< လူကး 5 >

1 အနန္တရံ ယီၑုရေကဒါ ဂိနေၐရထ္ဒသျ တီရ ဥတ္တိၐ္ဌတိ, တဒါ လောကာ ဤၑွရီယကထာံ ၑြောတုံ တဒုပရိ ပြပတိတား၊
တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင် တော်မူ၏။
2 တဒါနီံ သ ဟ္ဒသျ တီရသမီပေ နော်ဒွယံ ဒဒရ္ၑ ကိဉ္စ မတ္သျောပဇီဝိနော နာဝံ ဝိဟာယ ဇာလံ ပြက္ၐာလယန္တိ၊
တံငါတို့သည် လှေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။
3 တတသ္တယောရ္ဒွယော ရ္မဓျေ ၑိမောနော နာဝမာရုဟျ တီရာတ် ကိဉ္စိဒ္ဒူရံ ယာတုံ တသ္မိန် ဝိနယံ ကၖတွာ နော်ကာယာမုပဝိၑျ လောကာန် ပြောပဒိၐ္ဋဝါန်၊
ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။
4 ပၑ္စာတ် တံ ပြသ္တာဝံ သမာပျ သ ၑိမောနံ ဝျာဇဟာရ, ဂဘီရံ ဇလံ ဂတွာ မတ္သျာန် ဓရ္တ္တုံ ဇာလံ နိက္ၐိပ၊
စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ၏။
5 တတး ၑိမောန ဗဘာၐေ, ဟေ ဂုရော ယဒျပိ ဝယံ ကၖတ္သ္နာံ ယာမိနီံ ပရိၑြမျ မတ္သျဲကမပိ န ပြာပ္တာသ္တထာပိ ဘဝတော နိဒေၑတော ဇာလံ က္ၐိပါမး၊
ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။
6 အထ ဇာလေ က္ၐိပ္တေ ဗဟုမတ္သျပတနာဒ် အာနာယး ပြစ္ဆိန္နး၊
ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။
7 တသ္မာဒ် ဥပကရ္တ္တုမ် အနျနော်သ္ထာန် သင်္ဂိန အာယာတုမ် ဣင်္ဂိတေန သမာဟွယန် တတသ္တ အာဂတျ မတ္သျဲ ရ္နော်ဒွယံ ပြပူရယာမာသု ရျဲ ရ္နော်ဒွယံ ပြမဂ္နမ်၊
အခြားသော လှေတစင်း၌ရှိသော အပေါင်းအဘော်တို့သည်လာ၍ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။
8 တဒါ ၑိမောန္ပိတရသ္တဒ် ဝိလောကျ ယီၑောၑ္စရဏယေား ပတိတွာ, ဟေ ပြဘောဟံ ပါပီ နရော မမ နိကဋာဒ် ဘဝါန် ယာတု, ဣတိ ကထိတဝါန်၊
ရှိမုန် ပေတရုသ်မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကိုဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။
9 ယတော ဇာလေ ပတိတာနာံ မတ္သျာနာံ ယူထာတ် ၑိမောန် တတ္သင်္ဂိနၑ္စ စမတ္ကၖတဝန္တး; ၑိမောနး သဟကာရိဏော် သိဝဒေး ပုတြော် ယာကူဗ် ယောဟန် စေမော် တာဒၖၑော် ဗဘူဝတုး၊
အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကိုထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
10 တဒါ ယီၑုး ၑိမောနံ ဇဂါဒ မာ ဘဲၐီရဒျာရဘျ တွံ မနုၐျဓရော ဘဝိၐျသိ၊
၁၀ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
11 အနန္တရံ သရွွာသု နော်သု တီရမ် အာနီတာသု တေ သရွွာန် ပရိတျဇျ တသျ ပၑ္စာဒ္ဂါမိနော ဗဘူဝုး၊
၁၁ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
12 တတး ပရံ ယီၑော် ကသ္မိံၑ္စိတ် ပုရေ တိၐ္ဌတိ ဇန ဧကး သရွွာင်္ဂကုၐ္ဌသ္တံ ဝိလောကျ တသျ သမီပေ နျုဗ္ဇး ပတိတွာ သဝိနယံ ဝက္တုမာရေဘေ, ဟေ ပြဘော ယဒိ ဘဝါနိစ္ဆတိ တရှိ မာံ ပရိၐ္ကရ္တ္တုံ ၑက္နောတိ၊
၁၂ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြစ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။
13 တဒါနီံ သ ပါဏိံ ပြသာရျျ တဒင်္ဂံ သ္ပၖၑန် ဗဘာၐေ တွံ ပရိၐ္ကြိယသွေတိ မမေစ္ဆာသ္တိ တတသ္တတ္က္ၐဏံ သ ကုၐ္ဌာတ် မုက္တး၊
၁၃ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟုမိန့်တော်မူလျက်၊ လက်ထောက်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ ၏။
14 ပၑ္စာတ် သ တမာဇ္ဉာပယာမာသ ကထာမိမာံ ကသ္မဲစိဒ် အကထယိတွာ ယာဇကသျ သမီပဉ္စ ဂတွာ သွံ ဒရ္ၑယ, လောကေဘျော နိဇပရိၐ္ကၖတတွသျ ပြမာဏဒါနာယ မူသာဇ္ဉာနုသာရေဏ ဒြဝျမုတ္မၖဇသွ စ၊
၁၄ယေရှုကလည်း၊ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ယဇ်ပရောဖိတ်ထံသို့သွား၍ ကိုယ်ကို ပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည့်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟုမိန့်တော်မူ၏။
15 တထာပိ ယီၑေား သုချာတိ ရ္ဗဟု ဝျာပ္တုမာရေဘေ ကိဉ္စ တသျ ကထာံ ၑြောတုံ သွီယရောဂေဘျော မောက္တုဉ္စ လောကာ အာဇဂ္မုး၊
၁၅သို့သော်လည်း သိတင်းတော်သည်သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရား နာလိုသောငါ၎င်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသော၎င်း၊ စုဝေးလျက်ရှိကြ၏။
16 အထ သ ပြာန္တရံ ဂတွာ ပြာရ္ထယာဉ္စကြေ၊
၁၆ကိုယ်တော်သည် တောအရပ်သို့ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။
17 အပရဉ္စ ဧကဒါ ယီၑုရုပဒိၑတိ, ဧတရှိ ဂါလီလျိဟူဒါပြဒေၑယေား သရွွနဂရေဘျော ယိရူၑာလမၑ္စ ကိယန္တး ဖိရူၑိလောကာ ဝျဝသ္ထာပကာၑ္စ သမာဂတျ တဒန္တိကေ သမုပဝိဝိၑုး, တသ္မိန် ကာလေ လောကာနာမာရောဂျကာရဏာတ် ပြဘေား ပြဘာဝး ပြစကာၑေ၊
၁၇တနေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲ ပြည်မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်ဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။
18 ပၑ္စာတ် ကိယန္တော လောကာ ဧကံ ပက္ၐာဃာတိနံ ခဋွာယာံ နိဓာယ ယီၑေား သမီပမာနေတုံ သမ္မုခေ သ္ထာပယိတုဉ္စ ဝျာပြိယန္တ၊
၁၈ထိုအခါ လက်ခြေသေသောသူတယောက်ကို အိမ်ယာနှင့်တကွ အထံသို့ဆောင်ခဲ့၍၊ ရှေ့တော်၌ သွင်း ထားခြင်းငှါ ရှာကြံကြ၏။
19 ကိန္တု ဗဟုဇနနိဝဟသမွာဓာတ် န ၑက္နုဝန္တော ဂၖဟောပရိ ဂတွာ ဂၖဟပၖၐ္ဌံ ခနိတွာ တံ ပက္ၐာဃာတိနံ သခဋွံ ဂၖဟမဓျေ ယီၑေား သမ္မုခေ 'ဝရောဟယာမာသုး၊
၁၉လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကိုမတွေ့သဖြင့်၊ အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိမ်ယာနှင့်တကွ လူများ အလည်ယေရှု၏ ရှေ့တော်သို့ လျှော့ချကြ၏။
20 တဒါ ယီၑုသ္တေၐာမ် ဤဒၖၑံ ဝိၑွာသံ ဝိလောကျ တံ ပက္ၐာဃာတိနံ ဝျာဇဟာရ, ဟေ မာနဝ တဝ ပါပမက္ၐမျတ၊
၂၀ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကို လွတ် စေပြီဟု မိန့်တော်မူ၏။
21 တသ္မာဒ် အဓျာပကား ဖိရူၑိနၑ္စ စိတ္တဲရိတ္ထံ ပြစိန္တိတဝန္တး, ဧၐ ဇန ဤၑွရံ နိန္ဒတိ ကောယံ? ကေဝလမီၑွရံ ဝိနာ ပါပံ က္ၐန္တုံ ကး ၑက္နောတိ?
၂၁ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရား သခင်မှတပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။
22 တဒါ ယီၑုသ္တေၐာမ် ဣတ္ထံ စိန္တနံ ဝိဒိတွာ တေဘျောကထယဒ် ယူယံ မနောဘိး ကုတော ဝိတရ္ကယထ?
၂၂ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ် ကြသနည်း။
23 တဝ ပါပက္ၐမာ ဇာတာ ယဒွါ တွမုတ္ထာယ ဝြဇ ဧတယော ရ္မဓျေ ကာ ကထာ သုကထျာ?
၂၃အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင် ထ၍ လှမ်းသွားလော့ ပြောလွယ်သလော။
24 ကိန္တု ပၖထိဝျာံ ပါပံ က္ၐန္တုံ မာနဝသုတသျ သာမရ္ထျမသ္တီတိ ယထာ ယူယံ ဇ္ဉာတုံ ၑက္နုထ တဒရ္ထံ (သ တံ ပက္ၐာဃာတိနံ ဇဂါဒ) ဥတ္တိၐ္ဌ သွၑယျာံ ဂၖဟီတွာ ဂၖဟံ ယာဟီတိ တွာမာဒိၑာမိ၊
၂၄လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့။ ကိုယ်အိမ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော။ သင်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
25 တသ္မာတ် သ တတ္က္ၐဏမ် ဥတ္ထာယ သရွွေၐာံ သာက္ၐာတ် နိဇၑယနီယံ ဂၖဟီတွာ ဤၑွရံ ဓနျံ ဝဒန် နိဇနိဝေၑနံ ယယော်၊
၂၅ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိမ်ယာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။
26 တသ္မာတ် သရွွေ ဝိသ္မယ ပြာပ္တာ မနးသု ဘီတာၑ္စ ဝယမဒျာသမ္ဘဝကာရျျာဏျဒရ္ၑာမ ဣတျုက္တွာ ပရမေၑွရံ ဓနျံ ပြောဒိတား၊
၂၆ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ်သော အမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
27 တတး ပရံ ဗဟိရ္ဂစ္ဆန် ကရသဉ္စယသ္ထာနေ လေဝိနာမာနံ ကရသဉ္စာယကံ ဒၖၐ္ဋွာ ယီၑုသ္တမဘိဒဓေ မမ ပၑ္စာဒေဟိ၊
၂၇ထိုနောက်ကိုယ်တော်သည် ထကြွ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော ငါနောက်သို့လိုက်လော့ မိန့်တော်မူ၏။
28 တသ္မာတ် သ တတ္က္ၐဏာတ် သရွွံ ပရိတျဇျ တသျ ပၑ္စာဒိယာယ၊
၂၈ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပြစ်လေရဲ့ ထ၍နောက်တော်သို့လိုက်လေ၏။
29 အနန္တရံ လေဝိ ရ္နိဇဂၖဟေ တဒရ္ထံ မဟာဘောဇျံ စကာရ, တဒါ တဲး သဟာနေကေ ကရသဉ္စာယိနသ္တဒနျလောကာၑ္စ ဘောက္တုမုပဝိဝိၑုး၊
၂၉ထိုနောက်မှလေဝိသည် ကိုယ်တော်အဘို့အလို့ငှါ မိမိအိမ်၌ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများ နှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။
30 တသ္မာတ် ကာရဏာတ် စဏ္ဍာလာနာံ ပါပိလောကာနာဉ္စ သင်္ဂေ ယူယံ ကုတော ဘံဂ္ဓွေ ပိဝထ စေတိ ကထာံ ကထယိတွာ ဖိရူၑိနော'ဓျာပကာၑ္စ တသျ ၑိၐျဲး သဟ ဝါဂျုဒ္ဓံ ကရ္တ္တုမာရေဘိရေ၊
၃၀ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က သင်တို့သည် အခွန်ခံသောသူ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော် တို့ကိုကဲ့ရဲ့အပြစ်တင်ကြ၏။
31 တသ္မာဒ် ယီၑုသ္တာန် ပြတျဝေါစဒ် အရောဂလောကာနာံ စိကိတ္သကေန ပြယောဇနံ နာသ္တိ ကိန္တု သရောဂါဏာမေဝ၊
၃၁ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိ ကြ၏။
32 အဟံ ဓာရ္မ္မိကာန် အာဟွာတုံ နာဂတောသ္မိ ကိန္တု မနး ပရာဝရ္တ္တယိတုံ ပါပိန ဧဝ၊
၃၂ဖြောင့်မတ်သောသူတို့သည် နောင်တသို့ ခေါ်ခြင်းငှါလာသည်မဟုတ် ဆိုးသောသူတို့ကိုခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
33 တတသ္တေ ပြောစုး, ယောဟနး ဖိရူၑိနာဉ္စ ၑိၐျာ ဝါရံဝါရမ် ဥပဝသန္တိ ပြာရ္ထယန္တေ စ ကိန္တု တဝ ၑိၐျား ကုတော ဘုဉ္ဇတေ ပိဝန္တိ စ?
၃၃လူအချို့တို့က၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက်နေကြ ပါသနည်းဟု လျှောက်ကြ၏။
34 တဒါ သ တာနာစချော် ဝရေ သင်္ဂေ တိၐ္ဌတိ ဝရသျ သခိဂဏံ ကိမုပဝါသယိတုံ ၑက္နုထ?
၃၄ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။
35 ကိန္တု ယဒါ တေၐာံ နိကဋာဒ် ဝရော နေၐျတေ တဒါ တေ သမုပဝတ္သျန္တိ၊
၃၅မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည်။ ထိုကာလ အခါသူတို့သည် အစာရှောင်ကြလိမ့်မည်။
36 သောပရမပိ ဒၖၐ္ဋာန္တံ ကထယာမ္ဗဘူဝ ပုရာတနဝသ္တြေ ကောပိ နုတနဝသ္တြံ န သီဝျတိ ယတသ္တေန သေဝနေန ဇီရ္ဏဝသ္တြံ ဆိဒျတေ, နူတနပုရာတနဝသ္တြယော ရ္မေလဉ္စ န ဘဝတိ၊
၃၆ဥပမာကား၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ် တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ်။
37 ပုရာတနျာံ ကုတွာံ ကောပိ နုတနံ ဒြာက္ၐာရသံ န နိဒဓာတိ, ယတော နဝီနဒြာက္ၐာရသသျ တေဇသာ ပုရာတနီ ကုတူ ရွိဒီရျျတေ တတော ဒြာက္ၐာရသး ပတတိ ကုတူၑ္စ နၑျတိ၊
၃၇၎င်းနည်း၊ ဟောင်းသောသားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။
38 တတော ဟေတော ရ္နူတနျာံ ကုတွာံ နဝီနဒြာက္ၐာရသး နိဓာတဝျသ္တေနောဘယသျ ရက္ၐာ ဘဝတိ၊
၃၈အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက် စီး။
39 အပရဉ္စ ပုရာတနံ ဒြာက္ၐာရသံ ပီတွာ ကောပိ နူတနံ န ဝါဉ္ဆတိ, ယတး သ ဝက္တိ နူတနာတ် ပုရာတနမ် ပြၑသ္တမ်၊
၃၉ဟောင်းသောစပျစ်ရည်ကိုသောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ်။ ဟောင်းသော စပျစ်ရည်သာ၍ ကောင်းသည်ကိုသိ၏ဟုမိန့်တော်မူ၏။

< လူကး 5 >