< ပြကာၑိတံ 6 >
1 အနန္တရံ မယိ နိရီက္ၐမာဏေ မေၐၑာဝကေန တာသာံ သပ္တမုဒြာဏာမ် ဧကာ မုဒြာ မုက္တာ တတသ္တေၐာံ စတုရ္ဏာမ် ဧကသျ ပြာဏိန အာဂတျ ပၑျေတိဝါစကော မေဃဂရ္ဇနတုလျော ရဝေါ မယာ ၑြုတး၊
၁သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။
2 တတး ပရမ် ဧကး ၑုက္လာၑ္စော ဒၖၐ္ဋး, တဒါရူဎော ဇနော ဓနု ရ္ဓာရယတိ တသ္မဲ စ ကိရီဋမေကမ် အဒါယိ တတး သ ပြဘဝန် ပြဘဝိၐျံၑ္စ နိရ္ဂတဝါန်၊
၂ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်းငှါ၎င်း ထွက်သွား၏။
3 အပရံ ဒွိတီယမုဒြာယာံ တေန မောစိတာယာံ ဒွိတီယသျ ပြာဏိန အာဂတျ ပၑျေတိ ဝါက် မယာ ၑြုတာ၊
၃ဒုတိယတံဆိပ်ကိုဖွင့်သောအခါ၊ ဒုတိယ သတ္တဝါ က၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
4 တတော 'ရုဏဝရ္ဏော 'ပရ ဧကော 'ၑွော နိရ္ဂတဝါန် တဒါရောဟိဏိ ပၖထိဝီတး ၑာန္တျပဟရဏသျ လောကာနာံ မဓျေ ပရသ္ပရံ ပြတိဃာတောတ္ပာဒနသျ စ သာမရ္ထျံ သမရ္ပိတမ်, ဧကော ဗၖဟတ္ခင်္ဂေါ 'ပိ တသ္မာ အဒါယိ၊
၄ထိုအခါမြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီး သားတို့ကို အချင်းချင်းအသေသတ်စေခြင်းငှါ၎င်း အခွင့်ရ၏။ သူ၌ထားကြီးကိုပေးတော်မူ၏။
5 အပရံ တၖတီယမုဒြာယာံ တန မောစိတာယာံ တၖတီယသျ ပြာဏိန အာဂတျ ပၑျေတိ ဝါက် မယာ ၑြုတာ, တတး ကာလဝရ္ဏ ဧကော 'ၑွော မယာ ဒၖၐ္ဋး, တဒါရောဟိဏော ဟသ္တေ တုလာ တိၐ္ဌတိ
၅တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။
6 အနန္တရံ ပြာဏိစတုၐ္ဋယသျ မဓျာဒ် ဝါဂိယံ ၑြုတာ ဂေါဓူမာနာမေကး သေဋကော မုဒြာပါဒဲကမူလျး, ယဝါနာဉ္စ သေဋကတြယံ မုဒြာပါဒဲကမူလျံ တဲလဒြာက္ၐာရသာၑ္စ တွယာ မာ ဟိံသိတဝျား၊
၆သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။
7 အနန္တရံ စတုရ္ထမုဒြာယာံ တေန မောစိတာယာံ စတုရ္ထသျ ပြာဏိန အာဂတျ ပၑျေတိ ဝါက် မယာ ၑြုတာ၊
၇စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ၊ စတုတ္ထ သတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
8 တတး ပါဏ္ဍုရဝရ္ဏ ဧကော 'ၑွော မယာ ဒၖၐ္ဋး, တဒါရောဟိဏော နာမ မၖတျုရိတိ ပရလောကၑ္စ တမ် အနုစရတိ ခင်္ဂေန ဒုရ္ဘိက္ၐေဏ မဟာမာရျျာ ဝနျပၑုဘိၑ္စ လောကာနာံ ဗဓာယ ပၖထိဝျာၑ္စတုရ္ထာံၑသျာဓိပတျံ တသ္မာ အဒါယိ၊ (Hadēs )
၈ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင် သော အခွင့်ကိုရ၏။ (Hadēs )
9 အနန္တရံ ပဉ္စမမုဒြာယာံ တေန မောစိတာယာမ် ဤၑွရဝါကျဟေတောသ္တတြ သာက္ၐျဒါနာစ္စ ဆေဒိတာနာံ လောကာနာံ ဒေဟိနော ဝေဒျာ အဓော မယာဒၖၑျန္တ၊
၉ပဥ္စမတံဆိပ်ကိုဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံ ချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။
10 တ ဥစ္စဲရိဒံ ဂဒန္တိ, ဟေ ပဝိတြ သတျမယ ပြဘော အသ္မာကံ ရက္တပါတေ ပၖထိဝီနိဝါသိဘိ ရွိဝဒိတုံ တသျ ဖလ ဒါတုဉ္စ ကတိ ကာလံ ဝိလမ္ဗသေ?
၁၀သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေ တော်မူ မည်နည်းဟုကြီးမားသော အသံနှင့် ကြွေးကြော်ကြ၏။
11 တတသ္တေၐာမ် ဧကဲကသ္မဲ ၑုဘြး ပရိစ္ဆဒေါ 'ဒါယိ ဝါဂိယဉ္စာကထျတ ယူယမလ္ပကာလမ် အရ္ထတော ယုၐ္မာကံ ယေ သဟာဒါသာ ဘြာတရော ယူယမိဝ ဃာနိၐျန္တေ တေၐာံ သံချာ ယာဝတ် သမ္ပူရ္ဏတာံ န ဂစ္ဆတိ တာဝဒ် ဝိရမတ၊
၁၁ထိုသူတို့၌ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတံ့သော မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။
12 အနန္တရံ ယဒါ သ ၐၐ္ဌမုဒြာမမောစယတ် တဒါ မယိ နိရီက္ၐမာဏေ မဟာန် ဘူကမ္ပော 'ဘဝတ် သူရျျၑ္စ ဥၐ္ဋြလောမဇဝသ္တြဝတ် ကၖၐ္ဏဝရ္ဏၑ္စန္ဒြမာၑ္စ ရက္တသင်္ကာၑော 'ဘဝတ္
၁၂ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။
13 ဂဂနသ္ထတာရာၑ္စ ပြဗလဝါယုနာ စာလိတာဒ် ဥဍုမ္ဗရဝၖက္ၐာတ် နိပါတိတာနျပက္ကဖလာနီဝ ဘူတလေ နျပတန်၊
၁၃သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။
14 အာကာၑမဏ္ဍလဉ္စ သင်္ကုစျမာနဂြန္ထဣဝါန္တရ္ဓာနမ် အဂမတ် ဂိရယ ဥပဒွီပါၑ္စ သရွွေ သ္ထာနာန္တရံ စာလိတား
၁၄မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။
15 ပၖထိဝီသ္ထာ ဘူပါလာ မဟာလ္လောကား သဟသ္တြပတယော ဓနိနး ပရာကြမိဏၑ္စ လောကာ ဒါသာ မုက္တာၑ္စ သရွွေ 'ပိ ဂုဟာသု ဂိရိသ္ထၑဲလေၐု စ သွာန် ပြာစ္ဆာဒယန်၊
၁၅လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ် များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊
16 တေ စ ဂိရီန် ၑဲလာံၑ္စ ဝဒန္တိ ယူယမ် အသ္မဒုပရိ ပတိတွာ သိံဟာသနောပဝိၐ္ဋဇနသျ ဒၖၐ္ဋိတော မေၐၑာဝကသျ ကောပါစ္စာသ္မာန် ဂေါပါယတ;
၁၆ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။
17 ယတသ္တသျ ကြောဓသျ မဟာဒိနမ် ဥပသ္ထိတံ ကး သ္ထာတုံ ၑက္နောတိ?
၁၇အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီ တကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။