< ယောဟနး 4 >
1 ယီၑုး သွယံ နာမဇ္ဇယတ် ကေဝလံ တသျ ၑိၐျာ အမဇ္ဇယတ် ကိန္တု ယောဟနော'ဓိကၑိၐျာန် သ ကရောတိ မဇ္ဇယတိ စ,
၁ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။
2 ဖိရူၑိန ဣမာံ ဝါရ္တ္တာမၑၖဏွန် ဣတိ ပြဘုရဝဂတျ
၂တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက်သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊
3 ယိဟူဒီယဒေၑံ ဝိဟာယ ပုန ရ္ဂာလီလမ် အာဂတ်၊
၃ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင်၊
4 တတး ၑောမိရောဏပြဒေၑသျ မဒျေန တေန ဂန္တဝျေ သတိ
၄ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။
5 ယာကူဗ် နိဇပုတြာယ ယူၐဖေ ယာံ ဘူမိမ် အဒဒါတ် တတ္သမီပသ္ထာယိ ၑောမိရောဏပြဒေၑသျ သုခါရ် နာမ္နာ ဝိချာတသျ နဂရသျ သန္နိဓာဝုပါသ္ထာတ်၊
၅ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။
6 တတြ ယာကူဗး ပြဟိရာသီတ်; တဒါ ဒွိတီယယာမဝေလာယာံ ဇာတာယာံ သ မာရ္ဂေ ၑြမာပန္နသ္တသျ ပြဟေး ပါရ္ၑွေ ဥပါဝိၑတ်၊
၆ထိုအရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။
7 ဧတရှိ ကာစိတ် ၑောမိရောဏီယာ ယောၐိတ် တောယောတ္တောလနာရ္ထမ် တတြာဂမတ္
၇ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။
8 တဒါ ၑိၐျား ခါဒျဒြဝျာဏိ ကြေတုံ နဂရမ် အဂစ္ဆန်၊
၈အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း။
9 ယီၑုး ၑောမိရောဏီယာံ တာံ ယောၐိတမ် ဝျာဟာရ္ၐီတ် မဟျံ ကိဉ္စိတ် ပါနီယံ ပါတုံ ဒေဟိ၊ ကိန္တု ၑောမိရောဏီယဲး သာကံ ယိဟူဒီယလောကာ န ဝျဝါဟရန် တသ္မာဒ္ဓေတေား သာကထယတ် ၑောမိရောဏီယာ ယောၐိတဒဟံ တွံ ယိဟူဒီယောသိ ကထံ မတ္တး ပါနီယံ ပါတုမ် ဣစ္ဆသိ?
၉ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ။
10 တတော ယီၑုရဝဒဒ် ဤၑွရသျ ယဒ္ဒါနံ တတ္ကီဒၖက် ပါနီယံ ပါတုံ မဟျံ ဒေဟိ ယ ဣတ္ထံ တွာံ ယာစတေ သ ဝါ က ဣတိ စေဒဇ္ဉာသျထာသ္တရှိ တမယာစိၐျထား သ စ တုဘျမမၖတံ တောယမဒါသျတ်၊
၁၀ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊
11 တဒါ သာ သီမန္တိနီ ဘာၐိတဝတိ, ဟေ မဟေစ္ဆ ပြဟိရ္ဂမ္ဘီရော ဘဝတော နီရောတ္တောလနပါတြံ နာသ္တီ စ တသ္မာတ် တဒမၖတံ ကီလာလံ ကုတး ပြာပ္သျသိ?
၁၁မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း။
12 ယောသ္မဘျမ် ဣမမန္ဓူံ ဒဒေါ်, ယသျ စ ပရိဇနာ ဂေါမေၐာဒယၑ္စ သရွွေ'သျ ပြဟေး ပါနီယံ ပပုရေတာဒၖၑော ယောသ္မာကံ ပူရွွပုရုၐော ယာကူဗ် တသ္မာဒပိ ဘဝါန် မဟာန် ကိံ?
၁၂ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏။
13 တတော ယီၑုရကထယဒ် ဣဒံ ပါနီယံ သး ပိဝတိ သ ပုနသ္တၖၐာရ္တ္တော ဘဝိၐျတိ,
၁၃ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။
14 ကိန္တု မယာ ဒတ္တံ ပါနီယံ ယး ပိဝတိ သ ပုနး ကဒါပိ တၖၐာရ္တ္တော န ဘဝိၐျတိ၊ မယာ ဒတ္တမ် ဣဒံ တောယံ တသျာန္တး ပြသြဝဏရူပံ ဘူတွာ အနန္တာယုရျာဝတ် သြောၐျတိ၊ (aiōn , aiōnios )
၁၄ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ (aiōn , aiōnios )
15 တဒါ သာ ဝနိတာကထယတ် ဟေ မဟေစ္ဆ တရှိ မမ ပုနး ပီပါသာ ယထာ န ဇာယတေ တောယောတ္တောလနာယ ယထာတြာဂမနံ န ဘဝတိ စ တဒရ္ထံ မဟျံ တတ္တောယံ ဒေဟီ၊
၁၅မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊
16 တတော ယီၑူရဝဒဒျာဟိ တဝ ပတိမာဟူယ သ္ထာနေ'တြာဂစ္ဆ၊
၁၆ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။
17 သာ ဝါမာဝဒတ် မမ ပတိရ္နာသ္တိ၊ ယီၑုရဝဒတ် မမ ပတိရ္နာသ္တီတိ ဝါကျံ ဘဒြမဝေါစး၊
၁၇မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။
18 ယတသ္တဝ ပဉ္စ ပတယောဘဝန် အဓုနာ တု တွယာ သာရ္ဒ္ဓံ ယသ္တိၐ္ဌတိ သ တဝ ဘရ္တ္တာ န ဝါကျမိဒံ သတျမဝါဒိး၊
၁၈အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။
19 တဒါ သာ မဟိလာ ဂဒိတဝတိ ဟေ မဟေစ္ဆ ဘဝါန် ဧကော ဘဝိၐျဒွါဒီတိ ဗုဒ္ဓံ မယာ၊
၁၉ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။
20 အသ္မာကံ ပိတၖလောကာ ဧတသ္မိန် ၑိလောစ္စယေ'ဘဇန္တ, ကိန္တု ဘဝဒ္ဘိရုစျတေ ယိရူၑာလမ် နဂရေ ဘဇနယောဂျံ သ္ထာနမာသ္တေ၊
၂၀အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊
21 ယီၑုရဝေါစတ် ဟေ ယောၐိတ် မမ ဝါကျေ ဝိၑွသိဟိ ယဒါ ယူယံ ကေဝလၑဲလေ'သ္မိန် ဝါ ယိရူၑာလမ် နဂရေ ပိတုရ္ဘဇနံ န ကရိၐျဓွေ ကာလ ဧတာဒၖၑ အာယာတိ၊
၂၁ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။
22 ယူယံ ယံ ဘဇဓွေ တံ န ဇာနီထ, ကိန္တု ဝယံ ယံ ဘဇာမဟေ တံ ဇာနီမဟေ, ယတော ယိဟူဒီယလောကာနာံ မဓျာတ် ပရိတြာဏံ ဇာယတေ၊
၂၂သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။
23 ကိန္တု ယဒါ သတျဘက္တာ အာတ္မနာ သတျရူပေဏ စ ပိတုရ္ဘဇနံ ကရိၐျန္တေ သမယ ဧတာဒၖၑ အာယာတိ, ဝရမ် ဣဒါနီမပိ ဝိဒျတေ; ယတ ဧတာဒၖၑော ဘတ္ကာန် ပိတာ စေၐ္ဋတေ၊
၂၃ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။
24 ဤၑွရ အာတ္မာ; တတသ္တသျ ယေ ဘက္တာသ္တဲး သ အာတ္မနာ သတျရူပေဏ စ ဘဇနီယး၊
၂၄ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
25 တဒါ သာ မဟိလာဝါဒီတ် ခြီၐ္ဋနာမ္နာ ဝိချာတော'ဘိၐိက္တး ပုရုၐ အာဂမိၐျတီတိ ဇာနာမိ သ စ သရွွား ကထာ အသ္မာန် ဇ္ဉာပယိၐျတိ၊
၂၅မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။
26 တတော ယီၑုရဝဒတ် တွယာ သာရ္ဒ္ဓံ ကထနံ ကရောမိ ယော'ဟမ် အဟမေဝ သ ပုရုၐး၊
၂၆ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
27 ဧတသ္မိန် သမယေ ၑိၐျာ အာဂတျ တထာ သ္တြိယာ သာရ္ဒ္ဓံ တသျ ကထောပကထနေ မဟာၑ္စရျျမ် အမနျန္တ တထာပိ ဘဝါန် ကိမိစ္ဆတိ? ယဒွါ ကိမရ္ထမ် ဧတယာ သာရ္ဒ္ဓံ ကထာံ ကထယတိ? ဣတိ ကောပိ နာပၖစ္ဆတ်၊
၂၇ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။
28 တတး ပရံ သာ နာရီ ကလၑံ သ္ထာပယိတွာ နဂရမဓျံ ဂတွာ လောကေဘျောကထာယဒ္
၂၈ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊
29 အဟံ ယဒျတ် ကရ္မ္မာကရဝံ တတ္သရွွံ မဟျမကထယဒ် ဧတာဒၖၑံ မာနဝမေကမ် အာဂတျ ပၑျတ ရု ကိမ် အဘိၐိက္တော န ဘဝတိ?
၂၉အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊
30 တတသ္တေ နဂရာဒ် ဗဟိရာဂတျ တာတသျ သမီပမ် အာယန်၊
၃၀သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။
31 ဧတရှိ ၑိၐျား သာဓယိတွာ တံ ဝျာဟာရ္ၐုး ဟေ ဂုရော ဘဝါန် ကိဉ္စိဒ် ဘူက္တာံ၊
၃၁မရောက်မှီတွင်တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင်၊
32 တတး သောဝဒဒ် ယုၐ္မာဘိရျန္န ဇ္ဉာယတေ တာဒၖၑံ ဘက္ၐျံ မမာသ္တေ၊
၃၂သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။
33 တဒါ ၑိၐျား ပရသ္ပရံ ပြၐ္ဋုမ် အာရမ္ဘန္တ, ကိမသ္မဲ ကောပိ ကိမပိ ဘက္ၐျမာနီယ ဒတ္တဝါန်?
၃၃ထိုကြောင့်တပည့်တော်တို့က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေး မြန်းကြလျှင်၊
34 ယီၑုရဝေါစတ် မတ္ပြေရကသျာဘိမတာနုရူပကရဏံ တသျဲဝ ကရ္မ္မသိဒ္ဓိကာရဏဉ္စ မမ ဘက္ၐျံ၊
၃၄ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။
35 မာသစတုၐ္ဋယေ ဇာတေ ၑသျကရ္တ္တနသမယော ဘဝိၐျတီတိ ဝါကျံ ယုၐ္မာဘိး ကိံ နောဒျတေ? ကိန္တွဟံ ဝဒါမိ, ၑိရ ဥတ္တောလျ က္ၐေတြာဏိ ပြတိ နိရီက္ၐျ ပၑျတ, ဣဒါနီံ ကရ္တ္တနယောဂျာနိ ၑုက္လဝရ္ဏာနျဘဝန်၊
၃၅ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။
36 ယၑ္ဆိနတ္တိ သ ဝေတနံ လဘတေ အနန္တာယုးသွရူပံ ၑသျံ သ ဂၖဟ္လာတိ စ, တေနဲဝ ဝပ္တာ ဆေတ္တာ စ ယုဂပဒ် အာနန္ဒတး၊ (aiōnios )
၃၆စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။ (aiōnios )
37 ဣတ္ထံ သတိ ဝပတျေကၑ္ဆိနတျနျ ဣတိ ဝစနံ သိဒ္ဓျတိ၊
၃၇တဦးကားပျိုးကြဲ၏။ တဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။
38 ယတြ ယူယံ န ပရျျၑြာမျတ တာဒၖၑံ ၑသျံ ဆေတ္တုံ ယုၐ္မာန် ပြဲရယမ် အနျေ ဇနားပရျျၑြာမျန် ယူယံ တေၐာံ ၑြဂသျ ဖလမ် အလဘဓွမ်၊
၃၈သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
39 ယသ္မိန် ကာလေ ယဒျတ် ကရ္မ္မာကာရ္ၐံ တတ္သရွွံ သ မဟျမ် အကထယတ် တသျာ ဝနိတာယာ ဣဒံ သာက္ၐျဝါကျံ ၑြုတွာ တန္နဂရနိဝါသိနော ဗဟဝး ၑောမိရောဏီယလောကာ ဝျၑွသန်၊
၃၉ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။
40 တထာ စ တသျာန္တိကေ သမုပသ္ထာယ သွေၐာံ သန္နိဓော် ကတိစိဒ် ဒိနာနိ သ္ထာတုံ တသ္မိန် ဝိနယမ် အကုရွွာန တသ္မာတ် သ ဒိနဒွယံ တတ္သ္ထာနေ နျဝၐ္ဋတ္
၄၀ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌နေတော်မူမည်ကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။
41 တတသ္တသျောပဒေၑေန ဗဟဝေါ'ပရေ ဝိၑွသျ
၄၁အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊
42 တာံ ယောၐာမဝဒန် ကေဝလံ တဝ ဝါကျေန ပြတီမ ဣတိ န, ကိန္တု သ ဇဂတော'ဘိၐိက္တသ္တြာတေတိ တသျ ကထာံ ၑြုတွာ ဝယံ သွယမေဝါဇ္ဉာသမဟိ၊
၄၂ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော် ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။
43 သွဒေၑေ ဘဝိၐျဒွက္တုး သတ္ကာရော နာသ္တီတိ ယဒျပိ ယီၑုး ပြမာဏံ ဒတွာကထယတ္
၄၃နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။
44 တထာပိ ဒိဝသဒွယာတ် ပရံ သ တသ္မာတ် သ္ထာနာဒ် ဂါလီလံ ဂတဝါန်၊
၄၄အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။
45 အနန္တရံ ယေ ဂါလီလီ လိယလောကာ ဥတ္သဝေ ဂတာ ဥတ္သဝသမယေ ယိရူၑလမ် နဂရေ တသျ သရွွား ကြိယာ အပၑျန် တေ ဂါလီလမ် အာဂတံ တမ် အာဂၖဟ္လန်၊
၄၅ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။
46 တတး ပရမ် ယီၑု ရျသ္မိန် ကာန္နာနဂရေ ဇလံ ဒြာက္ၐာရသမ် အာကရောတ် တတ် သ္ထာနံ ပုနရဂါတ်၊ တသ္မိန္နေဝ သမယေ ကသျစိဒ် ရာဇသဘာသ္တာရသျ ပုတြး ကဖရ္နာဟူမပုရီ ရောဂဂြသ္တ အာသီတ်၊
၄၆ရေကိုစပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။
47 သ ယေဟူဒီယဒေၑာဒ် ယီၑော ရ္ဂာလီလာဂမနဝါရ္တ္တာံ နိၑမျ တသျ သမီပံ ဂတွာ ပြာရ္ထျ ဝျာဟၖတဝါန် မမ ပုတြသျ ပြာယေဏ ကာလ အာသန္နး ဘဝါန် အာဂတျ တံ သွသ္ထံ ကရောတု၊
၄၇ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။
48 တဒါ ယီၑုရကထယဒ် အာၑ္စရျျံ ကရ္မ္မ စိတြံ စိဟ္နံ စ န ဒၖၐ္ဋာ ယူယံ န ပြတျေၐျထ၊
၄၈ယေရှုကလည်း၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊
49 တတး သ သဘာသဒဝဒတ် ဟေ မဟေစ္ဆ မမ ပုတြေ န မၖတေ ဘဝါနာဂစ္ဆတု၊
၄၉သခင်၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။
50 ယီၑုသ္တမဝဒဒ် ဂစ္ဆ တဝ ပုတြော'ဇီဝီတ် တဒါ ယီၑုနောက္တဝါကျေ သ ဝိၑွသျ ဂတဝါန်၊
၅၀ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။
51 ဂမနကာလေ မာရ္ဂမဓျေ ဒါသာသ္တံ သာက္ၐာတ္ပြာပျာဝဒန် ဘဝတး ပုတြော'ဇီဝီတ်၊
၅၁လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။
52 တတး ကံ ကာလမာရဘျ ရောဂပြတီကာရာရမ္ဘော ဇာတာ ဣတိ ပၖၐ္ဋေ တဲရုက္တံ ဟျး သာရ္ဒ္ဓဒဏ္ဍဒွယာဓိကဒွိတီယယာမေ တသျ ဇွရတျာဂေါ'ဘဝတ်၊
၅၂အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ၏။
53 တဒါ ယီၑုသ္တသ္မိန် က္ၐဏေ ပြောက္တဝါန် တဝ ပုတြော'ဇီဝီတ် ပိတာ တဒ္ဗုဒ္ဓွာ သပရိဝါရော ဝျၑွသီတ်၊
၅၃ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။
54 ယိဟူဒီယဒေၑာဒ် အာဂတျ ဂါလီလိ ယီၑုရေတဒ် ဒွိတီယမ် အာၑ္စရျျကရ္မ္မာကရောတ်၊
၅၄ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း။