်မူ၏။
8 ཡོཧནཧམ྄ ཨེཏཱནི ཤྲུཏཝཱན྄ དྲྀཥྚཝཱཾཤྩཱསྨི ཤྲུཏྭཱ དྲྀཥྚྭཱ ཙ ཏདྡརྴཀདཱུཏསྱ པྲཎཱམཱརྠཾ ཏཙྩརཎཡོརནྟིཀེ ྅པཏཾ།
၈ဤအမှုအရာများကိုတွေ့မြင်ကြားသိရသူ ကား ငါယောဟန်ပင်ဖြစ်၏။ ထိုအရာများကို တွေ့မြင်ကြားသိရပြီးသောအခါ ငါသည် ကောင်းကင်တမန်အားရှိခိုးရန်သူ၏ခြေရင်း တွင်ပျပ်ဝပ်လိုက်၏။-
9 ཏཏཿ ས མཱམ྄ ཨཝདཏ྄ སཱཝདྷཱནོ བྷཝ མཻཝཾ ཀྲྀརུ, ཏྭཡཱ ཏཝ བྷྲཱཏྲྀབྷི རྦྷཝིཥྱདྭཱདིབྷིརེཏདྒྲནྠསྠཝཱཀྱཔཱལནཀཱརིབྷིཤྩ སཧདཱསོ ྅ཧཾ། ཏྭམ྄ ཨཱིཤྭརཾ པྲཎམ།
၉ကောင်းကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုပရောဖက်များနှင့် ဤကျမ်းစောင် ၏စကားကိုလိုက်နာစောင့်ထိန်းသူတို့၏လုပ်ဖော် ဆောင်ဘက်အစေခံတစ်ဦးသာလျှင်ဖြစ်၏။ ဘုရား သခင်ကိုသာလျှင်ရှိခိုးလော့'' ဟုဆို၏။-
10 ས པུན རྨཱམ྄ ཨཝདཏ྄, ཨེཏདྒྲནྠསྠབྷཝིཥྱདྭཱཀྱཱནི ཏྭཡཱ ན མུདྲཱངྐཡིཏཝྱཱནི ཡཏཿ སམཡོ ནིཀཊཝརྟྟཱི།
၁၀ထိုနောက်ကောင်းကင်တမန်က``ဤအမှုအရာ အားလုံးဖြစ်ပျက်မည့်အချိန်သည်နီးကပ်လာ ပြီဖြစ်၍ ဤကျမ်းစောင်တွင်ဖော်ပြပါရှိသည့် ပရောဖက်စကားများကိုလျှို့ဝှက်၍မထား နှင့်။-
11 ཨདྷརྨྨཱཙཱར ཨིཏཿ པརམཔྱདྷརྨྨམ྄ ཨཱཙརཏུ, ཨམེདྷྱཱཙཱར ཨིཏཿ པརམཔྱམེདྷྱམ྄ ཨཱཙརཏུ དྷརྨྨཱཙཱར ཨིཏཿ པརམཔི དྷརྨྨམ྄ ཨཱཙརཏུ པཝིཏྲཱཙཱརཤྩེཏཿ པརམཔི པཝིཏྲམ྄ ཨཱཙརཏུ།
၁၁မတရားသောအမှုကိုပြုသောသူသည်ပြုမြဲ ပြုပါစေ။ ညစ်ညမ်းသူသည်ဆက်လက်၍ညစ်ညမ်း လျက်နေပါစေ။ ဖြောင့်မတ်သူသည်ဆက်လက်၍ ဖြောင့်မတ်ပါစေ။ မြင့်မြတ်သန့်ရှင်းသူသည်ဆက် လက်၍မြင့်မြတ်သန့်ရှင်းပါစေ'' ဟုငါ့အား ဆို၏။
12 པཤྱཱཧཾ ཏཱུརྞམ྄ ཨཱགཙྪཱམི, ཨེཀཻཀསྨཻ སྭཀྲིཡཱནུཡཱཡིཕལདཱནཱརྠཾ མདྡཱཏཝྱཕལཾ མམ སམཝརྟྟི།
၁၂သခင်ယေရှုက``နားထောင်လော့။ မကြာမီငါ ကြွလာမည်။ လူအသီးသီးတို့အား မိမိတို့၏ အကျင့်အလျောက်ပေးအပ်ရန်ဆုကိုငါယူ လာမည်။-
13 ཨཧཾ ཀཿ ཀྵཤྩ པྲཐམཿ ཤེཥཤྩཱདིརནྟཤྩ།
၁၃ငါသည်ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။
14 ཨམུཏཝྲྀཀྵསྱཱདྷིཀཱརཔྲཱཔྟྱརྠཾ དྭཱརཻ རྣགརཔྲཝེཤཱརྠཉྩ ཡེ ཏསྱཱཛྙཱཿ པཱལཡནྟི ཏ ཨེཝ དྷནྱཱཿ།
၁၄မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
15 ཀུཀྐུརཻ རྨཱཡཱཝིབྷིཿ པུངྒཱམིབྷི རྣརཧནྟྲྀབྷི རྡེཝཱརྩྩཀཻཿ སཪྻྭཻརནྲྀཏེ པྲཱིཡམཱཎཻརནྲྀཏཱཙཱརིབྷིཤྩ བཧིཿ སྠཱཏཝྱཾ།
၁၅သို့ရာတွင်လူမဆန်သူများ၊ ပြုစားတတ်သူ များ၊ ကာမဂုဏ်လိုက်စားသူများ၊ လူသတ်သမား များ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ပြောဆို ၍ကျင့်ကြံသူများသည်မြို့ပြင်တွင်နေရကြ လိမ့်မည်။
16 མཎྜལཱིཥུ ཡུཥྨབྷྱམེཏེཥཱཾ སཱཀྵྱདཱནཱརྠཾ ཡཱིཤུརཧཾ སྭདཱུཏཾ པྲེཥིཏཝཱན྄, ཨཧམེཝ དཱཡཱུདོ མཱུལཾ ཝཾཤཤྩ, ཨཧཾ ཏེཛོམཡཔྲབྷཱཏཱིཡཏཱརཱསྭརཱུཔཿ།
၁၆``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။
17 ཨཱཏྨཱ ཀནྱཱ ཙ ཀཐཡཏཿ, ཏྭཡཱགམྱཏཱཾ། ཤྲོཏཱཔི ཝདཏུ, ཨཱགམྱཏཱམིཏི། ཡཤྩ ཏྲྀཥཱརྟྟཿ ས ཨཱགཙྪཏུ ཡཤྩེཙྪཏི ས ཝིནཱ མཱུལྱཾ ཛཱིཝནདཱཡི ཛལཾ གྲྀཧླཱཏུ།
၁၇ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။
18 ཡཿ ཀཤྩིད྄ ཨེཏདྒྲནྠསྠབྷཝིཥྱདྭཱཀྱཱནི ཤྲྀཎོཏི ཏསྨཱ ཨཧཾ སཱཀྵྱམིདཾ དདཱམི, ཀཤྩིད྄ ཡདྱཔརཾ ཀིམཔྱེཏེཥུ ཡོཛཡཏི ཏརྷཱིཤྭརོགྲནྠེ྅སྨིན྄ ལིཁིཏཱན྄ དཎྜཱན྄ ཏསྨིནྣེཝ ཡོཛཡིཥྱཏི།
၁၈ဤကျမ်းစောင်ပါဗျာဒိတ်တော်များကိုကြားရ သူအပေါင်းတို့အား ငါယောဟန်သည်ကြပ်တည်း စွာသတိပေးလိုက်၏။ မည်သူမဆိုဤကျမ်းစောင် တွင် တစ်စုံတစ်ရာထပ်လောင်း၍ဖြည့်စွက်ပါက ထိုသူအပေါ်သို့ဘုရားသခင်သည် ဤကျမ်း စောင်၌ဖော်ပြသောဘေးဒဏ်များကိုသက် ရောက်စေတော်မူလိမ့်မည်။-
19 ཡདི ཙ ཀཤྩིད྄ ཨེཏདྒྲནྠསྠབྷཝིཥྱདྭཱཀྱེབྷྱཿ ཀིམཔྱཔཧརཏི ཏརྷཱིཤྭརོ གྲནྠེ ྅སྨིན྄ ལིཁིཏཱཏ྄ ཛཱིཝནཝྲྀཀྵཱཏ྄ པཝིཏྲནགརཱཙྩ ཏསྱཱཾཤམཔཧརིཥྱཏི།
၁၉မည်သူမဆိုဤကျမ်းစောင်ပါပရောဖက် စကားများမှတစ်စုံတစ်ရာကိုနုတ်ပယ်ပါက ထိုသူထံမှဘုရားသခင်သည် ဤကျမ်းစောင်၌ ဖော်ပြသောအသက်ပင်၏အသီးကိုစားသုံးခွင့် နှင့် မြင့်မြတ်သန့်ရှင်းသောမြို့တော်သို့ဝင်စားခွင့် ကိုနုတ်ပယ်တော်မူလိမ့်မည်။
20 ཨེཏཏ྄ སཱཀྵྱཾ ཡོ དདཱཏི ས ཨེཝ ཝཀྟི སཏྱམ྄ ཨཧཾ ཏཱུརྞམ྄ ཨཱགཙྪཱམི། ཏཐཱསྟུ། པྲབྷོ ཡཱིཤོ, ཨཱགམྱཏཱཾ བྷཝཏཱ།
၂၀ဤအကြောင်းအရာများကိုသက်သေခံတော်မူ သောအရှင်က``မုချမကြာမီငါကြွလာမည်'' ဟုမိန့်တော်မူ၏။ ဤအတိုင်းပင်ဖြစ်ပါစေ သော။ သခင်ယေရှုကြွလာတော်မူပါ။
21 ཨསྨཱཀཾ པྲབྷོ ཪྻཱིཤུཁྲཱིཥྚསྱཱནུགྲཧཿ སཪྻྭེཥུ ཡུཥྨཱསུ ཝརྟྟཏཱཾ། ཨཱམེན྄།
၂၁သခင်ယေရှု၏ကျေးဇူးတော်ကိုလူတိုင်း ခံစားရကြပါစေသော။ ဋ္ဌမ္မသစ်ကျမ်းတို့တွင်နောက်ဆုံးကျမ်းတည်း ဟူသောရှင်ယောဟန်စီရင်ရေးထားသောဗျာဒိတ် ကျမ်းပြီး၏။