< မာရ္ကး 12 >

1 အနန္တရံ ယီၑု ရ္ဒၖၐ္ဋာန္တေန တေဘျး ကထယိတုမာရေဘေ, ကၑ္စိဒေကော ဒြာက္ၐာက္ၐေတြံ ဝိဓာယ တစ္စတုရ္ဒိက္ၐု ဝါရဏီံ ကၖတွာ တန္မဓျေ ဒြာက္ၐာပေၐဏကုဏ္ဍမ် အခနတ်, တထာ တသျ ဂဍမပိ နိရ္မ္မိတဝါန် တတသ္တတ္က္ၐေတြံ ကၖၐီဝလေၐု သမရ္ပျ ဒူရဒေၑံ ဇဂါမ၊
ထို​နောက်​ကိုယ်​တော်​သည်​သူ​တို့​အား ပုံ​ဥ​ပ​မာ ဆောင်​၍​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော်​က ``လူ တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး​၍ ခြံ​ဝင်း​ကာ​၏။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး ၍​မျှော်​စင်​ကို​ဆောက်​လုပ်​၏။ ထို​နောက်​သူ​သည် ဥ​ယျာဉ်​ကို​ခြံ​သ​မား​တို့​အား သီး​စား​ချ​၍ နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​သွား​၏။-
2 တဒနန္တရံ ဖလကာလေ ကၖၐီဝလေဘျော ဒြာက္ၐာက္ၐေတြဖလာနိ ပြာပ္တုံ တေၐာံ သဝိဓေ ဘၖတျမ် ဧကံ ပြာဟိဏောတ်၊
အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သ​မား များ​ထံ​သို့​စေ​လွှတ်​၍ ဥ​ယျာဉ်​သီး​ခွန်​ကို​တောင်း ခံ​စေ​၏။-
3 ကိန္တု ကၖၐီဝလာသ္တံ ဓၖတွာ ပြဟၖတျ ရိက္တဟသ္တံ ဝိသသၖဇုး၊
ခြံ​သ​မား​တို့​သည်​ထို​ကျွန်​ကို​ဖမ်း​ဆီး​ရိုက်​နှက် ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။-
4 တတး သ ပုနရနျမေကံ ဘၖတျံ ပြၐယာမာသ, ကိန္တု တေ ကၖၐီဝလား ပါၐာဏာဃာတဲသ္တသျ ၑိရော ဘင်္က္တွာ သာပမာနံ တံ ဝျသရ္ဇန်၊
ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ်​ယောက်​ကို​တစ်​ဖန် စေ​လွှတ်​ပြန်​၏။ ခြံ​သ​မား​တို့​သည်​ထို​ကျွန်​၏​ဦး ခေါင်း​ကို​ရိုက်​နှက်​၍ အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း အောင်​ပြု​ကြ​၏။-
5 တတး ပရံ သောပရံ ဒါသံ ပြာဟိဏောတ် တဒါ တေ တံ ဇဃ္နုး, ဧဝမ် အနေကေၐာံ ကသျစိတ် ပြဟာရး ကသျစိဒ် ဝဓၑ္စ တဲး ကၖတး၊
ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ်​ယောက်​ကို စေ​လွှတ်​ပြန်​သော် ခြံ​သ​မား​တို့​သည်​သူ့​ကို သတ်​ကြ​၏။ အ​ခြား​များ​စွာ​သော​ကျွန်​တို့​ကို လည်း ဤ​နည်း​တူ​ပင်​ရိုက်​သူ​ကို​ရိုက်၊ သတ်​သူ ကို​သတ်​ကြ​၏။-
6 တတး ပရံ မယာ သွပုတြေ ပြဟိတေ တေ တမဝၑျံ သမ္မံသျန္တေ, ဣတျုက္တွာဝၑေၐေ တေၐာံ သန္နိဓော် နိဇပြိယမ် အဒွိတီယံ ပုတြံ ပြေၐယာမာသ၊
ဥ​ယျာဉ်​ရှင်​မှာ​တစ်​ဦး​တည်း​သော​ချစ်​သား​ကို သာ​စေ​လွှတ်​ရန်​ကျန်​တော့​၏။ သို့​ဖြစ်​၍​သူ​သည် `ငါ့​သား​ကို​ထို​သူ​တို့​လေး​စား​ကြ​ရာ​၏' ဟု ဆို​လျက်​နောက်​ဆုံး​တွင်​မိ​မိ​၏​သား​ကို​စေ​လွှတ် လိုက်​၏။-
7 ကိန္တု ကၖၐီဝလား ပရသ္ပရံ ဇဂဒုး, ဧၐ ဥတ္တရာဓိကာရီ, အာဂစ္ဆတ ဝယမေနံ ဟန္မသ္တထာ ကၖတေ 'ဓိကာရောယမ် အသ္မာကံ ဘဝိၐျတိ၊
သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို သတ်​ကြ​ကုန်​အံ့။ သို့​မှ​သာ​ဥ​ယျာဉ်​ကို​ငါ​တို့ ရ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​လျက်၊-
8 တတသ္တံ ဓၖတွာ ဟတွာ ဒြာက္ၐာက္ၐေတြာဒ် ဗဟိး ပြာက္ၐိပန်၊
သူ့​ကို​ဖမ်း​၍​သတ်​ပြီး​လျှင်​ဥ​ယျာဉ်​အ​ပြင် သို့​ထုတ်​ပစ်​လိုက်​ကြ​၏။
9 အနေနာသော် ဒြာက္ၐာက္ၐေတြပတိး ကိံ ကရိၐျတိ? သ ဧတျ တာန် ကၖၐီဝလာန် သံဟတျ တတ္က္ၐေတြမ် အနျေၐု ကၖၐီဝလေၐု သမရ္ပယိၐျတိ၊
``ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​အ​ဘယ်​သို့​ပြု​လိမ့် မည်​နည်း။ သူ​သည်​လာ​၍​ခြံ​သ​မား​များ​ကို သုတ်​သင်​ဖျက်​ဆီး​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို အ​ခြား​သူ​တို့​အား​ပေး​အပ်​လိမ့်​မည်။
10 အပရဉ္စ, "သ္ထပတယး ကရိၐျန္တိ ဂြာဝါဏံ ယန္တု တုစ္ဆကံ၊ ပြာဓာနပြသ္တရး ကောဏေ သ ဧဝ သံဘဝိၐျတိ၊
၁၀`တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏။
11 ဧတတ် ကရ္မ္မ ပရေၑသျာံဒ္ဘုတံ နော ဒၖၐ္ဋိတော ဘဝေတ်။ " ဣမာံ ၑာသ္တြီယာံ လိပိံ ယူယံ ကိံ နာပါဌိၐ္ဋ?
၁၁ဤ​အ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏၊ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စကား​ကို​သင်​တို့​မ​ဖတ်​ဖူး​ကြ ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
12 တဒါနီံ သ တာနုဒ္ဒိၑျ တာံ ဒၖၐ္ဋာန္တကထာံ ကထိတဝါန်, တ ဣတ္ထံ ဗုဒွွာ တံ ဓရ္တ္တာမုဒျတား, ကိန္တု လောကေဘျော ဗိဘျုး, တဒနန္တရံ တေ တံ ဝိဟာယ ဝဝြဇုး၊
၁၂ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့ ကို​ရည်​ဆောင်​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ ကြောင်း​သိ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​ကို ကြောက်​သော​ကြောင့်​အ​ထံ​တော်​မှ​ထွက်​သွား ကြ​၏။
13 အပရဉ္စ တေ တသျ ဝါကျဒေါၐံ ဓရ္တ္တာံ ကတိပယာန် ဖိရူၑိနော ဟေရောဒီယာံၑ္စ လောကာန် တဒန္တိကံ ပြေၐယာမာသုး၊
၁၃ထို​နောက်​သူ​တို့​သည်​ဖာ​ရိ​ရှဲ​အ​ချို့​နှင့် ဟေ​ရုဒ် ပါ​တီ​ဝင်​အ​ချို့​တို့​ကို​အ​ထံ​တော်​သို့​စေ​လွှတ် ကြ​၏။-
14 တ အာဂတျ တမဝဒန်, ဟေ ဂုရော ဘဝါန် တထျဘာၐီ ကသျာပျနုရောဓံ န မနျတေ, ပက္ၐပါတဉ္စ န ကရောတိ, ယထာရ္ထတ ဤၑွရီယံ မာရ္ဂံ ဒရ္ၑယတိ ဝယမေတတ် ပြဇာနီမး, ကဲသရာယ ကရော ဒေယော န ဝါံ? ဝယံ ဒါသျာမော န ဝါ?
၁၄ထို​သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ရှင်​သည်​မှန်​သော​စ​ကား​ကို​သာ​ပြော​တတ် ပါ​၏။ လူ​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သည်​ကို အ​ရေး​မ​စိုက်။ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ​ဘု​ရား သ​ခင်​၏​တ​ရား​လမ်း​ကို​ဟုတ်​မှန်​သည့်​အ​တိုင်း သွန်​သင်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ ရော​မ​ဧ​က​ရာဇ်​မင်း​အား​အ​ခွန်​ဆက်​အပ်​ပါ သ​လော၊ မ​ဆက်​အပ်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ သည်​အ​ခွန်​ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည် လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။
15 ကိန္တု သ တေၐာံ ကပဋံ ဇ္ဉာတွာ ဇဂါဒ, ကုတော မာံ ပရီက္ၐဓွေ? ဧကံ မုဒြာပါဒံ သမာနီယ မာံ ဒရ္ၑယတ၊
၁၅ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​ကြောင့် အ​ပြစ်​ရှာ​လို​ကြ​သ​နည်း။ ဒင်္ဂါး​တစ်​ပြား​ကို​ငါ ကြည့်​ဖို့​ယူ​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
16 တဒါ တဲရေကသ္မိန် မုဒြာပါဒေ သမာနီတေ သ တာန် ပပြစ္ဆ, အတြ လိခိတံ နာမ မူရ္တ္တိ ရွာ ကသျ? တေ ပြတျူစုး, ကဲသရသျ၊
၁၆သူ​တို့​ယူ​ခဲ့​ကြ​လျှင်​ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့ ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ဧ​က​ရာဇ်​မင်း​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​မင်း​၏ ကမ္ပည်း​လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။
17 တဒါ ယီၑုရဝဒတ် တရှိ ကဲသရသျ ဒြဝျာဏိ ကဲသရာယ ဒတ္တ, ဤၑွရသျ ဒြဝျာဏိ တု ဤၑွရာယ ဒတ္တ; တတသ္တေ ဝိသ္မယံ မေနိရေ၊
၁၇သ​ခင်​ယေ​ရှု​က ``ဧ​က​ရာဇ်​မင်း​ပိုင်​သည့်​အ​ရာ​ကို ဧ​က​ရာဇ်​မင်း​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင် သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​လျှင်​သူ​တို့​သည် အံ့​သြ​ကြ​၏။
18 အထ မၖတာနာမုတ္ထာနံ ယေ န မနျန္တေ တေ သိဒူကိနော ယီၑေား သမီပမာဂတျ တံ ပပြစ္ဆုး;
၁၈သေ​ခြင်း​မှ​ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟု​အ​ယူ ရှိ​သော​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍၊-
19 ဟေ ဂုရော ကၑ္စိဇ္ဇနော ယဒိ နိးသန္တတိး သန် ဘာရျျာယာံ သတျာံ မြိယတေ တရှိ တသျ ဘြာတာ တသျ ဘာရျျာံ ဂၖဟီတွာ ဘြာတု ရွံၑောတ္ပတ္တိံ ကရိၐျတိ, ဝျဝသ္ထာမိမာံ မူသာ အသ္မာန် ပြတိ ဝျလိခတ်၊
၁၉``ဆ​ရာ​တော်၊ `လူ​တစ်​စုံ​တစ်​ယောက်​သည်​သား​သ​မီး မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့​သည့်​ဇ​နီး​ကို​ညီ ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ​မည်။ အစ်​ကို​၏​အ​မျိုး အ​နွယ်​ကို​သူ​၏​ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု အ​ကျွန်ုပ်​တို့​အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-
20 ကိန္တု ကေစိတ် သပ္တ ဘြာတရ အာသန်, တတသ္တေၐာံ ဇျေၐ္ဌဘြာတာ ဝိဝဟျ နိးသန္တတိး သန် အမြိယတ၊
၂၀အ​ခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော်​လည်း​သား သ​မီး​မ​ရ​ဘဲ၊-
21 တတော ဒွိတီယော ဘြာတာ တာံ သ္တြိယမဂၖဟဏတ် ကိန္တု သောပိ နိးသန္တတိး သန် အမြိယတ; အထ တၖတီယောပိ ဘြာတာ တာဒၖၑောဘဝတ်၊
၂၁သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး​သည် မ​ရီး ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို​ညီ​သည်​လည်း သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။ ထို​နည်း​တူ​ဒု​တိ​ယ ညီ​သည်​လည်း​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။-
22 ဣတ္ထံ သပ္တဲဝ ဘြာတရသ္တာံ သ္တြိယံ ဂၖဟီတွာ နိးသန္တာနား သန္တော'မြိယန္တ, သရွွၑေၐေ သာပိ သ္တြီ မြိယတေ သ္မ၊
၂၂ဤ​သို့​လျှင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး သား​သ​မီး​မ​ရ​ဘဲ​သေ​ကြ​၏။ နောက်​ဆုံး​၌ အ​မျိုး​သ​မီး​လည်း​သေ​၏။-
23 အထ မၖတာနာမုတ္ထာနကာလေ ယဒါ တ ဥတ္ထာသျန္တိ တဒါ တေၐာံ ကသျ ဘာရျျာ သာ ဘဝိၐျတိ? ယတသ္တေ သပ္တဲဝ တာံ ဝျဝဟန်၊
၂၃ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက် ခဲ့​ကြ​သည်​ဖြစ်​၍​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
24 တတော ယီၑုး ပြတျုဝါစ ၑာသ္တြမ် ဤၑွရၑက္တိဉ္စ ယူယမဇ္ဉာတွာ ကိမဘြာမျတ န?
၂၄သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အ​ကြောင်း​ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ လွဲ​လျက်​နေ​ကြ​၏။-
25 မၖတလောကာနာမုတ္ထာနံ သတိ တေ န ဝိဝဟန္တိ ဝါဂ္ဒတ္တာ အပိ န ဘဝန္တိ, ကိန္တု သွရ္ဂီယဒူတာနာံ သဒၖၑာ ဘဝန္တိ၊
၂၅လူ​တို့​သည်​သေ​ခြင်း​မှ​ထ​မြောက်​ကြ​သော​အ​ခါ ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ဘဲ ကောင်း​ကင် ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ​လိမ့် မည်။-
26 ပုနၑ္စ "အဟမ် ဣဗြာဟီမ ဤၑွရ ဣသှာက ဤၑွရော ယာကူဗၑ္စေၑွရး" ယာမိမာံ ကထာံ သ္တမ္ဗမဓျေ တိၐ္ဌန် ဤၑွရော မူသာမဝါဒီတ် မၖတာနာမုတ္ထာနာရ္ထေ သာ ကထာ မူသာလိခိတေ ပုသ္တကေ ကိံ ယုၐ္မာဘိ ရ္နာပါဌိ?
၂၆သေ​လွန်​သူ​တို့​ထ​မြောက်​ရှင်​ပြန်​ရ​ကြောင်း​ကို ဖော်​ပြ​သော မော​ရှေ​ကျမ်း​ကို​မ​ဖတ်​ဖူး​ကြ​ပါ သ​လော။ အ​ဆို​ပါ​ကျမ်း​တွင်​မီး​လျှံ​ထွက်​သည့် ချုံ​အ​ကြောင်း​ဆိုင်​ရာ​စာ​ပိုဒ်​၌ ဘု​ရား​သ​ခင် က `ငါ​သည်​အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်​၏ ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​ပါ​ရှိ​၏။-
27 ဤၑွရော ဇီဝတာံ ပြဘုး ကိန္တု မၖတာနာံ ပြဘု ရ္န ဘဝတိ, တသ္မာဒ္ဓေတော ရျူယံ မဟာဘြမေဏ တိၐ္ဌထ၊
၂၇ထို​အ​ရှင်​သည်​သေ​လွန်​သူ​တို့​၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​သည်​လွန်​စွာ​မှ​အ​ယူ​လွဲ​လျက်​နေ​ကြ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။
28 ဧတရှိ ဧကောဓျာပက ဧတျ တေၐာမိတ္ထံ ဝိစာရံ ၑုၑြာဝ; ယီၑုသ္တေၐာံ ဝါကျသျ သဒုတ္တရံ ဒတ္တဝါန် ဣတိ ဗုဒွွာ တံ ပၖၐ္ဋဝါန် သရွွာသာမ် အာဇ္ဉာနာံ ကာ ၑြေၐ္ဌာ? တတော ယီၑုး ပြတျုဝါစ,
၂၈ယင်း​သို့​သ​ခင်​ယေ​ရှု​နှင့်​ဇဒ္ဒု​ကဲ​တို့​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​စဉ် ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည် အ​နီး​အ​ပါး​၌​ရှိ​နေ​၏။ သူ​တို့​အား​သ​ခင်​ယေ​ရှု လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​ကြား သ​ဖြင့် ရှေ့​တော်​သို့​လာ​၍​ကိုယ်​တော်​အား ``ပ​ညတ် ရှိ​သ​မျှ​တို့​တွင်​အ​ဘယ်​ပ​ညတ်​သည်​အ​ကြီး​မြတ် ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
29 "ဟေ ဣသြာယေလ္လောကာ အဝဓတ္တ, အသ္မာကံ ပြဘုး ပရမေၑွရ ဧက ဧဝ,
၂၉သ​ခင်​ယေ​ရှု​က `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ဘုရား ဖြစ်​တော်​မူ​၏။-
30 ယူယံ သရွွန္တးကရဏဲး သရွွပြာဏဲး သရွွစိတ္တဲး သရွွၑက္တိဘိၑ္စ တသ္မိန် ပြဘော် ပရမေၑွရေ ပြီယဓွံ," ဣတျာဇ္ဉာ ၑြေၐ္ဌာ၊
၃၀သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်' ဟူ​သော​ပ​ညတ်​သည် ပ​ထ​မ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-
31 တထာ "သွပြတိဝါသိနိ သွဝတ် ပြေမ ကုရုဓွံ," ဧၐာ ယာ ဒွိတီယာဇ္ဉာ သာ တာဒၖၑီ; ဧတာဘျာံ ဒွါဘျာမ် အာဇ္ဉာဘျာမ် အနျာ ကာပျာဇ္ဉာ ၑြေၐ္ဌာ နာသ္တိ၊
၃၁`အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်' ဟူ သော​ပ​ညတ်​သည်​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး ပ​ညတ်​ဖြစ်​၏။ ဤ​ပ​ညတ်​နှစ်​ပါး​ထက်​ပို​၍​ကြီး မြတ်​သော​ပ​ညတ်​ကား​မ​ရှိ'' ဟု​ဖြေ​ကြား​တော် မူ​၏။
32 တဒါ သောဓျာပကသ္တမဝဒတ်, ဟေ ဂုရော သတျံ ဘဝါန် ယထာရ္ထံ ပြောက္တဝါန် ယတ ဧကသ္မာဒ် ဤၑွရာဒ် အနျော ဒွိတီယ ဤၑွရော နာသ္တိ;
၃၂ကျမ်း​တတ်​ဆ​ရာ​က ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ ချက်​သည်​သင့်​မြတ်​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သာ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မှ တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။-
33 အပရံ သရွွာန္တးကရဏဲး သရွွပြာဏဲး သရွွစိတ္တဲး သရွွၑက္တိဘိၑ္စ ဤၑွရေ ပြေမကရဏံ တထာ သွမီပဝါသိနိ သွဝတ် ပြေမကရဏဉ္စ သရွွေဘျော ဟောမဗလိဒါနာဒိဘျး ၑြၐ္ဌံ ဘဝတိ၊
၃၃ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။
34 တတော ယီၑုး သုဗုဒ္ဓေရိဝ တသျေဒမ် ဥတ္တရံ ၑြုတွာ တံ ဘာၐိတဝါန် တွမီၑွရသျ ရာဇျာန္န ဒူရောသိ၊ ဣတး ပရံ တေန သဟ ကသျာပိ ဝါကျသျ ဝိစာရံ ကရ္တ္တာံ ကသျာပိ ပြဂလ္ဘတာ န ဇာတာ၊
၃၄ထို​သူ​သည်​ဤ​သို့​အ​သိ​ပ​ညာ​နှင့်​လျှောက်​ထား သည့်​အ​တွက် သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး​တော့​ပြီ'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​မည်​သူ​မျှ​ကိုယ်​တော်​အား​ထပ်​မံ​၍ မ​မေး​မ​လျှောက်​ဝံ့​ကြ။
35 အနန္တရံ မဓျေမန္ဒိရမ် ဥပဒိၑန် ယီၑုရိမံ ပြၑ္နံ စကာရ, အဓျာပကာ အဘိၐိက္တံ (တာရကံ) ကုတော ဒါယူဒး သန္တာနံ ဝဒန္တိ?
၃၅သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ် ကြောင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ဆို​ကြ​သ​နည်း။
36 သွယံ ဒါယူဒ် ပဝိတြသျာတ္မန အာဝေၑေနေဒံ ကထယာမာသ၊ ယထာ၊ "မမ ပြဘုမိဒံ ဝါကျဝဒတ် ပရမေၑွရး၊ တဝ ၑတြူနဟံ ယာဝတ် ပါဒပီဌံ ကရောမိ န၊ တာဝတ် ကာလံ မဒီယေ တွံ ဒက္ၐပါရ္ၑွ် ဥပါဝိၑ၊ "
၃၆`သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​ရောက်​စေ​မည်။ သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အ​ရှင်​အား​မိန့်​တော်​မူ​၏' ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက် ဖြင့်​ဒါ​ဝိဒ်​မင်း​မြွက်​ဆို​ခဲ့​၏။
37 ယဒိ ဒါယူဒ် တံ ပြဘူံ ဝဒတိ တရှိ ကထံ သ တသျ သန္တာနော ဘဝိတုမရှတိ? ဣတရေ လောကာသ္တတ္ကထာံ ၑြုတွာနနန္ဒုး၊
၃၇ဤ​သို့​ဆို​ရာ​တွင်​ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင် မေ​ရှိ​ယ ကို `အ​ရှင်' ဟု​ခေါ်​သည်​ဖြစ်​ရာ အ​သို့​လျှင်​မေ​ရှိ​ယ သည်​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ လူ​ပ​ရိ​သတ်​ကြီး​သည်​ကိုယ်​တော်​၏ စ​ကား​တော်​ကို အား​ရ​ရွှင်​လန်း​စွာ​ကြား​နာ​ကြ​၏။
38 တဒါနီံ သ တာနုပဒိၑျ ကထိတဝါန် ယေ နရာ ဒီရ္ဃပရိဓေယာနိ ဟဋ္ဋေ ဝိပနော် စ
၃၈ဤ​သို့​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ကိုယ်​တော်​က ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ နှင့်​ရှောင်​ကြ​လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို ဝတ်​၍​ပ​လွှား​သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက် တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။-
39 လောကကၖတနမသ္ကာရာန် ဘဇနဂၖဟေ ပြဓာနာသနာနိ ဘောဇနကာလေ ပြဓာနသ္ထာနာနိ စ ကာင်္က္ၐန္တေ;
၃၉တ​ရား​ဇ​ရပ်​များ​တွင်​သီး​သန့်​ထား​သော​နေ​ရာ များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း ဆုံး​သော​နေ​ရာ​ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ် သက်​ကြ​၏။-
40 ဝိဓဝါနာံ သရွွသွံ ဂြသိတွာ ဆလာဒ် ဒီရ္ဃကာလံ ပြာရ္ထယန္တေ တေဘျ ဥပါဓျာယေဘျး သာဝဓာနာ ဘဝတ; တေ'ဓိကတရာန် ဒဏ္ဍာန် ပြာပ္သျန္တိ၊
၄၀မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း​ယူ ပြီး​လျှင် လူ​ကြား​ကောင်း​စေ​ရန်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​ပို​၍ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။
41 တဒနန္တရံ လောကာ ဘာဏ္ဍာဂါရေ မုဒြာ ယထာ နိက္ၐိပန္တိ ဘာဏ္ဍာဂါရသျ သမ္မုခေ သမုပဝိၑျ ယီၑုသ္တဒဝလုလောက; တဒါနီံ ဗဟဝေါ ဓနိနသ္တသျ မဓျေ ဗဟူနိ ဓနာနိ နိရက္ၐိပန်၊
၄၁သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ရှေ့ တွင်​ထိုင်​လျက် ထို​သေတ္တာ​ထဲ​သို့ လူ​တို့​ငွေ​များ ထည့်​ဝင်​လှူ​ဒါန်း​ကြ​သည်​ကို​ကြည့်​ရှု​တော်​မူ​၏။ များ​စွာ​သော​သူ​ဌေး​သူ​ကြွယ်​တို့​သည်​ငွေ အ​မြောက်​အ​မြား​ထည့်​ဝင်​လှူ​ဒါန်း​ကြ​၏။-
42 ပၑ္စာဒ် ဧကာ ဒရိဒြာ ဝိဓဝါ သမာဂတျ ဒွိပဏမူလျာံ မုဒြဲကာံ တတြ နိရက္ၐိပတ်၊
၄၂ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း​လာ ၍ ဆယ်​ပြား​ခန့်​တန်​သော​ကြေး​ပြား​နှစ်​ပြား​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​၏။-
43 တဒါ ယီၑုး ၑိၐျာန် အာဟူယ ကထိတဝါန် ယုၐ္မာနဟံ ယထာရ္ထံ ဝဒါမိ ယေ ယေ ဘာဏ္ဍာဂါရေ'သ္မိန ဓနာနိ နိးက္ၐိပန္တိ သ္မ တေဘျး သရွွေဘျ ဣယံ ဝိဓဝါ ဒရိဒြာဓိကမ် နိးက္ၐိပတိ သ္မ၊
၄၃ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​ဝင် လှူ​ဒါန်း​ကြ​သော​သူ​အ​ပေါင်း​တို့​ထက် ပို​၍ ထည့်​ဝင်​လှူ​ဒါန်း​လေ​ပြီ​ဟု​သင်​တို့​အား အ​မှန်​အ​ကန်​ငါ​ဆို​၏။-
44 ယတသ္တေ ပြဘူတဓနသျ ကိဉ္စိတ် နိရက္ၐိပန် ကိန္တု ဒီနေယံ သွဒိနယာပနယောဂျံ ကိဉ္စိဒပိ န သ္ထာပယိတွာ သရွွသွံ နိရက္ၐိပတ်၊
၄၄ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​များ​ကို လှူ​ကြ​ပေ​သည်။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပေး​လှူ သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

< မာရ္ကး 12 >