< လူကး 20 >

1 အထဲကဒါ ယီၑု ရ္မနိဒရေ သုသံဝါဒံ ပြစာရယန် လောကာနုပဒိၑတိ, ဧတရှိ ပြဓာနယာဇကာ အဓျာပကား ပြာဉ္စၑ္စ တန္နိကဋမာဂတျ ပပြစ္ဆုး
တနေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟော တော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊
2 ကယာဇ္ဉယာ တွံ ကရ္မ္မာဏျေတာနိ ကရောၐိ? ကော ဝါ တွာမာဇ္ဉာပယတ်? တဒသ္မာန် ဝဒ၊
ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသည်ကို၎င်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကို ၎င်း၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော်၊
3 သ ပြတျုဝါစ, တရှိ ယုၐ္မာနပိ ကထာမေကာံ ပၖစ္ဆာမိ တသျောတ္တရံ ဝဒတ၊
ကိုယ်တော်က၊ ငါသည် တစုံတခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။
4 ယောဟနော မဇ္ဇနမ် ဤၑွရသျ မာနုၐာဏာံ ဝါဇ္ဉာတော ဇာတံ?
ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။
5 တတသ္တေ မိထော ဝိဝိစျ ဇဂဒုး, ယဒီၑွရသျ ဝဒါမသ္တရှိ တံ ကုတော န ပြတျဲတ သ ဣတိ ဝက္ၐျတိ၊
ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊
6 ယဒိ မနုၐျသျေတိ ဝဒါမသ္တရှိ သရွွေ လောကာ အသ္မာန် ပါၐာဏဲ ရှနိၐျန္တိ ယတော ယောဟန် ဘဝိၐျဒွါဒီတိ သရွွေ ဒၖဎံ ဇာနန္တိ၊
ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
7 အတဧဝ တေ ပြတျူစုး ကသျာဇ္ဉယာ ဇာတမ် ဣတိ ဝက္တုံ န ၑက္နုမး၊
အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။
8 တဒါ ယီၑုရဝဒတ် တရှိ ကယာဇ္ဉယာ ကရ္မ္မာဏျေတာတိ ကရောမီတိ စ ယုၐ္မာန် န ဝက္ၐျာမိ၊
ယေရှုကလည်း၊ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။
9 အထ လောကာနာံ သာက္ၐာတ် သ ဣမာံ ဒၖၐ္ဋာန္တကထာံ ဝက္တုမာရေဘေ, ကၑ္စိဒ် ဒြာက္ၐာက္ၐေတြံ ကၖတွာ တတ် က္ၐေတြံ ကၖၐီဝလာနာံ ဟသ္တေၐု သမရ္ပျ ဗဟုကာလာရ္ထံ ဒူရဒေၑံ ဇဂါမ၊
ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။
10 အထ ဖလကာလေ ဖလာနိ ဂြဟီတု ကၖၐီဝလာနာံ သမီပေ ဒါသံ ပြာဟိဏောတ် ကိန္တု ကၖၐီဝလာသ္တံ ပြဟၖတျ ရိက္တဟသ္တံ ဝိသသရ္ဇုး၊
၁၀ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် သားငယ်ကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။
11 တတး သောဓိပတိး ပုနရနျံ ဒါသံ ပြေၐယာမာသ, တေ တမပိ ပြဟၖတျ ကုဝျဝဟၖတျ ရိက္တဟသ္တံ ဝိသသၖဇုး၊
၁၁နောက်တဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။
12 တတး သ တၖတီယဝါရမ် အနျံ ပြာဟိဏောတ် တေ တမပိ က္ၐတာင်္ဂံ ကၖတွာ ဗဟိ ရ္နိစိက္ၐိပုး၊
၁၂နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ၏။
13 တဒါ က္ၐေတြပတိ ရွိစာရယာမာသ, မမေဒါနီံ ကိံ ကရ္တ္တဝျံ? မမ ပြိယေ ပုတြေ ပြဟိတေ တေ တမဝၑျံ ဒၖၐ္ဋွာ သမာဒရိၐျန္တေ၊
၁၃ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့ သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။
14 ကိန္တု ကၖၐီဝလာသ္တံ နိရီက္ၐျ ပရသ္ပရံ ဝိဝိစျ ပြောစုး, အယမုတ္တရာဓိကာရီ အာဂစ္ဆတဲနံ ဟန္မသ္တတောဓိကာရောသ္မာကံ ဘဝိၐျတိ၊
၁၄ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊
15 တတသ္တေ တံ က္ၐေတြာဒ် ဗဟိ ရ္နိပါတျ ဇဃ္နုသ္တသ္မာတ် သ က္ၐေတြပတိသ္တာန် ပြတိ ကိံ ကရိၐျတိ?
၁၅ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ် စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။
16 သ အာဂတျ တာန် ကၖၐီဝလာန် ဟတွာ ပရေၐာံ ဟသ္တေၐု တတ္က္ၐေတြံ သမရ္ပယိၐျတိ; ဣတိ ကထာံ ၑြုတွာ တေ 'ဝဒန် ဧတာဒၖၑီ ဃဋနာ န ဘဝတု၊
၁၆ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေး လိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊
17 ကိန္တု ယီၑုသ္တာနဝလောကျ ဇဂါဒ, တရှိ, သ္ထပတယး ကရိၐျန္တိ ဂြာဝါဏံ ယန္တု တုစ္ဆကံ၊ ပြဓာနပြသ္တရး ကောဏေ သ ဧဝ ဟိ ဘဝိၐျတိ၊ ဧတသျ ၑာသ္တြီယဝစနသျ ကိံ တာတ္ပရျျံ?
၁၇ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း။
18 အပရံ တတ္ပာၐာဏောပရိ ယး ပတိၐျတိ သ ဘံက္ၐျတေ ကိန္တု ယသျောပရိ သ ပါၐာဏး ပတိၐျတိ သ တေန ဓူလိဝစ် စူရ္ဏီဘဝိၐျတိ၊
၁၈အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
19 သောသ္မာကံ ဝိရုဒ္ဓံ ဒၖၐ္ဋာန္တမိမံ ကထိတဝါန် ဣတိ ဇ္ဉာတွာ ပြဓာနယာဇကာ အဓျာပကာၑ္စ တဒဲဝ တံ ဓရ္တုံ ဝဝါဉ္ဆုး ကိန္တု လောကေဘျော ဗိဘျုး၊
၁၉ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း လူများ ကိုကြောက်၍ နေရကြ၏။
20 အတဧဝ တံ ပြတိ သတရ္ကား သန္တး ကထံ တဒွါကျဒေါၐံ ဓၖတွာ တံ ဒေၑာဓိပသျ သာဓုဝေၑဓာရိဏၑ္စရာန် တသျ သမီပေ ပြေၐယာမာသုး၊
၂၀ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသောခွင့်ကိုရခြင်းငှါ သူတော်ကောင်းဖြစ်ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့ စေ လွှတ်ကြ၏။
21 တဒါ တေ တံ ပပြစ္ဆုး, ဟေ ဥပဒေၑက ဘဝါန် ယထာရ္ထံ ကထယန် ဥပဒိၑတိ, ကမပျနပေက္ၐျ သတျတွေနဲၑွရံ မာရ္ဂမုပဒိၑတိ, ဝယမေတဇ္ဇာနီမး၊
၂၁ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။
22 ကဲသရရာဇာယ ကရောသ္မာဘိ ရ္ဒေယော န ဝါ?
၂၂အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက် ကြ၏။
23 သ တေၐာံ ဝဉ္စနံ ဇ္ဉာတွာဝဒတ် ကုတော မာံ ပရီက္ၐဓွေ? မာံ မုဒြာမေကံ ဒရ္ၑယတ၊
၂၃ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း။
24 ဣဟ လိခိတာ မူရ္တိရိယံ နာမ စ ကသျ? တေ'ဝဒန် ကဲသရသျ၊
၂၄ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊
25 တဒါ သ ဥဝါစ, တရှိ ကဲသရသျ ဒြဝျံ ကဲသရာယ ဒတ္တ; ဤၑွရသျ တု ဒြဝျမီၑွရာယ ဒတ္တ၊
၂၅ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။
26 တသ္မာလ္လောကာနာံ သာက္ၐာတ် တတ္ကထာယား ကမပိ ဒေါၐံ ဓရ္တုမပြာပျ တေ တသျောတ္တရာဒ် အာၑ္စရျျံ မနျမာနာ မော်နိနသ္တသ္ထုး၊
၂၆ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။
27 အပရဉ္စ ၑ္မၑာနာဒုတ္ထာနာနင်္ဂီကာရိဏာံ သိဒူကိနာံ ကိယန္တော ဇနာ အာဂတျ တံ ပပြစ္ဆုး,
၂၇ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊
28 ဟေ ဥပဒေၑက ၑာသ္တြေ မူသာ အသ္မာန် ပြတီတိ လိလေခ ယသျ ဘြာတာ ဘာရျျာယာံ သတျာံ နိးသန္တာနော မြိယတေ သ တဇ္ဇာယာံ ဝိဝဟျ တဒွံၑမ် ဥတ္ပာဒယိၐျတိ၊
၂၈အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။
29 တထာစ ကေစိတ် သပ္တ ဘြာတရ အာသန် တေၐာံ ဇျေၐ္ဌော ဘြာတာ ဝိဝဟျ နိရပတျး ပြာဏာန် ဇဟော်၊
၂၉ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
30 အထ ဒွိတီယသ္တသျ ဇာယာံ ဝိဝဟျ နိရပတျး သန် မမာရ၊ တၖတီယၑ္စ တာမေဝ ဝျုဝါဟ;
၃၀သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။
31 ဣတ္ထံ သပ္တ ဘြာတရသ္တာမေဝ ဝိဝဟျ နိရပတျား သန္တော မမြုး၊
၃၁ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။
32 ၑေၐေ သာ သ္တြီ စ မမာရ၊
၃၂နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။
33 အတဧဝ ၑ္မၑာနာဒုတ္ထာနကာလေ တေၐာံ သပ္တဇနာနာံ ကသျ သာ ဘာရျျာ ဘဝိၐျတိ? ယတး သာ တေၐာံ သပ္တာနာမေဝ ဘာရျျာသီတ်၊
၃၃သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ၏။
34 တဒါ ယီၑုး ပြတျုဝါစ, ဧတသျ ဇဂတော လောကာ ဝိဝဟန္တိ ဝါဂ္ဒတ္တာၑ္စ ဘဝန္တိ (aiōn g165)
၃၄ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။ (aiōn g165)
35 ကိန္တု ယေ တဇ္ဇဂတ္ပြာပ္တိယောဂျတွေန ဂဏိတာံ ဘဝိၐျန္တိ ၑ္မၑာနာစ္စောတ္ထာသျန္တိ တေ န ဝိဝဟန္တိ ဝါဂ္ဒတ္တာၑ္စ န ဘဝန္တိ, (aiōn g165)
၃၅နောင်ဘဝကို၎င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။ (aiōn g165)
36 တေ ပုန ရ္န မြိယန္တေ ကိန္တု ၑ္မၑာနာဒုတ္ထာပိတား သန္တ ဤၑွရသျ သန္တာနား သွရ္ဂီယဒူတာနာံ သဒၖၑာၑ္စ ဘဝန္တိ၊
၃၆သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သားဖြစ် သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။
37 အဓိကန္တု မူသား သ္တမ္ဗောပါချာနေ ပရမေၑွရ ဤဗြာဟီမ ဤၑွရ ဣသှာက ဤၑွရော ယာကူဗၑ္စေၑွရ ဣတျုက္တွာ မၖတာနာံ ၑ္မၑာနာဒ် ဥတ္ထာနသျ ပြမာဏံ လိလေခ၊
၃၇ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲ့ပြီ။
38 အတဧဝ ယ ဤၑွရး သ မၖတာနာံ ပြဘု ရ္န ကိန္တု ဇီဝတာမေဝ ပြဘုး, တန္နိကဋေ သရွွေ ဇီဝန္တး သန္တိ၊
၃၈ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။
39 ဣတိ ၑြုတွာ ကိယန္တောဓျာပကာ ဦစုး, ဟေ ဥပဒေၑက ဘဝါန် ဘဒြံ ပြတျုက္တဝါန်၊
၃၉ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျှောက်ပတ်ပါ၏ဟု လျှောက် ကြ၏။
40 ဣတး ပရံ တံ ကိမပိ ပြၐ္ဋံ တေၐာံ ပြဂလ္ဘတာ နာဘူတ်၊
၄၀နောက်တဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ၊
41 ပၑ္စာတ် သ တာန် ဥဝါစ, ယး ခြီၐ္ဋး သ ဒါယူဒး သန္တာန ဧတာံ ကထာံ လောကား ကထံ ကထယန္တိ?
၄၁ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။
42 ယတး မမ ပြဘုမိဒံ ဝါကျမဝဒတ် ပရမေၑွရး၊ တဝ ၑတြူနဟံ ယာဝတ် ပါဒပီဌံ ကရောမိ န၊ တာဝတ် ကာလံ မဒီယေ တွံ ဒက္ၐပါရ္ၑွ ဥပါဝိၑ၊
၄၂ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊
43 ဣတိ ကထာံ ဒါယူဒ် သွယံ ဂီတဂြန္ထေ'ဝဒတ်၊
၄၃ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။
44 အတဧဝ ယဒိ ဒါယူဒ် တံ ပြဘုံ ဝဒတိ, တရှိ သ ကထံ တသျ သန္တာနော ဘဝတိ?
၄၄ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော် မူ၏။
45 ပၑ္စာဒ် ယီၑုး သရွွဇနာနာံ ကရ္ဏဂေါစရေ ၑိၐျာနုဝါစ,
၄၅ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊
46 ယေ'ဓျာပကာ ဒီရ္ဃပရိစ္ဆဒံ ပရိဓာယ ဘြမန္တိ, ဟဋ္ဋာပဏယော ရ္နမသ္ကာရေ ဘဇနဂေဟသျ ပြောစ္စာသနေ ဘောဇနဂၖဟသျ ပြဓာနသ္ထာနေ စ ပြီယန္တေ
၄၆ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှါ အလိုရှိ ကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။
47 ဝိဓဝါနာံ သရွွသွံ ဂြသိတွာ ဆလေန ဒီရ္ဃကာလံ ပြာရ္ထယန္တေ စ တေၐု သာဝဓာနာ ဘဝတ, တေၐာမုဂြဒဏ္ဍော ဘဝိၐျတိ၊
၄၇သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ကြီးစွာသောဒဏ်ကိုခံရကြလတံ့ဟု မိန့်တော်မူ၏။

< လူကး 20 >