< ရောမိဏး 10 >
1 ဟေ ဘြာတရ ဣသြာယေလီယလောကာ ယတ် ပရိတြာဏံ ပြာပ္နုဝန္တိ တဒဟံ မနသာဘိလၐန် ဤၑွရသျ သမီပေ ပြာရ္ထယေ၊
၁ညီအစ်ကိုတို့၊ ငါသည်မိမိ၏အမျိုးသား များကယ်တင်ခြင်းခံရစေရန်စိတ်နှလုံး အကြွင်းမဲ့လိုလားတောင့်တလျက် ဘုရား သခင်၏ထံတော်သို့ဆုတောင်း၏။-
2 ယတ ဤၑွရေ တေၐာံ စေၐ္ဋာ ဝိဒျတ ဣတျတြာဟံ သာက္ၐျသ္မိ; ကိန္တု တေၐာံ သာ စေၐ္ဋာ သဇ္ဉာနာ နဟိ,
၂သူတို့သည်ဘုရားသခင်အား အလွန်ကြည်ညို သူများဖြစ်ကြောင်းကိုငါအာမခံနိုင်၏။ သို့ သော်သူတို့၏ကြည်ညိုမှုနည်းလမ်းသည်မှန် သောအသိပညာအပေါ်၌မတည်။-
3 ယတသ္တ ဤၑွရဒတ္တံ ပုဏျမ် အဝိဇ္ဉာယ သွကၖတပုဏျံ သ္ထာပယိတုမ် စေၐ္ဋမာနာ ဤၑွရဒတ္တသျ ပုဏျသျ နိဃ္နတွံ န သွီကုရွွန္တိ၊
၃သူတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက် သွယ်နိုင်မည့်လမ်းစဉ်ကိုမသိသဖြင့် ထိုလမ်း စဉ်ကိုမလိုက်ဘဲမိမိတို့ကိုယ်တိုင်တီထွင် သည့်လမ်းစဉ်ကိုလိုက်ကြပေသည်။-
4 ခြီၐ္ဋ ဧကဲကဝိၑွာသိဇနာယ ပုဏျံ ဒါတုံ ဝျဝသ္ထာယား ဖလသွရူပေါ ဘဝတိ၊
၄ခရစ်တော်သည်ပညတ်တရားကိုအဆုံး သတ်စေတော်မူပြီဖြစ်ရာယုံကြည်သူအပေါင်း တို့သည် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် မှုကိုရရှိကြပြီ။
5 ဝျဝသ္ထာပါလနေန ယတ် ပုဏျံ တတ် မူသာ ဝရ္ဏယာမာသ, ယထာ, ယော ဇနသ္တာံ ပါလယိၐျတိ သ တဒ္ဒွါရာ ဇီဝိၐျတိ၊
၅ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရား သခင်နှင့်မှန်ကန်စွာဆက်သွယ်ခြင်းအကြောင်း နှင့်ပတ်သက်၍ မောရှေက``ပညတ်တရားကို စောင့်ထိန်းသူသည်အသက်ရှင်လိမ့်မည်'' ဟု ဖော်ပြ၏။-
6 ကိန္တု ပြတျယေန ယတ် ပုဏျံ တဒ် ဧတာဒၖၑံ ဝါကျံ ဝဒတိ, ကး သွရ္ဂမ် အာရုဟျ ခြီၐ္ဋမ် အဝရောဟယိၐျတိ?
၆သို့ရာတွင်ဘုရားသခင်ကိုယုံကြည်ခြင်းအား ဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်ခြင်း နှင့်ပတ်သက်၍ ကျမ်းစာတော်က ``အဘယ်သူ သည်ကောင်းကင်ဘုံသို့တက်ရပါမည်နည်း။ (ဆိုလိုသည်မှာခရစ်တော်အားအောက်သို့ပင့်ရန်)-
7 ကော ဝါ ပြေတလောကမ် အဝရုဟျ ခြီၐ္ဋံ မၖတဂဏမဓျာဒ် အာနေၐျတီတိ ဝါက် မနသိ တွယာ န ဂဒိတဝျာ၊ (Abyssos )
၇အဘယ်သူသည်မရဏာနိုင်ငံသို့ဆင်းရပါ မည်နည်းဟုမမေးကြနှင့်'' ဟူ၍ဖော်ပြပေ သည်။ (ဆိုလိုသည်မှာခရစ်တော်အားသေခြင်း မှပင့်ရန်)- (Abyssos )
8 တရှိ ကိံ ဗြဝီတိ? တဒ် ဝါကျံ တဝ သမီပသ္ထမ် အရ္ထာတ် တဝ ဝဒနေ မနသိ စာသ္တေ, တစ္စ ဝါကျမ် အသ္မာဘိး ပြစာရျျမာဏံ ဝိၑွာသသျ ဝါကျမေဝ၊
၈ကျမ်းစာတော်ကဆိုလိုသည်မှာနှုတ်ကပတ် တရားတော်သည် ``သင်၏နှုတ်၊ သင်၏စိတ်နှလုံး၊ သင်၏အနီး၌ရှိ၏'' ဟူ၍ဖြစ်သည်။ ထိုနှုတ် ကပတ်တရားကားသင်တို့အားငါဟောပြော ကြေညာသည့်ဘုရားသခင်ကိုယုံကြည်ခြင်း နှင့်ဆိုင်သောတရားတော်ပင်ဖြစ်သည်။-
9 ဝသ္တုတး ပြဘုံ ယီၑုံ ယဒိ ဝဒနေန သွီကရောၐိ, တထေၑွရသ္တံ ၑ္မၑာနာဒ် ဥဒသ္ထာပယဒ် ဣတိ ယဒျန္တးကရဏေန ဝိၑွသိၐိ တရှိ ပရိတြာဏံ လပ္သျသေ၊
၉သင်တို့သည်သခင်ယေရှုသည်အရှင်သခင် ဖြစ်တော်မူကြောင်းကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည်ထိုအရှင်အားသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ ၌ယုံကြည်ကြလျှင်ဘုရားသခင်သည်သင် တို့ကိုကယ်တင်တော်မူလိမ့်မည်။-
10 ယသ္မာတ် ပုဏျပြာပ္တျရ္ထမ် အန္တးကရဏေန ဝိၑွသိတဝျံ ပရိတြာဏာရ္ထဉ္စ ဝဒနေန သွီကရ္တ္တဝျံ၊
၁၀အဘယ်ကြောင့်ဆိုသော်ငါတို့သည်ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ခွင့်ရ၍ နှုတ်ဖြင့်ဝန်ခံခြင်းအား ဖြင့်ကယ်တင်ခြင်းခံရသောကြောင့်ဖြစ်၏။-
11 ၑာသ္တြေ ယာဒၖၑံ လိခတိ ဝိၑွသိၐျတိ ယသ္တတြ သ ဇနော န တြပိၐျတေ၊
၁၁ကျမ်းစာတော်က``မည်သူမဆိုကိုယ်တော်ကို ယုံကြည်လျှင်စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဆိုသည်။-
12 ဣတျတြ ယိဟူဒိနိ တဒနျလောကေ စ ကောပိ ဝိၑေၐော နာသ္တိ ယသ္မာဒ် ယး သရွွေၐာမ် အဒွိတီယး ပြဘုး သ နိဇယာစကာန သရွွာန် ပြတိ ဝဒါနျော ဘဝတိ၊
၁၂ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။-
13 ယတး, ယး ကၑ္စိတ် ပရမေၑသျ နာမ္နာ ဟိ ပြာရ္ထယိၐျတေ၊ သ ဧဝ မနုဇော နူနံ ပရိတြာတော ဘဝိၐျတိ၊
၁၃ကျမ်းစာတော်က ``ထာဝရဘုရားရှင်အား ဆုတောင်းသူဟူသမျှတို့သည် ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်သတည်း။
14 ယံ ယေ ဇနာ န ပြတျာယန် တေ တမုဒ္ဒိၑျ ကထံ ပြာရ္ထယိၐျန္တေ? ယေ ဝါ ယသျာချာနံ ကဒါပိ န ၑြုတဝန္တသ္တေ တံ ကထံ ပြတျေၐျန္တိ? အပရံ ယဒိ ပြစာရယိတာရော န တိၐ္ဌန္တိ တဒါ ကထံ တေ ၑြောၐျန္တိ?
၁၄သို့ရာတွင်ထိုသူတို့သည်ကိုယ်တော်ကိုယုံကြည် မှုမရှိလျှင် အဘယ်သို့ကိုယ်တော်ထံသို့ပတ္ထနာ ပြုနိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကို မကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကိုဟောပြောကြေညာ သူမရှိလျှင်အဘယ်သို့ကြားနိုင်မည်နည်း။-
15 ယဒိ ဝါ ပြေရိတာ န ဘဝန္တိ တဒါ ကထံ ပြစာရယိၐျန္တိ? ယာဒၖၑံ လိခိတမ် အာသ္တေ, ယထာ, မာင်္ဂလိကံ သုသံဝါဒံ ဒဒတျာနီယ ယေ နရား၊ ပြစာရယန္တိ ၑာန္တေၑ္စ သုသံဝါဒံ ဇနာသ္တု ယေ၊ တေၐာံ စရဏပဒ္မါနိ ကီဒၖက် ၑောဘာနွိတာနိ ဟိ၊
၁၅ဟောပြောကြေညာသူများကိုမစေလွှတ် လျှင် အဘယ်သို့နှုတ်ကပတ်တရားတော်ကို ဟောပြောကြေညာနိုင်မည်နည်း။ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသည်အတိုင်း``သတင်း ကောင်းကိုယူဆောင်လာသူတို့၏ခြေတို့သည် လွန်စွာတင့်တယ်စွတကား။-''
16 ကိန္တု တေ သရွွေ တံ သုသံဝါဒံ န ဂၖဟီတဝန္တး၊ ယိၑာယိယော ယထာ လိခိတဝါန်၊ အသ္မတ္ပြစာရိတေ ဝါကျေ ဝိၑွာသမကရောဒ္ဓိ ကး၊
၁၆သို့ရာတွင်ထိုသတင်းကောင်းကိုလူတိုင်း မယုံကြ။ ဟေရှာယကိုယ်တိုင်က``အို ထာဝရ ဘုရားရှင်၊ အကျွန်ုပ်တို့ကြေညာသောသတင်း ကိုအဘယ်သူယုံပါသနည်း'' ဟုဆိုသည်။-
17 အတဧဝ ၑြဝဏာဒ် ဝိၑွာသ အဲၑွရဝါကျပြစာရာတ် ၑြဝဏဉ္စ ဘဝတိ၊
၁၇သို့ဖြစ်၍နှုတ်ကပတ်တရားတော်ကိုကြား နာခြင်းကြောင့်ယုံကြ၏။ ခရစ်တော်အကြောင်း ဟောပြောခြင်းကြောင့်နှုတ်ကပတ်တရားတော် ကိုကြားနာရ၏။
18 တရှျဟံ ဗြဝီမိ တဲး ကိံ နာၑြာဝိ? အဝၑျမ် အၑြာဝိ, ယသ္မာတ် တေၐာံ ၑဗ္ဒော မဟီံ ဝျာပ္နောဒ် ဝါကျဉ္စ နိခိလံ ဇဂတ်၊
၁၈သို့ရာတွင်လူတို့သည်ထိုနှုတ်ကပတ်တရား တော်ကိုကြားနာခွင့်မရကြသလောဟုငါ မေးလို၏။ သူတို့သည်ကြားနာခွင့်ကိုအမှန် ပင်ရကြ၏။ ကျမ်းစာတော်က၊ ``နှုတ်ကပတ်တရားတော်ကိုဟောပြောသူတို့၏ အသံသည်ကမ္ဘာမြေတစ်ဝန်းလုံးတွင်ပျံ့နှံ့သွား၏။ သူတို့၏တရားစကားများသည်ကမ္ဘာအစွန် အဖျား သို့တိုင်အောင်ရောက်ရှိလေပြီ'' ဟုဆိုသည့်အတိုင်းပင်ဖြစ်သည်။-
19 အပရမပိ ဝဒါမိ, ဣသြာယေလီယလောကား ကိမ် ဧတာံ ကထာံ န ဗုဓျန္တေ? ပြထမတော မူသာ ဣဒံ ဝါကျံ ပြောဝါစ, အဟမုတ္တာပယိၐျေ တာန် အဂဏျမာနဝဲရပိ၊ က္လေက္ၐျာမိ ဇာတိမ် ဧတာဉ္စ ပြောန္မတ္တဘိန္နဇာတိဘိး၊
၁၉တစ်ဖန်ငါမေးဦးမည်။ ဣသရေလအမျိုးသား တို့သည် ထိုအမှုအရာကိုမသိနားမလည် ကြသလော။ မောရှေက၊ ``ငါသည်မရေရာသောလူမျိုးကိုအသုံးပြု သဖြင့် ငါ၏လူစုတော်အားမနာလိုစိတ်ရှိစေမည်။ မိုက်မဲသောလူမျိုးအားဖြင့်ငါ၏လူစုတော်အား အမျက်ထွက်စေမည်'' ဟုဦးစွာပထမဖြေကြား၏။
20 အပရဉ္စ ယိၑာယိယော'တိၑယာက္ၐောဘေဏ ကထယာမာသ, ယထာ, အဓိ မာံ ယဲသ္တု နာစေၐ္ဋိ သမ္ပြာပ္တသ္တဲ ရ္ဇနဲရဟံ၊ အဓိ မာံ ယဲ ရ္န သမ္ပၖၐ္ဋံ ဝိဇ္ဉာတသ္တဲ ရ္ဇနဲရဟံ။
၂၀ဟေရှာယက၊ ``ငါ့ကိုမရှာသောသူတို့သည်ငါ့ကိုတွေ့ရှိ ကြ၏။ ငါ၏အကြောင်းကိုမစုံစမ်းမမေးမြန်းသော သူတို့သည်ငါ့ကိုဖူးမြင်ရကြ၏'' ဟုပို၍ပင်ပြတ်သားစွာဆို၏။-
21 ကိန္တွိသြာယေလီယလောကာန် အဓိ ကထယာဉ္စကာရ, ယဲရာဇ္ဉာလင်္ဃိဘိ ရ္လောကဲ ရွိရုဒ္ဓံ ဝါကျမုစျတေ၊ တာန် ပြတျေဝ ဒိနံ ကၖတ္သ္နံ ဟသ္တော် ဝိသ္တာရယာမျဟံ။
၂၁သို့ရာတွင်ဣသရေလအမျိုးသားတို့နှင့် ပတ်သက်၍မူကား``ငါ့ကိုဆန့်ကျင်ပုန်ကန်၍ ငါ၏စကားကိုမနာခံသောလူမျိုးအား ငါသည်တစ်နေကုန်လက်ကမ်းလျက်ရှိ၏'' ဟု ဟေရှာယဆို၏။