< ရောမိဏး 4 >
1 အသ္မာကံ ပူရွွပုရုၐ ဣဗြာဟီမ် ကာယိကကြိယယာ ကိံ လဗ္ဓဝါန် ဧတဒဓိ ကိံ ဝဒိၐျာမး?
၁သို့ဖြစ်၍ငါတို့လူမျိုး၏အဖဖြစ်သူ အာဗြဟံ၏အကြောင်းကိုစဉ်းစားကြည့် ကြစို့။ သူ၏အတွေ့အကြုံကားအောက်ပါ အတိုင်းဖြစ်သည်။-
2 သ ယဒိ နိဇကြိယာဘျး သပုဏျော ဘဝေတ် တရှိ တသျာတ္မၑ္လာဃာံ ကရ္တ္တုံ ပန္ထာ ဘဝေဒိတိ သတျံ, ကိန္တွီၑွရသျ သမီပေ နဟိ၊
၂အကယ်၍အာဗြဟံသည်မိမိ၏အကျင့် သီလအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိပါမူ သူ့မှာဂုဏ်ယူဝါ ကြွားစရာအကြောင်းရှိပေသည်။ သို့ရာတွင် သူသည်ဘုရားသခင်၏ရှေ့တော်မှောက်တွင် ထိုသို့ဂုဏ်ယူဝါကြွားမှုကိုမပြုနိုင်။-
3 ၑာသ္တြေ ကိံ လိခတိ? ဣဗြာဟီမ် ဤၑွရေ ဝိၑွသနာတ် သ ဝိၑွာသသ္တသ္မဲ ပုဏျာရ္ထံ ဂဏိတော ဗဘူဝ၊
၃ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။-
4 ကရ္မ္မကာရိဏော ယဒ် ဝေတနံ တဒ် အနုဂြဟသျ ဖလံ နဟိ ကိန္တု တေနောပါရ္ဇိတံ မန္တဝျမ်၊
၄လူတစ်စုံတစ်ယောက်သည်အလုပ်လုပ်၍ အခကြေးငွေကိုရရှိသောအခါ ထိုကြေး ငွေသည်လက်ဆောင်အဖြစ်ရသောအရာ မဟုတ်ဘဲမိမိအလုပ်လုပ်၍ရသောအရာ ဖြစ်၏။-
5 ကိန္တု ယး ပါပိနံ သပုဏျီကရောတိ တသ္မိန် ဝိၑွာသိနး ကရ္မ္မဟီနသျ ဇနသျ ယော ဝိၑွာသး သ ပုဏျာရ္ထံ ဂဏျော ဘဝတိ၊
၅သို့ရာတွင်သူသည်မိမိ၏အကျင့်သီလ ကိုအားမကိုးဘဲယုံကြည်ခြင်းကိုအားကိုး လျှင် ဘုရားသခင်သည်သူ၏ယုံကြည်မှုကို ထောက်ရှုလျက် သူ့အားအပြစ်မရှိဟုစီရင် ချက်ချမှတ်တော်မူသည်။ သူ၏ယုံကြည်ခြင်း ကြောင့်ဘုရားသခင်သည်သူ့ကိုမိမိနှင့် မှန်ကန်စွာဆက်ဆံစေတော်မူ၏။-
6 အပရံ ယံ ကြိယာဟီနမ် ဤၑွရး သပုဏျီကရောတိ တသျ ဓနျဝါဒံ ဒါယူဒ် ဝရ္ဏယာမာသ, ယထာ,
၆အကျင့်သီလကိုမထောက်ဘဲဘုရားသခင် သည်ဖြောင့်မတ်သောသူအဖြစ်လက်ခံတော်မူ ခြင်းကို ခံရသောသူသည်မင်္ဂလာရှိကြောင်း ဖော်ပြရာ၌ဒါဝိဒ်မင်းက၊
7 သ ဓနျော'ဃာနိ မၖၐ္ဋာနိ ယသျာဂါံသျာဝၖတာနိ စ၊
၇``အပြစ်ပြေလွတ်ခွင့်နှင့်အပြစ်ဒုစရိုက်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုရသောသူသည် မင်္ဂလာရှိ၏။
8 သ စ ဓနျး ပရေၑေန ပါပံ ယသျ န ဂဏျတေ၊
၈မိမိ၏အပြစ်များကိုထာဝရဘုရားမှတ်တော်မူ ခြင်းကို၊ မခံရသောသူသည်မင်္ဂလာရှိ၏'' ဟုမြွက်ဆိုလေသည်။
9 ဧၐ ဓနျဝါဒသ္တွက္ဆေဒိနမ် အတွက္ဆေဒိနံ ဝါ ကံ ပြတိ ဘဝတိ? ဣဗြာဟီမော ဝိၑွာသး ပုဏျာရ္ထံ ဂဏိတ ဣတိ ဝယံ ဝဒါမး၊
၉ဒါဝိဒ်မင်းဖော်ပြသောမင်္ဂလာကိုအရေဖျား လှီးခြင်းခံသူတို့သာလျှင်ရရှိကြသလော။ အရေဖျားလှီးခြင်းမခံသူတို့လည်းရရှိ ကြပေသည်။ ငါတို့ဖော်ပြခဲ့သောကျမ်းစာ အရ``အာဗြဟံသည်ဘုရားသခင်ကိုယုံကြည် သဖြင့်ဘုရားသခင်သည်သူ့အားဖြောင့်မတ် သောသူအဖြစ်လက်ခံတော်မူ၏။-''
10 သ ဝိၑွာသသ္တသျ တွက္ဆေဒိတွာဝသ္ထာယာံ ကိမ် အတွက္ဆေဒိတွာဝသ္ထာယာံ ကသ္မိန် သမယေ ပုဏျမိဝ ဂဏိတး? တွက္ဆေဒိတွာဝသ္ထာယာံ နဟိ ကိန္တွတွက္ဆေဒိတွာဝသ္ထာယာံ၊
၁၀ဤသို့အာဗြဟံအားဖြောင့်မတ်သောသူ အဖြစ်ဘုရားသခင်လက်ခံတော်မူသည့် အချိန်မှာ အာဗြဟံအရေဖျားလှီးမင်္ဂလာ ခံပြီးမှလော။ မခံရသေးမီကလော။ ခံပြီး မှမဟုတ်။ မခံရသေးမီကဖြစ်၏။-
11 အပရဉ္စ သ ယတ် သရွွေၐာမ် အတွက္ဆေဒိနာံ ဝိၑွာသိနာမ် အာဒိပုရုၐော ဘဝေတ်, တေ စ ပုဏျဝတ္တွေန ဂဏျေရန်;
၁၁သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-
12 ယေ စ လောကား ကေဝလံ ဆိန္နတွစော န သန္တော 'သ္မတ္ပူရွွပုရုၐ ဣဗြာဟီမ် အဆိန္နတွက် သန် ယေန ဝိၑွာသမာရ္ဂေဏ ဂတဝါန် တေနဲဝ တသျ ပါဒစိဟ္နေန ဂစ္ဆန္တိ တေၐာံ တွက္ဆေဒိနာမပျာဒိပုရုၐော ဘဝေတ် တဒရ္ထမ် အတွက္ဆေဒိနော မာနဝသျ ဝိၑွာသာတ် ပုဏျမ် ဥတ္ပဒျတ ဣတိ ပြမာဏသွရူပံ တွက္ဆေဒစိဟ္နံ သ ပြာပ္နောတ်၊
၁၂သူသည်အရေဖျားလှီးမင်္ဂလာခံသူတို့၏ အဖလည်းဖြစ်ပေသည်။ တစ်နည်းကားသူ သည်အရေဖျားလှီးမင်္ဂလာကိုခံကြရုံမက ငါတို့အဖအာဗြဟံအရေဖျားလှီးမင်္ဂလာ ကိုမခံမီက ဘုရားသခင်ကိုယုံကြည်ခြင်း စံနမူနာကိုလိုက်သူတို့၏အဖလည်းဖြစ် သည်။
13 ဣဗြာဟီမ် ဇဂတော'ဓိကာရီ ဘဝိၐျတိ ယဲၐာ ပြတိဇ္ဉာ တံ တသျ ဝံၑဉ္စ ပြတိ ပူရွွမ် အကြိယတ သာ ဝျဝသ္ထာမူလိကာ နဟိ ကိန္တု ဝိၑွာသဇနျပုဏျမူလိကာ၊
၁၃ဘုရားသခင်သည် အာဗြဟံနှင့်သားမြေးတို့ အားကမ္ဘာလောကကို ပိုင်စေတော်မူမည်ဟုကတိ ထားတော်မူခဲ့၏။ ဤသို့ကတိထားတော်မူခြင်း မှာအာဗြဟံသည်ပညတ်တရားကိုစောင့်ထိန်း သောကြောင့်မဟုတ်၊ ဘုရားသခင်ကိုယုံကြည် သဖြင့်သူ့အားဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံတော်မူသောကြောင့်ဖြစ်၏။-
14 ယတော ဝျဝသ္ထာဝလမ္ဗိနော ယဒျဓိကာရိဏော ဘဝန္တိ တရှိ ဝိၑွာသော ဝိဖလော ဇာယတေ သာ ပြတိဇ္ဉာပိ လုပ္တဲဝ၊
၁၄အကယ်၍ပညတ်တရားကိုစောင့်ထိန်းကြ သူများသာလျှင် ကတိတော်ကိုခံစားရကြ မည်ဆိုလျှင်ဘုရားသခင်အားယုံကြည်မှု သည်အချည်းနှီးဖြစ်၍ကတိတော်သည် လည်းအဋ္ဌိပ္ပါယ်မရှိတော့ပေ။-
15 အဓိကန္တု ဝျဝသ္ထာ ကောပံ ဇနယတိ ယတော 'ဝိဒျမာနာယာံ ဝျဝသ္ထာယာမ် အာဇ္ဉာလင်္ဃနံ န သမ္ဘဝတိ၊
၁၅ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။
16 အတဧဝ သာ ပြတိဇ္ဉာ ယဒ် အနုဂြဟသျ ဖလံ ဘဝေတ် တဒရ္ထံ ဝိၑွာသမူလိကာ ယတသ္တထာတွေ တဒွံၑသမုဒါယံ ပြတိ အရ္ထတော ယေ ဝျဝသ္ထယာ တဒွံၑသမ္ဘဝါး ကေဝလံ တာန် ပြတိ နဟိ ကိန္တု ယ ဣဗြာဟီမီယဝိၑွာသေန တတ္သမ္ဘဝါသ္တာနပိ ပြတိ သာ ပြတိဇ္ဉာ သ္ထာသ္နုရ္ဘဝတိ၊
၁၆သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
17 ယော နိရ္ဇီဝါန် သဇီဝါန် အဝိဒျမာနာနိ ဝသ္တူနိ စ ဝိဒျမာနာနိ ကရောတိ ဣဗြာဟီမော ဝိၑွာသဘူမေသ္တသျေၑွရသျ သာက္ၐာတ် သော'သ္မာကံ သရွွေၐာမ် အာဒိပုရုၐ အာသ္တေ, ယထာ လိခိတံ ဝိဒျတေ, အဟံ တွာံ ဗဟုဇာတီနာမ် အာဒိပုရုၐံ ကၖတွာ နိယုက္တဝါန်၊
၁၇``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။-
18 တွဒီယသ္တာဒၖၑော ဝံၑော ဇနိၐျတေ ယဒိဒံ ဝါကျံ ပြတိၑြုတံ တဒနုသာရာဒ် ဣဗြာဟီမ် ဗဟုဒေၑီယလောကာနာမ် အာဒိပုရုၐော ယဒ် ဘဝတိ တဒရ္ထံ သော'နပေက္ၐိတဝျမပျပေက္ၐမာဏော ဝိၑွာသံ ကၖတဝါန်၊
၁၈အာဗြဟံသည်မျှော်လင့်စရာမဲ့သောအခြေ အနေ၌ပင်လျှင်ဘုရားသခင်ကိုယုံကြည် ခဲ့၏။ သို့ဖြစ်၍သူသည်လူမျိုးအမြောက်အမြား တို့၏အဖဖြစ်လာ၏။ ကျမ်းစာတော်တွင်``သင် ၏အမျိုးအနွယ်တို့သည်ကြယ်ကဲ့သို့များ ပြားလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်၏။-
19 အပရဉ္စ က္ၐီဏဝိၑွာသော န ဘူတွာ ၑတဝတ္သရဝယသ္ကတွာတ် သွၑရီရသျ ဇရာံ သာရာနာမ္နး သွဘာရျျာယာ ရဇောနိဝၖတ္တိဉ္စ တၖဏာယ န မေနေ၊
၁၉ထိုအချိန်၌အာဗြဟံသည်အသက်တစ်ရာ ခန့်ပင်ရှိ၍ မိမိ၏ကိုယ်ခန္ဓာသည်အသေကဲ့သို့ ဖြစ်လျက်နေကြောင်းကိုလည်းကောင်း၊ စာရာ သည်လည်းကလေးမရနိုင်ကြောင်းကိုလည်း ကောင်းသိသော်လည်း ဘုရားသခင်အပေါ်တွင် ယုံကြည်မှုခိုင်မြဲလျက်ရှိ၏။-
20 အပရမ် အဝိၑွာသာဒ် ဤၑွရသျ ပြတိဇ္ဉာဝစနေ ကမပိ သံၑယံ န စကာရ;
၂၀သူသည်အဘယ်အခါ၌မျှဘုရားသခင် ၏ကတိတော်ကိုယုံမှားသံသယမဖြစ်။ ကိုယ်တော့်အပေါ်ယုံကြည်မှုကိုလည်းမစွန့် လွှတ်။ ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ ခွန်အားပြည့်ဝလာ၏။ ထို့ကြောင့်သူသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပေ သည်။-
21 ကိန္တွီၑွရေဏ ယတ် ပြတိၑြုတံ တတ် သာဓယိတုံ ၑကျတ ဣတိ နိၑ္စိတံ ဝိဇ္ဉာယ ဒၖဎဝိၑွာသး သန် ဤၑွရသျ မဟိမာနံ ပြကာၑယာဉ္စကာရ၊
၂၁ဘုရားသခင်သည်မိမိကတိထားတော်မူသည့် အတိုင်းပြုတော်မူနိုင်ကြောင်းအာဗြဟံသည် အကြွင်းမဲ့ယုံကြည်၏။-
22 ဣတိ ဟေတောသ္တသျ သ ဝိၑွာသသ္တဒီယပုဏျမိဝ ဂဏယာဉ္စကြေ၊
၂၂ထိုသို့ယုံကြည်မှုကြောင့်ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံတော် မူ၏။-
23 ပုဏျမိဝါဂဏျတ တတ် ကေဝလသျ တသျ နိမိတ္တံ လိခိတံ နဟိ, အသ္မာကံ နိမိတ္တမပိ,
၂၃``ဘုရားသခင်သည်သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏'' ဟူသောစကားရပ် သည်အာဗြဟံတစ်ဦးတည်းသာရည်ညွှန်း သည်မဟုတ်။-
24 ယတော'သ္မာကံ ပါပနာၑာရ္ထံ သမရ္ပိတော'သ္မာကံ ပုဏျပြာပ္တျရ္ထဉ္စောတ္ထာပိတော'ဘဝတ် ယော'သ္မာကံ ပြဘု ရျီၑုသ္တသျောတ္ထာပယိတရီၑွရေ
၂၄ငါတို့အားလည်းရည်ညွှန်းပေသည်။ အဘယ် ကြောင့်ဆိုသော်ငါတို့၏အရှင်သခင်ယေရှု အားရှင်ပြန်ထမြောက်စေသောဘုရားသခင် ကို ငါတို့ယုံကြည်သဖြင့်ငါတို့အားဖြောင့် မတ်သူများအဖြစ်ကိုယ်တော်လက်ခံမည် ဖြစ်သောကြောင့်တည်း။-
25 ယဒိ ဝယံ ဝိၑွသာမသ္တရှျသ္မာကမပိ သဧဝ ဝိၑွာသး ပုဏျမိဝ ဂဏယိၐျတေ၊
၂၅ထိုအရှင်သည်ငါတို့အပြစ်များကြောင့်အသေ ခံစေရန်အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့အား ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံစေအံ့သော ငှာကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၏။