< မထိး 5 >
1 အနန္တရံ သ ဇနနိဝဟံ နိရီက္ၐျ ဘူဓရောပရိ ဝြဇိတွာ သမုပဝိဝေၑ၊
၁ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။-
2 တဒါနီံ ၑိၐျေၐု တသျ သမီပမာဂတေၐု တေန တေဘျ ဧၐာ ကထာ ကထျာဉ္စကြေ၊
၂ထိုအခါကိုယ်တော်သည်သူတို့အားအောက် ပါအတိုင်းဟောပြောသွန်သင်တော်မူ၏။
3 အဘိမာနဟီနာ ဇနာ ဓနျား, ယတသ္တေ သွရ္ဂီယရာဇျမ် အဓိကရိၐျန္တိ၊
၃``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
4 ခိဒျမာနာ မနုဇာ ဓနျား, ယသ္မာတ် တေ သာန္တွနာံ ပြာပ္သန္တိ၊
၄``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။
5 နမြာ မာနဝါၑ္စ ဓနျား, ယသ္မာတ် တေ မေဒိနီမ် အဓိကရိၐျန္တိ၊
၅``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။
6 ဓရ္မ္မာယ ဗုဘုက္ၐိတား တၖၐာရ္တ္တာၑ္စ မနုဇာ ဓနျား, ယသ္မာတ် တေ ပရိတရ္ပ္သျန္တိ၊
၆``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
7 ကၖပါလဝေါ မာနဝါ ဓနျား, ယသ္မာတ် တေ ကၖပါံ ပြာပ္သျန္တိ၊
၇``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။
8 နိရ္မ္မလဟၖဒယာ မနုဇာၑ္စ ဓနျား, ယသ္မာတ် တ ဤၑ္စရံ ဒြက္ၐျန္တိ၊
၈``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။
9 မေလယိတာရော မာနဝါ ဓနျား, ယသ္မာတ် တ ဤၑ္စရသျ သန္တာနတွေန ဝိချာသျန္တိ၊
၉``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။
10 ဓရ္မ္မကာရဏာတ် တာဍိတာ မနုဇာ ဓနျာ, ယသ္မာတ် သွရ္ဂီယရာဇျေ တေၐာမဓိကရော ဝိဒျတေ၊
၁၀``ဘုရားသခင်၏အလိုတော်အတိုင်း ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
11 ယဒါ မနုဇာ မမ နာမကၖတေ ယုၐ္မာန် နိန္ဒန္တိ တာဍယန္တိ မၖၐာ နာနာဒုရွွာကျာနိ ဝဒန္တိ စ, တဒါ ယုယံ ဓနျား၊
၁၁``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက် မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။
12 တဒါ အာနန္ဒတ, တထာ ဘၖၑံ ဟ္လာဒဓွဉ္စ, ယတး သွရ္ဂေ ဘူယာံသိ ဖလာနိ လပ္သျဓွေ; တေ ယုၐ္မာကံ ပုရာတနာန် ဘဝိၐျဒွါဒိနော'ပိ တာဒၖဂ် အတာဍယန်၊
၁၂``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။
13 ယုယံ မေဒိနျာံ လဝဏရူပါး, ကိန္တု ယဒိ လဝဏသျ လဝဏတွမ် အပယာတိ, တရှိ တတ် ကေန ပြကာရေဏ သွာဒုယုက္တံ ဘဝိၐျတိ? တတ် ကသျာပိ ကာရျျသျာယောဂျတွာတ် ကေဝလံ ဗဟိး ပြက္ၐေပ္တုံ နရာဏာံ ပဒတလေန ဒလယိတုဉ္စ ယောဂျံ ဘဝတိ၊
၁၃``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။
14 ယူယံ ဇဂတိ ဒီပ္တိရူပါး, ဘူဓရောပရိ သ္ထိတံ နဂရံ ဂုပ္တံ ဘဝိတုံ နဟိ ၑက္ၐျတိ၊
၁၄``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။-
15 အပရံ မနုဇား ပြဒီပါန် ပြဇွာလျ ဒြောဏာဓော န သ္ထာပယန္တိ, ကိန္တု ဒီပါဓာရောပရျျေဝ သ္ထာပယန္တိ, တေန တေ ဒီပါ ဂေဟသ္ထိတာန် သကလာန် ပြကာၑယန္တိ၊
၁၅ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။-
16 ယေန မာနဝါ ယုၐ္မာကံ သတ္ကရ္မ္မာဏိ ဝိလောကျ ယုၐ္မာကံ သွရ္ဂသ္ထံ ပိတရံ ဓနျံ ဝဒန္တိ, တေၐာံ သမက္ၐံ ယုၐ္မာကံ ဒီပ္တိသ္တာဒၖက် ပြကာၑတာမ်၊
၁၆ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
17 အဟံ ဝျဝသ္ထာံ ဘဝိၐျဒွါကျဉ္စ လောပ္တုမ် အာဂတဝါန်, ဣတ္ထံ မာနုဘဝတ, တေ ဒွေ လောပ္တုံ နာဂတဝါန်, ကိန္တု သဖလေ ကရ္တ္တုမ် အာဂတောသ္မိ၊
၁၇``ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းတို့ကိုဖျက် သိမ်းရန်ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်သိမ်း ရန်လာသည်မဟုတ်။ ထိုကျမ်းများတွင်ဖော်ပြ ပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်သာငါလာ သတည်း။-
18 အပရံ ယုၐ္မာန် အဟံ တထျံ ဝဒါမိ ယာဝတ် ဝျောမမေဒိနျော ရ္ဓွံသော န ဘဝိၐျတိ, တာဝတ် သရွွသ္မိန် သဖလေ န ဇာတေ ဝျဝသ္ထာယာ ဧကာ မာတြာ ဗိန္ဒုရေကောပိ ဝါ န လောပ္သျတေ၊
၁၈သင်တို့အားအမှန်အကန်ငါဆိုသည်ကားကောင်း ကင်နှင့်မြေကြီးတည်ရှိသမျှကာလပတ်လုံး ပညတ်ကျမ်းမှအက္ခရာတစ်လုံး၊ ဝစ္စတစ်လုံးမျှ ပင်မပျောက်ပျက်ရ။ ထိုကျမ်းတွင်ဖော်ပြသော အမှုအရာအလုံးစုံတို့သည်ဖြစ်ပျက်ရမည်။-
19 တသ္မာတ် ယော ဇန ဧတာသာမ် အာဇ္ဉာနာမ် အတိက္ၐုဒြာမ် ဧကာဇ္ဉာမပီ လံဃတေ မနုဇာံဉ္စ တထဲဝ ၑိက္ၐယတိ, သ သွရ္ဂီယရာဇျေ သရွွေဘျး က္ၐုဒြတွေန ဝိချာသျတေ, ကိန္တု ယော ဇနသ္တာံ ပါလယတိ, တထဲဝ ၑိက္ၐယတိ စ, သ သွရ္ဂီယရာဇျေ ပြဓာနတွေန ဝိချာသျတေ၊
၁၉အသေးငယ်ဆုံးသောပညတ်ကိုကူးလွန်၍ သူတစ်ပါးတို့ကူးလွန်ရန်ကိုလည်းဟောပြော သွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်အသိမ် ငယ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင်ပညတ်တော် များကိုလိုက်နာကျင့်သုံး၍ သူတစ်ပါးတို့လိုက်နာ ကျင့်သုံးရန်ကိုလည်းဟောပြောသွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်ကြီးမြတ်သူဖြစ်လိမ့် မည်။-
20 အပရံ ယုၐ္မာန် အဟံ ဝဒါမိ, အဓျာပကဖိရူၑိမာနဝါနာံ ဓရ္မ္မာနုၐ္ဌာနာတ် ယုၐ္မာကံ ဓရ္မ္မာနုၐ္ဌာနေ နောတ္တမေ ဇာတေ ယူယမ် ဤၑွရီယရာဇျံ ပြဝေၐ္ဋုံ န ၑက္ၐျထ၊
၂၀ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ကျင့် သုံးရာတွင် သင်တို့သည်ဖာရိရှဲနှင့်ကျမ်းတတ် ဆရာတို့ထက်မသာလျှင် ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်ဟုငါဆို၏။
21 အပရဉ္စ တွံ နရံ မာ ဝဓီး, ယသ္မာတ် ယော နရံ ဟန္တိ, သ ဝိစာရသဘာယာံ ဒဏ္ဍာရှော ဘဝိၐျတိ, ပူရွွကာလီနဇနေဘျ ဣတိ ကထိတမာသီတ်, ယုၐ္မာဘိရၑြာဝိ၊
၂၁``လူ့အသက်ကိုမသတ်ရ။ သတ်သောသူသည် တရားသူကြီး၏ရှေ့မှောက်သို့ရောက်ရမည် ဟူသောပညတ်ကိုသင်တို့ကြားရလေပြီ။-
22 ကိန္တွဟံ ယုၐ္မာန် ဝဒါမိ, ယး ကၑ္စိတ် ကာရဏံ ဝိနာ နိဇဘြာတြေ ကုပျတိ, သ ဝိစာရသဘာယာံ ဒဏ္ဍာရှော ဘဝိၐျတိ; ယး ကၑ္စိစ္စ သွီယသဟဇံ နိရ္ဗ္ဗောဓံ ဝဒတိ, သ မဟာသဘာယာံ ဒဏ္ဍာရှော ဘဝိၐျတိ; ပုနၑ္စ တွံ မူဎ ဣတိ ဝါကျံ ယဒိ ကၑ္စိတ် သွီယဘြာတရံ ဝက္တိ, တရှိ နရကာဂ္နော် သ ဒဏ္ဍာရှော ဘဝိၐျတိ၊ (Geenna )
၂၂သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။- (Geenna )
23 အတော ဝေဒျား သမီပံ နိဇနဲဝေဒျေ သမာနီတေ'ပိ နိဇဘြာတရံ ပြတိ ကသ္မာစ္စိတ် ကာရဏာတ် တွံ ယဒိ ဒေါၐီ ဝိဒျသေ, တဒါနီံ တဝ တသျ သ္မၖတိ ရ္ဇာယတေ စ,
၂၃သို့ဖြစ်၍သင်သည်ယဇ်ပလ္လင်တော်တွင်ပူဇော် သကာဆက်သမည်ပြုစဉ် မိမိအပေါ်၌ညီအစ်ကို တစ်ဦးတစ်ယောက်၏မကျေနပ်မှုကိုသတိရ ခဲ့သော်၊-
24 တရှိ တသျာ ဝေဒျား သမီပေ နိဇနဲဝဲဒျံ နိဓာယ တဒဲဝ ဂတွာ ပူရွွံ တေန သာရ္ဒ္ဓံ မိလ, ပၑ္စာတ် အာဂတျ နိဇနဲဝေဒျံ နိဝေဒယ၊
၂၄ပူဇော်သကာကိုထားခဲ့ပြီးလျှင်ထိုသူ၏ကျေ နပ်မှုကိုရယူလော့။ ထိုနောက်ပြန်၍သင်၏ပူဇော် သကာကိုဆက်သလော့။
25 အနျဉ္စ ယာဝတ် ဝိဝါဒိနာ သာရ္ဒ္ဓံ ဝရ္တ္မနိ တိၐ္ဌသိ, တာဝတ် တေန သာရ္ဒ္ဓံ မေလနံ ကုရု; နော စေတ် ဝိဝါဒီ ဝိစာရယိတုး သမီပေ တွာံ သမရ္ပယတိ ဝိစာရယိတာ စ ရက္ၐိဏး သန္နိဓော် သမရ္ပယတိ တဒါ တွံ ကာရာယာံ ဗဓျေထား၊
၂၅``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။-
26 တရှိ တွာမဟံ တထ္ထံ ဗြဝီမိ, ၑေၐကပရ္ဒကေ'ပိ န ပရိၑောဓိတေ တသ္မာတ် သ္ထာနာတ် ကဒါပိ ဗဟိရာဂန္တုံ န ၑက္ၐျသိ၊
၂၆ပေးဆပ်ရန်ရှိသောငွေအကုန်အစင်မပေးမ ဆပ်မချင်းသင်သည်ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟုငါဆို၏။
27 အပရံ တွံ မာ ဝျဘိစရ, ယဒေတဒ် ဝစနံ ပူရွွကာလီနလောကေဘျး ကထိတမာသီတ်, တဒ် ယူယံ ၑြုတဝန္တး;
၂၇``သူ့အိမ်ရာကိုမပြစ်မှားနှင့်ဟူသောပညတ် ကိုသင်တို့ကြားသိရလေပြီ။-ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။
28 ကိန္တွဟံ ယုၐ္မာန် ဝဒါမိ, ယဒိ ကၑ္စိတ် ကာမတး ကာဉ္စန ယောၐိတံ ပၑျတိ, တရှိ သ မနသာ တဒဲဝ ဝျဘိစရိတဝါန်၊
၂၈သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။-
29 တသ္မာတ် တဝ ဒက္ၐိဏံ နေတြံ ယဒိ တွာံ ဗာဓတေ, တရှိ တန္နေတြမ် ဥတ္ပာဋျ ဒူရေ နိက္ၐိပ, ယသ္မာတ် တဝ သရွွဝပုၐော နရကေ နိက္ၐေပါတ် တဝဲကာင်္ဂသျ နာၑော ဝရံ၊ (Geenna )
၂၉သင်၏လက်ယာမျက်စိသည်သင့်အားမှောက်မှား စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ကိုယ် ခန္ဓာတစ်ခုလုံးငရဲသို့လားရသည်ထက်ကိုယ် အင်္ဂါတစ်ခုချို့တဲ့ရခြင်းကသာ၍ကောင်း၏။- (Geenna )
30 ယဒွါ တဝ ဒက္ၐိဏး ကရော ယဒိ တွာံ ဗာဓတေ, တရှိ တံ ကရံ ဆိတ္တွာ ဒူရေ နိက္ၐိပ, ယတး သရွွဝပုၐော နရကေ နိက္ၐေပါတ် ဧကာင်္ဂသျ နာၑော ဝရံ၊ (Geenna )
၃၀သင်၏လက်ယာလက်သည်သင့်အားမှောက်မှားစေ လျှင်ထိုလက်ကိုဖြတ်ပစ်လော့။ သင်၏ကိုယ်ခန္ဓာတစ် ခုလုံးငရဲသို့လားရသည်ထက်ကိုယ်အင်္ဂါတစ်ခု ချို့တဲ့ရခြင်းကသာ၍ကောင်း၏။ (Geenna )
31 ဥက္တမာသ္တေ, ယဒိ ကၑ္စိန် နိဇဇာယာံ ပရိတျက္တ္တုမ် ဣစ္ဆတိ, တရှိ သ တသျဲ တျာဂပတြံ ဒဒါတု၊
၃၁``မိမိ၏မယားနှင့်ကွာရှင်းလိုသူသည်ဖြတ်စာ ကိုပေးအပ်ရမည်ဟုဆိုရိုးစကားရှိ၏။-
32 ကိန္တွဟံ ယုၐ္မာန် ဝျာဟရာမိ, ဝျဘိစာရဒေါၐေ န ဇာတေ ယဒိ ကၑ္စိန် နိဇဇာယာံ ပရိတျဇတိ, တရှိ သ တာံ ဝျဘိစာရယတိ; ယၑ္စ တာံ တျက္တာံ သ္တြိယံ ဝိဝဟတိ, သောပိ ဝျဘိစရတိ၊
၃၂သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။
33 ပုနၑ္စ တွံ မၖၐာ ၑပထမ် န ကုရွွန် ဤၑ္စရာယ နိဇၑပထံ ပါလယ, ပူရွွကာလီနလောကေဘျော ယဲၐာ ကထာ ကထိတာ, တာမပိ ယူယံ ၑြုတဝန္တး၊
၃၃``ထို့အပြင်`သင်သည်သစ္စာကတိကိုမဖျက်ရ။ ဘုရားသခင်၏ရှေ့တော်တွင်သင်ထားရှိသည့် သစ္စာကတိအတိုင်းဆောင်ရွက်ရမည်' ဟူသော ပညတ်ကိုသင်တို့ကြားသိရလေပြီ။-
34 ကိန္တွဟံ ယုၐ္မာန် ဝဒါမိ, ကမပိ ၑပထံ မာ ကာရ္ၐ္ဋ, အရ္ထတး သွရ္ဂနာမ္နာ န, ယတး သ ဤၑွရသျ သိံဟာသနံ;
၃၄သို့ရာတွင်သင်တို့သည်တစ်စုံတစ်ခုကိုကတိပြု သောအခါလုံးဝကျိန်ဆို၍မပြောကြနှင့်ဟု သင်တို့အားငါဆို၏။ ကောင်းကင်ဘုံကိုတိုင်တည် ၍မကျိန်ဆိုကြနှင့်။ ကောင်းကင်ဘုံသည်ဘုရား သခင်၏ပလ္လင်တော်ဖြစ်၏။-
35 ပၖထိဝျာ နာမ္နာပိ န, ယတး သာ တသျ ပါဒပီဌံ; ယိရူၑာလမော နာမ္နာပိ န, ယတး သာ မဟာရာဇသျ ပုရီ;
၃၅ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ခြေတင်ခုံဖြစ်၏။ ယေရုရှလင်မြို့ကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ယေရုရှလင်မြို့သည်ဘုရင်မင်းမြတ်၏နေပြည် တော်ဖြစ်၏။-
36 နိဇၑိရောနာမ္နာပိ န, ယသ္မာတ် တသျဲကံ ကစမပိ သိတမ် အသိတံ ဝါ ကရ္တ္တုံ တွယာ န ၑကျတေ၊
၃၆မိမိ၏ဦးခေါင်းကိုတိုင်တည်၍လည်းမကျိန်ဆို ကြနှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ဆံပင် တစ်ပင်မျှကိုပင်ဖြူအောင်မတတ်နိုင်ကြသော ကြောင့်တည်း။-
37 အပရံ ယူယံ သံလာပသမယေ ကေဝလံ ဘဝတီတိ န ဘဝတီတိ စ ဝဒတ ယတ ဣတော'ဓိကံ ယတ် တတ် ပါပါတ္မနော ဇာယတေ၊
၃၇သင်တို့သည် `ဟုတ်ပါသည်' သို့မဟုတ် `မဟုတ်ပါ' ဟူ၍သာပြောဆိုကြလော့။ ဤထက်ပိုသော စကားသည်မာရ်နတ်၏ထံမှရသောစကား ဖြစ်၏။
38 အပရံ လောစနသျ ဝိနိမယေန လောစနံ ဒန္တသျ ဝိနိမယေန ဒန္တး ပူရွွက္တမိဒံ ဝစနဉ္စ ယုၐ္မာဘိရၑြူယတ၊
၃၈``မျက်စိအစားမျက်စိ၊ သွားအစားသွားဟူ သောပညတ်ကိုသင်တို့ကြားသိရလေပြီ။-
39 ကိန္တွဟံ ယုၐ္မာန် ဝဒါမိ ယူယံ ဟိံသကံ နရံ မာ ဝျာဃာတယတ၊ ကိန္တု ကေနစိတ် တဝ ဒက္ၐိဏကပေါလေ စပေဋာဃာတေ ကၖတေ တံ ပြတိ ဝါမံ ကပေါလဉ္စ ဝျာဃောဋယ၊
၃၉သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။-
40 အပရံ ကေနစိတ် တွယာ သာရ္ဓ္ဒံ ဝိဝါဒံ ကၖတွာ တဝ ပရိဓေယဝသနေ ဇိဃၖတိတေ တသ္မာယုတ္တရီယဝသနမပိ ဒေဟိ၊
၄၀သင်၏အတွင်းအင်္ကျီကိုယူလို၍တရားတွေ့သော သူအားသင်၏ဝတ်လုံကိုလည်းယူခွင့်ပြုလော့။-
41 ယဒိ ကၑ္စိတ် တွာံ ကြောၑမေကံ နယနာရ္ထံ အနျာယတော ဓရတိ, တဒါ တေန သာရ္ဓ္ဒံ ကြောၑဒွယံ ယာဟိ၊
၄၁သင့်အားအနိုင်အထက်ပြု၍ခရီးတစ်မိုင်သွား စေသူနှင့်ခရီးနှစ်မိုင်သွားလော့။-
42 ယၑ္စ မာနဝသ္တွာံ ယာစတေ, တသ္မဲ ဒေဟိ, ယဒိ ကၑ္စိတ် တုဘျံ ဓာရယိတုမ် ဣစ္ဆတိ, တရှိ တံ ပြတိ ပရာံမုခေါ မာ ဘူး၊
၄၂တောင်းခံသူအားပေးကမ်းလော့။ ချေးငှားလိုသူ အားလည်းချေးငှားလော့။
43 နိဇသမီပဝသိနိ ပြေမ ကုရု, ကိန္တု ၑတြုံ ပြတိ ဒွေၐံ ကုရု, ယဒေတတ် ပုရောက္တံ ဝစနံ ဧတဒပိ ယူယံ ၑြုတဝန္တး၊
၄၃``မိတ်ဆွေကိုချစ်လော့။ ရန်သူကိုမုန်းလော့ဟူ သောပညတ်ကိုသင်တို့ ကြားသိရလေပြီ။-
44 ကိန္တွဟံ ယုၐ္မာန် ဝဒါမိ, ယူယံ ရိပုဝွပိ ပြေမ ကုရုတ, ယေ စ ယုၐ္မာန် ၑပန္တေ, တာန, အာၑိၐံ ဝဒတ, ယေ စ ယုၐ္မာန် ၒတီယန္တေ, တေၐာံ မင်္ဂလံ ကုရုတ, ယေ စ ယုၐ္မာန် နိန္ဒန္တိ, တာဍယန္တိ စ, တေၐာံ ကၖတေ ပြာရ္ထယဓွံ၊
၄၄သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။-
45 တတြ ယး သတာမသတာဉ္စောပရိ ပြဘာကရမ် ဥဒါယယတိ, တထာ ဓာရ္မ္မိကာနာမဓာရ္မ္မိကာနာဉ္စောပရိ နီရံ ဝရ္ၐယတိ တာဒၖၑော ယော ယုၐ္မာကံ သွရ္ဂသ္ထး ပိတာ, ယူယံ တသျဲဝ သန္တာနာ ဘဝိၐျထ၊
၄၅သို့မှသာသင်တို့သည်ကောင်းကင်ဘုံရှင်သင်တို့ အဖ၏သားများဖြစ်ကြလိမ့်မည်။ ကိုယ်တော်သည် လူဆိုးလူကောင်းများအပေါ်၌နေရောင်ခြည် ကိုသက်ရောက်စေတော်မူ၏။ သူတော်ကောင်း၊ သူ ယုတ်မာများအပေါ်၌မိုးကိုရွာစေတော်မူ၏။-
46 ယေ ယုၐ္မာသု ပြေမ ကုရွွန္တိ, ယူယံ ယဒိ ကေဝလံ တေဝွေဝ ပြေမ ကုရုထ, တရှိ ယုၐ္မာကံ ကိံ ဖလံ ဘဝိၐျတိ? စဏ္ဍာလာ အပိ တာဒၖၑံ ကိံ န ကုရွွန္တိ?
၄၆သင်တို့သည်မိမိတို့အားချစ်သောသူများကိုသာ ချစ်တုံ့ပြန်ပါမူ အဘယ်သို့လျှင်ဘုရားသခင်ထံ တော်မှကောင်းချီးကိုခံစားထိုက်ပါမည်နည်း။ အခွန် ခံသူများပင်လျှင်ဤသို့ပြုကြသည်မဟုတ်လော။-
47 အပရံ ယူယံ ယဒိ ကေဝလံ သွီယဘြာတၖတွေန နမတ, တရှိ ကိံ မဟတ် ကရ္မ္မ ကုရုထ? စဏ္ဍာလာ အပိ တာဒၖၑံ ကိံ န ကုရွွန္တိ?
၄၇ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
48 တသ္မာတ် ယုၐ္မာကံ သွရ္ဂသ္ထး ပိတာ ယထာ ပူရ္ဏော ဘဝတိ, ယူယမပိ တာဒၖၑာ ဘဝတ၊
၄၈ကောင်းကင်ဘုံရှင်သင်တို့၏အဖသည်ကောင်းမြတ် စုံလင်တော်မူသကဲ့သို့သင်တို့သည်လည်းကောင်း မြတ်စုံလင်ကြလော့။