< မထိး 8 >
1 ယဒါ သ ပရွွတာဒ် အဝါရောဟတ် တဒါ ဗဟဝေါ မာနဝါသ္တတ္ပၑ္စာဒ် ဝဝြဇုး၊
၁ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။
2 ဧကး ကုၐ္ဌဝါန် အာဂတျ တံ ပြဏမျ ဗဘာၐေ, ဟေ ပြဘော, ယဒိ ဘဝါန် သံမနျတေ, တရှိ မာံ နိရာမယံ ကရ္တ္တုံ ၑက္နောတိ၊
၂ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။
3 တတော ယီၑုး ကရံ ပြသာရျျ တသျာင်္ဂံ သ္ပၖၑန် ဝျာဇဟာရ, သမ္မနျေ'ဟံ တွံ နိရာမယော ဘဝ; တေန သ တတ္က္ၐဏာတ် ကုၐ္ဌေနာမောစိ၊
၃ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
4 တတော ယီၑုသ္တံ ဇဂါဒ, အဝဓေဟိ ကထာမေတာံ ကၑ္စိဒပိ မာ ဗြူဟိ, ကိန္တု ယာဇကသျ သန္နိဓိံ ဂတွာ သွာတ္မာနံ ဒရ္ၑယ မနုဇေဘျော နိဇနိရာမယတွံ ပြမာဏယိတုံ မူသာနိရူပိတံ ဒြဝျမ် ဥတ္သၖဇ စ၊
၄ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။
5 တဒနန္တရံ ယီၑုနာ ကဖရ္နာဟူမ္နာမနိ နဂရေ ပြဝိၐ္ဋေ ကၑ္စိတ် ၑတသေနာပတိသ္တတ္သမီပမ် အာဂတျ ဝိနီယ ဗဘာၐေ,
၅ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊
6 ဟေ ပြဘော, မဒီယ ဧကော ဒါသး ပက္ၐာဃာတဝျာဓိနာ ဘၖၑံ ဝျထိတး, သတု ၑယနီယ အာသ္တေ၊
၆သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။
7 တဒါနီံ ယီၑုသ္တသ္မဲ ကထိတဝါန်, အဟံ ဂတွာ တံ နိရာမယံ ကရိၐျာမိ၊
၇ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊
8 တတး သ ၑတသေနာပတိး ပြတျဝဒတ်, ဟေ ပြဘော, ဘဝါန် ယတ် မမ ဂေဟမဓျံ ယာတိ တဒျောဂျဘာဇနံ နာဟမသ္မိ; ဝါင်္မာတြမ် အာဒိၑတု, တေနဲဝ မမ ဒါသော နိရာမယော ဘဝိၐျတိ၊
၈တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
9 ယတော မယိ ပရနိဓ္နေ'ပိ မမ နိဒေၑဝၑျား ကတိ ကတိ သေနား သန္တိ, တတ ဧကသ္မိန် ယာဟီတျုက္တေ သ ယာတိ, တဒနျသ္မိန် ဧဟီတျုက္တေ သ အာယာတိ, တထာ မမ နိဇဒါသေ ကရ္မ္မဲတတ် ကုရွွိတျုက္တေ သ တတ် ကရောတိ၊
၉ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။
10 တဒါနီံ ယီၑုသ္တသျဲတတ် ဝစော နိၑမျ ဝိသ္မယာပန္နော'ဘူတ်; နိဇပၑ္စာဒ္ဂါမိနော မာနဝါန် အဝေါစ္စ, ယုၐ္မာန် တထျံ ဝစ္မိ, ဣသြာယေလီယလောကာနာံ မဓျေ'ပိ နဲတာဒၖၑော ဝိၑွာသော မယာ ပြာပ္တး၊
၁၀ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။
11 အနျစ္စာဟံ ယုၐ္မာန် ဝဒါမိ, ဗဟဝး ပူရွွသျား ပၑ္စိမာယာၑ္စ ဒိၑ အာဂတျ ဣဗြာဟီမာ ဣသှာကာ ယာကူဗာ စ သာကမ် မိလိတွာ သမုပဝေက္ၐျန္တိ;
၁၁ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊
12 ကိန္တု ယတြ သ္ထာနေ ရောဒနဒန္တဃရ္ၐဏေ ဘဝတသ္တသ္မိန် ဗဟိရ္ဘူတတမိသြေ ရာဇျသျ သန္တာနာ နိက္ၐေသျန္တေ၊
၁၂နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊
13 တတး ပရံ ယီၑုသ္တံ ၑတသေနာပတိံ ဇဂါဒ, ယာဟိ, တဝ ပြတီတျနုသာရတော မင်္ဂလံ ဘူယာတ်; တဒါ တသ္မိန္နေဝ ဒဏ္ဍေ တဒီယဒါသော နိရာမယော ဗဘူဝ၊
၁၃တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
14 အနန္တရံ ယီၑုး ပိတရသျ ဂေဟမုပသ္ထာယ ဇွရေဏ ပီဍိတာံ ၑယနီယသ္ထိတာံ တသျ ၑွၑြူံ ဝီက္ၐာဉ္စကြေ၊
၁၄ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
15 တတသ္တေန တသျား ကရသျ သ္ပၖၐ္ဋတဝါတ် ဇွရသ္တာံ တတျာဇ, တဒါ သာ သမုတ္ထာယ တာန် သိၐေဝေ၊
၁၅ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
16 အနန္တရံ သန္ဓျာယာံ သတျာံ ဗဟုၑော ဘူတဂြသ္တမနုဇာန် တသျ သမီပမ် အာနိနျုး သ စ ဝါကျေန ဘူတာန် တျာဇယာမာသ, သရွွပြကာရပီဍိတဇနာံၑ္စ နိရာမယာန် စကာရ;
၁၆ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။
17 တသ္မာတ်, သရွွာ ဒုရ္ဗ္ဗလတာသ္မာကံ တေနဲဝ ပရိဓာရိတာ၊ အသ္မာကံ သကလံ ဝျာဓိံ သဧဝ သံဂၖဟီတဝါန်၊ ယဒေတဒွစနံ ယိၑယိယဘဝိၐျဒွါဒိနောက္တမာသီတ်, တတ္တဒါ သဖလမဘဝတ်၊
၁၇ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
18 အနန္တရံ ယီၑုၑ္စတုရ္ဒိက္ၐု ဇနနိဝဟံ ဝိလောကျ တဋိနျား ပါရံ ယာတုံ ၑိၐျာန် အာဒိဒေၑ၊
၁၈များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။
19 တဒါနီမ် ဧက ဥပါဓျာယ အာဂတျ ကထိတဝါန်, ဟေ ဂုရော, ဘဝါန် ယတြ ယာသျတိ တတြာဟမပိ ဘဝတး ပၑ္စာဒ် ယာသျာမိ၊
၁၉ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။
20 တတော ယီၑု ရ္ဇဂါဒ, ကြောၐ္ဋုး သ္ထာတုံ သ္ထာနံ ဝိဒျတေ, ဝိဟာယသော ဝိဟင်္ဂမာနာံ နီဍာနိ စ သန္တိ; ကိန္တု မနုၐျပုတြသျ ၑိရး သ္ထာပယိတုံ သ္ထာနံ န ဝိဒျတေ၊
၂၀ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။
21 အနန္တရမ် အပရ ဧကး ၑိၐျသ္တံ ဗဘာၐေ, ဟေ ပြဘော, ပြထမတော မမ ပိတရံ ၑ္မၑာနေ နိဓာတုံ ဂမနာရ္ထံ မာမ် အနုမနျသွ၊
၂၁အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။
22 တတော ယီၑုရုက္တဝါန် မၖတာ မၖတာန် ၑ္မၑာနေ နိဒဓတု, တွံ မမ ပၑ္စာဒ် အာဂစ္ဆ၊
၂၂ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။
23 အနန္တရံ တသ္မိန် နာဝမာရူဎေ တသျ ၑိၐျာသ္တတ္ပၑ္စာတ် ဇဂ္မုး၊
၂၃ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
24 ပၑ္စာတ် သာဂရသျ မဓျံ တေၐု ဂတေၐု တာဒၖၑး ပြဗလော ဈဉ္ဘ္ၑနိလ ဥဒတိၐ္ဌတ်, ယေန မဟာတရင်္ဂ ဥတ္ထာယ တရဏိံ ဆာဒိတဝါန်, ကိန္တု သ နိဒြိတ အာသီတ်၊
၂၄ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။
25 တဒါ ၑိၐျာ အာဂတျ တသျ နိဒြာဘင်္ဂံ ကၖတွာ ကထယာမာသုး, ဟေ ပြဘော, ဝယံ မြိယာမဟေ, ဘဝါန် အသ္မာကံ ပြာဏာန် ရက္ၐတု၊
၂၅တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊
26 တဒါ သ တာန် ဥက္တဝါန်, ဟေ အလ္ပဝိၑွာသိနော ယူယံ ကုတော ဝိဘီထ? တတး သ ဥတ္ထာယ ဝါတံ သာဂရဉ္စ တရ္ဇယာမာသ, တတော နိရွွာတမဘဝတ်၊
၂၆ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
27 အပရံ မနုဇာ ဝိသ္မယံ ဝိလောကျ ကထယာမာသုး, အဟော ဝါတသရိတ္ပတီ အသျ ကိမာဇ္ဉာဂြာဟိဏော်? ကီဒၖၑော'ယံ မာနဝး၊
၂၇ထိုလူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ၏။
28 အနန္တရံ သ ပါရံ ဂတွာ ဂိဒေရီယဒေၑမ် ဥပသ္ထိတဝါန်; တဒါ ဒွေါ် ဘူတဂြသ္တမနုဇော် ၑ္မၑာနသ္ထာနာဒ် ဗဟိ ရ္ဘူတွာ တံ သာက္ၐာတ် ကၖတဝန္တော်, တာဝေတာဒၖၑော် ပြစဏ္ဍာဝါသ္တာံ ယတ် တေန သ္ထာနေန ကောပိ ယာတုံ နာၑက္နောတ်၊
၂၈ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊
29 တာဝုစဲး ကထယာမာသတုး, ဟေ ဤၑွရသျ သူနော ယီၑော, တွယာ သာကမ် အာဝယေား ကး သမ္ဗန္ဓး? နိရူပိတကာလာတ် ပြာဂေဝ ကိမာဝါဘျာံ ယာတနာံ ဒါတုမ် အတြာဂတောသိ?
၂၉ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။
30 တဒါနီံ တာဘျာံ ကိဉ္စိဒ် ဒူရေ ဝရာဟာဏာမ် ဧကော မဟာဝြဇော'စရတ်၊
၃၀ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
31 တတော ဘူတော် တော် တသျာန္တိကေ ဝိနီယ ကထယာမာသတုး, ယဒျာဝါံ တျာဇယသိ, တရှိ ဝရာဟာဏာံ မဓျေဝြဇမ် အာဝါံ ပြေရယ၊
၃၁နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊
32 တဒါ ယီၑုရဝဒတ် ယာတံ, အနန္တရံ တော် ယဒါ မနုဇော် ဝိဟာယ ဝရာဟာန် အာၑြိတဝန္တော်, တဒါ တေ သရွွေ ဝရာဟာ ဥစ္စသ္ထာနာတ် မဟာဇဝေန ဓာဝန္တး သာဂရီယတောယေ မဇ္ဇန္တော မမြုး၊
၃၂သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။
33 တတော ဝရာဟရက္ၐကား ပလာယမာနာ မဓျေနဂရံ တော် ဘူတဂြသ္တော် ပြတိ ယဒျဒ် အဃဋတ, တား သရွွဝါရ္တ္တာ အဝဒန်၊
၃၃ဝက်ကျောင်းသောသူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသော သူတို့၏အကြောင်း မှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊
34 တတော နာဂရိကား သရွွေ မနုဇာ ယီၑုံ သာက္ၐာတ် ကရ္တ္တုံ ဗဟိရာယာတား တဉ္စ ဝိလောကျ ပြာရ္ထယာဉ္စကြိရေ ဘဝါန် အသ္မာကံ သီမာတော ယာတု၊
၃၄တမြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှါ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။