< မာရ္ကး 14 >

1 တဒါ နိသ္တာရောတ္သဝကိဏွဟီနပူပေါတ္သဝယောရာရမ္ဘသျ ဒိနဒွယေ 'ဝၑိၐ္ဋေ ပြဓာနယာဇကာ အဓျာပကာၑ္စ ကေနာပိ ဆလေန ယီၑုံ ဓရ္တ္တာံ ဟန္တုဉ္စ မၖဂယာဉ္စကြိရေ;
ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဘမ်းဆီး၍ သတ်ရအံ့နည်းဟု ရှာကြံကြ၏။
2 ကိန္တု လောကာနာံ ကလဟဘယာဒူစိရေ, နစောတ္သဝကာလ ဥစိတမေတဒိတိ၊
သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ၏။
3 အနန္တရံ ဗဲထနိယာပုရေ ၑိမောနကုၐ္ဌိနော ဂၖဟေ ယောၑော် ဘောတ္ကုမုပဝိၐ္ဋေ သတိ ကာစိဒ် ယောၐိတ် ပါဏ္ဍရပါၐာဏသျ သမ္ပုဋကေန မဟာရ္ဃျောတ္တမတဲလမ် အာနီယ သမ္ပုဋကံ ဘံက္တွာ တသျောတ္တမာင်္ဂေ တဲလဓာရာံ ပါတယာဉ္စကြေ၊
ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော်ရှိတော်မူသည်ဖြစ်၍၊ မိန်းမတယောက် သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မစဉ်၊ ကျောက်ဖြူခွင်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။
4 တသ္မာတ် ကေစိတ် သွာန္တေ ကုပျန္တး ကထိတဝံန္တး ကုတောယံ တဲလာပဝျယး?
အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း။
5 ယဒျေတတ် တဲလ ဝျကြေၐျတ တရှိ မုဒြာပါဒၑတတြယာဒပျဓိကံ တသျ ပြာပ္တမူလျံ ဒရိဒြလောကေဘျော ဒါတုမၑက္ၐျတ, ကထာမေတာံ ကထယိတွာ တယာ ယောၐိတာ သာကံ ဝါစာယုဟျန်၊
ဒေနာရိအပြားသုံးရာမကသော အဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကိုအပြစ်ထင်ကြ၏။
6 ကိန္တု ယီၑုရုဝါစ, ကုတ ဧတသျဲ ကၖစ္ဆြံ ဒဒါသိ? မဟျမိယံ ကရ္မ္မောတ္တမံ ကၖတဝတီ၊
ယေရှုကလည်းထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ။
7 ဒရိဒြား သရွွဒါ ယုၐ္မာဘိး သဟ တိၐ္ဌန္တိ, တသ္မာဒ် ယူယံ ယဒေစ္ဆထ တဒဲဝ တာနုပကရ္တ္တာံ ၑက္နုထ, ကိန္တွဟံ ယုဘာဘိး သဟ နိရန္တရံ န တိၐ္ဌာမိ၊
ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏ သင်တို့အလိုရှိသည်အတိုင်း သူတို့အားကျေးဇူးပြုနိုင် ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။
8 အသျာ ယထာသာဓျံ တထဲဝါကရောဒိယံ, ၑ္မၑာနယာပနာတ် ပူရွွံ သမေတျ မဒွပုၐိ တဲလမ် အမရ္ဒ္ဒယတ်၊
ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ၊ ငါ့ကိုယ်ကို ဆီမွှေး နှင့် လူးနှင့်သတည်း။
9 အဟံ ယုၐ္မဘျံ ယထာရ္ထံ ကထယာမိ, ဇဂတာံ မဓျေ ယတြ ယတြ သုသံဝါဒေါယံ ပြစာရယိၐျတေ တတြ တတြ ယောၐိတ ဧတသျား သ္မရဏာရ္ထံ တတ္ကၖတကရ္မ္မဲတတ် ပြစာရယိၐျတေ၊
ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟုမိန့်တော်မူ၏။
10 တတး ပရံ ဒွါဒၑာနာံ ၑိၐျာဏာမေက ဤၐ္ကရိယောတီယယိဟူဒါချော ယီၑုံ ပရကရေၐု သမရ္ပယိတုံ ပြဓာနယာဇကာနာံ သမီပမိယာယ၊
၁၀ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။
11 တေ တသျ ဝါကျံ သမာကရ္ဏျ သန္တုၐ္ဋား သန္တသ္တသ္မဲ မုဒြာ ဒါတုံ ပြတျဇာနတ; တသ္မာတ် သ တံ တေၐာံ ကရေၐု သမရ္ပဏာယောပါယံ မၖဂယာမာသ၊
၁၁ထိုသူတို့သည် ကြားလျင်ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။
12 အနန္တရံ ကိဏွၑူနျပူပေါတ္သဝသျ ပြထမေ'ဟနိ နိသ္တာရောတ္မဝါရ္ထံ မေၐမာရဏာသမယေ ၑိၐျာသ္တံ ပပြစ္ဆး ကုတြ ဂတွာ ဝယံ နိသ္တာရောတ္သဝသျ ဘောဇျမာသာဒယိၐျာမး? ကိမိစ္ဆတိ ဘဝါန်?
၁၂ပသခါသိုးငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည် အထံတော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
13 တဒါနီံ သ တေၐာံ ဒွယံ ပြေရယန် ဗဘာၐေ ယုဝယေား ပုရမဓျံ ဂတယေား သတော ရျော ဇနး သဇလကုမ္ဘံ ဝဟန် ယုဝါံ သာက္ၐာတ် ကရိၐျတိ တသျဲဝ ပၑ္စာဒ် ယာတံ;
၁၃ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုး ဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊
14 သ ယတ် သဒနံ ပြဝေက္ၐျတိ တဒ္ဘဝနပတိံ ဝဒတံ, ဂုရုရာဟ ယတြ သၑိၐျောဟံ နိသ္တာရောတ္သဝီယံ ဘောဇနံ ကရိၐျာမိ, သာ ဘောဇနၑာလာ ကုတြာသ္တိ?
၁၄သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည် တို့နှင့်တကွ ပသခါပွဲကို စားရသောဧည့်သည် အခန်း ကား၊ အဘယ်မှရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
15 တတး သ ပရိၐ္ကၖတာံ သုသဇ္ဇိတာံ ဗၖဟတီစဉ္စ ယာံ ၑာလာံ ဒရ္ၑယိၐျတိ တသျာမသ္မဒရ္ထံ ဘောဇျဒြဝျာဏျာသာဒယတံ၊
၁၅ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
16 တတး ၑိၐျော် ပြသ္ထာယ ပုရံ ပြဝိၑျ သ ယထောက္တဝါန် တထဲဝ ပြာပျ နိသ္တာရောတ္သဝသျ ဘောဇျဒြဝျာဏိ သမာသာဒယေတာမ်၊
၁၆တပည့်တော်တို့သည်သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
17 အနန္တရံ ယီၑုး သာယံကာလေ ဒွါဒၑဘိး ၑိၐျဲး သာရ္ဒ္ဓံ ဇဂါမ;
၁၇ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။
18 သရွွေၐု ဘောဇနာယ ပြောပဝိၐ္ဋေၐု သ တာနုဒိတဝါန် ယုၐ္မာနဟံ ယထာရ္ထံ ဝျာဟရာမိ, အတြ ယုၐ္မာကမေကော ဇနော ယော မယာ သဟ ဘုံက္တေ မာံ ပရကေရေၐု သမရ္ပယိၐျတေ၊
၁၈စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျင်၊
19 တဒါနီံ တေ ဒုးခိတား သန္တ ဧကဲကၑသ္တံ ပြၐ္ဋုမာရဗ္ဓဝန္တး သ ကိမဟံ? ပၑ္စာဒ် အနျ ဧကောဘိဒဓေ သ ကိမဟံ?
၁၉တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက် အသီးအသီးမေးလျှောက်ကြ၏။
20 တတး သ ပြတျဝဒဒ် ဧတေၐာံ ဒွါဒၑာနာံ ယော ဇနော မယာ သမံ ဘောဇနာပါတြေ ပါဏိံ မဇ္ဇယိၐျတိ သ ဧဝ၊
၂၀ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပုန်ကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။
21 မနုဇတနယမဓိ ယာဒၖၑံ လိခိတမာသ္တေ တဒနုရူပါ ဂတိသ္တသျ ဘဝိၐျတိ, ကိန္တု ယော ဇနော မာနဝသုတံ သမရ္ပယိၐျတေ ဟန္တ တသျ ဇန္မာဘာဝေ သတိ ဘဒြမဘဝိၐျတ်၊
၂၁ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကို မခံရလျှင်အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။
22 အပရဉ္စ တေၐာံ ဘောဇနသမယေ ယီၑုး ပူပံ ဂၖဟီတွေၑွရဂုဏာန် အနုကီရ္တျ ဘင်္က္တွာ တေဘျော ဒတ္တွာ ဗဘာၐေ, ဧတဒ် ဂၖဟီတွာ ဘုဉ္ဇီဓွမ် ဧတန္မမ ဝိဂြဟရူပံ၊
၂၂ထိုအခါစားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့် ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။
23 အနန္တရံ သ ကံသံ ဂၖဟီတွေၑွရသျ ဂုဏာန် ကီရ္တ္တယိတွာ တေဘျော ဒဒေါ်, တတသ္တေ သရွွေ ပပုး၊
၂၃ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။
24 အပရံ သ တာနဝါဒီဒ် ဗဟူနာံ နိမိတ္တံ ပါတိတံ မမ နဝီနနိယမရူပံ ၑောဏိတမေတတ်၊
၂၄ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။
25 ယုၐ္မာနဟံ ယထာရ္ထံ ဝဒါမိ, ဤၑွရသျ ရာဇျေ ယာဝတ် သဒျောဇာတံ ဒြာက္ၐာရသံ န ပါသျာမိ, တာဝဒဟံ ဒြာက္ၐာဖလရသံ ပုန ရ္န ပါသျာမိ၊
၂၅ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ၏။
26 တဒနန္တရံ တေ ဂီတမေကံ သံဂီယ ဗဟိ ရ္ဇဲတုနံ ၑိခရိဏံ ယယုး
၂၆ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။
27 အထ ယီၑုသ္တာနုဝါစ နိၑာယာမသျာံ မယိ ယုၐ္မာကံ သရွွေၐာံ ပြတျူဟော ဘဝိၐျတိ ယတော လိခိတမာသ္တေ ယထာ, မေၐာဏာံ ရက္ၐကဉ္စာဟံ ပြဟရိၐျာမိ ဝဲ တတး၊ မေၐာဏာံ နိဝဟော နူနံ ပြဝိကီရ္ဏော ဘဝိၐျတိ၊
၂၇ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။
28 ကန္တု မဒုတ္ထာနေ ဇာတေ ယုၐ္မာကမဂြေ'ဟံ ဂါလီလံ ဝြဇိၐျာမိ၊
၂၈သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊
29 တဒါ ပိတရး ပြတိဗဘာၐေ, ယဒျပိ သရွွေၐာံ ပြတျူဟော ဘဝတိ တထာပိ မမ နဲဝ ဘဝိၐျတိ၊
၂၉ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက် လေ၏။
30 တတော ယီၑုရုက္တာဝါန် အဟံ တုဘျံ တထျံ ကထယာမိ, က္ၐဏာဒါယာမဒျ ကုက္ကုဋသျ ဒွိတီယဝါရရဝဏာတ် ပူရွွံ တွံ ဝါရတြယံ မာမပဟ္နောၐျသေ၊
၃၀ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊
31 ကိန္တု သ ဂါဎံ ဝျာဟရဒ် ယဒျပိ တွယာ သာရ္ဒ္ဓံ မမ ပြာဏော ယာတိ တထာပိ ကထမပိ တွာံ နာပဟ္နောၐျေ; သရွွေ'ပီတရေ တထဲဝ ဗဘာၐိရေ၊
၃၁ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
32 အပရဉ္စ တေၐု ဂေတ္ၑိမာနီနာမကံ သ္ထာန ဂတေၐု သ ၑိၐျာန် ဇဂါဒ, ယာဝဒဟံ ပြာရ္ထယေ တာဝဒတြ သ္ထာနေ ယူယံ သမုပဝိၑတ၊
၃၂ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤ အရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊
33 အထ သ ပိတရံ ယာကူဗံ ယောဟနဉ္စ ဂၖဟီတွာ ဝဝြာဇ; အတျန္တံ တြာသိတော ဝျာကုလိတၑ္စ တေဘျး ကထယာမာသ,
၃၃ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော် မူ၏။
34 နိဓနကာလဝတ် ပြာဏော မေ'တီဝ ဒးခမေတိ, ယူယံ ဇာဂြတောတြ သ္ထာနေ တိၐ္ဌတ၊
၃၄ထိုအခါ ငါသည်သေလောက်အောင်စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊
35 တတး သ ကိဉ္စိဒ္ဒူရံ ဂတွာ ဘူမာဝဓောမုခး ပတိတွာ ပြာရ္ထိတဝါနေတတ်, ယဒိ ဘဝိတုံ ၑကျံ တရှိ ဒုးခသမယောယံ မတ္တော ဒူရီဘဝတု၊
၃၅ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပြပ်ဝပ်၍ အိုအဘခမည်းတော်၊
36 အပရမုဒိတဝါန် ဟေ ပိတ ရှေ ပိတး သရွွေံ တွယာ သာဓျံ, တတော ဟေတောရိမံ ကံသံ မတ္တော ဒူရီကုရု, ကိန္တု တန် မမေစ္ဆာတော န တဝေစ္ဆာတော ဘဝတု၊
၃၆ကိုယ်တော်သည် အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီ သည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊
37 တတး ပရံ သ ဧတျ တာန် နိဒြိတာန် နိရီက္ၐျ ပိတရံ ပြောဝါစ, ၑိမောန် တွံ ကိံ နိဒြာသိ? ဃဋိကာမေကာမ် အပိ ဇာဂရိတုံ န ၑက္နောၐိ?
၃၇ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော။
38 ပရီက္ၐာယာံ ယထာ န ပတထ တဒရ္ထံ သစေတနား သန္တး ပြာရ္ထယဓွံ; မန ဥဒျုက္တမိတိ သတျံ ကိန္တု ဝပုရၑက္တိကံ၊
၃၈စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်းဆုတောင်းလျက် စောင့်နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအားမိန့်တော်မူပြီးမှ၊
39 အထ သ ပုနရွြဇိတွာ ပူရွွဝတ် ပြာရ္ထယာဉ္စကြေ၊
၃၉တဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။
40 ပရာဝၖတျာဂတျ ပုနရပိ တာန် နိဒြိတာန် ဒဒရ္ၑ တဒါ တေၐာံ လောစနာနိ နိဒြယာ ပူရ္ဏာနိ, တသ္မာတ္တသ္မဲ ကာ ကထာ ကထယိတဝျာ တ ဧတဒ် ဗောဒ္ဓုံ န ၑေကုး၊
၄၀ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ။
41 တတးပရံ တၖတီယဝါရံ အာဂတျ တေဘျော 'ကထယဒ် ဣဒါနီမပိ ၑယိတွာ ဝိၑြာမျထ? ယထေၐ္ဋံ ဇာတံ, သမယၑ္စောပသ္ထိတး ပၑျတ မာနဝတနယး ပါပိလောကာနာံ ပါဏိၐု သမရ္ပျတေ၊
၄၁သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန် ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။
42 ဥတ္တိၐ္ဌတ, ဝယံ ဝြဇာမော ယော ဇနော မာံ ပရပါဏိၐု သမရ္ပယိၐျတေ ပၑျတ သ သမီပမာယာတး၊
၄၂ထကြ။ ငါတို့သည်သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
43 ဣမာံ ကထာံ ကထယတိ သ, ဧတရှိဒွါဒၑာနာမေကော ယိဟူဒါ နာမာ ၑိၐျး ပြဓာနယာဇကာနာမ် ဥပါဓျာယာနာံ ပြာစီနလောကာနာဉ္စ သန္နိဓေး ခင်္ဂလဂုဍဓာရိဏော ဗဟုလောကာန် ဂၖဟီတွာ တသျ သမီပ ဥပသ္ထိတဝါန်၊
၄၃ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ် ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ။ လူအပေါင်းတို့သည် ထားနှင့်ဒုတ်များကိုကိုင်လျက် ချက်ခြင်းလာကြ၏။
44 အပရဉ္စာသော် ပရပါဏိၐု သမရ္ပယိတာ ပူရွွမိတိ သင်္ကေတံ ကၖတဝါန် ယမဟံ စုမ္ဗိၐျာမိ သ ဧဝါသော် တမေဝ ဓၖတွာ သာဝဓာနံ နယတ၊
၄၄ကိုယ်တော်ကိုအပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်း၍ လုံခြုံစွာ ဆောင် သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
45 အတော ဟေတေား သ အာဂတျဲဝ ယောၑေား သဝိဓံ ဂတွာ ဟေ ဂုရော ဟေ ဂုရော, ဣတျုက္တွာ တံ စုစုမ္ဗ၊
၄၅သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။
46 တဒါ တေ တဒုပရိ ပါဏီနရ္ပယိတွာ တံ ဒဓ္နုး၊
၄၆ထိုသူတို့သည် လာ၍ ကိုယ်တော်ကိုဆွဲကိုင် ဘမ်းဆီးကြ၏။
47 တတသ္တသျ ပါရ္ၑွသ္ထာနာံ လောကာနာမေကး ခင်္ဂံ နိၐ္ကောၐယန် မဟာယာဇကသျ ဒါသမေကံ ပြဟၖတျ တသျ ကရ္ဏံ စိစ္ဆေဒ၊
၄၇အနား၌ ရပ်နေသော သူတယောက်သည် ထားကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တ ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။
48 ပၑ္စာဒ် ယီၑုသ္တာန် ဝျာဇဟာရ ခင်္ဂါန် လဂုဍာံၑ္စ ဂၖဟီတွာ မာံ ကိံ စော်ရံ ဓရ္တ္တာံ သမာယာတား?
၄၈ယေရှုကလည်း သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက် စွဲလျက်လာကြသည်တကား၊
49 မဓျေမန္ဒိရံ သမုပဒိၑန် ပြတျဟံ ယုၐ္မာဘိး သဟ သ္ထိတဝါနတဟံ, တသ္မိန် ကာလေ ယူယံ မာံ နာဒီဓရတ, ကိန္တွနေန ၑာသ္တြီယံ ဝစနံ သေဓနီယံ၊
၄၉ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊
50 တဒါ သရွွေ ၑိၐျာသ္တံ ပရိတျဇျ ပလာယာဉ္စကြိရေ၊
၅၀ကျမ်းစာပြည်စုံမည်အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။
51 အထဲကော ယုဝါ မာနဝေါ နဂ္နကာယေ ဝသ္တြမေကံ နိဓာယ တသျ ပၑ္စာဒ် ဝြဇန် ယုဝလောကဲ ရ္ဓၖတော
၅၁ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တယောက်သည် စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုလုလင်ကို ဘမ်းဆီး ကြ၏။
52 ဝသ္တြံ ဝိဟာယ နဂ္နး ပလာယာဉ္စကြေ၊
၅၂သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။
53 အပရဉ္စ ယသ္မိန် သ္ထာနေ ပြဓာနယာဇကာ ဥပါဓျာယား ပြာစီနလောကာၑ္စ မဟာယာဇကေန သဟ သဒသိ သ္ထိတာသ္တသ္မိန် သ္ထာနေ မဟာယာဇကသျ သမီပံ ယီၑုံ နိနျုး၊
၅၃ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ် အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။
54 ပိတရော ဒူရေ တတ္ပၑ္စာဒ် ဣတွာ မဟာယာဇကသျာဋ္ဋာလိကာံ ပြဝိၑျ ကိင်္ကရဲး သဟောပဝိၑျ ဝဟ္နိတာပံ ဇဂြာဟ၊
၅၄ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာ လိုက် ပြီးလျှင်၊ မင်းလုလင်တို့နှင့်တအူထိုင်၍မီးလှုံလေ၏။
55 တဒါနီံ ပြဓာနယာဇကာ မန္တြိဏၑ္စ ယီၑုံ ဃာတယိတုံ တတ္ပြာတိကူလျေန သာက္ၐိဏော မၖဂယာဉ္စကြိရေ, ကိန္တု န ပြာပ္တား၊
၅၅ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက် သေကို ရှာသော်လည်းမတွေ့ကြ။
56 အနေကဲသ္တဒွိရုဒ္ဓံ မၖၐာသာက္ၐျေ ဒတ္တေပိ တေၐာံ ဝါကျာနိ န သမဂစ္ဆန္တ၊
၅၆လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။
57 သရွွၑေၐေ ကိယန္တ ဥတ္ထာယ တသျ ပြာတိကူလျေန မၖၐာသာက္ၐျံ ဒတ္တွာ ကထယာမာသုး,
၅၇အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊
58 ဣဒံ ကရကၖတမန္ဒိရံ ဝိနာၑျ ဒိနတြယမဓျေ ပုနရပရမ် အကရကၖတံ မန္ဒိရံ နိရ္မ္မာသျာမိ, ဣတိ ဝါကျမ် အသျ မုခါတ် ၑြုတမသ္မာဘိရိတိ၊
၅၈ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။
59 ကိန္တု တတြာပိ တေၐာံ သာက္ၐျကထာ န သင်္ဂါတား၊
၅၉သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။
60 အထ မဟာယာဇကော မဓျေသဘမ် ဥတ္ထာယ ယီၑုံ ဝျာဇဟာရ, ဧတေ ဇနာသ္တွယိ ယတ် သာက္ၐျမဒုး တွမေတသျ ကိမပျုတ္တရံ ကိံ န ဒါသျသိ?
၆၀ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တပ်ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊
61 ကိန္တု သ ကိမပျုတ္တရံ န ဒတွာ မော်နီဘူယ တသျော်; တတော မဟာယာဇကး ပုနရပိ တံ ပၖၐ္ဋာဝါန် တွံ သစ္စိဒါနန္ဒသျ တနယော 'ဘိၐိက္တသ္တြတာ?
၆၁ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန်ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မြေးပြန်လျှင်၊
62 တဒါ ယီၑုသ္တံ ပြောဝါစ ဘဝါမျဟမ် ယူယဉ္စ သရွွၑက္တိမတော ဒက္ၐီဏပါရ္ၑွေ သမုပဝိၑန္တံ မေဃ မာရုဟျ သမာယာန္တဉ္စ မနုၐျပုတြံ သန္ဒြက္ၐျထ၊
၆၂ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ထိုင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
63 တဒါ မဟာယာဇကး သွံ ဝမနံ ဆိတွာ ဝျာဝဟရတ္
၆၃ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်အဘယ်သက်သေကို လိုသေးသနည်း။
64 ကိမသ္မာကံ သာက္ၐိဘိး ပြယောဇနမ်? ဤၑွရနိန္ဒာဝါကျံ ယုၐ္မာဘိရၑြာဝိ ကိံ ဝိစာရယထ? တဒါနီံ သရွွေ ဇဂဒုရယံ နိဓနဒဏ္ဍမရှတိ၊
၆၄ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်း လျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။
65 တတး ကၑ္စိတ် ကၑ္စိတ် တဒွပုၐိ နိၐ္ဌီဝံ နိစိက္ၐေပ တထာ တန္မုခမာစ္ဆာဒျ စပေဋေန ဟတွာ ဂဒိတဝါန် ဂဏယိတွာ ဝဒ, အနုစရာၑ္စ စပေဋဲသ္တမာဇဃ္နုး
၆၅ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏။
66 တတး ပရံ ပိတရေ'ဋ္ဋာလိကာဓးကောၐ္ဌေ တိၐ္ဌတိ မဟာယာဇကသျဲကာ ဒါသီ သမေတျ
၆၆ပေတရုသည်အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါးမိန်းမတယောက်သည် လာ၍၊
67 တံ ဝိဟ္နိတာပံ ဂၖဟ္လန္တံ ဝိလောကျ တံ သုနိရီက္ၐျ ဗဘာၐေ တွမပိ နာသရတီယယီၑေား သင်္ဂိနာမ် ဧကော ဇန အာသီး၊
၆၇ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
68 ကိန္တု သောပဟ္နုတျ ဇဂါဒ တမဟံ န ဝဒ္မိ တွံ ယတ် ကထယမိ တဒပျဟံ န ဗုဒ္ဓျေ၊ တဒါနီံ ပိတရေ စတွရံ ဂတဝတိ ကုက္ကုဋော ရုရာဝ၊
၆၈ပေတရုက၊ သင်ပြောသောအရာကိုငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။
69 အထာနျာ ဒါသီ ပိတရံ ဒၖၐ္ဋွာ သမီပသ္ထာန် ဇနာန် ဇဂါဒ အယံ တေၐာမေကော ဇနး၊
၆၉နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟုဆိုသော်။
70 တတး သ ဒွိတီယဝါရမ် အပဟ္နုတဝါန် ပၑ္စာတ် တတြသ္ထာ လောကား ပိတရံ ပြောစုသ္တွမဝၑျံ တေၐာမေကော ဇနး ယတသ္တွံ ဂါလီလီယော နရ ဣတိ တဝေါစ္စာရဏံ ပြကာၑယတိ၊
၇၀ပေတရုသည် တဖန်ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊
71 တဒါ သ ၑပထာဘိၑာပေါ် ကၖတွာ ပြောဝါစ ယူယံ ကထာံ ကထယထ တံ နရံ န ဇာနေ'ဟံ၊
၇၁ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ကျိန်ဆိုသည်နောက်၊
72 တဒါနီံ ဒွိတီယဝါရံ ကုက္ကုဋော 'ရာဝီတ်၊ ကုက္ကုဋသျ ဒွိတီယရဝါတ် ပူရွွံ တွံ မာံ ဝါရတြယမ် အပဟ္နောၐျသိ, ဣတိ ယဒွါကျံ ယီၑုနာ သမုဒိတံ တတ် တဒါ သံသ္မၖတျ ပိတရော ရောဒိတုမ် အာရဘတ၊
၇၂တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။

< မာရ္ကး 14 >