< မထိး 26 >
1 ယီၑုရေတာန် ပြသ္တာဝါန် သမာပျ ၑိၐျာနူစေ,
၁ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင်၊ တပည့်တော်တို့အား၊
2 ယုၐ္မာဘိ ရ္ဇ္ဉာတံ ဒိနဒွယာတ် ပရံ နိသ္တာရမဟ ဥပသ္ထာသျတိ, တတြ မနုဇသုတး ကြုၑေန ဟန္တုံ ပရကရေၐု သမရ္ပိၐျတေ၊
၂နှစ်ရက်လွန်မှပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက် သတ်စေခြင်းငှါ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။
3 တတး ပရံ ပြဓာနယာဇကာဓျာပကပြာဉ္စး ကိယဖာနာမ္နော မဟာယာဇကသျာဋ္ဋာလိကာယာံ မိလိတွာ
၃ထိုအခါ ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊
4 ကေနောပါယေန ယီၑုံ ဓၖတွာ ဟန္တုံ ၑက္နုယုရိတိ မန္တြယာဉ္စကြုး၊
၄ယေရှုကို ပရိယာယ်အားဖြင့် ဘမ်းဆီး၍ သတ်အံ့သောငှါ တိုင်ပင်ကြ၏။
5 ကိန္တု တဲရုက္တံ မဟကာလေ န ဓရ္တ္တဝျး, ဓၖတေ ပြဇာနာံ ကလဟေန ဘဝိတုံ ၑကျတေ၊
၅သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကိုစိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။
6 တတော ဗဲထနိယာပုရေ ၑိမောနာချသျ ကုၐ္ဌိနော ဝေၑ္မနိ ယီၑော် တိၐ္ဌတိ
၆ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနု၏ အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊
7 ကာစန ယောၐာ ၑွေတောပလဘာဇနေန မဟာရ္ဃျံ သုဂန္ဓိ တဲလမာနီယ ဘောဇနာယောပဝိၑတသ္တသျ ၑိရောဘျၐေစတ်၊
၇မိန်းမတယောက်သည် အဘိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက်တလုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။
8 ကိန္တု တဒါလောကျ တစ္ဆိၐျဲး ကုပိတဲရုက္တံ, ကုတ ဣတ္ထမပဝျယတေ?
၈တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။
9 စေဒိဒံ ဝျကြေၐျတ, တရှိ ဘူရိမူလျံ ပြာပျ ဒရိဒြေဘျော ဝျတာရိၐျတ၊
၉ထိုဆီမွှေးကို အဘိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆိုကြ၏။
10 ယီၑုနာ တဒဝဂတျ တေ သမုဒိတား, ယောၐာမေနာံ ကုတော ဒုးခိနီံ ကုရုထ, သာ မာံ ပြတိ သာဓု ကရ္မ္မာကာရ္ၐီတ်၊
၁၀ယေရှုသည် သိတော်မူလျှင် ထိုမိန်းမကို အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်း သောအမှုကိုပြုပြီ။
11 ယုၐ္မာကမံ သမီပေ ဒရိဒြား သတတမေဝါသတေ, ကိန္တု ယုၐ္မာကမန္တိကေဟံ နာသေ သတတံ၊
၁၁ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။
12 သာ မမ ကာယောပရိ သုဂန္ဓိတဲလံ သိက္တွာ မမ ၑ္မၑာနဒါနကရ္မ္မာကာရ္ၐီတ်၊
၁၂ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ပြုသတည်း။
13 အတောဟံ ယုၐ္မာန် တထျံ ဝဒါမိ သရွွသ္မိန် ဇဂတိ ယတြ ယတြဲၐ သုသမာစာရး ပြစာရိၐျတေ, တတြ တတြဲတသျာ နာရျျား သ္မရဏာရ္ထမ် ကရ္မ္မေဒံ ပြစာရိၐျတေ၊
၁၃ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟု မိန့်တော်မူ၏။
14 တတော ဒွါဒၑၑိၐျာဏာမ် ဤၐ္ကရိယောတီယယိဟူဒါနာမက ဧကး ၑိၐျး ပြဓာနယာဇကာနာမန္တိကံ ဂတွာ ကထိတဝါန်,
၁၄ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား၍၊
15 ယဒိ ယုၐ္မာကံ ကရေၐု ယီၑုံ သမရ္ပယာမိ, တရှိ ကိံ ဒါသျထ? တဒါနီံ တေ တသ္မဲ တြိံၑန္မုဒြာ ဒါတုံ သ္ထိရီကၖတဝန္တး၊
၁၅အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏။
16 သ တဒါရဘျ တံ ပရကရေၐု သမရ္ပယိတုံ သုယောဂံ စေၐ္ဋိတဝါန်၊
၁၆ထိုအခါမှစ၍ ကိုယ်တော်ကိုအပ်ခြင်းငှါ အဆင်သင့်သောအချိန်ကာလကို ရှာကြံလျက်နေ၏။
17 အနန္တရံ ကိဏွၑူနျပူပပရွွဏး ပြထမေဟ္နိ ၑိၐျာ ယီၑုမ် ဥပဂတျ ပပြစ္ဆုး ဘဝတ္ကၖတေ ကုတြ ဝယံ နိသ္တာရမဟဘောဇျမ် အာယောဇယိၐျာမး? ဘဝတး ကေစ္ဆာ?
၁၇အဇုမပွဲ ပဌမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စား တော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးကြသော်၊
18 တဒါ သ ဂဒိတဝါန်, မဓျေနဂရမမုကပုံသး သမီပံ ဝြဇိတွာ ဝဒတ, ဂုရု ရ္ဂဒိတဝါန်, မတ္ကာလး သဝိဓး, သဟ ၑိၐျဲသ္တွဒါလယေ နိသ္တာရမဟဘောဇျံ ဘောက္ၐျေ၊
၁၈ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။
19 တဒါ ၑိၐျာ ယီၑောသ္တာဒၖၑနိဒေၑာနုရူပကရ္မ္မ ဝိဓာယ တတြ နိသ္တာရမဟဘောဇျမာသာဒယာမာသုး၊
၁၉တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
20 တတး သန္ဓျာယာံ သတျာံ ဒွါဒၑဘိး ၑိၐျဲး သာကံ သ နျဝိၑတ်၊
၂၀ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၏။
21 အပရံ ဘုဉ္ဇာန ဥက္တဝါန် ယုၐ္မာန် တထျံ ဝဒါမိ, ယုၐ္မာကမေကော မာံ ပရကရေၐု သမရ္ပယိၐျတိ၊
၂၁စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊
22 တဒါ တေ'တီဝ ဒုးခိတာ ဧကဲကၑော ဝက္တုမာရေဘိရေ, ဟေ ပြဘော, သ ကိမဟံ?
၂၂တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။
23 တတး သ ဇဂါဒ, မယာ သာကံ ယော ဇနော ဘောဇနပါတြေ ကရံ သံက္ၐိပတိ, သ ဧဝ မာံ ပရကရေၐု သမရ္ပယိၐျတိ၊
၂၃ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။
24 မနုဇသုတမဓိ ယာဒၖၑံ လိခိတမာသ္တေ, တဒနုရူပါ တဒ္ဂတိ ရ္ဘဝိၐျတိ; ကိန္တု ယေန ပုံသာ သ ပရကရေၐု သမရ္ပယိၐျတေ, ဟာ ဟာ စေတ် သ နာဇနိၐျတ, တဒါ တသျ က္ၐေမမဘဝိၐျတ်၊
၂၄ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။
25 တဒါ ယိဟူဒါနာမာ ယော ဇနသ္တံ ပရကရေၐု သမရ္ပယိၐျတိ, သ ဥက္တဝါန်, ဟေ ဂုရော, သ ကိမဟံ? တတး သ ပြတျုက္တဝါန်, တွယာ သတျံ ဂဒိတမ်၊
၂၅ကိုယ်တော်ကို အပ်နှံမည့်သူယုဒရှကာရုတ် ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက် လျှင်၊ သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ၏။
26 အနန္တရံ တေၐာမၑနကာလေ ယီၑုး ပူပမာဒါယေၑွရီယဂုဏာနနူဒျ ဘံက္တွာ ၑိၐျေဘျး ပြဒါယ ဇဂါဒ, မဒွပုးသွရူပမိမံ ဂၖဟီတွာ ခါဒတ၊
၂၆ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။
27 ပၑ္စာတ် သ ကံသံ ဂၖဟ္လန် ဤၑွရီယဂုဏာနနူဒျ တေဘျး ပြဒါယ ကထိတဝါန်, သရွွဲ ရျုၐ္မာဘိရနေန ပါတဝျံ,
၂၇ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက် ကြလော့။
28 ယသ္မာဒနေကေၐာံ ပါပမရ္ၐဏာယ ပါတိတံ ယန္မန္နူတ္နနိယမရူပၑောဏိတံ တဒေတတ်၊
၂၈ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။
29 အပရမဟံ နူတ္နဂေါသ္တနီရသံ န ပါသျာမိ, တာဝတ် ဂေါသ္တနီဖလရသံ ပုနး ကဒါပိ န ပါသျာမိ၊
၂၉ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟု မိန့်တော်မူ၏။
30 ပၑ္စာတ် တေ ဂီတမေကံ သံဂီယ ဇဲတုနာချဂိရိံ ဂတဝန္တး၊
၃၀ထို့နောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။
31 တဒါနီံ ယီၑုသ္တာနဝေါစတ်, အသျာံ ရဇနျာမဟံ ယုၐ္မာကံ သရွွေၐာံ ဝိဃ္နရူပေါ ဘဝိၐျာမိ, ယတော လိခိတမာသ္တေ, "မေၐာဏာံ ရက္ၐကော ယသ္တံ ပြဟရိၐျာမျဟံ တတး၊ မေၐာဏာံ နိဝဟော နူနံ ပြဝိကီရ္ဏော ဘဝိၐျတိ"။
၃၁ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။
32 ကိန္တု ၑ္မၑာနာတ် သမုတ္ထာယ ယုၐ္မာကမဂြေ'ဟံ ဂါလီလံ ဂမိၐျာမိ၊
၃၂သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊
33 ပိတရသ္တံ ပြောဝါစ, ဘဝါံၑ္စေတ် သရွွေၐာံ ဝိဃ္နရူပေါ ဘဝတိ, တထာပိ မမ န ဘဝိၐျတိ၊
၃၃ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ် အလျှင်းမပျက်ပါဟု လျှောက်လေ၏။
34 တတော ယီၑုနာ သ ဥက္တး, တုဘျမဟံ တထျံ ကထယာမိ, ယာမိနျာမသျာံ စရဏာယုဓသျ ရဝါတ် ပူရွွံ တွံ မာံ တြိ ရ္နာင်္ဂီကရိၐျသိ၊
၃၄ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊
35 တတး ပိတရ ဥဒိတဝါန်, ယဒျပိ တွယာ သမံ မရ္တ္တဝျံ, တထာပိ ကဒါပိ တွာံ န နာင်္ဂီကရိၐျာမိ; တထဲဝ သရွွေ ၑိၐျာၑ္စောစုး၊
၃၅ပေတရုက၊ ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
36 အနန္တရံ ယီၑုး ၑိၐျဲး သာကံ ဂေတ္ၑိမာနီနာမကံ သ္ထာနံ ပြသ္ထာယ တေဘျး ကထိတဝါန်, အဒး သ္ထာနံ ဂတွာ ယာဝဒဟံ ပြာရ္ထယိၐျေ တာဝဒ် ယူယမတြောပဝိၑတ၊
၃၆ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊
37 ပၑ္စာတ် သ ပိတရံ သိဝဒိယသုတော် စ သင်္ဂိနး ကၖတွာ ဂတဝါန်, ၑောကာကုလော'တီဝ ဝျထိတၑ္စ ဗဘူဝ၊
၃၇ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးသောစိတ်ပူပန်ခြင်းသို့ ရောက်တော် မူ၏။
38 တာနဝါဒီစ္စ မၖတိယာတနေဝ မတ္ပြာဏာနာံ ယာတနာ ဇာယတေ, ယူယမတြ မယာ သာရ္ဒ္ဓံ ဇာဂၖတ၊
၃၈ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့် အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၏။
39 တတး သ ကိဉ္စိဒ္ဒူရံ ဂတွာဓောမုခး ပတန် ပြာရ္ထယာဉ္စကြေ, ဟေ မတ္ပိတရျဒိ ဘဝိတုံ ၑက္နောတိ, တရှိ ကံသော'ယံ မတ္တော ဒူရံ ယာတု; ကိန္တု မဒိစ္ဆာဝတ် န ဘဝတု, တွဒိစ္ဆာဝဒ် ဘဝတု၊
၃၉ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
40 တတး သ ၑိၐျာနုပေတျ တာန် နိဒြတော နိရီက္ၐျ ပိတရာယ ကထယာမာသ, ယူယံ မယာ သာကံ ဒဏ္ဍမေကမပိ ဇာဂရိတုံ နာၑန္ကုတ?
၄၀တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့ သည် တနာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှါ ဤသို့မစွမ်းနိုင်သလော။
41 ပရီက္ၐာယာံ န ပတိတုံ ဇာဂၖတ ပြာရ္ထယဓွဉ္စ; အာတ္မာ သမုဒျတောသ္တိ, ကိန္တု ဝပု ရ္ဒုရ္ဗ္ဗလံ၊
၄၁စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊
42 သ ဒွိတီယဝါရံ ပြာရ္ထယာဉ္စကြေ, ဟေ မတ္တာတ, န ပီတေ ယဒိ ကံသမိဒံ မတ္တော ဒူရံ ယာတုံ န ၑက္နောတိ, တရှိ တွဒိစ္ဆာဝဒ် ဘဝတု၊
၄၂တဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကိုအကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလို ရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။
43 သ ပုနရေတျ တာန် နိဒြတော ဒဒရ္ၑ, ယတသ္တေၐာံ နေတြာဏိ နိဒြယာ ပူရ္ဏာနျာသန်၊
၄၃ထိုနောက်တပည့်တော်တို့ရှိရာသို့လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက် နေကြ သည်ကိုတွေ့တော်မူလျှင်၊
44 ပၑ္စာတ် သ တာန် ဝိဟာယ ဝြဇိတွာ တၖတီယဝါရံ ပူရွွဝတ် ကထယန် ပြာရ္ထိတဝါန်၊
၄၄သူတို့ကိုထားခဲ့၍ တဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။
45 တတး ၑိၐျာနုပါဂတျ ဂဒိတဝါန်, သာမ္ပြတံ ၑယာနား ကိံ ဝိၑြာမျထ? ပၑျတ, သမယ ဥပါသ္ထာတ်, မနုဇသုတး ပါပိနာံ ကရေၐု သမရ္ပျတေ၊
၄၅ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ။
46 ဥတ္တိၐ္ဌတ, ဝယံ ယာမး, ယော မာံ ပရကရေၐု မသရ္ပယိၐျတိ, ပၑျတ, သ သမီပမာယာတိ၊
၄၆ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
47 ဧတတ္ကထာကထနကာလေ ဒွါဒၑၑိၐျာဏာမေကော ယိဟူဒါနာမကော မုချယာဇကလောကပြာစီနဲး ပြဟိတာန် အသိဓာရိယၐ္ဋိဓာရိဏော မနုဇာန် ဂၖဟီတွာ တတ္သမီပမုပတသ္ထော်၊
၄၇ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သောလူအစုအဝေးအပေါင်း တို့ သည် ထားနှင့် ဒုတ်များကို ကိုင်လျက်ပါကြ၏။
48 အသော် ပရကရေၐွရ္ပယိတာ ပူရွွံ တာန် ဣတ္ထံ သင်္ကေတယာမာသ, ယမဟံ စုမ္ဗိၐျေ, သော'သော် မနုဇး, သဧဝ ယုၐ္မာဘိ ရ္ဓာရျျတာံ၊
၄၈ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
49 တဒါ သ သပဒိ ယီၑုမုပါဂတျ ဟေ ဂုရော, ပြဏမာမီတျုက္တွာ တံ စုစုမ္ဗေ၊
၄၉ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက်နမ်းလေ၏။
50 တဒါ ယီၑုသ္တမုဝါစ, ဟေ မိတြံ ကိမရ္ထမာဂတောသိ? တဒါ တဲရာဂတျ ယီၑုရာကြမျ ဒဃြေ၊
၅၀ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟုမေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ၏။
51 တတော ယီၑေား သင်္ဂိနာမေကး ကရံ ပြသာရျျ ကောၐာဒသိံ ဗဟိၐ္ကၖတျ မဟာယာဇကသျ ဒါသမေကမာဟတျ တသျ ကရ္ဏံ စိစ္ဆေဒ၊
၅၁ထိုအခါ ယေရှုနှင့်ပါသောသူတယောက်သည် လက်ကိုဆန့်၍ ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ၏။
52 တတော ယီၑုသ္တံ ဇဂါဒ, ခဍ္ဂံ သွသ္ထာနေ နိဓေဟိ ယတော ယေ ယေ ဇနာ အသိံ ဓာရယန္တိ, တဧဝါသိနာ ဝိနၑျန္တိ၊
၅၂ယေရှုကလည်း သင့်ထားကို သူ့နေရာ၌ပြန်ထားလော့။ ထားကိုကိုင်သောသူရှိသမျှတို့သည် ထားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။
53 အပရံ ပိတာ ယထာ မဒန္တိကံ သွရ္ဂီယဒူတာနာံ ဒွါဒၑဝါဟိနီတော'ဓိကံ ပြဟိဏုယာတ် မယာ တမုဒ္ဒိၑျေဒါနီမေဝ တထာ ပြာရ္ထယိတုံ န ၑကျတေ, တွယာ ကိမိတ္ထံ ဇ္ဉာယတေ?
၅၃ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကို၎င်း၊ တောင်းလျှင် ကောင်းကင်တမန်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို၎င်း၊ သင်သည်မထင်သလော။
54 တထာ သတီတ္ထံ ဃဋိၐျတေ ဓရ္မ္မပုသ္တကသျ ယဒိဒံ ဝါကျံ တတ် ကထံ သိဓျေတ်?
၅၄သို့ဖြစ်လျှင် ဤသို့သော အမူအရာတို့သည်ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံ အံ့နည်းဟု မိန့်တော်မူ၏။
55 တဒါနီံ ယီၑု ရ္ဇနနိဝဟံ ဇဂါဒ, ယူယံ ခဍ္ဂယၐ္ဋီန် အာဒါယ မာံ ကိံ စော်ရံ ဓရ္တ္တုမာယာတား? အဟံ ပြတျဟံ ယုၐ္မာဘိး သာကမုပဝိၑျ သမုပါဒိၑံ, တဒါ မာံ နာဓရတ;
၅၅ထိုအခါ ယေရှုက၊ သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဘမ်းဆီးကြ။
56 ကိန္တု ဘဝိၐျဒွါဒိနာံ ဝါကျာနာံ သံသိဒ္ဓယေ သရွွမေတဒဘူတ်၊ တဒါ သရွွေ ၑိၐျာသ္တံ ဝိဟာယ ပလာယန္တ၊
၅၆ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။
57 အနန္တရံ တေ မနုဇာ ယီၑုံ ဓၖတွာ ယတြာဓျာပကပြာဉ္စး ပရိၐဒံ ကုရွွန္တ ဥပါဝိၑန် တတြ ကိယဖာနာမကမဟာယာဇကသျာန္တိကံ နိနျုး၊
၅၇ကိုယ်တော်ကို ဘမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရော ဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။
58 ကိန္တု ၑေၐေ ကိံ ဘဝိၐျတီတိ ဝေတ္တုံ ပိတရော ဒူရေ တတ္ပၑ္စာဒ် ဝြဇိတွာ မဟာယာဇကသျာဋ္ဋာလိကာံ ပြဝိၑျ ဒါသဲး သဟိတ ဥပါဝိၑတ်၊
၅၈ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်း သို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှါ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။
59 တဒါနီံ ပြဓာနယာဇကပြာစီနမန္တြိဏး သရွွေ ယီၑုံ ဟန္တုံ မၖၐာသာက္ၐျမ် အလိပ္သန္တ,
၅၉ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည် အ ကြောင်းမမှန်သောသက်သေကို ရှာသော်လည်းမတွေ့ကြ။
60 ကိန္တု န လေဘိရေ၊ အနေကေၐု မၖၐာသာက္ၐိၐွာဂတေၐွပိ တန္န ပြာပုး၊
၆၀မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကိုမတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက် သေခံနှစ်ယောက်တို့သည် လာ၍၊
61 ၑေၐေ ဒွေါ် မၖၐာသာက္ၐိဏာဝါဂတျ ဇဂဒတုး, ပုမာနယမကထယတ်, အဟမီၑွရမန္ဒိရံ ဘံက္တွာ ဒိနတြယမဓျေ တန္နိရ္မ္မာတုံ ၑက္နောမိ၊
၆၁ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင် သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။
62 တဒါ မဟာယာဇက ဥတ္ထာယ ယီၑုမ် အဝါဒီတ်၊ တွံ ကိမပိ န ပြတိဝဒသိ? တွာမဓိ ကိမေတေ သာက္ၐျံ ဝဒန္တိ?
၆၂ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟုဆိုလျှင်၊
63 ကိန္တု ယီၑု ရ္မော်နီဘူယ တသျော်၊ တတော မဟာယာဇက ဥက္တဝါန်, တွာမ် အမရေၑွရနာမ္နာ ၑပယာမိ, တွမီၑွရသျ ပုတြော'ဘိၐိက္တော ဘဝသိ နဝေတိ ဝဒ၊
၆၃ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ် ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်း ဟူသော ဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊
64 ယီၑုး ပြတျဝဒတ်, တွံ သတျမုက္တဝါန်; အဟံ ယုၐ္မာန် တထျံ ဝဒါမိ, ဣတးပရံ မနုဇသုတံ သရွွၑက္တိမတော ဒက္ၐိဏပါရ္ၑွေ သ္ထာတုံ ဂဂဏသ္ထံ ဇလဓရာနာရုဟျာယာန္တံ ဝီက္ၐဓွေ၊
၆၄ယေရှုက၊ သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုး တော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
65 တဒါ မဟာယာဇကော နိဇဝသနံ ဆိတ္တွာ ဇဂါဒ, ဧၐ ဤၑွရံ နိန္ဒိတဝါန်, အသ္မာကမပရသာက္ၐျေဏ ကိံ ပြယောဇနံ? ပၑျတ, ယူယမေဝါသျာသျာဒ် ဤၑွရနိန္ဒာံ ၑြုတဝန္တး,
၆၅ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည်ဘုရားကို လွန်ကျူး၍ ပြော သောစကားကို ယခုပင် သင်တို့ ကြားရပြီ။
66 ယုၐ္မာဘိး ကိံ ဝိဝိစျတေ? တေ ပြတျူစုး, ဝဓာရှော'ယံ၊
၆၆အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန် ၍ စီရင်ကြ၏။
67 တတော လောကဲသ္တဒါသျေ နိၐ္ဌီဝိတံ ကေစိတ် ပြတလမာဟတျ ကေစိစ္စ စပေဋမာဟတျ ဗဘာၐိရေ,
၆၇ထိုအခါ မျက်နှာတော်ကို တံထွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။
68 ဟေ ခြီၐ္ဋ တွာံ ကၑ္စပေဋမာဟတဝါန်? ဣတိ ဂဏယိတွာ ဝဒါသ္မာန်၊
၆၈အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ် သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။
69 ပိတရော ဗဟိရင်္ဂန ဥပဝိၑတိ, တဒါနီမေကာ ဒါသီ တမုပါဂတျ ဗဘာၐေ, တွံ ဂါလီလီယယီၑေား သဟစရဧကး၊
၆၉ပေတရုသည် ပြင်မှာအိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါး မိန်းမတယောက်သည် သူရှိရာသို့လာ၍ သင် သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းတော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
70 ကိန္တု သ သရွွေၐာံ သမက္ၐမ် အနင်္ဂီကၖတျာဝါဒီတ်, တွယာ ယဒုစျတေ, တဒရ္ထမဟံ န ဝေဒ္မိ၊
၇၀ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။
71 တဒါ တသ္မိန် ဗဟိရ္ဒွါရံ ဂတေ 'နျာ ဒါသီ တံ နိရီက္ၐျ တတြတျဇနာနဝဒတ်, အယမပိ နာသရတီယယီၑုနာ သာရ္ဒ္ဓမ် အာသီတ်၊
၇၁ထို့နောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှု နှင့်ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
72 တတး သ ၑပထေန ပုနရနင်္ဂီကၖတျ ကထိတဝါန်, တံ နရံ န ပရိစိနောမိ၊
၇၂ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တဖန်ငြင်းခုံပြန်၏။
73 က္ၐဏာတ် ပရံ တိၐ္ဌန္တော ဇနာ ဧတျ ပိတရမ် အဝဒန်, တွမဝၑျံ တေၐာမေက ဣတိ တွဒုစ္စာရဏမေဝ ဒျောတယတိ၊
၇၃ထို့နောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊
74 ကိန္တု သော'ဘိၑပျ ကထိတဝါန်, တံ ဇနံ နာဟံ ပရိစိနောမိ, တဒါ သပဒိ ကုက္ကုဋော ရုရာဝ၊
၇၄ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
75 ကုက္ကုဋရဝါတ် ပြာက် တွံ မာံ တြိရပါဟ္နောၐျသေ, ယဲၐာ ဝါဂ် ယီၑုနာဝါဒိ တာံ ပိတရး သံသ္မၖတျ ဗဟိရိတွာ ခေဒါဒ် ဘၖၑံ စကြန္ဒ၊
၇၅ယေရှုက၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ သော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။