< မာရ္ကး 1 >
1 ဤၑွရပုတြသျ ယီၑုခြီၐ္ဋသျ သုသံဝါဒါရမ္ဘး၊
၁ဘုရားသခင်၏သားတော်ယေရှုခရစ်အကြောင်း သတင်းကောင်းစတင်ပုံကိုဖော်ပြပါအံ့။-
2 ဘဝိၐျဒွါဒိနာံ ဂြန္ထေၐု လိပိရိတ္ထမာသ္တေ, ပၑျ သွကီယဒူတန္တု တဝါဂြေ ပြေၐယာမျဟမ်၊ ဂတွာ တွဒီယပန္ထာနံ သ ဟိ ပရိၐ္ကရိၐျတိ၊
၂ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
3 "ပရမေၑသျ ပန္ထာနံ ပရိၐ္ကုရုတ သရွွတး၊ တသျ ရာဇပထဉ္စဲဝ သမာနံ ကုရုတာဓုနာ၊ " ဣတျေတတ် ပြာန္တရေ ဝါကျံ ဝဒတး ကသျစိဒြဝး။
၃တောကန္တာရ၌အသံတစ်ခုသည် ``ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့'' ဟု ကြွေးကြော်လျက်နေ၏။ ဟူ၍ဖော်ပြပါရှိသည်။
4 သဧဝ ယောဟန် ပြာန္တရေ မဇ္ဇိတဝါန် တထာ ပါပမာရ္ဇနနိမိတ္တံ မနောဝျာဝရ္တ္တကမဇ္ဇနသျ ကထာဉ္စ ပြစာရိတဝါန်၊
၄ယင်းသို့ဟေရှာယကဖော်ပြသည်နှင့်အညီ ဗတ္တိဇံ ဆရာယောဟန်သည်တောကန္တာရတွင်ပေါ်ထွန်းလာ၏။ သူသည်လူတို့အား ``နောင်တရ၍ဗတ္တိဇံကိုခံယူ ကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟု ဟောပြော၏။-
5 တတော ယိဟူဒါဒေၑယိရူၑာလမ္နဂရနိဝါသိနး သရွွေ လောကာ ဗဟိ ရ္ဘူတွာ တသျ သမီပမာဂတျ သွာနိ သွာနိ ပါပါနျင်္ဂီကၖတျ ယရ္ဒ္ဒနနဒျာံ တေန မဇ္ဇိတာ ဗဘူဝုး၊
၅ယေရုရှလင်မြို့နှင့်ယုဒပြည်ကျေးလက်တောရွာ တို့မှ လူအပေါင်းတို့သည်ယောဟန်ထံသို့သွားကြ ကုန်၏။ မိမိတို့အပြစ်များကိုဖော်ပြဝန်ခံလျက် ယော်ဒန်မြစ်တွင်ယောဟန်ထံမှဗတ္တိဇံကိုခံယူကြ၏။
6 အသျ ယောဟနး ပရိဓေယာနိ ကြမေလကလောမဇာနိ, တသျ ကဋိဗန္ဓနံ စရ္မ္မဇာတမ်, တသျ ဘက္ၐျာဏိ စ ၑူကကီဋာ ဝနျမဓူနိ စာသန်၊
၆ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။-
7 သ ပြစာရယန် ကထယာဉ္စကြေ, အဟံ နမြီဘူယ ယသျ ပါဒုကာဗန္ဓနံ မောစယိတုမပိ န ယောဂျောသ္မိ, တာဒၖၑော မတ္တော ဂုရုတရ ဧကး ပုရုၐော မတ္ပၑ္စာဒါဂစ္ဆတိ၊
၇သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။-
8 အဟံ ယုၐ္မာန် ဇလေ မဇ္ဇိတဝါန် ကိန္တု သ ပဝိတြ အာတ္မာနိ သံမဇ္ဇယိၐျတိ၊
၈ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။
9 အပရဉ္စ တသ္မိန္နေဝ ကာလေ ဂါလီလ္ပြဒေၑသျ နာသရဒ္ဂြာမာဒ် ယီၑုရာဂတျ ယောဟနာ ယရ္ဒ္ဒနနဒျာံ မဇ္ဇိတော'ဘူတ်၊
၉ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။-
10 သ ဇလာဒုတ္ထိတမာတြော မေဃဒွါရံ မုက္တံ ကပေါတဝတ် သွသျောပရိ အဝရောဟန္တမာတ္မာနဉ္စ ဒၖၐ္ဋဝါန်၊
၁၀ရေမှတက်တော်မူစဉ်မိုးကောင်းကင်ကွဲဟ၍ မိမိ အပေါ်သို့ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ဆင်းသက်သည်ကိုမြင်တော်မူ၏။-
11 တွံ မမ ပြိယး ပုတြသ္တွယျေဝ မမမဟာသန္တောၐ ဣယမာကာၑီယာ ဝါဏီ ဗဘူဝ၊
၁၁ကောင်းကင်မှလည်း ``သင်ကားငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သာ၈ပေတည်း'' ဟုအသံတော်ထွက် ပေါ်လာ၏။
12 တသ္မိန် ကာလေ အာတ္မာ တံ ပြာန္တရမဓျံ နိနာယ၊
၁၂ချက်ချင်းပင်ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ပို့ဆောင်တော်မူ၏။-
13 အထ သ စတွာရိံၑဒ္ဒိနာနိ တသ္မိန် သ္ထာနေ ဝနျပၑုဘိး သဟ တိၐ္ဌန် ၑဲတာနာ ပရီက္ၐိတး; ပၑ္စာတ် သွရ္ဂီယဒူတာသ္တံ သိၐေဝိရေ၊
၁၃တောကန္တာရတွင်စာတန်သည်ကိုယ်တော်အား အရက် လေးဆယ်ပတ်လုံးစုံစမ်းသွေးဆောင်လေသည်။ ထို အရပ်တွင်တောတိရစ္ဆာန်များလည်းရှိ၏။ သို့ရာ တွင်ကောင်းကင်တမန်တို့သည်လာ၍ ကိုယ်တော် ကိုလုပ်ကျွေးကြ၏။
14 အနန္တရံ ယောဟနိ ဗန္ဓနာလယေ ဗဒ္ဓေ သတိ ယီၑု ရ္ဂာလီလ္ပြဒေၑမာဂတျ ဤၑွရရာဇျသျ သုသံဝါဒံ ပြစာရယန် ကထယာမာသ,
၁၄ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။
15 ကာလး သမ္ပူရ္ဏ ဤၑွရရာဇျဉ္စ သမီပမာဂတံ; အတောဟေတော ရျူယံ မနာံသိ ဝျာဝရ္တ္တယဓွံ သုသံဝါဒေ စ ဝိၑွာသိတ၊
၁၅
16 တဒနန္တရံ သ ဂါလီလီယသမုဒြသျ တီရေ ဂစ္ဆန် ၑိမောန် တသျ ဘြာတာ အန္ဒြိယနာမာ စ ဣမော် ဒွေါ် ဇနော် မတ္သျဓာရိဏော် သာဂရမဓျေ ဇာလံ ပြက္ၐိပန္တော် ဒၖၐ္ဋွာ တာဝဝဒတ်,
၁၆ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။-
17 ယုဝါံ မမ ပၑ္စာဒါဂစ္ဆတံ, ယုဝါမဟံ မနုၐျဓာရိဏော် ကရိၐျာမိ၊
၁၇သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။-
18 တတသ္တော် တတ္က္ၐဏမေဝ ဇာလာနိ ပရိတျဇျ တသျ ပၑ္စာတ် ဇဂ္မတုး၊
၁၈ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
19 တတး ပရံ တတ္သ္ထာနာတ် ကိဉ္စိဒ် ဒူရံ ဂတွာ သ သိဝဒီပုတြယာကူဗ် တဒ္ဘြာတၖယောဟန် စ ဣမော် နော်ကာယာံ ဇာလာနာံ ဇီရ္ဏမုဒ္ဓါရယန္တော် ဒၖၐ္ဋွာ တာဝါဟူယတ်၊
၁၉ကိုယ်တော်သည်ဆက်လက်၍အနည်းငယ်လျှောက် သွားသောအခါ ဇေဗေဒဲ၏သားများဖြစ်ကြ သောယာကုပ်နှင့်ညီယောဟန်ကိုမြင်တော်မူ၏။ သူတို့သည်လှေထဲတွင်ပိုက်ကွန်များကိုအသင့် ပြင်လျက်နေကြ၏။-
20 တတသ္တော် နော်ကာယာံ ဝေတနဘုဂ္ဘိး သဟိတံ သွပိတရံ ဝိဟာယ တတ္ပၑ္စာဒီယတုး၊
၂၀ကိုယ်တော်သည်သူတို့ကိုမြင်လျှင်ချက်ချင်းခေါ်ယူ တော်မူသဖြင့် သူတို့သည်ဖခင်ဇေဗေဒဲကိုလူ ငှားများနှင့်လှေထဲတွင်ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။
21 တတး ပရံ ကဖရ္နာဟူမ္နာမကံ နဂရမုပသ္ထာယ သ ဝိၑြာမဒိဝသေ ဘဇနဂြဟံ ပြဝိၑျ သမုပဒိဒေၑ၊
၂၁ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။-
22 တသျောပဒေၑာလ္လောကာ အာၑ္စရျျံ မေနိရေ ယတး သောဓျာပကာဣဝ နောပဒိၑန် ပြဘာဝဝါနိဝ ပြောပဒိဒေၑ၊
၂၂ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။
23 အပရဉ္စ တသ္မိန် ဘဇနဂၖဟေ အပဝိတြဘူတေန ဂြသ္တ ဧကော မာနုၐ အာသီတ်၊ သ စီတ္ၑဗ္ဒံ ကၖတွာ ကထယာဉ္စကေ
၂၃ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။-
24 ဘော နာသရတီယ ယီၑော တွမသ္မာန် တျဇ, တွယာ သဟာသ္မာကံ ကး သမ္ဗန္ဓး? တွံ ကိမသ္မာန် နာၑယိတုံ သမာဂတး? တွမီၑွရသျ ပဝိတြလောက ဣတျဟံ ဇာနာမိ၊
၂၄ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
25 တဒါ ယီၑုသ္တံ တရ္ဇယိတွာ ဇဂါဒ တူၐ္ဏီံ ဘဝ ဣတော ဗဟိရ္ဘဝ စ၊
၂၅သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။-
26 တတး သော'ပဝိတြဘူတသ္တံ သမ္ပီဍျ အတျုစဲၑ္စီတ္ကၖတျ နိရ္ဇဂါမ၊
၂၆ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။-
27 တေနဲဝ သရွွေ စမတ္ကၖတျ ပရသ္ပရံ ကထယာဉ္စကြိရေ, အဟော ကိမိဒံ? ကီဒၖၑော'ယံ နဝျ ဥပဒေၑး? အနေန ပြဘာဝေနာပဝိတြဘူတေၐွာဇ္ဉာပိတေၐု တေ တဒါဇ္ဉာနုဝရ္တ္တိနော ဘဝန္တိ၊
၂၇လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
28 တဒါ တသျ ယၑော ဂါလီလၑ္စတုရ္ဒိက္သ္ထသရွွဒေၑာန် ဝျာပ္နောတ်၊
၂၈ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
29 အပရဉ္စ တေ ဘဇနဂၖဟာဒ် ဗဟိ ရ္ဘူတွာ ယာကူဗျောဟန္ဘျာံ သဟ ၑိမောန အာန္ဒြိယသျ စ နိဝေၑနံ ပြဝိဝိၑုး၊
၂၉ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။
30 တဒါ ပိတရသျ ၑွၑြူရ္ဇွရပီဍိတာ ၑယျာယာမာသ္တ ဣတိ တေ တံ ဈဋိတိ ဝိဇ္ဉာပယာဉ္စကြုး၊
၃၀ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။-
31 တတး သ အာဂတျ တသျာ ဟသ္တံ ဓၖတွာ တာမုဒသ္ထာပယတ်; တဒဲဝ တာံ ဇွရော'တျာက္ၐီတ် တတး ပရံ သာ တာန် သိၐေဝေ၊
၃၁ကိုယ်တော်သည်သူ့ထံသို့သွား၍လက်ကိုကိုင်ဆွဲ ထူမတော်မူ၏။ ထိုအခါသူသည်အဖျားပျောက် ၍ဧည့်သည်ဝတ်ကိုပြုလေ၏။-
32 အထာသ္တံ ဂတေ ရဝေါ် သန္ဓျာကာလေ သတိ လောကာသ္တတ္သမီပံ သရွွာန် ရောဂိဏော ဘူတဓၖတာံၑ္စ သမာနိနျုး၊
၃၂နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
33 သရွွေ နာဂရိကာ လောကာ ဒွါရိ သံမိလိတာၑ္စ၊
၃၃တစ်မြို့လုံးမှလူတို့သည် အိမ်တံခါးဝတွင် လာရောက်စုရုံးလျက်ရှိနေကြ၏။-
34 တတး သ နာနာဝိဓရောဂိဏော ဗဟူန် မနုဇာနရောဂိဏၑ္စကာရ တထာ ဗဟူန် ဘူတာန် တျာဇယာဉ္စကာရ တာန် ဘူတာန် ကိမပိ ဝါကျံ ဝက္တုံ နိၐိၐေဓ စ ယတောဟေတောသ္တေ တမဇာနန်၊
၃၄ကိုယ်တော်သည်ရောဂါအမျိုးမျိုးစွဲကပ်သူ အမြောက်အမြားကို ကျန်းမာစေတော်မူ၏။ များစွာ သောနတ်မိစ္ဆာတို့ကိုနှင်ထုတ်တော်မူ၏။ ထိုနတ်တို့သည် ကိုယ်တော်မည်သူဖြစ်ကြောင်းကိုသိကြ၏။ သို့ဖြစ် သောကြောင့်ကိုယ်တော်သည် သူတို့အားစကား ပြောခွင့်ပေးတော်မမူ။
35 အပရဉ္စ သော'တိပြတျူၐေ ဝသ္တုတသ္တု ရာတြိၑေၐေ သမုတ္ထာယ ဗဟိရ္ဘူယ နိရ္ဇနံ သ္ထာနံ ဂတွာ တတြ ပြာရ္ထယာဉ္စကြေ၊
၃၅နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။-
36 အနန္တရံ ၑိမောန် တတ္သင်္ဂိနၑ္စ တသျ ပၑ္စာဒ် ဂတဝန္တး၊
၃၆ရှိမုန်နှင့်အပေါင်းဖော်များသည်ကိုယ်တော်ကို လိုက်ရှာကြ၏။-
37 တဒုဒ္ဒေၑံ ပြာပျ တမဝဒန် သရွွေ လောကာသ္တွာံ မၖဂယန္တေ၊
၃၇တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။
38 တဒါ သော'ကထယတ် အာဂစ္ဆတ ဝယံ သမီပသ္ထာနိ နဂရာဏိ ယာမး, ယတော'ဟံ တတြ ကထာံ ပြစာရယိတုံ ဗဟိရာဂမမ်၊
၃၈ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။
39 အထ သ တေၐာံ ဂါလီလ္ပြဒေၑသျ သရွွေၐု ဘဇနဂၖဟေၐု ကထား ပြစာရယာဉ္စကြေ ဘူတာနတျာဇယဉ္စ၊
၃၉ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။
40 အနန္တရမေကး ကုၐ္ဌီ သမာဂတျ တတ္သမ္မုခေ ဇာနုပါတံ ဝိနယဉ္စ ကၖတွာ ကထိတဝါန် ယဒိ ဘဝါန် ဣစ္ဆတိ တရှိ မာံ ပရိၐ္ကရ္တ္တုံ ၑက္နောတိ၊
၄၀အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။
41 တတး ကၖပါလု ရျီၑုး ကရော် ပြသာရျျ တံ သ္ပၐ္ဋွာ ကထယာမာသ
၄၁ကိုယ်တော်သည်သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ထိုသူ့ကိုတို့ထိတော်မူ၏။ ``ငါအလိုရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူ၏။-
42 မမေစ္ဆာ ဝိဒျတေ တွံ ပရိၐ္ကၖတော ဘဝ၊ ဧတတ္ကထာယား ကထနမာတြာတ် သ ကုၐ္ဌီ ရောဂါန္မုက္တး ပရိၐ္ကၖတော'ဘဝတ်၊
၄၂မိန့်တော်မူသည့်ခဏ၌ ထိုသူသည်ရောဂါပျောက် ၍သန့်စင်သွားလေသည်။-
43 တဒါ သ တံ ဝိသၖဇန် ဂါဎမာဒိၑျ ဇဂါဒ
၄၃ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။
44 သာဝဓာနော ဘဝ ကထာမိမာံ ကမပိ မာ ဝဒ; သွာတ္မာနံ ယာဇကံ ဒရ္ၑယ, လောကေဘျး သွပရိၐ္ကၖတေး ပြမာဏဒါနာယ မူသာနိရ္ဏီတံ ယဒ္ဒါနံ တဒုတ္သၖဇသွ စ၊
၄၄
45 ကိန္တု သ ဂတွာ တတ် ကရ္မ္မ ဣတ္ထံ ဝိသ္တာရျျ ပြစာရယိတုံ ပြာရေဘေ တေနဲဝ ယီၑုး ပုနး သပြကာၑံ နဂရံ ပြဝေၐ္ဋုံ နာၑက္နောတ် တတောဟေတောရ္ဗဟိး ကာနနသ္ထာနေ တသျော်; တထာပိ စတုရ္ဒ္ဒိဂ္ဘျော လောကာသ္တသျ သမီပမာယယုး၊
၄၅ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။