< တီတး 1 >
1 အနန္တဇီဝနသျာၑာတော ဇာတာယာ ဤၑွရဘက္တေ ရျောဂျသျ သတျမတသျ ယတ် တတွဇ္ဉာနံ ယၑ္စ ဝိၑွာသ ဤၑွရသျာဘိရုစိတလောကဲ ရ္လဘျတေ တဒရ္ထံ (aiōnios )
၁မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊
2 ယီၑုခြီၐ္ဋသျ ပြေရိတ ဤၑွရသျ ဒါသး ပေါ်လော'ဟံ သာဓာရဏဝိၑွာသာတ် မမ ပြကၖတံ ဓရ္မ္မပုတြံ တီတံ ပြတိ လိခမိ၊
၂ငါ၌အပ်ထားသော တရားဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ၎င်း၊ (aiōnios )
3 နိၐ္ကပဋ ဤၑွရ အာဒိကာလာတ် ပူရွွံ တတ် ဇီဝနံ ပြတိဇ္ဉာတဝါန် သွနိရူပိတသမယေ စ ဃောၐဏယာ တတ် ပြကာၑိတဝါန်၊
၃ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
4 မမ တြာတုရီၑွရသျာဇ္ဉယာ စ တသျ ဃောၐဏံ မယိ သမရ္ပိတမ် အဘူတ်၊ အသ္မာကံ တာတ ဤၑွရး ပရိတြာတာ ပြဘု ရျီၑုခြီၐ္ဋၑ္စ တုဘျမ် အနုဂြဟံ ဒယာံ ၑာန္တိဉ္စ ဝိတရတု၊
၄ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။
5 တွံ ယဒ် အသမ္ပူရ္ဏကာရျျာဏိ သမ္ပူရယေ ရ္မဒီယာဒေၑာစ္စ ပြတိနဂရံ ပြာစီနဂဏာန် နိယောဇယေသ္တဒရ္ထမဟံ တွာံ ကြီတျုပဒွီပေ သ္ထာပယိတွာ ဂတဝါန်၊
၅ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။
6 တသ္မာဒ် ယော နရော 'နိန္ဒိတ ဧကသျာ ယောၐိတး သွာမီ ဝိၑွာသိနာမ် အပစယသျာဝါဓျတွသျ ဝါ ဒေါၐေဏာလိပ္တာနာဉ္စ သန္တာနာနာံ ဇနကော ဘဝတိ သ ဧဝ ယောဂျး၊
၆အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့ သောသူကို ခန့်ထားအပ်၏။
7 ယတော ဟေတောရဒျက္ၐေဏေၑွရသျ ဂၖဟာဒျက္ၐေဏေဝါနိန္ဒနီယေန ဘဝိတဝျံ၊ တေန သွေစ္ဆာစာရိဏာ ကြောဓိနာ ပါနာသက္တေန ပြဟာရကေဏ လောဘိနာ ဝါ န ဘဝိတဝျံ
၇အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ၊
8 ကိန္တွတိထိသေဝကေန သလ္လောကာနုရာဂိဏာ ဝိနီတေန နျာယျေန ဓာရ္မ္မိကေဏ ဇိတေန္ဒြိယေဏ စ ဘဝိတဝျံ,
၈ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။
9 ဥပဒေၑေ စ ဝိၑွသ္တံ ဝါကျံ တေန ဓာရိတဝျံ ယတး သ ယဒ် ယထာရ္ထေနောပဒေၑေန လောကာန် ဝိနေတုံ ဝိဃ္နကာရိဏၑ္စ နိရုတ္တရာန် ကရ္တ္တုံ ၑက္နုယာတ် တဒ် အာဝၑျကံ၊
၉စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။
10 ယတသ္တေ ဗဟဝေါ 'ဝါဓျာ အနရ္ထကဝါကျဝါဒိနး ပြဝဉ္စကာၑ္စ သန္တိ ဝိၑေၐတၑ္ဆိန္နတွစာံ မဓျေ ကေစိတ် တာဒၖၑာ လောကား သန္တိ၊
၁၀အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။
11 တေၐာဉ္စ ဝါဂြောဓ အာဝၑျကော ယတသ္တေ ကုတ္သိတလာဘသျာၑယာနုစိတာနိ ဝါကျာနိ ၑိက္ၐယန္တော နိခိလပရိဝါရာဏာံ သုမတိံ နာၑယန္တိ၊
၁၁ထိုသူတို့၏နှုတ်ကိုပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။
12 တေၐာံ သွဒေၑီယ ဧကော ဘဝိၐျဒွါဒီ ဝစနမိဒမုက္တဝါန်, ယထာ, ကြီတီယမာနဝါး သရွွေ သဒါ ကာပဋျဝါဒိနး၊ ဟိံသြဇန္တုသမာနာသ္တေ 'လသာၑ္စောဒရဘာရတး။
၁၂သူတို့အပါအဝင်၊ အမျိုးသားချင်းပရောဖက် ဆရာတယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲ ကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း။
13 သာက္ၐျမေတတ် တထျံ, အတော ဟေတောသ္တွံ တာန် ဂါဎံ ဘရ္တ္သယ တေ စ ယထာ ဝိၑွာသေ သွသ္ထာ ဘဝေယု
၁၃ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို၎င်း၊ သမ္မာတရား ကိုစွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊
14 ရျိဟူဒီယောပါချာနေၐု သတျမတဘြၐ္ဋာနာံ မာနဝါနာမ် အာဇ္ဉာသု စ မနာံသိ န နိဝေၑယေယုသ္တထာဒိၑ၊
၁၄အမှုမထားဘဲ ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်းငှါ၊ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့။
15 ၑုစီနာံ ကၖတေ သရွွာဏျေဝ ၑုစီနိ ဘဝန္တိ ကိန္တု ကလင်္ကိတာနာမ် အဝိၑွာသိနာဉ္စ ကၖတေ ၑုစိ ကိမပိ န ဘဝတိ ယတသ္တေၐာံ ဗုဒ္ဓယး သံဝေဒါၑ္စ ကလင်္ကိတား သန္တိ၊
၁၅စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။
16 ဤၑွရသျ ဇ္ဉာနံ တေ ပြတိဇာနန္တိ ကိန္တု ကရ္မ္မဘိသ္တဒ် အနင်္ဂီကုရွွတေ ယတသ္တေ ဂရှိတာ အနာဇ္ဉာဂြာဟိဏး သရွွသတ္ကရ္မ္မဏၑ္စာယောဂျား သန္တိ၊
၁၆သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဥာဏ် မရှိသောသူဖြစ်ကြ၏။