< 1 కరిన్థినః 1 >

1 యావన్తః పవిత్రా లోకాః స్వేషామ్ అస్మాకఞ్చ వసతిస్థానేష్వస్మాకం ప్రభో ర్యీశోః ఖ్రీష్టస్య నామ్నా ప్రార్థయన్తే తైః సహాహూతానాం ఖ్రీష్టేన యీశునా పవిత్రీకృతానాం లోకానాం య ఈశ్వరీయధర్మ్మసమాజః కరిన్థనగరే విద్యతే
ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီ သုဿင်သည်၊
2 తం ప్రతీశ్వరస్యేచ్ఛయాహూతో యీశుఖ్రీష్టస్య ప్రేరితః పౌలః సోస్థినినామా భ్రాతా చ పత్రం లిఖతి|
ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။
3 అస్మాకం పిత్రేశ్వరేణ ప్రభునా యీశుఖ్రీష్టేన చ ప్రసాదః శాన్తిశ్చ యుష్మభ్యం దీయతాం|
ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါ စေသော။
4 ఈశ్వరో యీశుఖ్రీష్టేన యుష్మాన్ ప్రతి ప్రసాదం ప్రకాశితవాన్, తస్మాదహం యుష్మన్నిమిత్తం సర్వ్వదా మదీయేశ్వరం ధన్యం వదామి|
အထက်ခရစ်တော်၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊
5 ఖ్రీష్టసమ్బన్ధీయం సాక్ష్యం యుష్మాకం మధ్యే యేన ప్రకారేణ సప్రమాణమ్ అభవత్
သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ်၍၊
6 తేన యూయం ఖ్రీష్టాత్ సర్వ్వవిధవక్తృతాజ్ఞానాదీని సర్వ్వధనాని లబ్ధవన్తః|
ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။
7 తతోఽస్మత్ప్రభో ర్యీశుఖ్రీష్టస్య పునరాగమనం ప్రతీక్షమాణానాం యుష్మాకం కస్యాపి వరస్యాభావో న భవతి|
ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍နေစဉ်၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။
8 అపరమ్ అస్మాకం ప్రభో ర్యీశుఖ్రీష్టస్య దివసే యూయం యన్నిర్ద్దోషా భవేత తదర్థం సఏవ యావదన్తం యుష్మాన్ సుస్థిరాన్ కరిష్యతి|
သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ နေ့ရက်၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
9 య ఈశ్వరః స్వపుత్రస్యాస్మత్ప్రభో ర్యీశుఖ్రీష్టస్యాంశినః కర్త్తుం యుష్మాన్ ఆహూతవాన్ స విశ్వసనీయః|
ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင် ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့ အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
10 హే భ్రాతరః, అస్మాకం ప్రభుయీశుఖ్రీష్టస్య నామ్నా యుష్మాన్ వినయేఽహం సర్వ్వై ర్యుష్మాభిరేకరూపాణి వాక్యాని కథ్యన్తాం యుష్మన్మధ్యే భిన్నసఙ్ఘాతా న భవన్తు మనోవిచారయోరైక్యేన యుష్మాకం సిద్ధత్వం భవతు|
၁၀ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ် သဘောတသံတသမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်၏ နာမတော် ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။
11 హే మమ భ్రాతరో యుష్మన్మధ్యే వివాదా జాతా ఇతి వార్త్తామహం క్లోయ్యాః పరిజనై ర్జ్ఞాపితః|
၁၁အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။
12 మమాభిప్రేతమిదం యుష్మాకం కశ్చిత్ కశ్చిద్ వదతి పౌలస్య శిష్యోఽహమ్ ఆపల్లోః శిష్యోఽహం కైఫాః శిష్యోఽహం ఖ్రీష్టస్య శిష్యోఽహమితి చ|
၁၂သင်တို့က၊ ငါသည်ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကေဖ တပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့် ဖြစ်၏ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။
13 ఖ్రీష్టస్య కిం విభేదః కృతః? పౌలః కిం యుష్మత్కృతే క్రుశే హతః? పౌలస్య నామ్నా వా యూయం కిం మజ్జితాః?
၁၃ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။
14 క్రిష్పగాయౌ వినా యుష్మాకం మధ్యేఽన్యః కోఽపి మయా న మజ్జిత ఇతి హేతోరహమ్ ఈశ్వరం ధన్యం వదామి|
၁၄ကရိပ္ပုနှင့်ဂါယုမှတပါး၊ သင်တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။
15 ఏతేన మమ నామ్నా మానవా మయా మజ్జితా ఇతి వక్తుం కేనాపి న శక్యతే|
၁၅သို့ဖြစ်၍ပေါလုသည်မိမိနာမ၌ ဗတ္တိဇံကို ပေးသည်ဟု အဘယ်သူမျှဆိုစရာအကြောင်းမရှိ။
16 అపరం స్తిఫానస్య పరిజనా మయా మజ్జితాస్తదన్యః కశ్చిద్ యన్మయా మజ్జితస్తదహం న వేద్మి|
၁၆သတေဖန်၏အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံကို ပေးပြီ။ ထိုမှတပါးအခြားသောသူအား ဗတ္တိဇံ ပေးသည်ကိုငါမမှတ်မိ။
17 ఖ్రీష్టేనాహం మజ్జనార్థం న ప్రేరితః కిన్తు సుసంవాదస్య ప్రచారార్థమేవ; సోఽపి వాక్పటుతయా మయా న ప్రచారితవ్యః, యతస్తథా ప్రచారితే ఖ్రీష్టస్య క్రుశే మృత్యుః ఫలహీనో భవిష్యతి|
၁၇ဗတ္တိဇံကိုပေးစေခြင်းငှါ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှါ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ် စေခြင်းငှါ၊ နှုတ်ပညာကို အခွင့်မပေးဘဲနေတော်မူ၏။
18 యతో హేతో ర్యే వినశ్యన్తి తే తాం క్రుశస్య వార్త్తాం ప్రలాపమివ మన్యన్తే కిఞ్చ పరిత్రాణం లభమానేష్వస్మాసు సా ఈశ్వరీయశక్తిస్వరూపా|
၁၈အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။
19 తస్మాదిత్థం లిఖితమాస్తే, జ్ఞానవతాన్తు యత్ జ్ఞానం తన్మయా నాశయిష్యతే| విలోపయిష్యతే తద్వద్ బుద్ధి ర్బద్ధిమతాం మయా||
၁၉ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်ကို လည်း ငါပယ်မည်ဟု လာသတည်း။
20 జ్ఞానీ కుత్ర? శాస్త్రీ వా కుత్ర? ఇహలోకస్య విచారతత్పరో వా కుత్ర? ఇహలోకస్య జ్ఞానం కిమీశ్వరేణ మోహీకృతం నహి? (aiōn g165)
၂၀ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက် သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီပညာ ကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။ (aiōn g165)
21 ఈశ్వరస్య జ్ఞానాద్ ఇహలోకస్య మానవాః స్వజ్ఞానేనేశ్వరస్య తత్త్వబోధం న ప్రాప్తవన్తస్తస్మాద్ ఈశ్వరః ప్రచారరూపిణా ప్రలాపేన విశ్వాసినః పరిత్రాతుం రోచితవాన్|
၂၁အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာရှိတော်မူ၏။
22 యిహూదీయలోకా లక్షణాని దిదృక్షన్తి భిన్నదేశీయలోకాస్తు విద్యాం మృగయన్తే,
၂၂ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ် ကြ၏။
23 వయఞ్చ క్రుశే హతం ఖ్రీష్టం ప్రచారయామః| తస్య ప్రచారో యిహూదీయై ర్విఘ్న ఇవ భిన్నదేశీయైశ్చ ప్రలాప ఇవ మన్యతే,
၂၃ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။
24 కిన్తు యిహూదీయానాం భిన్నదేశీయానాఞ్చ మధ్యే యే ఆహూతాస్తేషు స ఖ్రీష్ట ఈశ్వరీయశక్తిరివేశ్వరీయజ్ఞానమివ చ ప్రకాశతే|
၂၄သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူ ဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုး တော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။
25 యత ఈశ్వరే యః ప్రలాప ఆరోప్యతే స మానవాతిరిక్తం జ్ఞానమేవ యచ్చ దౌర్బ్బల్యమ్ ఈశ్వర ఆరోప్యతే తత్ మానవాతిరిక్తం బలమేవ|
၂၅ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏ အားနည်း ခြင်းအရာသည် လူတို့၏ အစွမ်းထက်သာ၍ အစွမ်းရှိ၏။
26 హే భ్రాతరః, ఆహూతయుష్మద్గణో యష్మాభిరాలోక్యతాం తన్మధ్యే సాంసారికజ్ఞానేన జ్ఞానవన్తః పరాక్రమిణో వా కులీనా వా బహవో న విద్యన్తే|
၂၆ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီပညာရှိအများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မပါ။
27 యత ఈశ్వరో జ్ఞానవతస్త్రపయితుం మూర్ఖలోకాన్ రోచితవాన్ బలాని చ త్రపయితుమ్ ఈశ్వరో దుర్బ్బలాన్ రోచితవాన్|
၂၇ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ မိုက်မဲသော သူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။
28 తథా వర్త్తమానలోకాన్ సంస్థితిభ్రష్టాన్ కర్త్తుమ్ ఈశ్వరో జగతోఽపకృష్టాన్ హేయాన్ అవర్త్తమానాంశ్చాభిరోచితవాన్|
၂၈မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။
29 తత ఈశ్వరస్య సాక్షాత్ కేనాప్యాత్మశ్లాఘా న కర్త్తవ్యా|
၂၉ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။
30 యూయఞ్చ తస్మాత్ ఖ్రీష్టే యీశౌ సంస్థితిం ప్రాప్తవన్తః స ఈశ్వరాద్ యుష్మాకం జ్ఞానం పుణ్యం పవిత్రత్వం ముక్తిశ్చ జాతా|
၃၀ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏။
31 అతఏవ యద్వద్ లిఖితమాస్తే తద్వత్, యః కశ్చిత్ శ్లాఘమానః స్యాత్ శ్లాఘతాం ప్రభునా స హి|
၃၁သို့ဖြစ်၍၊ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသောသူမည်သည်ကား၊ ထာဝရဘုရား၌သာဝါကြွားစေ။

< 1 కరిన్థినః 1 >