< မထိး 7 >
1 ယထာ ယူယံ ဒေါၐီကၖတာ န ဘဝထ, တတ္ကၖတေ'နျံ ဒေါၐိဏံ မာ ကုရုတ၊
၁သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။
2 ယတော ယာဒၖၑေန ဒေါၐေဏ ယူယံ ပရာန် ဒေါၐိဏး ကုရုထ, တာဒၖၑေန ဒေါၐေဏ ယူယမပိ ဒေါၐီကၖတာ ဘဝိၐျထ, အနျဉ္စ ယေန ပရိမာဏေန ယုၐ္မာဘိး ပရိမီယတေ, တေနဲဝ ပရိမာဏေန ယုၐ္မတ္ကၖတေ ပရိမာယိၐျတေ၊
၂သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
3 အပရဉ္စ နိဇနယနေ ယာ နာသာ ဝိဒျတေ, တာမ် အနာလောစျ တဝ သဟဇသျ လောစနေ ယတ် တၖဏမ် အာသ္တေ, တဒေဝ ကုတော ဝီက္ၐသေ?
၃ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။
4 တဝ နိဇလောစနေ နာသာယာံ ဝိဒျမာနာယာံ, ဟေ ဘြာတး, တဝ နယနာတ် တၖဏံ ဗဟိၐျရ္တုံ အနုဇာနီဟိ, ကထာမေတာံ နိဇသဟဇာယ ကထံ ကထယိတုံ ၑက္နောၐိ?
၄ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။
5 ဟေ ကပဋိန်, အာဒေါ် နိဇနယနာတ် နာသာံ ဗဟိၐ္ကုရု တတော နိဇဒၖၐ္ဋော် သုပြသန္နာယာံ တဝ ဘြာတၖ ရ္လောစနာတ် တၖဏံ ဗဟိၐ္ကရ္တုံ ၑက္ၐျသိ၊
၅လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။
6 အနျဉ္စ သာရမေယေဘျး ပဝိတြဝသ္တူနိ မာ ဝိတရတ, ဝရာဟာဏာံ သမက္ၐဉ္စ မုက္တာ မာ နိက္ၐိပတ; နိက္ၐေပဏာတ် တေ တား သရွွား ပဒဲ ရ္ဒလယိၐျန္တိ, ပရာဝၖတျ ယုၐ္မာနပိ ဝိဒါရယိၐျန္တိ၊
၆ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။
7 ယာစဓွံ တတော ယုၐ္မဘျံ ဒါယိၐျတေ; မၖဂယဓွံ တတ ဥဒ္ဒေၑံ လပ္သျဓွေ; ဒွါရမ် အာဟတ, တတော ယုၐ္မတ္ကၖတေ မုက္တံ ဘဝိၐျတိ၊
၇တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
8 ယသ္မာဒ် ယေန ယာစျတေ, တေန လဘျတေ; ယေန မၖဂျတေ တေနောဒ္ဒေၑး ပြာပျတေ; ယေန စ ဒွါရမ် အာဟနျတေ, တတ္ကၖတေ ဒွါရံ မောစျတေ၊
၈တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။
9 အာတ္မဇေန ပူပေ ပြာရ္ထိတေ တသ္မဲ ပါၐာဏံ ဝိၑြာဏယတိ,
၉သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ၊
10 မီနေ ယာစိတေ စ တသ္မဲ ဘုဇဂံ ဝိတရတိ, ဧတာဒၖၑး ပိတာ ယုၐ္မာကံ မဓျေ က အာသ္တေ?
၁၀ငါးကို တောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင် ရှိသလော။
11 တသ္မာဒ် ယူယမ် အဘဒြား သန္တော'ပိ ယဒိ နိဇဗာလကေဘျ ဥတ္တမံ ဒြဝျံ ဒါတုံ ဇာနီထ, တရှိ ယုၐ္မာကံ သွရ္ဂသ္ထး ပိတာ သွီယယာစကေဘျး ကိမုတ္တမာနိ ဝသ္တူနိ န ဒါသျတိ?
၁၁သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။
12 ယူၐ္မာန် ပြတီတရေၐာံ ယာဒၖၑော ဝျဝဟာရော ယုၐ္မာကံ ပြိယး, ယူယံ တာန် ပြတိ တာဒၖၑာနေဝ ဝျဝဟာရာန် ဝိဓတ္တ; ယသ္မာဒ် ဝျဝသ္ထာဘဝိၐျဒွါဒိနာံ ဝစနာနာမ် ဣတိ သာရမ်၊
၁၂သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်းသူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။
13 သင်္ကီရ္ဏဒွါရေဏ ပြဝိၑတ; ယတော နရကဂမနာယ ယဒ် ဒွါရံ တဒ် ဝိသ္တီရ္ဏံ ယစ္စ ဝရ္တ္မ တဒ် ဗၖဟတ် တေန ဗဟဝး ပြဝိၑန္တိ၊
၁၃ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။
14 အပရံ သွရ္ဂဂမနာယ ယဒ် ဒွါရံ တတ် ကီဒၖက် သံကီရ္ဏံ၊ ယစ္စ ဝရ္တ္မ တတ် ကီဒၖဂ် ဒုရ္ဂမမ်၊ တဒုဒ္ဒေၐ္ဋာရး ကိယန္တော'လ္ပား၊
၁၄အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။
15 အပရဉ္စ ယေ ဇနာ မေၐဝေၑေန ယုၐ္မာကံ သမီပမ် အာဂစ္ဆန္တိ, ကိန္တွန္တရ္ဒုရန္တာ ဝၖကာ ဧတာဒၖၑေဘျော ဘဝိၐျဒွါဒိဘျး သာဝဓာနာ ဘဝတ, ယူယံ ဖလေန တာန် ပရိစေတုံ ၑက္နုထ၊
၁၅အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။
16 မနုဇား ကိံ ကဏ္ဋကိနော ဝၖက္ၐာဒ် ဒြာက္ၐာဖလာနိ ၑၖဂါလကောလိတၑ္စ ဥဍုမ္ဗရဖလာနိ ၑာတယန္တိ?
၁၆ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ် သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။
17 တဒွဒ် ဥတ္တမ ဧဝ ပါဒပ ဥတ္တမဖလာနိ ဇနယတိ, အဓမပါဒပဧဝါဓမဖလာနိ ဇနယတိ၊
၁၇ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။
18 ကိန္တူတ္တမပါဒပး ကဒါပျဓမဖလာနိ ဇနယိတုံ န ၑက္နောတိ, တထာဓမောပိ ပါဒပ ဥတ္တမဖလာနိ ဇနယိတုံ န ၑက္နောတိ၊
၁၈ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။
19 အပရံ ယေ ယေ ပါဒပါ အဓမဖလာနိ ဇနယန္တိ, တေ ကၖတ္တာ ဝဟ္နော် က္ၐိပျန္တေ၊
၁၉ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။
20 အတဧဝ ယူယံ ဖလေန တာန် ပရိစေၐျထ၊
၂၀သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။
21 ယေ ဇနာ မာံ ပြဘုံ ဝဒန္တိ, တေ သရွွေ သွရ္ဂရာဇျံ ပြဝေက္ၐျန္တိ တန္န, ကိန္တု ယော မာနဝေါ မမ သွရ္ဂသ္ထသျ ပိတုရိၐ္ဋံ ကရ္မ္မ ကရောတိ သ ဧဝ ပြဝေက္ၐျတိ၊
၂၁သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
22 တဒ် ဒိနေ ဗဟဝေါ မာံ ဝဒိၐျန္တိ, ဟေ ပြဘော ဟေ ပြဘော, တဝ နာမ္နာ ကိမသ္မာမိ ရ္ဘဝိၐျဒွါကျံ န ဝျာဟၖတံ? တဝ နာမ္နာ ဘူတား ကိံ န တျာဇိတား? တဝ နာမ္နာ ကိံ နာနာဒ္ဘုတာနိ ကရ္မ္မာဏိ န ကၖတာနိ?
၂၂ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။
23 တဒါဟံ ဝဒိၐျာမိ, ဟေ ကုကရ္မ္မကာရိဏော ယုၐ္မာန် အဟံ န ဝေဒ္မိ, ယူယံ မတ္သမီပါဒ် ဒူရီဘဝတ၊
၂၃ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။
24 ယး ကၑ္စိတ် မမဲတား ကထား ၑြုတွာ ပါလယတိ, သ ပါၐာဏောပရိ ဂၖဟနိရ္မ္မာတြာ ဇ္ဉာနိနာ သဟ မယောပမီယတေ၊
၂၄အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။
25 ယတော ဝၖၐ္ဋော် သတျာမ် အာပ္လာဝ အာဂတေ ဝါယော် ဝါတေ စ တေၐု တဒ္ဂေဟံ လဂ္နေၐု ပါၐာဏောပရိ တသျ ဘိတ္တေသ္တန္န ပတတိ
၂၅မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏။
26 ကိန္တု ယး ကၑ္စိတ် မမဲတား ကထား ၑြုတွာ န ပါလယတိ သ သဲကတေ ဂေဟနိရ္မ္မာတြာ 'ဇ္ဉာနိနာ ဥပမီယတေ၊
၂၆အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
27 ယတော ဇလဝၖၐ္ဋော် သတျာမ် အာပ္လာဝ အာဂတေ ပဝနေ ဝါတေ စ တဲ ရ္ဂၖဟေ သမာဃာတေ တတ် ပတတိ တတ္ပတနံ မဟဒ် ဘဝတိ၊
၂၇မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက် လေသည်ဟုဟောတော်မူ၏။
28 ယီၑုနဲတေၐု ဝါကျေၐု သမာပိတေၐု မာနဝါသ္တဒီယောပဒေၑမ် အာၑ္စရျျံ မေနိရေ၊
၂၈ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။
29 ယသ္မာတ် သ ဥပါဓျာယာ ဣဝ တာန် နောပဒိဒေၑ ကိန္တု သမရ္ထပုရုၐဣဝ သမုပဒိဒေၑ၊
၂၉အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသော သူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။