< မထိး 6 >

1 သာဝဓာနာ ဘဝတ, မနုဇာန် ဒရ္ၑယိတုံ တေၐာံ ဂေါစရေ ဓရ္မ္မကရ္မ္မ မာ ကုရုတ, တထာ ကၖတေ ယုၐ္မာကံ သွရ္ဂသ္ထပိတုး သကာၑာတ် ကိဉ္စန ဖလံ န ပြာပ္သျထ၊
လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။
2 တွံ ယဒါ ဒဒါသိ တဒါ ကပဋိနော ဇနာ ယထာ မနုဇေဘျး ပြၑံသာံ ပြာပ္တုံ ဘဇနဘဝနေ ရာဇမာရ္ဂေ စ တူရီံ ဝါဒယန္တိ, တထာ မာ ကုရိ, အဟံ တုဘျံ ယထာရ္ထံ ကထယာမိ, တေ သွကာယံ ဖလမ် အလဘန္တ၊
ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။
3 ကိန္တု တွံ ယဒါ ဒဒါသိ, တဒါ နိဇဒက္ၐိဏကရော ယတ် ကရောတိ, တဒ် ဝါမကရံ မာ ဇ္ဉာပယ၊
သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။
4 တေန တဝ ဒါနံ ဂုပ္တံ ဘဝိၐျတိ ယသ္တု တဝ ပိတာ ဂုပ္တဒရ္ၑီ, သ ပြကာၑျ တုဘျံ ဖလံ ဒါသျတိ၊
မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။
5 အပရံ ယဒါ ပြာရ္ထယသေ, တဒါ ကပဋိနဣဝ မာ ကုရု, ယသ္မာတ် တေ ဘဇနဘဝနေ ရာဇမာရ္ဂသျ ကောဏေ တိၐ္ဌန္တော လောကာန် ဒရ္ၑယန္တး ပြာရ္ထယိတုံ ပြီယန္တေ; အဟံ ယုၐ္မာန် တထျံ ဝဒါမိ, တေ သွကီယဖလံ ပြာပ္နုဝန်၊
သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။
6 တသ္မာတ် ပြာရ္ထနာကာလေ အန္တရာဂါရံ ပြဝိၑျ ဒွါရံ ရုဒွွာ ဂုပ္တံ ပၑျတသ္တဝ ပိတုး သမီပေ ပြာရ္ထယသွ; တေန တဝ ယး ပိတာ ဂုပ္တဒရ္ၑီ, သ ပြကာၑျ တုဘျံ ဖလံ ဒါသျတိ
သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။
7 အပရံ ပြာရ္ထနာကာလေ ဒေဝပူဇကာဣဝ မုဓာ ပုနရုက္တိံ မာ ကုရု, ယသ္မာတ် တေ ဗောဓန္တေ, ဗဟုဝါရံ ကထာယာံ ကထိတာယာံ တေၐာံ ပြာရ္ထနာ ဂြာဟိၐျတေ၊
သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
8 ယူယံ တေၐာမိဝ မာ ကုရုတ, ယသ္မာတ် ယုၐ္မာကံ ယဒ် ယတ် ပြယောဇနံ ယာစနာတး ပြာဂေဝ ယုၐ္မာကံ ပိတာ တတ် ဇာနာတိ၊
ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။
9 အတဧဝ ယူယမ ဤဒၖက် ပြာရ္ထယဓွံ, ဟေ အသ္မာကံ သွရ္ဂသ္ထပိတး, တဝ နာမ ပူဇျံ ဘဝတု၊
ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
10 တဝ ရာဇတွံ ဘဝတု; တဝေစ္ဆာ သွရ္ဂေ ယထာ တထဲဝ မေဒိနျာမပိ သဖလာ ဘဝတု၊
၁၀နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
11 အသ္မာကံ ပြယောဇနီယမ် အာဟာရမ် အဒျ ဒေဟိ၊
၁၁အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။
12 ဝယံ ယထာ နိဇာပရာဓိနး က္ၐမာမဟေ, တထဲဝါသ္မာကမ် အပရာဓာန် က္ၐမသွ၊
၁၂သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။
13 အသ္မာန် ပရီက္ၐာံ မာနယ, ကိန္တု ပါပါတ္မနော ရက္ၐ; ရာဇတွံ ဂေါ်ရဝံ ပရာကြမး ဧတေ သရွွေ သရွွဒါ တဝ; တထာသ္တု၊
၁၃အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။
14 ယဒိ ယူယမ် အနျေၐာမ် အပရာဓာန် က္ၐမဓွေ တရှိ ယုၐ္မာကံ သွရ္ဂသ္ထပိတာပိ ယုၐ္မာန် က္ၐမိၐျတေ;
၁၄သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
15 ကိန္တု ယဒိ ယူယမ် အနျေၐာမ် အပရာဓာန် န က္ၐမဓွေ, တရှိ ယုၐ္မာကံ ဇနကောပိ ယုၐ္မာကမ် အပရာဓာန် န က္ၐမိၐျတေ၊
၁၅သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။
16 အပရမ် ဥပဝါသကာလေ ကပဋိနော ဇနာ မာနုၐာန် ဥပဝါသံ ဇ္ဉာပယိတုံ သွေၐာံ ဝဒနာနိ မ္လာနာနိ ကုရွွန္တိ, ယူယံ တဣဝ ဝိၐဏဝဒနာ မာ ဘဝတ; အဟံ ယုၐ္မာန် တထျံ ဝဒါမိ တေ သွကီယဖလမ် အလဘန္တ၊
၁၆သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။
17 ယဒါ တွမ် ဥပဝသသိ, တဒါ ယထာ လောကဲသ္တွံ ဥပဝါသီဝ န ဒၖၑျသေ, ကိန္တု တဝ ယော'ဂေါစရး ပိတာ တေနဲဝ ဒၖၑျသေ, တတ္ကၖတေ နိဇၑိရသိ တဲလံ မရ္ဒ္ဒယ ဝဒနဉ္စ ပြက္ၐာလယ;
၁၇ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။
18 တေန တဝ ယး ပိတာ ဂုပ္တဒရ္ၑီ သ ပြကာၑျ တုဘျံ ဖလံ ဒါသျတိ၊
၁၈သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကို လည်းသစ်လော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော် မူလတံ့။
19 အပရံ ယတြ သ္ထာနေ ကီဋား ကလင်္ကာၑ္စ က္ၐယံ နယန္တိ, စော်ရာၑ္စ သန္ဓိံ ကရ္တ္တယိတွာ စောရယိတုံ ၑက္နုဝန္တိ, တာဒၖၑျာံ မေဒိနျာံ သွာရ္ထံ ဓနံ မာ သံစိနုတ၊
၁၉သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။
20 ကိန္တု ယတြ သ္ထာနေ ကီဋား ကလင်္ကာၑ္စ က္ၐယံ န နယန္တိ, စော်ရာၑ္စ သန္ဓိံ ကရ္တ္တယိတွာ စောရယိတုံ န ၑက္နုဝန္တိ, တာဒၖၑေ သွရ္ဂေ ဓနံ သဉ္စိနုတ၊
၂၀သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။
21 ယသ္မာတ် ယတြ သ္ထာနေ ယုၐ္မာံက ဓနံ တတြဲဝ ခါနေ ယုၐ္မာကံ မနာံသိ၊
၂၁အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။
22 လောစနံ ဒေဟသျ ပြဒီပကံ, တသ္မာတ် ယဒိ တဝ လောစနံ ပြသန္နံ ဘဝတိ, တရှိ တဝ ကၖတ္သ္နံ ဝပု ရ္ဒီပ္တိယုက္တံ ဘဝိၐျတိ၊
၂၂မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။
23 ကိန္တု လောစနေ'ပြသန္နေ တဝ ကၖတ္သ္နံ ဝပုး တမိသြယုက္တံ ဘဝိၐျတိ၊ အတဧဝ ယာ ဒီပ္တိသ္တွယိ ဝိဒျတေ, သာ ယဒိ တမိသြယုက္တာ ဘဝတိ, တရှိ တတ် တမိသြံ ကိယန် မဟတ်၊
၂၃မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။
24 ကောပိ မနုဇော ဒွေါ် ပြဘူ သေဝိတုံ န ၑက္နောတိ, ယသ္မာဒ် ဧကံ သံမနျ တဒနျံ န သမ္မနျတေ, ယဒွါ ဧကတြ မနော နိဓာယ တဒနျမ် အဝမနျတေ; တထာ ယူယမပီၑွရံ လက္ၐ္မီဉ္စေတျုဘေ သေဝိတုံ န ၑက္နုထ၊
၂၄အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။
25 အပရမ် အဟံ ယုၐ္မဘျံ တထျံ ကထယာမိ, ကိံ ဘက္ၐိၐျာမး? ကိံ ပါသျာမး? ဣတိ ပြာဏဓာရဏာယ မာ စိန္တယတ; ကိံ ပရိဓာသျာမး? ဣတိ ကာယရက္ၐဏာယ န စိန္တယတ; ဘက္ၐျာတ် ပြာဏာ ဝသနာဉ္စ ဝပူံၐိ ကိံ ၑြေၐ္ဌာဏိ န ဟိ?
၂၅ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။
26 ဝိဟာယသော ဝိဟင်္ဂမာန် ဝိလောကယတ; တဲ ရ္နောပျတေ န ကၖတျတေ ဘာဏ္ဍာဂါရေ န သဉ္စီယတေ'ပိ; တထာပိ ယုၐ္မာကံ သွရ္ဂသ္ထး ပိတာ တေဘျ အာဟာရံ ဝိတရတိ၊
၂၆မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
27 ယူယံ တေဘျး ကိံ ၑြေၐ္ဌာ န ဘဝထ? ယုၐ္မာကံ ကၑ္စိတ် မနုဇး စိန္တယန် နိဇာယုၐး က္ၐဏမပိ ဝရ္ဒ္ဓယိတုံ ၑက္နောတိ?
၂၇အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
28 အပရံ ဝသနာယ ကုတၑ္စိန္တယတ? က္ၐေတြောတ္ပန္နာနိ ပုၐ္ပာဏိ ကထံ ဝရ္ဒ္ဓန္တေ တဒါလောစယတ၊ တာနိ တန္တူန် နောတ္ပာဒယန္တိ ကိမပိ ကာရျျံ န ကုရွွန္တိ;
၂၈အဝတ်အဘို့၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။
29 တထာပျဟံ ယုၐ္မာန် ဝဒါမိ, သုလေမာန် တာဒၖဂ် အဲၑွရျျဝါနပိ တတ္ပုၐ္ပမိဝ ဝိဘူၐိတော နာသီတ်၊
၂၉သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကို မမှီဟု ငါဆို၏။
30 တသ္မာတ် က္ၐဒျ ဝိဒျမာနံ ၑ္စး စုလ္လျာံ နိက္ၐေပ္သျတေ တာဒၖၑံ ယတ် က္ၐေတြသ္ထိတံ ကုသုမံ တတ် ယဒီၑ္စရ ဣတ္ထံ ဗိဘူၐယတိ, တရှိ ဟေ သ္တောကပြတျယိနော ယုၐ္မာန် ကိံ န ပရိဓာပယိၐျတိ?
၃၀ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။
31 တသ္မာတ် အသ္မာဘိး ကိမတ္သျတေ? ကိဉ္စ ပါယိၐျတေ? ကိံ ဝါ ပရိဓာယိၐျတေ, ဣတိ န စိန္တယတ၊
၃၁ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍မစိုးရိမ်ကြနှင့်။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။
32 ယသ္မာတ် ဒေဝါရ္စ္စကာ အပီတိ စေၐ္ဋန္တေ; ဧတေၐု ဒြဝျေၐု ပြယောဇနမသ္တီတိ ယုၐ္မာကံ သွရ္ဂသ္ထး ပိတာ ဇာနာတိ၊
၃၂ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။
33 အတဧဝ ပြထမတ ဤၑွရီယရာဇျံ ဓရ္မ္မဉ္စ စေၐ္ဋဓွံ, တတ ဧတာနိ ဝသ္တူနိ ယုၐ္မဘျံ ပြဒါယိၐျန္တေ၊
၃၃ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။
34 ၑွး ကၖတေ မာ စိန္တယတ, ၑွဧဝ သွယံ သွမုဒ္ဒိၑျ စိန္တယိၐျတိ; အဒျတနီ ယာ စိန္တာ သာဒျကၖတေ ပြစုရတရာ၊
၃၄ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။

< မထိး 6 >