< လူကး 23 >
1 တတး သဘာသ္ထား သရွွလောကာ ဥတ္ထာယ တံ ပီလာတသမ္မုခံ နီတွာပြောဒျ ဝက္တုမာရေဘိရေ,
၁ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊
2 သွမဘိၐိက္တံ ရာဇာနံ ဝဒန္တံ ကဲမရရာဇာယ ကရဒါနံ နိၐေဓန္တံ ရာဇျဝိပရျျယံ ကုရ္တ္တုံ ပြဝရ္တ္တမာနမ် ဧန ပြာပ္တာ ဝယံ၊
၂ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ် ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင် ကြ၏။
3 တဒါ ပီလာတသ္တံ ပၖၐ္ဋဝါန် တွံ ကိံ ယိဟူဒီယာနာံ ရာဇာ? သ ပြတျုဝါစ တွံ သတျမုက္တဝါန်၊
၃ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
4 တဒါ ပီလာတး ပြဓာနယာဇကာဒိလောကာန် ဇဂါဒ်, အဟမေတသျ ကမပျပရာဓံ နာပ္တဝါန်၊
၄ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့ အား ပြောဆိုလျှင်၊
5 တတသ္တေ ပုနး သာဟမိနော ဘူတွာဝဒန်, ဧၐ ဂါလီလ ဧတတ္သ္ထာနပရျျန္တေ သရွွသ္မိန် ယိဟူဒါဒေၑေ သရွွာလ္လောကာနုပဒိၑျ ကုပြဝၖတ္တိံ ဂြာဟီတဝါန်၊
၅ထိုသူတို့သည် သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤ အရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက် ဆို ကြ၏။
6 တဒါ ပီလာတော ဂါလီလပြဒေၑသျ နာမ ၑြုတွာ ပပြစ္ဆ, ကိမယံ ဂါလီလီယော လောကး?
၆ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း ၍၊
7 တတး သ ဂါလီလ္ပြဒေၑီယဟေရောဒြာဇသျ တဒါ သ္ထိတေသ္တသျ သမီပေ ယီၑုံ ပြေၐယာမာသ၊
၇ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။
8 တဒါ ဟေရောဒ် ယီၑုံ ဝိလောကျ သန္တုတောၐ, ယတး သ တသျ ဗဟုဝၖတ္တာန္တၑြဝဏာတ် တသျ ကိဉိစဒါၑ္စရျျကရ္မ္မ ပၑျတိ ဣတျာၑာံ ကၖတွာ ဗဟုကာလမာရဘျ တံ ဒြၐ္ဋုံ ပြယာသံ ကၖတဝါန်၊
၈ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်း တော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကို မြင်ရမည်ဟု မြော်လင့်လျက်နေ၏။
9 တသ္မာတ် တံ ဗဟုကထား ပပြစ္ဆ ကိန္တု သ တသျ ကသျာပိ ဝါကျသျ ပြတျုတ္တရံ နောဝါစ၊
၉ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော် မမူ။
10 အထ ပြဓာနယာဇကာ အဓျာပကာၑ္စ ပြောတ္တိၐ္ဌန္တး သာဟသေန တမပဝဒိတုံ ပြာရေဘိရေ၊
၁၀ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။
11 ဟေရောဒ် တသျ သေနာဂဏၑ္စ တမဝဇ္ဉာယ ဥပဟာသတွေန ရာဇဝသ္တြံ ပရိဓာပျ ပုနး ပီလာတံ ပြတိ တံ ပြာဟိဏောတ်၊
၁၁ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။
12 ပူရွွံ ဟေရောဒ္ပီလာတယေား ပရသ္ပရံ ဝဲရဘာဝ အာသီတ် ကိန္တု တဒ္ဒိနေ ဒွယော ရ္မေလနံ ဇာတမ်၊
၁၂ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြ သတည်း။
13 ပၑ္စာတ် ပီလာတး ပြဓာနယာဇကာန် ၑာသကာန် လောကာံၑ္စ ယုဂပဒါဟူယ ဗဘာၐေ,
၁၃တဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊
14 ရာဇျဝိပရျျယကာရကောယမ် ဣတျုက္တွာ မနုၐျမေနံ မမ နိကဋမာနဲၐ္ဋ ကိန္တု ပၑျတ ယုၐ္မာကံ သမက္ၐမ် အသျ ဝိစာရံ ကၖတွာပိ ပြောက္တာပဝါဒါနုရူပေဏာသျ ကောပျပရာဓး သပြမာဏော န ဇာတး,
၁၄ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။
15 ယူယဉ္စ ဟေရောဒး သန္နိဓော် ပြေၐိတာ မယာ တတြာသျ ကောပျပရာဓသ္တေနာပိ န ပြာပ္တး၊ ပၑျတာနေန ဝဓဟေတုကံ ကိမပိ နာပရာဒ္ဓံ၊
၁၅ဟေရုဒ်မင်းသည်လည်းမတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု။
16 တသ္မာဒေနံ တာဍယိတွာ ဝိဟာသျာမိ၊
၁၆ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။
17 တတြောတ္သဝေ တေၐာမေကော မောစယိတဝျး၊
၁၇ထိုပွဲ၌ လူများတို့အား တစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
18 ဣတိ ဟေတောသ္တေ ပြောစ္စဲရေကဒါ ပြောစုး, ဧနံ ဒူရီကၖတျ ဗရဗ္ဗာနာမာနံ မောစယ၊
၁၈လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ် တည်း ဟစ်ကြော်ကြ၏။
19 သ ဗရဗ္ဗာ နဂရ ဥပပ္လဝဝဓာပရာဓာဘျာံ ကာရာယာံ ဗဒ္ဓ အာသီတ်၊
၁၉ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင် ထားသောသူဖြစ်သတည်း။
20 ကိန္တု ပီလာတော ယီၑုံ မောစယိတုံ ဝါဉ္ဆန် ပုနသ္တာနုဝါစ၊
၂၀ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။
21 တထာပျေနံ ကြုၑေ ဝျဓ ကြုၑေ ဝျဓေတိ ဝဒန္တသ္တေ ရုရုဝုး၊
၂၁သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။
22 တတး သ တၖတီယဝါရံ ဇဂါဒ ကုတး? သ ကိံ ကရ္မ္မ ကၖတဝါန်? နာဟမသျ ကမပိ ဝဓာပရာဓံ ပြာပ္တး ကေဝလံ တာဍယိတွာမုံ တျဇာမိ၊
၂၂ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ ငါမတွေ့။ ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊
23 တထာပိ တေ ပုနရေနံ ကြုၑေ ဝျဓ ဣတျုက္တွာ ပြောစ္စဲရ္ဒၖဎံ ပြာရ္ထယာဉ္စကြိရေ;
၂၃လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသောအသံနှင့် ကျပ်ကျပ် တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင်လေ၏။
24 တတး ပြဓာနယာဇကာဒီနာံ ကလရဝေ ပြဗလေ သတိ တေၐာံ ပြာရ္ထနာရူပံ ကရ္တ္တုံ ပီလာတ အာဒိဒေၑ၊
၂၄ပိလတ်မင်းသည်လည်း သူတို့တောင်းသည့်အတိုင်း ဖြစ်စေခြင်းငှါ စီရင်၍၊
25 ရာဇဒြောဟဝဓယောရပရာဓေန ကာရာသ္ထံ ယံ ဇနံ တေ ယယာစိရေ တံ မောစယိတွာ ယီၑုံ တေၐာမိစ္ဆာယာံ သမာရ္ပယတ်၊
၂၅ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူ များတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။
26 အထ တေ ယီၑုံ ဂၖဟီတွာ ယာန္တိ, ဧတရှိ ဂြာမာဒါဂတံ ၑိမောနနာမာနံ ကုရီဏီယံ ဇနံ ဓၖတွာ ယီၑေား ပၑ္စာန္နေတုံ တသျ သ္ကန္ဓေ ကြုၑမရ္ပယာမာသုး၊
၂၆ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။
27 တတော လောကာရဏျမဓျေ ဗဟုသ္တြိယော ရုဒတျော ဝိလပန္တျၑ္စ ယီၑေား ပၑ္စာဒ် ယယုး၊
၂၇နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမ အချို့ပါ၏။
28 ကိန္တု သ ဝျာဃုဋျ တာ ဥဝါစ, ဟေ ယိရူၑာလမော နာရျျော ယုယံ မဒရ္ထံ န ရုဒိတွာ သွာရ္ထံ သွာပတျာရ္ထဉ္စ ရုဒိတိ;
၂၈ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။
29 ပၑျတ ယး ကဒါပိ ဂရ္ဘဝတျော နာဘဝန် သ္တနျဉ္စ နာပါယယန် တာဒၖၑီ ရွန္ဓျာ ယဒါ ဓနျာ ဝက္ၐျန္တိ သ ကာလ အာယာတိ၊
၂၉အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည်။
30 တဒါ ဟေ ၑဲလာ အသ္မာကမုပရိ ပတတ, ဟေ ဥပၑဲလာ အသ္မာနာစ္ဆာဒယတ ကထာမီဒၖၑီံ လောကာ ဝက္ၐျန္တိ၊
၃၀ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည်။
31 ယတး သတေဇသိ ၑာခိနိ စေဒေတဒ် ဃဋတေ တရှိ ၑုၐ္ကၑာခိနိ ကိံ န ဃဋိၐျတေ?
၃၁အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည် နည်းဟု မိန့်တော်မူ၏။
32 တဒါ တေ ဟန္တုံ ဒွါဝပရာဓိနော် တေန သာရ္ဒ္ဓံ နိနျုး၊
၃၂ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက် တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ၏။
33 အပရံ ၑိရးကပါလနာမကသ္ထာနံ ပြာပျ တံ ကြုၑေ ဝိဝိဓုး; တဒ္ဒွယောရပရာဓိနောရေကံ တသျ ဒက္ၐိဏော တဒနျံ ဝါမေ ကြုၑေ ဝိဝိဓုး၊
၃၃ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော် ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
34 တဒါ ယီၑုရကထယတ်, ဟေ ပိတရေတာန် က္ၐမသွ ယတ ဧတေ ယတ် ကရ္မ္မ ကုရွွန္တိ တန် န ဝိဒုး; ပၑ္စာတ္တေ ဂုဋိကာပါတံ ကၖတွာ တသျ ဝသ္တြာဏိ ဝိဘဇျ ဇဂၖဟုး၊
၃၄ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။
35 တတြ လောကသံဃသ္တိၐ္ဌန် ဒဒရ္ၑ; တေ တေၐာံ ၑာသကာၑ္စ တမုပဟသျ ဇဂဒုး, ဧၐ ဣတရာန် ရက္ၐိတဝါန် ယဒီၑွရေဏာဘိရုစိတော 'ဘိၐိက္တသ္တြာတာ ဘဝတိ တရှိ သွမဓုနာ ရက္ၐတု၊
၃၅လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။
36 တဒနျး သေနာဂဏာ ဧတျ တသ္မဲ အမ္လရသံ ဒတွာ ပရိဟသျ ပြောဝါစ,
၃၆စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကို ကပ်ပေးလျက်၊
37 စေတ္တွံ ယိဟူဒီယာနာံ ရာဇာသိ တရှိ သွံ ရက္ၐ၊
၃၇သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ယယ်ပြုလျက် ဆိုကြ၏။
38 ယိဟူဒီယာနာံ ရာဇေတိ ဝါကျံ ယူနာနီယရောမီယေဗြီယာက္ၐရဲ ရ္လိခိတံ တစ္ဆိရသ ဦရ္ဒ္ဓွေ'သ္ထာပျတ၊
၃၈ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ် သတည်း။
39 တဒေါဘယပါရ္ၑွယော ရွိဒ္ဓေါ် ယာဝပရာဓိနော် တယောရေကသ္တံ ဝိနိန္ဒျ ဗဘာၐေ, စေတ္တွမ် အဘိၐိက္တောသိ တရှိ သွမာဝါဉ္စ ရက္ၐ၊
၃၉ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။
40 ကိန္တွနျသ္တံ တရ္ဇယိတွာဝဒတ်, ဤၑွရာတ္တဝ ကိဉ္စိဒပိ ဘယံ နာသ္တိ ကိံ? တွမပိ သမာနဒဏ္ဍောသိ,
၄၀တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မကြောက်သလော။
41 ယောဂျပါတြေ အာဝါံ သွသွကရ္မ္မဏာံ သမုစိတဖလံ ပြာပ္နုဝး ကိန္တွနေန ကိမပိ နာပရာဒ္ဓံ၊
၄၁ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊
42 အထ သ ယီၑုံ ဇဂါဒ ဟေ ပြဘေ ဘဝါန် သွရာဇျပြဝေၑကာလေ မာံ သ္မရတု၊
၄၂သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့ တော်မူပါဟု ယေရှုကို လျှောက်ဆို၏။
43 တဒါ ယီၑုး ကထိတဝါန် တွာံ ယထာရ္ထံ ဝဒါမိ တွမဒျဲဝ မယာ သာရ္ဒ္ဓံ ပရလောကသျ သုခသ္ထာနံ ပြာပ္သျသိ၊
၄၃ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
44 အပရဉ္စ ဒွိတီယယာမာတ် တၖတီယယာမပရျျန္တံ ရဝေသ္တေဇသောန္တရှိတတွာတ် သရွွဒေၑော'န္ဓကာရေဏာဝၖတော
၄၄ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင် မိုက်အတိ ဖြစ်လေ၏။
45 မန္ဒိရသျ ယဝနိကာ စ ဆိဒျမာနာ ဒွိဓာ ဗဘူဝ၊
၄၅နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။
46 တတော ယီၑုရုစ္စဲရုဝါစ, ဟေ ပိတ ရ္မမာတ္မာနံ တဝ ကရေ သမရ္ပယေ, ဣတျုက္တွာ သ ပြာဏာန် ဇဟော်၊
၄၆ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။
47 တဒဲတာ ဃဋနာ ဒၖၐ္ဋွာ ၑတသေနာပတိရီၑွရံ ဓနျမုက္တွာ ကထိတဝါန် အယံ နိတာန္တံ သာဓုမနုၐျ အာသီတ်၊
၄၇ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။
48 အထ ယာဝန္တော လောကာ ဒြၐ္ဋုမ် အာဂတာသ္တေ တာ ဃဋနာ ဒၖၐ္ဋွာ ဝက္ၐးသု ကရာဃာတံ ကၖတွာ ဝျာစုဋျ ဂတား၊
၄၈ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကို ခတ်၍ ပြန်သွားကြ၏။
49 ယီၑော ရ္ဇ္ဉာတယော ယာ ယာ ယောၐိတၑ္စ ဂါလီလသ္တေန သာရ္ဒ္ဓမာယာတာသ္တာ အပိ ဒူရေ သ္ထိတွာ တတ် သရွွံ ဒဒၖၑုး၊
၄၉ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူအပေါင်း တို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။
50 တဒါ ယိဟူဒီယာနာံ မန္တြဏာံ ကြိယာဉ္စာသမ္မနျမာန ဤၑွရသျ ရာဇတွမ် အပေက္ၐမာဏော
၅၀ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြား သော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊
51 ယိဟူဒိဒေၑီယော 'ရိမထီယနဂရီယော ယူၐဖ္နာမာ မန္တြီ ဘဒြော ဓာရ္မ္မိကၑ္စ ပုမာန္
၅၁ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံ သို့ဝင်၍၊
52 ပီလာတာန္တိကံ ဂတွာ ယီၑော ရ္ဒေဟံ ယယာစေ၊
၅၂ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
53 ပၑ္စာဒ် ဝပုရဝရောဟျ ဝါသသာ သံဝေၐ္ဋျ ယတြ ကောပိ မာနုၐော နာသ္ထာပျတ တသ္မိန် ၑဲလေ သွာတေ ၑ္မၑာနေ တဒသ္ထာပယတ်၊
၅၃အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော ကျောက် သင်္ချိုင်းတွင်း၌ ထားလေ၏။
54 တဒ္ဒိနမာယောဇနီယံ ဒိနံ ဝိၑြာမဝါရၑ္စ သမီပး၊
၅၄ထိုနေ့ကား အဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။
55 အပရံ ယီၑုနာ သာရ္ဒ္ဓံ ဂါလီလ အာဂတာ ယောၐိတး ပၑ္စာဒိတွာ ၑ္မၑာနေ တတြ ယထာ ဝပုး သ္ထာပိတံ တစ္စ ဒၖၐ္ဋွာ
၅၅ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသောမိန်းမများသည် သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။
56 ဝျာဃုဋျ သုဂန္ဓိဒြဝျတဲလာနိ ကၖတွာ ဝိဓိဝဒ် ဝိၑြာမဝါရေ ဝိၑြာမံ စကြုး၊
၅၆ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။