< มารฺก: 1 >
1 อีศฺวรปุตฺรสฺย ยีศุขฺรีษฺฏสฺย สุสํวาทารมฺภ: ฯ
၁ဘုရားသခင်သားတော် ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။
2 ภวิษฺยทฺวาทินำ คฺรนฺเถษุ ลิปิริตฺถมาเสฺต, ปศฺย สฺวกียทูตนฺตุ ตวาเคฺร เปฺรษยามฺยหมฺฯ คตฺวา ตฺวทียปนฺถานํ ส หิ ปริษฺกริษฺยติฯ
၂အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
3 "ปรเมศสฺย ปนฺถานํ ปริษฺกุรุต สรฺวฺวต: ฯ ตสฺย ราชปถญฺไจว สมานํ กุรุตาธุนาฯ " อิเตฺยตตฺ ปฺรานฺตเร วากฺยํ วทต: กสฺยจิทฺรว: ๚
၃တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ၊
4 เสอว โยหนฺ ปฺรานฺตเร มชฺชิตวานฺ ตถา ปาปมารฺชนนิมิตฺตํ มโนวฺยาวรฺตฺตกมชฺชนสฺย กถาญฺจ ปฺรจาริตวานฺฯ
၄ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။
5 ตโต ยิหูทาเทศยิรูศาลมฺนครนิวาสิน: สรฺเวฺว โลกา พหิ รฺภูตฺวา ตสฺย สมีปมาคตฺย สฺวานิ สฺวานิ ปาปานฺยงฺคีกฺฤตฺย ยรฺทฺทนนทฺยำ เตน มชฺชิตา พภูวุ: ฯ
၅ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သားပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိ တို့ အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။
6 อสฺย โยหน: ปริเธยานิ กฺรเมลกโลมชานิ, ตสฺย กฏิพนฺธนํ จรฺมฺมชาตมฺ, ตสฺย ภกฺษฺยาณิ จ ศูกกีฏา วนฺยมธูนิ จาสนฺฯ
၆ယောဟန်သည် ကုလားအုပ်အမွေးနှင့် ရက်သောအဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်း လျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။
7 ส ปฺรจารยนฺ กถยาญฺจเกฺร, อหํ นมฺรีภูย ยสฺย ปาทุกาพนฺธนํ โมจยิตุมปิ น โยโคฺยสฺมิ, ตาทฺฤโศ มตฺโต คุรุตร เอก: ปุรุโษ มตฺปศฺจาทาคจฺฉติฯ
၇ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့၍ဖြတ်ခြင်းငှါ ငါမထိုက်။
8 อหํ ยุษฺมานฺ ชเล มชฺชิตวานฺ กินฺตุ ส ปวิตฺร อาตฺมานิ สํมชฺชยิษฺยติฯ
၈ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
9 อปรญฺจ ตสฺมินฺเนว กาเล คาลีลฺปฺรเทศสฺย นาสรทฺคฺรามาทฺ ยีศุราคตฺย โยหนา ยรฺทฺทนนทฺยำ มชฺชิโต'ภูตฺฯ
၉ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။
10 ส ชลาทุตฺถิตมาโตฺร เมฆทฺวารํ มุกฺตํ กโปตวตฺ สฺวโสฺยปริ อวโรหนฺตมาตฺมานญฺจ ทฺฤษฺฏวานฺฯ
၁၀ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်း သက်တော်မူသည်ကို မြင်ရ၍၊
11 ตฺวํ มม ปฺริย: ปุตฺรสฺตฺวเยฺยว มมมหาสนฺโตษ อิยมากาศียา วาณี พภูวฯ
၁၁သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။
12 ตสฺมินฺ กาเล อาตฺมา ตํ ปฺรานฺตรมธฺยํ นินายฯ
၁၂ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့သွားစေတော်မူ၏။
13 อถ ส จตฺวารึศทฺทินานิ ตสฺมินฺ สฺถาเน วนฺยปศุภิ: สห ติษฺฐนฺ ไศตานา ปรีกฺษิต: ; ปศฺจาตฺ สฺวรฺคียทูตาสฺตํ สิเษวิเรฯ
၁၃အရက်လေးဆယ်ပတ်လုံးထိုတော၌ နေ၍ စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။
14 อนนฺตรํ โยหนิ พนฺธนาลเย พทฺเธ สติ ยีศุ รฺคาลีลฺปฺรเทศมาคตฺย อีศฺวรราชฺยสฺย สุสํวาทํ ปฺรจารยนฺ กถยามาส,
၁၄ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊
15 กาล: สมฺปูรฺณ อีศฺวรราชฺยญฺจ สมีปมาคตํ; อโตเหโต รฺยูยํ มนำสิ วฺยาวรฺตฺตยธฺวํ สุสํวาเท จ วิศฺวาสิตฯ
၁၅အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရား ကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။
16 ตทนนฺตรํ ส คาลีลียสมุทฺรสฺย ตีเร คจฺฉนฺ ศิโมนฺ ตสฺย ภฺราตา อนฺทฺริยนามา จ อิเมา เทฺวา ชเนา มตฺสฺยธาริเณา สาครมเธฺย ชาลํ ปฺรกฺษิปนฺเตา ทฺฤษฺฏฺวา ตาววทตฺ,
၁၆ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
17 ยุวำ มม ปศฺจาทาคจฺฉตํ, ยุวามหํ มนุษฺยธาริเณา กริษฺยามิฯ
၁၇ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော်၊
18 ตตเสฺตา ตตฺกฺษณเมว ชาลานิ ปริตฺยชฺย ตสฺย ปศฺจาตฺ ชคฺมตุ: ฯ
၁၈ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
19 ตต: ปรํ ตตฺสฺถานาตฺ กิญฺจิทฺ ทูรํ คตฺวา ส สิวทีปุตฺรยากูพฺ ตทฺภฺราตฺฤโยหนฺ จ อิเมา เนากายำ ชาลานำ ชีรฺณมุทฺธารยนฺเตา ทฺฤษฺฏฺวา ตาวาหูยตฺฯ
၁၉ထိုမှအနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ချက်ခြင်းခေါ်တော်မူ၏။
20 ตตเสฺตา เนากายำ เวตนภุคฺภิ: สหิตํ สฺวปิตรํ วิหาย ตตฺปศฺจาทียตุ: ฯ
၂၀ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
21 ตต: ปรํ กผรฺนาหูมฺนามกํ นครมุปสฺถาย ส วิศฺรามทิวเส ภชนคฺรหํ ปฺรวิศฺย สมุปทิเทศฯ
၂၁ကပေရေနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်းတရားစရပ်သို့ဝင်၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
22 ตโสฺยปเทศาโลฺลกา อาศฺจรฺยฺยํ เมนิเร ยต: โสธฺยาปกาอิว โนปทิศนฺ ปฺรภาววานิว โปฺรปทิเทศฯ
၂၂ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်း ပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။
23 อปรญฺจ ตสฺมินฺ ภชนคฺฤเห อปวิตฺรภูเตน คฺรสฺต เอโก มานุษ อาสีตฺฯ ส จีตฺศพฺทํ กฺฤตฺวา กถยาญฺจเก
၂၃ထိုသူတို့၏ တရားစရပ်၌ ညစ်ညူးသောနတ်စွဲသောသူရှိ၍၊
24 โภ นาสรตีย ยีโศ ตฺวมสฺมานฺ ตฺยช, ตฺวยา สหาสฺมากํ ก: สมฺพนฺธ: ? ตฺวํ กิมสฺมานฺ นาศยิตุํ สมาคต: ? ตฺวมีศฺวรสฺย ปวิตฺรโลก อิตฺยหํ ชานามิฯ
၂၄ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
25 ตทา ยีศุสฺตํ ตรฺชยิตฺวา ชคาท ตูษฺณีํ ภว อิโต พหิรฺภว จฯ
၂၅ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊
26 ตต: โส'ปวิตฺรภูตสฺตํ สมฺปีฑฺย อตฺยุไจศฺจีตฺกฺฤตฺย นิรฺชคามฯ
၂၆ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ထွက်သွား၏။
27 เตไนว สรฺเวฺว จมตฺกฺฤตฺย ปรสฺปรํ กถยาญฺจกฺริเร, อโห กิมิทํ? กีทฺฤโศ'ยํ นวฺย อุปเทศ: ? อเนน ปฺรภาเวนาปวิตฺรภูเตษฺวาชฺญาปิเตษุ เต ตทาชฺญานุวรฺตฺติโน ภวนฺติฯ
၂၇လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
28 ตทา ตสฺย ยโศ คาลีลศฺจตุรฺทิกฺสฺถสรฺวฺวเทศานฺ วฺยาปฺโนตฺฯ
၂၈သိတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်းနှံ့ပြားကျော်စောလေ၏။
29 อปรญฺจ เต ภชนคฺฤหาทฺ พหิ รฺภูตฺวา ยากูโพฺยหนฺภฺยำ สห ศิโมน อานฺทฺริยสฺย จ นิเวศนํ ปฺรวิวิศุ: ฯ
၂၉တရားစရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ ၏။
30 ตทา ปิตรสฺย ศฺวศฺรูรฺชฺวรปีฑิตา ศยฺยายามาสฺต อิติ เต ตํ ฌฏิติ วิชฺญาปยาญฺจกฺรุ: ฯ
၃၀ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန်လျှောက်ကြ၏။
31 ตต: ส อาคตฺย ตสฺยา หสฺตํ ธฺฤตฺวา ตามุทสฺถาปยตฺ; ตไทว ตำ ชฺวโร'ตฺยากฺษีตฺ ตต: ปรํ สา ตานฺ สิเษเวฯ
၃၁ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ချီကြွတော်မူသည် ခဏခြင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
32 อถาสฺตํ คเต รเวา สนฺธฺยากาเล สติ โลกาสฺตตฺสมีปํ สรฺวฺวานฺ โรคิโณ ภูตธฺฤตำศฺจ สมานินฺยุ: ฯ
၃၂နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့်နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊
33 สรฺเวฺว นาคริกา โลกา ทฺวาริ สํมิลิตาศฺจฯ
၃၃တမြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။
34 ตต: ส นานาวิธโรคิโณ พหูนฺ มนุชานโรคิณศฺจการ ตถา พหูนฺ ภูตานฺ ตฺยาชยาญฺจการ ตานฺ ภูตานฺ กิมปิ วากฺยํ วกฺตุํ นิษิเษธ จ ยโตเหโตเสฺต ตมชานนฺฯ
၃၄အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မူ၏။
35 อปรญฺจ โส'ติปฺรตฺยูเษ วสฺตุตสฺตุ ราตฺริเศเษ สมุตฺถาย พหิรฺภูย นิรฺชนํ สฺถานํ คตฺวา ตตฺร ปฺรารฺถยาญฺจเกฺรฯ
၃၅နံနက်အချိန်၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော် မူ၏။
36 อนนฺตรํ ศิโมนฺ ตตฺสงฺคินศฺจ ตสฺย ปศฺจาทฺ คตวนฺต: ฯ
၃၆ရှိမုန်နှင့် သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊
37 ตทุทฺเทศํ ปฺราปฺย ตมวทนฺ สรฺเวฺว โลกาสฺตฺวำ มฺฤคยนฺเตฯ
၃၇ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟုလျှောက်ဆို၏။
38 ตทา โส'กถยตฺ อาคจฺฉต วยํ สมีปสฺถานิ นคราณิ ยาม: , ยโต'หํ ตตฺร กถำ ปฺรจารยิตุํ พหิราคมมฺฯ
၃၈ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့ အလို့ ငှါ ငါကြွလာပြီဟု မိန့်တော်မူ၍၊
39 อถ ส เตษำ คาลีลฺปฺรเทศสฺย สรฺเวฺวษุ ภชนคฺฤเหษุ กถา: ปฺรจารยาญฺจเกฺร ภูตานตฺยาชยญฺจฯ
၃၉ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။
40 อนนฺตรเมก: กุษฺฐี สมาคตฺย ตตฺสมฺมุเข ชานุปาตํ วินยญฺจ กฺฤตฺวา กถิตวานฺ ยทิ ภวานฺ อิจฺฉติ ตรฺหิ มำ ปริษฺกรฺตฺตุํ ศกฺโนติฯ
၄၀နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန် တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။
41 ตต: กฺฤปาลุ รฺยีศุ: กเรา ปฺรสารฺยฺย ตํ สฺปษฺฏฺวา กถยามาส
၄၁ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျှက်၊ ငါအလိုရှိ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။
42 มเมจฺฉา วิทฺยเต ตฺวํ ปริษฺกฺฤโต ภวฯ เอตตฺกถายา: กถนมาตฺราตฺ ส กุษฺฐี โรคานฺมุกฺต: ปริษฺกฺฤโต'ภวตฺฯ
၄၂ထိုသို့ မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
43 ตทา ส ตํ วิสฺฤชนฺ คาฒมาทิศฺย ชคาท
၄၃ယေရှုကလည်း၊ သင်သတိပြု။
44 สาวธาโน ภว กถามิมำ กมปิ มา วท; สฺวาตฺมานํ ยาชกํ ทรฺศย, โลเกภฺย: สฺวปริษฺกฺฤเต: ปฺรมาณทานาย มูสานิรฺณีตํ ยทฺทานํ ตทุตฺสฺฤชสฺว จฯ
၄၄အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။
45 กินฺตุ ส คตฺวา ตตฺ กรฺมฺม อิตฺถํ วิสฺตารฺยฺย ปฺรจารยิตุํ ปฺราเรเภ เตไนว ยีศุ: ปุน: สปฺรกาศํ นครํ ปฺรเวษฺฏุํ นาศกฺโนตฺ ตโตเหโตรฺพหิ: กานนสฺถาเน ตเสฺยา; ตถาปิ จตุรฺทฺทิคฺโภฺย โลกาสฺตสฺย สมีปมายยุ: ฯ
၄၅ထိုသူသည်ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြားကျော်စေ၏။ ထို့ ကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ။ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။