< ယောဟနး 8 >

1 ပြတျူၐေ ယီၑုး ပနရ္မန္ဒိရမ် အာဂစ္ဆတ္
ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော် မူ၏။
2 တတး သရွွေၐု လောကေၐု တသျ သမီပ အာဂတေၐု သ ဥပဝိၑျ တာန် ဥပဒေၐ္ဋုမ် အာရဘတ၊
နံနက်စောစောဗိမာန်တော်သို့ တဖန်ကြွတော် မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊
3 တဒါ အဓျာပကား ဖိရူၑိနဉ္စ ဝျဘိစာရကရ္မ္မဏိ ဓၖတံ သ္တြိယမေကာမ် အာနိယ သရွွေၐာံ မဓျေ သ္ထာပယိတွာ ဝျာဟရန္
မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့ သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊
4 ဟေ ဂုရော ယောၐိတမ် ဣမာံ ဝျဘိစာရကရ္မ္မ ကုရွွာဏာံ လောကာ ဓၖတဝန္တး၊
အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။
5 ဧတာဒၖၑလောကား ပါၐာဏာဃာတေန ဟန္တဝျာ ဣတိ ဝိဓိရ္မူသာဝျဝသ္ထာဂြန္ထေ လိခိတောသ္တိ ကိန္တု ဘဝါန် ကိမာဒိၑတိ?
ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။
6 တေ တမပဝဒိတုံ ပရီက္ၐာဘိပြာယေဏ ဝါကျမိဒမ် အပၖစ္ဆန် ကိန္တု သ ပြဟွီဘူယ ဘူမာဝင်္ဂလျာ လေခိတုမ် အာရဘတ၊
ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။
7 တတသ္တဲး ပုနး ပုနး ပၖၐ္ဋ ဥတ္ထာယ ကထိတဝါန် ယုၐ္မာကံ မဓျေ ယော ဇနော နိရပရာဓီ သဧဝ ပြထမမ် ဧနာံ ပါၐာဏေနာဟန္တု၊
ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊
8 ပၑ္စာတ် သ ပုနၑ္စ ပြဟွီဘူယ ဘူမော် လေခိတုမ် အာရဘတ၊
တဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊
9 တာံ ကထံ ၑြုတွာ တေ သွသွမနသိ ပြဗောဓံ ပြာပျ ဇျေၐ္ဌာနုကြမံ ဧကဲကၑး သရွွေ ဗဟိရဂစ္ဆန် တတော ယီၑုရေကာကီ တယက္တ္တောဘဝတ် မဓျသ္ထာနေ ဒဏ္ဍာယမာနာ သာ ယောၐာ စ သ္ထိတာ၊
ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှ စ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည်အလယ်၌ရပ်နေ၏။
10 တတ္ပၑ္စာဒ် ယီၑုရုတ္ထာယ တာံ ဝနိတာံ ဝိနာ ကမပျပရံ န ဝိလောကျ ပၖၐ္ဋဝါန် ဟေ ဝါမေ တဝါပဝါဒကား ကုတြ? ကောပိ တွာံ ကိံ န ဒဏ္ဍယတိ?
၁၀ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။
11 သာဝဒတ် ဟေ မဟေစ္ဆ ကောပိ န တဒါ ယီၑုရဝေါစတ် နာဟမပိ ဒဏ္ဍယာမိ ယာဟိ ပုနး ပါပံ မာကာရ္ၐီး၊
၁၁ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
12 တတော ယီၑုး ပုနရပိ လောကေဘျ ဣတ္ထံ ကထယိတုမ် အာရဘတ ဇဂတောဟံ ဇျောတိးသွရူပေါ ယး ကၑ္စိန် မတ္ပၑ္စာဒ ဂစ္ဆတိ သ တိမိရေ န ဘြမိတွာ ဇီဝနရူပါံ ဒီပ္တိံ ပြာပ္သျတိ၊
၁၂တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။
13 တတး ဖိရူၑိနော'ဝါဒိၐုသ္တွံ သွာရ္ထေ သွယံ သာက္ၐျံ ဒဒါသိ တသ္မာတ် တဝ သာက္ၐျံ ဂြာဟျံ န ဘဝတိ၊
၁၃ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။
14 တဒါ ယီၑုး ပြတျုဒိတဝါန် ယဒျပိ သွာရ္ထေ'ဟံ သွယံ သာက္ၐျံ ဒဒါမိ တထာပိ မတ် သာက္ၐျံ ဂြာဟျံ ယသ္မာဒ် အဟံ ကုတ အာဂတောသ္မိ ကွ ယာမိ စ တဒဟံ ဇာနာမိ ကိန္တု ကုတ အာဂတောသ္မိ ကုတြ ဂစ္ဆာမိ စ တဒ် ယူယံ န ဇာနီထ၊
၁၄ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်း ငါသိ၏။ သင်တို့မူကားမသိကြ။
15 ယူယံ လော်ကိကံ ဝိစာရယထ နာဟံ ကိမပိ ဝိစာရယာမိ၊
၁၅သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါ့မူကား အဘယ်သူကိုမျှမစီရင်။
16 ကိန္တု ယဒိ ဝိစာရယာမိ တရှိ မမ ဝိစာရော ဂြဟီတဝျော ယတောဟမ် ဧကာကီ နာသ္မိ ပြေရယိတာ ပိတာ မယာ သဟ ဝိဒျတေ၊
၁၆ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။
17 ဒွယော ရ္ဇနယေား သာက္ၐျံ ဂြဟဏီယံ ဘဝတီတိ ယုၐ္မာကံ ဝျဝသ္ထာဂြန္ထေ လိခိတမသ္တိ၊
၁၇သက်သေခံနှစ်ဦးတို့၏စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။
18 အဟံ သွာရ္ထေ သွယံ သာက္ၐိတွံ ဒဒါမိ ယၑ္စ မမ တာတော မာံ ပြေရိတဝါန် သောပိ မဒရ္ထေ သာက္ၐျံ ဒဒါတိ၊
၁၈ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။
19 တဒါ တေ'ပၖစ္ဆန် တဝ တာတး ကုတြ? တတော ယီၑုး ပြတျဝါဒီဒ် ယူယံ မာံ န ဇာနီထ မတ္ပိတရဉ္စ န ဇာနီထ ယဒိ မာမ် အက္ၐာသျတ တရှိ မမ တာတမပျက္ၐာသျတ၊
၁၉ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုအသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့် မည်ဟု မိန့်တော်မူ၏။
20 ယီၑု ရ္မန္ဒိရ ဥပဒိၑျ ဘဏ္ဍာဂါရေ ကထာ ဧတာ အကထယတ် တထာပိ တံ ပြတိ ကောပိ ကရံ နောဒတောလယတ်၊
၂၀ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွတ်တော်မူ၏။ ကိုယ်တော်၏အချိန်မစေ့မရောက်သေးသောကြောင့် အဘယ်သူကိုမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ။
21 တတး ပရံ ယီၑုး ပုနရုဒိတဝါန် အဓုနာဟံ ဂစ္ဆာမိ ယူယံ မာံ ဂဝေၐယိၐျထ ကိန္တု နိဇဲး ပါပဲ ရ္မရိၐျထ ယတ် သ္ထာနမ် အဟံ ယာသျာမိ တတ် သ္ထာနမ် ယူယံ ယာတုံ န ၑက္ၐျထ၊
၂၁တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြ လိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။
22 တဒါ ယိဟူဒီယား ပြာဝေါစန် ကိမယမ် အာတ္မဃာတံ ကရိၐျတိ? ယတော ယတ် သ္ထာနမ် အဟံ ယာသျာမိ တတ် သ္ထာနမ် ယူယံ ယာတုံ န ၑက္ၐျထ ဣတိ ဝါကျံ ဗြဝီတိ၊
၂၂ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုသူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။
23 တတော ယီၑုသ္တေဘျး ကထိတဝါန် ယူယမ် အဓးသ္ထာနီယာ လောကာ အဟမ် ဦရ္ဒွွသ္ထာနီယး ယူယမ် ဧတဇ္ဇဂတ္သမ္ဗန္ဓီယာ အဟမ် ဧတဇ္ဇဂတ္သမ္ဗန္ဓီယော န၊
၂၃ယေရှုကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်ကြ၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။
24 တသ္မာတ် ကထိတဝါန် ယူယံ နိဇဲး ပါပဲ ရ္မရိၐျထ ယတောဟံ သ ပုမာန် ဣတိ ယဒိ န ဝိၑွသိထ တရှိ နိဇဲး ပါပဲ ရ္မရိၐျထ၊
၂၄ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟုငါဆို၏။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
25 တဒါ တေ 'ပၖစ္ဆန် ကသ္တွံ? တတော ယီၑုး ကထိတဝါန် ယုၐ္မာကံ သန္နိဓော် ယသျ ပြသ္တာဝမ် အာ ပြထမာတ် ကရောမိ သဧဝ ပုရုၐောဟံ၊
၂၅ထိုသူတို့ကလည်း။ သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။
26 ယုၐ္မာသု မယာ ဗဟုဝါကျံ ဝက္တ္တဝျံ ဝိစာရယိတဝျဉ္စ ကိန္တု မတ္ပြေရယိတာ သတျဝါဒီ တသျ သမီပေ ယဒဟံ ၑြုတဝါန် တဒေဝ ဇဂတေ ကထယာမိ၊
၂၆သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။
27 ကိန္တု သ ဇနကေ ဝါကျမိဒံ ပြောက္တ္တဝါန် ဣတိ တေ နာဗုဓျန္တ၊
၂၇ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိတ်မိကြ။
28 တတော ယီၑုရကထယဒ် ယဒါ မနုၐျပုတြမ် ဦရ္ဒွွ ဥတ္ထာပယိၐျထ တဒါဟံ သ ပုမာန် ကေဝလး သွယံ ကိမပိ ကရ္မ္မ န ကရောမိ ကိန္တု တာတော ယထာ ၑိက္ၐယတိ တဒနုသာရေဏ ဝါကျမိဒံ ဝဒါမီတိ စ ယူယံ ဇ္ဉာတုံ ၑက္ၐျထ၊
၂၈ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော် မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း သင်တို့သည် သိကြလိမ့်မည်။
29 မတ္ပြေရယိတာ ပိတာ မာမ် ဧကာကိနံ န တျဇတိ သ မယာ သာရ္ဒ္ဓံ တိၐ္ဌတိ ယတောဟံ တဒဘိမတံ ကရ္မ္မ သဒါ ကရောမိ၊
၂၉ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ ခမည်း တော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့် တော်မူ၏။
30 တဒါ တသျဲတာနိ ဝါကျာနိ ၑြုတွာ ဗဟုဝသ္တာသ္မိန် ဝျၑွသန်၊
၃၀ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။
31 ယေ ယိဟူဒီယာ ဝျၑွသန် ယီၑုသ္တေဘျော'ကထယတ္
၃၁ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။
32 မမ ဝါကျေ ယဒိ ယူယမ် အာသ္ထာံ ကုရုထ တရှိ မမ ၑိၐျာ ဘူတွာ သတျတွံ ဇ္ဉာသျထ တတး သတျတယာ ယုၐ္မာကံ မောက္ၐော ဘဝိၐျတိ၊
၃၂သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။
33 တဒါ တေ ပြတျဝါဒိၐုး ဝယမ် ဣဗြာဟီမော ဝံၑး ကဒါပိ ကသျာပိ ဒါသာ န ဇာတာသ္တရှိ ယုၐ္မာကံ မုက္တ္တိ ရ္ဘဝိၐျတီတိ ဝါကျံ ကထံ ဗြဝီၐိ?
၃၃ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟု၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊
34 တဒါ ယီၑုး ပြတျဝဒဒ် ယုၐ္မာနဟံ ယထာရ္ထတရံ ဝဒါမိ ယး ပါပံ ကရောတိ သ ပါပသျ ဒါသး၊
၃၄ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။
35 ဒါသၑ္စ နိရန္တရံ နိဝေၑနေ န တိၐ္ဌတိ ကိန္တု ပုတြော နိရန္တရံ တိၐ္ဌတိ၊ (aiōn g165)
၃၅ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။ (aiōn g165)
36 အတး ပုတြော ယဒိ ယုၐ္မာန် မောစယတိ တရှိ နိတာန္တမေဝ မုက္တ္တာ ဘဝိၐျထ၊
၃၆ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။
37 ယုယမ် ဣဗြာဟီမော ဝံၑ ဣတျဟံ ဇာနာမိ ကိန္တု မမ ကထာ ယုၐ္မာကမ် အန္တးကရဏေၐု သ္ထာနံ န ပြာပ္နုဝန္တိ တသ္မာဒ္ဓေတော ရ္မာံ ဟန္တုမ် ဤဟဓွေ၊
၃၇သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ၏။
38 အဟံ သွပိတုး သမီပေ ယဒပၑျံ တဒေဝ ကထယာမိ တထာ ယူယမပိ သွပိတုး သမီပေ ယဒပၑျတ တဒေဝ ကုရုဓွေ၊
၃၈ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။
39 တဒါ တေ ပြတျဝေါစန် ဣဗြာဟီမ် အသ္မာကံ ပိတာ တတော ယီၑုရကထယဒ် ယဒိ ယူယမ် ဣဗြာဟီမး သန္တာနာ အဘဝိၐျတ တရှိ ဣဗြာဟီမ အာစာရဏဝဒ် အာစရိၐျတ၊
၃၉ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန် လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။
40 ဤၑွရသျ မုခါတ် သတျံ ဝါကျံ ၑြုတွာ ယုၐ္မာန် ဇ္ဉာပယာမိ ယောဟံ တံ မာံ ဟန္တုံ စေၐ္ဋဓွေ ဣဗြာဟီမ် ဧတာဒၖၑံ ကရ္မ္မ န စကာရ၊
၄၀ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။
41 ယူယံ သွသွပိတုး ကရ္မ္မာဏိ ကုရုထ တဒါ တဲရုက္တ္တံ န ဝယံ ဇာရဇာတာ အသ္မာကမ် ဧကဧဝ ပိတာသ္တိ သ ဧဝေၑွရး
၄၁သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ၏။
42 တတော ယီၑုနာ ကထိတမ် ဤၑွရော ယဒိ ယုၐ္မာကံ တာတောဘဝိၐျတ် တရှိ ယူယံ မယိ ပြေမာကရိၐျတ ယတောဟမ် ဤၑွရာန္နိရ္ဂတျာဂတောသ္မိ သွတော နာဂတောဟံ သ မာံ ပြာဟိဏောတ်၊
၄၂ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်။ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ၏။
43 ယူယံ မမ ဝါကျမိဒံ န ဗုဓျဓွေ ကုတး? ယတော ယူယံ မမောပဒေၑံ သောဎုံ န ၑက္နုထ၊
၄၃အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။
44 ယူယံ ၑဲတာန် ပိတုး သန္တာနာ ဧတသ္မာဒ် ယုၐ္မာကံ ပိတုရဘိလာၐံ ပူရယထ သ အာ ပြထမာတ် နရဃာတီ တဒန္တး သတျတွသျ လေၑောပိ နာသ္တိ ကာရဏာဒတး သ သတျတာယာံ နာတိၐ္ဌတ် သ ယဒါ မၖၐာ ကထယတိ တဒါ နိဇသွဘာဝါနုသာရေဏဲဝ ကထယတိ ယတော သ မၖၐာဘာၐီ မၖၐောတ္ပာဒကၑ္စ၊
၄၄သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။
45 အဟံ တထျဝါကျံ ဝဒါမိ ကာရဏာဒသ္မာဒ် ယူယံ မာံ န ပြတီထ၊
၄၅ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။
46 မယိ ပါပမသ္တီတိ ပြမာဏံ ယုၐ္မာကံ ကော ဒါတုံ ၑက္နောတိ? ယဒျဟံ တထျဝါကျံ ဝဒါမိ တရှိ ကုတော မာံ န ပြတိထ?
၄၆ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။
47 ယး ကၑ္စန ဤၑွရီယော လောကး သ ဤၑွရီယကထာယာံ မနော နိဓတ္တေ ယူယမ် ဤၑွရီယလောကာ န ဘဝထ တန္နိဒါနာတ် တတြ န မနာံသိ နိဓဒွေ၊
၄၇ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။
48 တဒါ ယိဟူဒီယား ပြတျဝါဒိၐုး တွမေကး ၑောမိရောဏီယော ဘူတဂြသ္တၑ္စ ဝယံ ကိမိဒံ ဘဒြံ နာဝါဒိၐ္မ?
၄၈ယုဒလူတို့ကလည်း၊ သင်သည်ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသော စကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။
49 တတော ယီၑုး ပြတျဝါဒီတ် နာဟံ ဘူတဂြသ္တး ကိန္တု နိဇတာတံ သမ္မနျေ တသ္မာဒ် ယူယံ မာမ် အပမနျဓွေ၊
၄၉ယေရှုကလည်း၊ ငါသည်နက်ဆိုးစွဲသောသူ မဟုတ်။ ငါ့ခမည်းတော်ကိုချီးမြောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။
50 အဟံ သွသုချာတိံ န စေၐ္ဋေ ကိန္တု စေၐ္ဋိတာ ဝိစာရယိတာ စာပရ ဧက အာသ္တေ၊
၅၀ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူရှိသေး၏။
51 အဟံ ယုၐ္မဘျမ် အတီဝ ယထာရ္ထံ ကထယာမိ ယော နရော မဒီယံ ဝါစံ မနျတေ သ ကဒါစန နိဓနံ န ဒြက္ၐျတိ၊ (aiōn g165)
၅၁ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။ (aiōn g165)
52 ယိဟူဒီယာသ္တမဝဒန် တွံ ဘူတဂြသ္တ ဣတီဒါနီမ် အဝဲၐ္မ၊ ဣဗြာဟီမ် ဘဝိၐျဒွါဒိနဉ္စ သရွွေ မၖတား ကိန္တု တွံ ဘာၐသေ ယော နရော မမ ဘာရတီံ ဂၖဟ္လာတိ သ ဇာတု နိဓာနာသွာဒံ န လပ္သျတေ၊ (aiōn g165)
၅၂ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ် လိမ့် မည်ဟု ဆိုပါသည်တကား။ (aiōn g165)
53 တရှိ တွံ ကိမ် အသ္မာကံ ပူရွွပုရုၐာဒ် ဣဗြာဟီမောပိ မဟာန်? ယသ္မာတ် သောပိ မၖတး ဘဝိၐျဒွါဒိနောပိ မၖတား တွံ သွံ ကံ ပုမာံသံ မနုၐေ?
၅၃ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည်အဘယ်သို့သောသူ၏ အရောင်ကိုဆောင်သနည်းဟုဆိုကြ၏။
54 ယီၑုး ပြတျဝေါစဒ် ယဒျဟံ သွံ သွယံ သမ္မနျေ တရှိ မမ တတ် သမ္မနနံ ကိမပိ န ကိန္တု မမ တာတော ယံ ယူယံ သွီယမ် ဤၑွရံ ဘာၐဓွေ သဧဝ မာံ သမ္မနုတေ၊
၅၄ယေရှုကလည်း၊ ငါသည်ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။
55 ယူယံ တံ နာဝဂစ္ဆထ ကိန္တွဟံ တမဝဂစ္ဆာမိ တံ နာဝဂစ္ဆာမီတိ ဝါကျံ ယဒိ ဝဒါမိ တရှိ ယူယမိဝ မၖၐာဘာၐီ ဘဝါမိ ကိန္တွဟံ တမဝဂစ္ဆာမိ တဒါက္ၐာမပိ ဂၖဟ္လာမိ၊
၅၅သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင်သင်တို့ကဲ့သို့ မု သာသုံးသောသူဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော်ကိုလည်းနားထောင်၏။
56 ယုၐ္မာကံ ပူရွွပုရုၐ ဣဗြာဟီမ် မမ သမယံ ဒြၐ္ဋုမ် အတီဝါဝါဉ္ဆတ် တန္နိရီက္ၐျာနန္ဒစ္စ၊
၅၆သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင် ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိန့်တော်မူ၏။
57 တဒါ ယိဟူဒီယာ အပၖစ္ဆန် တဝ ဝယး ပဉ္စာၑဒွတ္သရာ န တွံ ကိမ် ဣဗြာဟီမမ် အဒြာက္ၐီး?
၅၇ယုဒလူတို့ကလည်း၊ သင်၏အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင် လေပြီတကားဟု ဆိုကြ၏။
58 ယီၑုး ပြတျဝါဒီဒ် ယုၐ္မာနဟံ ယထာရ္ထတရံ ဝဒါမိ ဣဗြာဟီမော ဇန္မနး ပူရွွကာလမာရဘျာဟံ ဝိဒျေ၊
၅၈ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။
59 တဒါ တေ ပါၐာဏာန် ဥတ္တောလျ တမာဟန္တုမ် ဥဒယစ္ဆန် ကိန္တု ယီၑု ရ္ဂုပ္တော မန္တိရာဒ် ဗဟိရ္ဂတျ တေၐာံ မဓျေန ပြသ္ထိတဝါန်၊
၅၉ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။

< ယောဟနး 8 >