< မထိး 4 >

1 တတး ပရံ ယီၑုး ပြတာရကေဏ ပရီက္ၐိတော ဘဝိတုမ် အာတ္မနာ ပြာန္တရမ် အာကၖၐ္ဋး
ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
2 သန် စတွာရိံၑဒဟောရာတြာန် အနာဟာရသ္တိၐ္ဌန် က္ၐုဓိတော ဗဘူဝ၊
ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
3 တဒါနီံ ပရီက္ၐိတာ တတ္သမီပမ် အာဂတျ ဝျာဟၖတဝါန်, ယဒိ တွမီၑွရာတ္မဇော ဘဝေသ္တရှျာဇ္ဉယာ ပါၐာဏာနေတာန် ပူပါန် ဝိဓေဟိ၊
ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
4 တတး သ ပြတျဗြဝီတ်, ဣတ္ထံ လိခိတမာသ္တေ, "မနုဇး ကေဝလပူပေန န ဇီဝိၐျတိ, ကိန္တွီၑွရသျ ဝဒနာဒ် ယာနိ ယာနိ ဝစာံသိ နိးသရန္တိ တဲရေဝ ဇီဝိၐျတိ၊ "
ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
5 တဒါ ပြတာရကသ္တံ ပုဏျနဂရံ နီတွာ မန္ဒိရသျ စူဍောပရိ နိဓာယ ဂဒိတဝါန်,
ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋ်၌ တင်ထားပြီးလျှင်၊
6 တွံ ယဒိၑွရသျ တနယော ဘဝေသ္တရှီတော'ဓး ပတ, ယတ ဣတ္ထံ လိခိတမာသ္တေ, အာဒေက္ၐျတိ နိဇာန် ဒူတာန် ရက္ၐိတုံ တွာံ ပရမေၑွရး၊ ယထာ သရွွေၐု မာရ္ဂေၐု တွဒီယစရဏဒွယေ၊ န လဂေတ် ပြသ္တရာဃာတသ္တွာံ ဃရိၐျန္တိ တေ ကရဲး။
ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။
7 တဒါနီံ ယီၑုသ္တသ္မဲ ကထိတဝါန် ဧတဒပိ လိခိတမာသ္တေ, "တွံ နိဇပြဘုံ ပရမေၑွရံ မာ ပရီက္ၐသွ၊ "
ယေရှုကလည်း သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာ ပြန်သည်ဟု မိန့်တော်မူ၏။
8 အနန္တရံ ပြတာရကး ပုနရပိ တမ် အတျုဉ္စဓရာဓရောပရိ နီတွာ ဇဂတး သကလရာဇျာနိ တဒဲၑွရျျာဏိ စ ဒရ္ၑယာၑ္စကာရ ကထယာဉ္စကာရ စ,
တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊
9 ယဒိ တွံ ဒဏ္ဍဝဒ် ဘဝန် မာံ ပြဏမေသ္တရှျဟမ် ဧတာနိ တုဘျံ ပြဒါသျာမိ၊
ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။
10 တဒါနီံ ယီၑုသ္တမဝေါစတ်, ဒူရီဘဝ ပြတာရက, လိခိတမိဒမ် အာသ္တေ, "တွယာ နိဇး ပြဘုး ပရမေၑွရး ပြဏမျး ကေဝလး သ သေဝျၑ္စ၊ "
၁၀ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။
11 တတး ပြတာရကေဏ သ ပရျျတျာဇိ, တဒါ သွရ္ဂီယဒူတဲရာဂတျ သ သိၐေဝေ၊
၁၁ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ၏။
12 တဒနန္တရံ ယောဟန် ကာရာယာံ ဗဗန္ဓေ, တဒွါရ္တ္တာံ နိၑမျ ယီၑုနာ ဂါလီလ် ပြာသ္ထီယတ၊
၁၂ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
13 တတး ပရံ သ နာသရန္နဂရံ ဝိဟာယ ဇလဃေသ္တဋေ သိဗူလူန္နပ္တာလီ ဧတယောရုဝဘယေား ပြဒေၑယေား သီမ္နောရ္မဓျဝရ္တ္တီ ယ: ကဖရ္နာဟူမ် တန္နဂရမ် ဣတွာ နျဝသတ်၊
၁၃နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။
14 တသ္မာတ်, အနျာဒေၑီယဂါလီလိ ယရ္ဒ္ဒန္ပာရေ'ဗ္ဓိရောဓသိ၊ နပ္တာလိသိဗူလူန္ဒေၑော် ယတြ သ္ထာနေ သ္ထိတော် ပုရာ၊
၁၄ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။
15 တတြတျာ မနုဇာ ယေ ယေ ပရျျဘြာမျန် တမိသြကေ၊ တဲရ္ဇနဲရ္ဗၖဟဒါလောကး ပရိဒရ္ၑိၐျတေ တဒါ၊ အဝသန် ယေ ဇနာ ဒေၑေ မၖတျုစ္ဆာယာသွရူပကေ၊ တေၐာမုပရိ လောကာနာမာလောကး သံပြကာၑိတး။
၁၅နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊
16 ယဒေတဒွစနံ ယိၑယိယဘဝိၐျဒွါဒိနာ ပြောက္တံ, တတ် တဒါ သဖလမ် အဘူတ်၊
၁၆မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။
17 အနန္တရံ ယီၑုး သုသံဝါဒံ ပြစာရယန် ဧတာံ ကထာံ ကထယိတုမ် အာရေဘေ, မနာံသိ ပရာဝရ္တ္တယတ, သွရ္ဂီယရာဇတွံ သဝိဓမဘဝတ်၊
၁၇ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
18 တတး ပရံ ယီၑု ရ္ဂာလီလော ဇလဓေသ္တဋေန ဂစ္ဆန် ဂစ္ဆန် အာန္ဒြိယသ္တသျ ဘြာတာ ၑိမောန် အရ္ထတော ယံ ပိတရံ ဝဒန္တိ ဧတာဝုဘော် ဇလဃော် ဇာလံ က္ၐိပန္တော် ဒဒရ္ၑ, ယတသ္တော် မီနဓာရိဏာဝါသ္တာမ်၊
၁၈ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
19 တဒါ သ တာဝါဟူယ ဝျာဇဟာရ, ယုဝါံ မမ ပၑ္စာဒ် အာဂစ္ဆတံ, ယုဝါမဟံ မနုဇဓာရိဏော် ကရိၐျာမိ၊
၁၉ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော်၊
20 တေနဲဝ တော် ဇာလံ ဝိဟာယ တသျ ပၑ္စာတ် အာဂစ္ဆတာမ်၊
၂၀ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
21 အနန္တရံ တသ္မာတ် သ္ထာနာတ် ဝြဇန် ဝြဇန် သိဝဒိယသျ သုတော် ယာကူဗ် ယောဟန္နာမာနော် ဒွေါ် သဟဇော် တာတေန သာရ္ဒ္ဓံ နော်ကောပရိ ဇာလသျ ဇီရ္ဏောဒ္ဓါရံ ကုရွွန္တော် ဝီက္ၐျ တာဝါဟူတဝါန်၊
၂၁ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
22 တတ္က္ၐဏာတ် တော် နာဝံ သွတာတဉ္စ ဝိဟာယ တသျ ပၑ္စာဒ္ဂါမိနော် ဗဘူဝတုး၊
၂၂ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
23 အနန္တရံ ဘဇနဘဝနေ သမုပဒိၑန် ရာဇျသျ သုသံဝါဒံ ပြစာရယန် မနုဇာနာံ သရွွပြကာရာန် ရောဂါန် သရွွပြကာရပီဍာၑ္စ ၑမယန် ယီၑုး ကၖတ္သ္နံ ဂါလီလ္ဒေၑံ ဘြမိတုမ် အာရဘတ၊
၂၃ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
24 တေန ကၖတ္သ္နသုရိယာဒေၑသျ မဓျံ တသျ ယၑော ဝျာပ္နောတ်, အပရံ ဘူတဂြသ္တာ အပသ္မာရရ္ဂီဏး ပက္ၐာဓာတိပြဘၖတယၑ္စ ယာဝန္တော မနုဇာ နာနာဝိဓဝျာဓိဘိး က္လိၐ္ဋာ အာသန်, တေၐု သရွွေၐု တသျ သမီပမ် အာနီတေၐု သ တာန် သွသ္ထာန် စကာရ၊
၂၄သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။
25 ဧတေန ဂါလီလ်-ဒိကာပနိ-ယိရူၑာလမ်-ယိဟူဒီယဒေၑေဘျော ယရ္ဒ္ဒနး ပါရာဉ္စ ဗဟဝေါ မနုဇာသ္တသျ ပၑ္စာဒ် အာဂစ္ဆန်၊
၂၅ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။

< မထိး 4 >