< ယောဟနး 5 >
1 တတး ပရံ ယိဟူဒီယာနာမ် ဥတ္သဝ ဥပသ္ထိတေ ယီၑု ရျိရူၑာလမံ ဂတဝါန်၊
၁ထိုနောက်မှယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
2 တသ္မိန္နဂရေ မေၐနာမ္နော ဒွါရသျ သမီပေ ဣဗြီယဘာၐယာ ဗဲထေသ္ဒာ နာမ္နာ ပိၐ္ကရိဏီ ပဉ္စဃဋ္ဋယုက္တာသီတ်၊
၂ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။
3 တသျာသ္တေၐု ဃဋ္ဋေၐု ကိလာလကမ္ပနမ် အပေက္ၐျ အန္ဓခဉ္စၑုၐ္ကာင်္ဂါဒယော ဗဟဝေါ ရောဂိဏး ပတန္တသ္တိၐ္ဌန္တိ သ္မ၊
၃ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူ များအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။
4 ယတော ဝိၑေၐကာလေ တသျ သရသော ဝါရိ သွရ္ဂီယဒူတ ဧတျာကမ္ပယတ် တတ္ကီလာလကမ္ပနာတ် ပရံ ယး ကၑ္စိဒ် ရောဂီ ပြထမံ ပါနီယမဝါရောဟတ် သ ဧဝ တတ္က္ၐဏာဒ် ရောဂမုက္တော'ဘဝတ်၊
၄အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှား တတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်း လွတ်ခြင်းသို့ ရောက်တတ်၏။
5 တဒါၐ္ဋာတြိံၑဒွရ္ၐာဏိ ယာဝဒ် ရောဂဂြသ္တ ဧကဇနသ္တသ္မိန် သ္ထာနေ သ္ထိတဝါန်၊
၅ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ၏။
6 ယီၑုသ္တံ ၑယိတံ ဒၖၐ္ဋွာ ဗဟုကာလိကရောဂီတိ ဇ္ဉာတွာ ဝျာဟၖတဝါန် တွံ ကိံ သွသ္ထော ဗုဘူၐသိ?
၆ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။
7 တတော ရောဂီ ကထိတဝါန် ဟေ မဟေစ္ဆ ယဒါ ကီလာလံ ကမ္ပတေ တဒါ မာံ ပုၐ္ကရိဏီမ် အဝရောဟယိတုံ မမ ကောပိ နာသ္တိ, တသ္မာန် မမ ဂမနကာလေ ကၑ္စိဒနျော'ဂြော ဂတွာ အဝရောဟတိ၊
၇နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။
8 တဒါ ယီၑုရကထယဒ် ဥတ္တိၐ္ဌ, တဝ ၑယျာမုတ္တောလျ ဂၖဟီတွာ ယာဟိ၊
၈ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊
9 သ တတ္က္ၐဏာတ် သွသ္ထော ဘူတွာ ၑယျာမုတ္တောလျာဒါယ ဂတဝါန် ကိန္တု တဒ္ဒိနံ ဝိၑြာမဝါရး၊
၉ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။
10 တသ္မာဒ် ယိဟူဒီယား သွသ္ထံ နရံ ဝျာဟရန် အဒျ ဝိၑြာမဝါရေ ၑယနီယမာဒါယ န ယာတဝျမ်၊
၁၀ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။
11 တတး သ ပြတျဝေါစဒ် ယော မာံ သွသ္ထမ် အကာရ္ၐီတ် ၑယနီယမ် ဥတ္တောလျာဒါယ ယာတုံ မာံ သ ဧဝါဒိၑတ်၊
၁၁သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည် ဟု ပြန်ပြော၏။
12 တဒါ တေ'ပၖစ္ဆန် ၑယနီယမ် ဥတ္တောလျာဒါယ ယာတုံ ယ အာဇ္ဉာပယတ် သ ကး?
၁၂ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ် သူနည်းဟု မေးမြန်းကြ၏။
13 ကိန္တု သ က ဣတိ သွသ္ထီဘူတော နာဇာနာဒ် ယတသ္တသ္မိန် သ္ထာနေ ဇနတာသတ္တွာဒ် ယီၑုး သ္ထာနာန္တရမ် အာဂမတ်၊
၁၃ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစု ဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။
14 တတး ပရံ ယေၑု ရ္မန္ဒိရေ တံ နရံ သာက္ၐာတ္ပြာပျာကထယတ် ပၑျေဒါနီမ် အနာမယော ဇာတောသိ ယထာဓိကာ ဒုရ္ဒၑာ န ဃဋတေ တဒ္ဓေတေား ပါပံ ကရ္မ္မ ပုနရ္မာကာရ္ၐီး၊
၁၄ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
15 တတး သ ဂတွာ ယိဟူဒီယာန် အဝဒဒ် ယီၑု ရ္မာမ် အရောဂိဏမ် အကာရ္ၐီတ်၊
၁၅ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြော လေ၏။
16 တတော ယီၑု ရွိၑြာမဝါရေ ကရ္မ္မေဒၖၑံ ကၖတဝါန် ဣတိ ဟေတော ရျိဟူဒီယာသ္တံ တာဍယိတွာ ဟန္တုမ် အစေၐ္ဋန္တ၊
၁၆ထိုအမှုကိုဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။
17 ယီၑုသ္တာနာချတ် မမ ပိတာ ယတ် ကာရျျံ ကရောတိ တဒနုရူပမ် အဟမပိ ကရောတိ၊
၁၇ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။
18 တတော ယိဟူဒီယာသ္တံ ဟန္တုံ ပုနရယတန္တ ယတော ဝိၑြာမဝါရံ နာမနျတ တဒေဝ ကေဝလံ န အဓိကန္တု ဤၑွရံ သွပိတရံ ပြောစျ သွမပီၑွရတုလျံ ကၖတဝါန်၊
၁၈သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ရှာကြံကြ၏။
19 ပၑ္စာဒ် ယီၑုရဝဒဒ် ယုၐ္မာနဟံ ယထာရ္ထတရံ ဝဒါမိ ပုတြး ပိတရံ ယဒျတ် ကရ္မ္မ ကုရွွန္တံ ပၑျတိ တဒတိရိက္တံ သွေစ္ဆာတး ကိမပိ ကရ္မ္မ ကရ္တ္တုံ န ၑက္နောတိ၊ ပိတာ ယတ် ကရောတိ ပုတြောပိ တဒေဝ ကရောတိ၊
၁၉ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု၏။
20 ပိတာ ပုတြေ သ္နေဟံ ကရောတိ တသ္မာတ် သွယံ ယဒျတ် ကရ္မ္မ ကရောတိ တတ္သရွွံ ပုတြံ ဒရ္ၑယတိ; ယထာ စ ယုၐ္မာကံ အာၑ္စရျျဇ္ဉာနံ ဇနိၐျတေ တဒရ္ထမ် ဣတောပိ မဟာကရ္မ္မ တံ ဒရ္ၑယိၐျတိ၊
၂၀ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။
21 ဝသ္တုတသ္တု ပိတာ ယထာ ပြမိတာန် ဥတ္ထာပျ သဇိဝါန် ကရောတိ တဒွတ် ပုတြောပိ ယံ ယံ ဣစ္ဆတိ တံ တံ သဇီဝံ ကရောတိ၊
၂၁ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောကာရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သား တော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။
22 သရွွေ ပိတရံ ယထာ သတ္ကုရွွန္တိ တထာ ပုတြမပိ သတ္ကာရယိတုံ ပိတာ သွယံ ကသျာပိ ဝိစာရမကၖတွာ သရွွဝိစာရာဏာံ ဘာရံ ပုတြေ သမရ္ပိတဝါန်၊
၂၂လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊
23 ယး ပုတြံ သတ် ကရောတိ သ တသျ ပြေရကမပိ သတ် ကရောတိ၊
၂၃သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။
24 ယုၐ္မာနာဟံ ယထာရ္ထတရံ ဝဒါမိ ယော ဇနော မမ ဝါကျံ ၑြုတွာ မတ္ပြေရကေ ဝိၑွသိတိ သောနန္တာယုး ပြာပ္နောတိ ကဒါပိ ဒဏ္ဍဗာဇနံ န ဘဝတိ နိဓနာဒုတ္ထာယ ပရမာယုး ပြာပ္နောတိ၊ (aiōnios )
၂၄ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ်၏။ (aiōnios )
25 အဟံ ယုၐ္မာနတိယထာရ္ထံ ဝဒါမိ ယဒါ မၖတာ ဤၑွရပုတြသျ နိနာဒံ ၑြောၐျန္တိ ယေ စ ၑြောၐျန္တိ တေ သဇီဝါ ဘဝိၐျန္တိ သမယ ဧတာဒၖၑ အာယာတိ ဝရမ် ဣဒါနီမပျုပတိၐ္ဌတိ၊
၂၅ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။
26 ပိတာ ယထာ သွယဉ္ဇီဝီ တထာ ပုတြာယ သွယဉ္ဇီဝိတွာဓိကာရံ ဒတ္တဝါန်၊
၂၆အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည်မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။
27 သ မနုၐျပုတြး ဧတသ္မာတ် ကာရဏာတ် ပိတာ ဒဏ္ဍကရဏာဓိကာရမပိ တသ္မိန် သမရ္ပိတဝါန်၊
၂၇သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။
28 ဧတဒရ္ထေ ယူယမ် အာၑ္စရျျံ န မနျဓွံ ယတော ယသ္မိန် သမယေ တသျ နိနာဒံ ၑြုတွာ ၑ္မၑာနသ္ထား သရွွေ ဗဟိရာဂမိၐျန္တိ သမယ ဧတာဒၖၑ ဥပသ္ထာသျတိ၊
၂၈ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊
29 တသ္မာဒ် ယေ သတ္ကရ္မ္မာဏိ ကၖတဝန္တသ္တ ဥတ္ထာယ အာယုး ပြာပ္သျန္တိ ယေ စ ကုကရ္မာဏိ ကၖတဝန္တသ္တ ဥတ္ထာယ ဒဏ္ဍံ ပြာပ္သျန္တိ၊
၂၉ထွက်ရမည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။
30 အဟံ သွယံ ကိမပိ ကရ္တ္တုံ န ၑက္နောမိ ယထာ ၑုဏောမိ တထာ ဝိစာရယာမိ မမ ဝိစာရဉ္စ နျာယျး ယတောဟံ သွီယာဘီၐ္ဋံ နေဟိတွာ မတ္ပြေရယိတုး ပိတုရိၐ္ဋမ် ဤဟေ၊
၃၀ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။
31 ယဒိ သွသ္မိန် သွယံ သာက္ၐျံ ဒဒါမိ တရှိ တတ္သာက္ၐျမ် အာဂြာဟျံ ဘဝတိ;
၃၁ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။
32 ကိန္တု မဒရ္ထေ'ပရော ဇနး သာက္ၐျံ ဒဒါတိ မဒရ္ထေ တသျ ယတ် သာက္ၐျံ တတ် သတျမ် ဧတဒပျဟံ ဇာနာမိ၊
၃၂ငါ၏အကြောင်းကိုသက်သေခံသော သူတပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။
33 ယုၐ္မာဘိ ရျောဟနံ ပြတိ လောကေၐု ပြေရိတေၐု သ သတျကထာယာံ သာက္ၐျမဒဒါတ်၊
၃၃သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။
34 မာနုၐာဒဟံ သာက္ၐျံ နောပေက္ၐေ တထာပိ ယူယံ ယထာ ပရိတြယဓွေ တဒရ္ထမ် ဣဒံ ဝါကျံ ဝဒါမိ၊
၃၄သို့သော်လည်းလူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက် မည်အကြောင်း ဤစကားကို ငါပြော၏။
35 ယောဟန် ဒေဒီပျမာနော ဒီပ ဣဝ တေဇသွီ သ္ထိတဝါန် ယူယမ် အလ္ပကာလံ တသျ ဒီပ္တျာနန္ဒိတုံ သမမနျဓွံ၊
၃၅ယောဟန်သည်ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော် ခြင်းငှါ အလိုရှိကြ၏။
36 ကိန္တု တတ္ပြမာဏာဒပိ မမ ဂုရုတရံ ပြမာဏံ ဝိဒျတေ ပိတာ မာံ ပြေၐျ ယဒျတ် ကရ္မ္မ သမာပယိတုံ ၑက္တ္တိမဒဒါတ် မယာ ကၖတံ တတ္တတ် ကရ္မ္မ မဒရ္ထေ ပြမာဏံ ဒဒါတိ၊
၃၆ယောဟန်၏သက်သေထက်သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီး စေ ခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။
37 ယး ပိတာ မာံ ပြေရိတဝါန် မောပိ မဒရ္ထေ ပြမာဏံ ဒဒါတိ၊ တသျ ဝါကျံ ယုၐ္မာဘိး ကဒါပိ န ၑြုတံ တသျ ရူပဉ္စ န ဒၖၐ္ဋံ
၃၇ခမည်းတော်သည်လည်းငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့ သည် မကြား၊ သဏ္ဍာန်တော်ကိုမမြင်၊
38 တသျ ဝါကျဉ္စ ယုၐ္မာကမ် အန္တး ကဒါပိ သ္ထာနံ နာပ္နောတိ ယတး သ ယံ ပြေၐိတဝါန် ယူယံ တသ္မိန် န ဝိၑွသိထ၊
၃၈နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့ သည် မယုံကြည်ဘဲနေကြ၏။
39 ဓရ္မ္မပုသ္တကာနိ ယူယမ် အာလောစယဓွံ တဲ ရွာကျဲရနန္တာယုး ပြာပ္သျာမ ဣတိ ယူယံ ဗုဓျဓွေ တဒ္ဓရ္မ္မပုသ္တကာနိ မဒရ္ထေ ပြမာဏံ ဒဒတိ၊ (aiōnios )
၃၉ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ (aiōnios )
40 တထာပိ ယူယံ ပရမာယုးပြာပ္တယေ မမ သံနိဓိမ် န ဇိဂမိၐထ၊
၄၀သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ၊
41 အဟံ မာနုၐေဘျး သတ္ကာရံ န ဂၖဟ္လာမိ၊
၄၁လူပေးသောဘုန်းအသရေကို ငါမခံ။
42 အဟံ ယုၐ္မာန် ဇာနာမိ; ယုၐ္မာကမန္တရ ဤၑွရပြေမ နာသ္တိ၊
၄၂သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။
43 အဟံ နိဇပိတု ရ္နာမ္နာဂတောသ္မိ တထာပိ မာံ န ဂၖဟ္လီထ ကိန္တု ကၑ္စိဒ် ယဒိ သွနာမ္နာ သမာဂမိၐျတိ တရှိ တံ ဂြဟီၐျထ၊
၄၃ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသော သူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။
44 ယူယမ် ဤၑွရာတ် သတ္ကာရံ န စိၐ္ဋတွာ ကေဝလံ ပရသ္ပရံ သတ္ကာရမ် စေဒ် အာဒဓွွေ တရှိ ကထံ ဝိၑွသိတုံ ၑက္နုထ?
၄၄အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။
45 ပုတုး သမီပေ'ဟံ ယုၐ္မာန် အပဝဒိၐျာမီတိ မာ စိန္တယတ ယသ္မိန်, ယသ္မိန် ယုၐ္မာကံ ဝိၑွသး သဧဝ မူသာ ယုၐ္မာန် အပဝဒတိ၊
၄၅ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သော သူတပါးရှိသေး၏။ ထိုသူကား သင်တို့ကို ကိုးစားသော မောရှေပေတည်း။
46 ယဒိ ယူယံ တသ္မိန် ဝျၑွသိၐျတ တရှိ မယျပိ ဝျၑွသိၐျတ, ယတ် သ မယိ လိခိတဝါန်၊
၄၆သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေ သည် ငါ့အကြောင်းကို ရေးထား၏။
47 တတော ယဒိ တေန လိခိတဝါနိ န ပြတိထ တရှိ မမ ဝါကျာနိ ကထံ ပြတျေၐျထ?
၄၇သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါစကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့ အား မိန့်တော်မူ၏။