< လူကး 24 >
1 အထ သပ္တာဟပြထမဒိနေ'တိပြတျူၐေ တာ ယောၐိတး သမ္ပာဒိတံ သုဂန္ဓိဒြဝျံ ဂၖဟီတွာ တဒနျာဘိး ကိယတီဘိး သ္တြီဘိး သဟ ၑ္မၑာနံ ယယုး၊
၁တနင်္ဂနွေနေ့မိုးလင်းစအချိန်၌ထိုအမျိုး သမီးတို့သည် မိမိတို့အသင့်ပြင်ဆင်ထားသော နံ့သာပေါင်းကိုယူ၍ အခြားသူများနှင့်အတူ သင်္ချိုင်းတော်သို့သွားကြ၏။-
2 ကိန္တု ၑ္မၑာနဒွါရာတ် ပါၐာဏမပသာရိတံ ဒၖၐ္ဋွာ
၂သင်္ချိုင်းဂူဝကကျောက်တုံးကိုလှိမ့်ဖယ်ထား သည်ကိုတွေ့သဖြင့်၊-
3 တား ပြဝိၑျ ပြဘော ရ္ဒေဟမပြာပျ
၃ဂူထဲသို့ဝင်ကြ၏။ သို့ရာတွင်အလောင်းတော် ကိုမတွေ့ရကြ။-
4 ဝျာကုလာ ဘဝန္တိ ဧတရှိ တေဇောမယဝသ္တြာနွိတော် ဒွေါ် ပုရုၐော် တာသာံ သမီပေ သမုပသ္ထိတော်
၄ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။-
5 တသ္မာတ္တား ၑင်္ကာယုက္တာ ဘူမာဝဓောမုချသျသ္ထုး၊ တဒါ တော် တာ ဦစတု ရ္မၖတာနာံ မဓျေ ဇီဝန္တံ ကုတော မၖဂယထ?
၅အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။-
6 သောတြ နာသ္တိ သ ဥဒသ္ထာတ်၊
၆ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊-
7 ပါပိနာံ ကရေၐု သမရ္ပိတေန ကြုၑေ ဟတေန စ မနုၐျပုတြေဏ တၖတီယဒိဝသေ ၑ္မၑာနာဒုတ္ထာတဝျမ် ဣတိ ကထာံ သ ဂလီလိ တိၐ္ဌန် ယုၐ္မဘျံ ကထိတဝါန် တာံ သ္မရတ၊
၇`လူသားသည်အပြစ်ကူးသူတို့၏လက်သို့ အပ်ခြင်းခံရလိမ့်မည်။ လက်ဝါးကပ်တိုင်မှာတင် ၍အသတ်ခံရလိမ့်မည်။ ထိုနောက်တတိယနေ့၌ သေခြင်းမှရှင်ြုပန်ထမြောက်တော်မူလိမ့်မည်' ဟူ၍ သင်တို့အားပြောကြားခဲ့သည်ကိုသတိရကြ လော့'' ဟုဆို၏။
8 တဒါ တသျ သာ ကထာ တာသာံ မနးသု ဇာတာ၊
၈ထိုအခါအမျိုးသမီးများသည်ကိုယ်တော် မိန့်တော်မူခဲ့သောစကားများကိုပြန်သတိရ ၍၊-
9 အနန္တရံ ၑ္မၑာနာဒ် ဂတွာ တာ ဧကာဒၑၑိၐျာဒိဘျး သရွွေဘျသ္တာံ ဝါရ္တ္တာံ ကထယာမာသုး၊
၉သင်္ချိုင်းတော်မှမိမိတို့အိမ်သို့ပြန်ပြီးလျှင်တစ် ကျိပ်တစ်ပါးနှင့်တပည့်တော်အပေါင်းတို့အား ထိုအကြောင်းအရာအလုံးစုံကိုပြောကြား ကြ၏။-
10 မဂ္ဒလီနီမရိယမ်, ယောဟနာ, ယာကူဗော မာတာ မရိယမ် တဒနျား သင်္ဂိနျော ယောၐိတၑ္စ ပြေရိတေဘျ ဧတား သရွွာ ဝါရ္တ္တား ကထယာမာသုး
၁၀တမန်တော်တို့အားဤသို့ပြောကြားသူများ ကားမာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင် ဖြစ်သူမာရိမှစ၍အခြားသောအမျိုးသမီး များဖြစ်သတည်း။-
11 ကိန္တု တာသာံ ကထာမ် အနရ္ထကာချာနမာတြံ ဗုဒ္ဓွာ ကောပိ န ပြတျဲတ်၊
၁၁သူတို့ပြောကြားသည့်စကားများသည်တမန် တော်တို့အတွက်ယုတ္တိမရှိသောကြောင့်တမန် တော်တို့သည်မယုံကြ။-
12 တဒါ ပိတရ ဥတ္ထာယ ၑ္မၑာနာန္တိကံ ဒဓာဝ, တတြ စ ပြဟွော ဘူတွာ ပါရ္ၑွဲကသ္ထာပိတံ ကေဝလံ ဝသ္တြံ ဒဒရ္ၑ; တသ္မာဒါၑ္စရျျံ မနျမာနော ယဒဃဋတ တန္မနသိ ဝိစာရယန် ပြတသ္ထေ၊
၁၂သို့ရာတွင်ပေတရုသည်သင်္ချိုင်းတော်သို့ပြေး သွားပြီးလျှင်ငုံ့၍ကြည့်၏။ ပိတ်များမှတစ်ပါး အခြားအဘယ်အရာကိုမျှမတွေ့ရ။ သူသည် ထိုအခြင်းအရာကိုအံ့သြလျက်အိမ်သို့ပြန် လေသည်။
13 တသ္မိန္နေဝ ဒိနေ ဒွေါ် ၑိယျော် ယိရူၑာလမၑ္စတုၐ္ကြောၑာန္တရိတမ် ဣမ္မာယုဂြာမံ ဂစ္ဆန္တော်
၁၃ထိုနေ့၌ပင်တပည့်တော်နှစ်ယောက်တို့သည် ဧမောက်ဟုခေါ်သောရွာသို့သွားကြ၏။ ထိုရွာ သည်ယေရုရှလင်မြို့နှင့်ခုနစ်မိုင်ခန့်ဝေး၏။-
14 တာသာံ ဃဋနာနာံ ကထာမကထယတာံ
၁၄ထိုသူနှစ်ယောက်တို့သည်ဖြစ်ပျက်ခဲ့သမျှ သောအမှုအရာများအကြောင်းကိုပြောဆို လျက်လာကြ၏။-
၁၅ယင်းသို့ပြောဆိုဆွေးနွေးနေကြစဉ်သခင် ယေရှုကိုယ်တော်တိုင်သူတို့ထံသို့ချဉ်းကပ် ၍သူတို့နှင့်အတူကြွတော်မူ၏။-
16 ကိန္တု ယထာ တော် တံ န ပရိစိနုတသ္တဒရ္ထံ တယော ရ္ဒၖၐ္ဋိး သံရုဒ္ဓါ၊
၁၆သို့ရာတွင်သူတို့သည်အကြောင်းတစ်စုံတစ်ခု ကြောင့်ကိုယ်တော်မှန်းမသိကြ။-
17 သ တော် ပၖၐ္ဋဝါန် ယုဝါံ ဝိၐဏ္ဏော် ကိံ ဝိစာရယန္တော် ဂစ္ဆထး?
၁၇ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်မျက်နှာညှိုးငယ်စွာဖြင့် ထိုနေရာတွင်ရပ်လျက်နေ၏။-
18 တတသ္တယေား က္လိယပါနာမာ ပြတျုဝါစ ယိရူၑာလမပုရေ'ဓုနာ ယာနျဃဋန္တ တွံ ကေဝလဝိဒေၑီ ကိံ တဒွၖတ္တာန္တံ န ဇာနာသိ?
၁၈သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။
19 သ ပပြစ္ဆ ကာ ဃဋနား? တဒါ တော် ဝက္တုမာရေဘာတေ ယီၑုနာမာ ယော နာသရတီယော ဘဝိၐျဒွါဒီ ဤၑွရသျ မာနုၐာဏာဉ္စ သာက္ၐာတ် ဝါကျေ ကရ္မ္မဏိ စ ၑက္တိမာနာသီတ္
၁၉ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။-
20 တမ် အသ္မာကံ ပြဓာနယာဇကာ ဝိစာရကာၑ္စ ကေနာပိ ပြကာရေဏ ကြုၑေ ဝိဒ္ဓွာ တသျ ပြာဏာနနာၑယန် တဒီယာ ဃဋနား;
၂၀ငါတို့၏ယဇ်ပုရောဟိတ်ကြီးများနှင့်အကြီး အကဲများသည်သူ့အားသေဒဏ်စီရင်ရန် ပိလတ်မင်း၏လက်သို့အပ်နှံခဲ့ကြ၏။ လက် ဝါးကပ်တိုင်မှာတင်၍သတ်ခဲ့ကြပါ၏။-
21 ကိန္တု ယ ဣသြာယေလီယလောကာန် ဥဒ္ဓါရယိၐျတိ သ ဧဝါယမ် ဣတျာၑာသ္မာဘိး ကၖတာ၊ တဒျထာ တထာသ္တု တသျာ ဃဋနာယာ အဒျ ဒိနတြယံ ဂတံ၊
၂၁ထိုအရှင်သည်ဣသရေလလူမျိုးကိုလွတ်မြောက် စေတော်မူမည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့် ခဲ့ကြပါ၏။ အဆိုပါအမှုအရာများဖြစ်ပျက် ခဲ့သည်မှာယခုသုံးရက်ရှိပါပြီ။-
22 အဓိကန္တွသ္မာကံ သင်္ဂိနီနာံ ကိယတ္သ္တြီဏာံ မုခေဘျော'သမ္ဘဝဝါကျမိဒံ ၑြုတံ;
၂၂ငါတို့၏အပေါင်းအဖော်များဖြစ်သောအမျိုး သမီးအချို့တို့သည်နံနက်စောစောသင်္ချိုင်း တော်သို့သွားခဲ့ကြ၏။-
23 တား ပြတျူၐေ ၑ္မၑာနံ ဂတွာ တတြ တသျ ဒေဟမ် အပြာပျ ဝျာဃုဋျေတွာ ပြောက္တဝတျး သွရ္ဂီသဒူတော် ဒၖၐ္ဋာဝသ္မာဘိသ္တော် စာဝါဒိၐ္ဋာံ သ ဇီဝိတဝါန်၊
၂၃သူတို့သည်အလောင်းတော်ကိုမတွေ့ရကြပါ။ ကောင်းကင်တမန်များကိုရူပါရုံတွင်မြင်ရ ကြသည်ဟုငါတို့အားပြောကြားကြပါ၏။ ကောင်းကင်တမန်များကသခင်ယေရှုသည် အသက်ရှင်လျက်ရှိတော်မူကြောင်းကိုပြော ကြသည်ဟုလည်းဆိုကြ၏။ သို့ဖြစ်၍ငါ တို့သည်မိန်းမောတွေဝေသွားကြပါ၏။-
24 တတောသ္မာကံ ကဲၑ္စိတ် ၑ္မၑာနမဂမျတ တေ'ပိ သ္တြီဏာံ ဝါကျာနုရူပံ ဒၖၐ္ဋဝန္တး ကိန္တု တံ နာပၑျန်၊
၂၄ငါတို့အထဲမှလူအချို့တို့သည်လည်းသင်္ချိုင်း တော်သို့သွားကြရာအမျိုးသမီးများဖော် ပြခဲ့သည်အတိုင်းပင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်ကိုမူကားမတွေ့မမြင်ရကြပါ'' ဟုဆိုကြ၏။
25 တဒါ သ တာဝုဝါစ, ဟေ အဗောဓော် ဟေ ဘဝိၐျဒွါဒိဘိရုက္တဝါကျံ ပြတျေတုံ ဝိလမ္ဗမာနော်;
၂၅ထိုအခါကိုယ်တော်က ``ပရောဖက်များဟော ကြားခဲ့သမျှကိုယုံကြည်ရန်အလွန်နှေး ကွေးသောအိုလူမိုက်တို့၊-
26 ဧတတ္သရွွဒုးခံ ဘုက္တွာ သွဘူတိပြာပ္တိး ကိံ ခြီၐ္ဋသျ န နျာယျာ?
၂၆မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။-
27 တတး သ မူသာဂြန္ထမာရဘျ သရွွဘဝိၐျဒွါဒိနာံ သရွွၑာသ္တြေ သွသ္မိန် လိခိတာချာနာဘိပြာယံ ဗောဓယာမာသ၊
၂၇ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။
28 အထ ဂမျဂြာမာဘျရ္ဏံ ပြာပျ တေနာဂြေ ဂမနလက္ၐဏေ ဒရ္ၑိတေ
၂၈ထိုသူတို့သွားသည့်ရွာအနီးသို့ရောက်ကြ လျှင်ကိုယ်တော်သည်ရှေ့သို့ဆက်၍သွားမည့် ဟန်ပြု၏။-
29 တော် သာဓယိတွာဝဒတာံ သဟာဝါဘျာံ တိၐ္ဌ ဒိနေ ဂတေ သတိ ရာတြိရဘူတ်; တတး သ တာဘျာံ သာရ္ဒ္ဓံ သ္ထာတုံ ဂၖဟံ ယယော်၊
၂၉သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။-
30 ပၑ္စာဒ္ဘေါဇနောပဝေၑကာလေ သ ပူပံ ဂၖဟီတွာ ဤၑွရဂုဏာန် ဇဂါဒ တဉ္စ ဘံက္တွာ တာဘျာံ ဒဒေါ်၊
၃၀စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။-
31 တဒါ တယော ရ္ဒၖၐ္ဋော် ပြသန္နာယာံ တံ ပြတျဘိဇ္ဉတုး ကိန္တု သ တယေား သာက္ၐာဒန္တရ္ဒဓေ၊
၃၁ထိုအခါ၌သူတို့သည်မျက်စိပွင့်လာကြ သဖြင့်ကိုယ်တော်မှန်းသိကြလေသည်။ သို့ရာ တွင်ကိုယ်တော်သည်သူတို့၏မျက်မှောက်မှ ကွယ်ပျောက်သွားလေသည်။-
32 တတသ္တော် မိထောဘိဓာတုမ် အာရဗ္ဓဝန္တော် ဂမနကာလေ ယဒါ ကထာမကထယတ် ၑာသ္တြာရ္ထဉ္စဗောဓယတ် တဒါဝယော ရ္ဗုဒ္ဓိး ကိံ န ပြာဇွလတ်?
၃၂သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။
33 တော် တတ္က္ၐဏာဒုတ္ထာယ ယိရူၑာလမပုရံ ပြတျာယယတုး, တတ္သ္ထာနေ ၑိၐျာဏာမ် ဧကာဒၑာနာံ သင်္ဂိနာဉ္စ ဒရ္ၑနံ ဇာတံ၊
၃၃သူတို့သည်ချက်ချင်းထ၍ယေရုရှလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်တွင်တစ်ကျိပ်တစ်ပါးနှင့် အခြားတပည့်တော်များသည်စုရုံးလျက်နေ ကြသည်ကိုတွေ့ကြ၏။-
34 တေ ပြောစုး ပြဘုရုဒတိၐ္ဌဒ် ဣတိ သတျံ ၑိမောနေ ဒရ္ၑနမဒါစ္စ၊
၃၄စုရုံးလျက်နေသောသူတို့က ``အကယ်ပင်သခင် ဘုရားသေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည်ပေတရုအားကိုယ်ထင်ပြတော် မူပြီ'' ဟုဆိုကြ၏။
35 တတး ပထး သရွွဃဋနာယား ပူပဘဉ္ဇနေန တတ္ပရိစယသျ စ သရွွဝၖတ္တာန္တံ တော် ဝက္တုမာရေဘာတေ၊
၃၅ထိုနောက်ထိုသူနှစ်ယောက်တို့သည်လမ်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်း ကောင်း၊ မုန့်ကိုဖဲ့တော်မူစဉ်တွင်ကိုယ်တော်မှန်း သိရှိလာကြောင်းကိုလည်းကောင်းပြောကြ၏။
36 ဣတ္ထံ တေ ပရသ္ပရံ ဝဒန္တိ တတ္ကာလေ ယီၑုး သွယံ တေၐာံ မဓျ ပြောတ္ထယ ယုၐ္မာကံ ကလျာဏံ ဘူယာဒ် ဣတျုဝါစ,
၃၆ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။
37 ကိန္တု ဘူတံ ပၑျာမ ဣတျနုမာယ တေ သမုဒွိဝိဇိရေ တြေၐုၑ္စ၊
၃၇သူတို့သည်တစ္ဆေခြောက်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။-
38 သ ဥဝါစ, ကုတော ဒုးခိတာ ဘဝထ? ယုၐ္မာကံ မနးသု သန္ဒေဟ ဥဒေတိ စ ကုတး?
၃၈ကိုယ်တော်က ``အဘယ်ကြောင့်ကြောက်လန့်နေကြ သနည်း။ အဘယ်ကြောင့်ယုံမှားသံသယဖြစ် နေကြသနည်း။ ငါ၏လက်များ၊ ခြေများကို ကြည့်ကြလော့။-
39 ဧၐောဟံ, မမ ကရော် ပၑျတ ဝရံ သ္ပၖၐ္ဋွာ ပၑျတ, မမ ယာဒၖၑာနိ ပၑျထ တာဒၖၑာနိ ဘူတသျ မာံသာသ္ထီနိ န သန္တိ၊
၃၉သင်တို့မြင်ရသူကားငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ ကိုယ်ကိုစမ်းသပ်ကြည့်ကြလော့။ သင်တို့မြင်သည် အတိုင်းငါ့မှာအသားအရိုးများရှိ၏။
40 ဣတျုက္တွာ သ ဟသ္တပါဒါန် ဒရ္ၑယာမာသ၊
၄၀ထိုနောက်လက်တော်ခြေတော်တို့ကိုတပည့်တော် တို့အားပြတော်မူ၏။-
41 တေ'သမ္ဘဝံ ဇ္ဉာတွာ သာနန္ဒာ န ပြတျယန်၊ တတး သ တာန် ပပြစ္ဆ, အတြ ယုၐ္မာကံ သမီပေ ခါဒျံ ကိဉ္စိဒသ္တိ?
၄၁သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။-
42 တတသ္တေ ကိယဒ္ဒဂ္ဓမတ္သျံ မဓု စ ဒဒုး
၄၂သူတို့သည်ငါးကင်တစ်ပိုင်းကိုပေးကြ၏။
43 သ တဒါဒါယ တေၐာံ သာက္ၐာဒ် ဗုဘုဇေ
၄၃ကိုယ်တော်သည်ယူ၍သူတို့၏ရှေ့တွင်သုံးဆောင် တော်မူ၏။
44 ကထယာမာသ စ မူသာဝျဝသ္ထာယာံ ဘဝိၐျဒွါဒိနာံ ဂြန္ထေၐု ဂီတပုသ္တကေ စ မယိ ယာနိ သရွွာဏိ ဝစနာနိ လိခိတာနိ တဒနုရူပါဏိ ဃဋိၐျန္တေ ယုၐ္မာဘိး သာရ္ဒ္ဓံ သ္ထိတွာဟံ ယဒေတဒွါကျမ် အဝဒံ တဒိဒါနီံ ပြတျက္ၐမဘူတ်၊
၄၄ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
45 အထ တေဘျး ၑာသ္တြဗောဓာဓိကာရံ ဒတွာဝဒတ်,
၄၅ထိုနောက်တပည့်တော်တို့ကျမ်းစာတော်ကိုနား လည်ကြစေရန်သူတို့၏အသိဉာဏ်ကိုဖွင့်တော် မူ၏။-
46 ခြီၐ္ဋေနေတ္ထံ မၖတိယာတနာ ဘောက္တဝျာ တၖတီယဒိနေ စ ၑ္မၑာနာဒုတ္ထာတဝျဉ္စေတိ လိပိရသ္တိ;
၄၆ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။-
47 တန္နာမ္နာ ယိရူၑာလမမာရဘျ သရွွဒေၑေ မနးပရာဝရ္တ္တနသျ ပါပမောစနသျ စ သုသံဝါဒး ပြစာရယိတဝျး,
၄၇နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
48 ဧၐု သရွွေၐု ယူယံ သာက္ၐိဏး၊
၄၈သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
49 အပရဉ္စ ပၑျတ ပိတြာ ယတ် ပြတိဇ္ဉာတံ တတ် ပြေၐယိၐျာမိ, အတဧဝ ယာဝတ္ကာလံ ယူယံ သွရ္ဂီယာံ ၑက္တိံ န ပြာပ္သျထ တာဝတ္ကာလံ ယိရူၑာလမ္နဂရေ တိၐ္ဌတ၊
၄၉ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
50 အထ သ တာန် ဗဲထနီယာပရျျန္တံ နီတွာ ဟသ္တာဝုတ္တောလျ အာၑိၐ ဝက္တုမာရေဘေ
၅၀ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။-
51 အာၑိၐံ ဝဒန္နေဝ စ တေဘျး ပၖထဂ် ဘူတွာ သွရ္ဂာယ နီတော'ဘဝတ်၊
၅၁ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။-
52 တဒါ တေ တံ ဘဇမာနာ မဟာနန္ဒေန ယိရူၑာလမံ ပြတျာဇဂ္မုး၊
၅၂တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။-
53 တတော နိရန္တရံ မန္ဒိရေ တိၐ္ဌန္တ ဤၑွရသျ ပြၑံသာံ ဓနျဝါဒဉ္စ ကရ္တ္တမ် အာရေဘိရေ၊ ဣတိ။
၅၃ဗိမာန်တော်တွင်အမြဲမပြတ်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။