< ယောဟနး 16 >

1 ယုၐ္မာကံ ယထာ ဝါဓာ န ဇာယတေ တဒရ္ထံ ယုၐ္မာန် ဧတာနိ သရွွဝါကျာနိ ဝျာဟရံ၊
သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။
2 လောကာ ယုၐ္မာန် ဘဇနဂၖဟေဘျော ဒူရီကရိၐျန္တိ တထာ ယသ္မိန် သမယေ ယုၐ္မာန် ဟတွာ ဤၑွရသျ တုၐ္ဋိ ဇနကံ ကရ္မ္မာကုရ္မ္မ ဣတိ မံသျန္တေ သ သမယ အာဂစ္ဆန္တိ၊
လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူ မည်သည် ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။
3 တေ ပိတရံ မာဉ္စ န ဇာနန္တိ, တသ္မာဒ် ယုၐ္မာန် ပြတီဒၖၑမ် အာစရိၐျန္တိ၊
ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
4 အတော ဟေတား သမယေ သမုပသ္ထိတေ ယထာ မမ ကထာ ယုၐ္မာကံ မနးသုး သမုပတိၐ္ဌတိ တဒရ္ထံ ယုၐ္မာဘျမ် ဧတာံ ကထာံ ကထယာမိ ယုၐ္မာဘိး သာရ္ဒ္ဓမ် အဟံ တိၐ္ဌန် ပြထမံ တာံ ယုၐ္မဘျံ နာကထယံ၊
ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှါ ယခုပင် ငါဟောပြော၏။အစဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး။
5 သာမ္ပြတံ သွသျ ပြေရယိတုး သမီပံ ဂစ္ဆာမိ တထာပိ တွံ က္က ဂစ္ဆသိ ကထာမေတာံ ယုၐ္မာကံ ကောပိ မာံ န ပၖစ္ဆတိ၊
ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။
6 ကိန္တု မယောက္တာဘိရာဘိး ကထာဘိ ရျူၐ္မာကမ် အန္တးကရဏာနိ ဒုးခေန ပူရ္ဏာနျဘဝန်၊
ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ၏။
7 တထာပျဟံ ယထာရ္ထံ ကထယာမိ မမ ဂမနံ ယုၐ္မာကံ ဟိတာရ္ထမေဝ, ယတော ဟေတော ရ္ဂမနေ န ကၖတေ သဟာယော ယုၐ္မာကံ သမီပံ နာဂမိၐျတိ ကိန္တု ယဒိ ဂစ္ဆာမိ တရှိ ယုၐ္မာကံ သမီပေ တံ ပြေၐယိၐျာမိ၊
ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။
8 တတး သ အာဂတျ ပါပပုဏျဒဏ္ဍေၐု ဇဂတော လောကာနာံ ပြဗောဓံ ဇနယိၐျတိ၊
ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။
9 တေ မယိ န ဝိၑွသန္တိ တသ္မာဒ္ဓေတေား ပါပပြဗောဓံ ဇနယိၐျတိ၊
ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။
10 ယုၐ္မာကမ် အဒၖၑျး သန္နဟံ ပိတုး သမီပံ ဂစ္ဆာမိ တသ္မာဒ် ပုဏျေ ပြဗောဓံ ဇနယိၐျတိ၊
၁၀ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသော ကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။
11 ဧတဇ္ဇဂတော'ဓိပတိ ရ္ဒဏ္ဍာဇ္ဉာံ ပြာပ္နောတိ တသ္မာဒ် ဒဏ္ဍေ ပြဗောဓံ ဇနယိၐျတိ၊
၁၁ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။
12 ယုၐ္မဘျံ ကထယိတုံ မမာနေကား ကထာ အာသတေ, တား ကထာ ဣဒါနီံ ယူယံ သောဎုံ န ၑက္နုထ;
၁၂သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။
13 ကိန္တု သတျမယ အာတ္မာ ယဒါ သမာဂမိၐျတိ တဒါ သရွွံ သတျံ ယုၐ္မာန် နေၐျတိ, သ သွတး ကိမပိ န ဝဒိၐျတိ ကိန္တု ယစ္ဆြောၐျတိ တဒေဝ ကထယိတွာ ဘာဝိကာရျျံ ယုၐ္မာန် ဇ္ဉာပယိၐျတိ၊
၁၃သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။
14 မမ မဟိမာနံ ပြကာၑယိၐျတိ ယတော မဒီယာံ ကထာံ ဂၖဟီတွာ ယုၐ္မာန် ဗောဓယိၐျတိ၊
၁၄ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။
15 ပိတု ရျဒျဒ် အာသ္တေ တတ် သရွွံ မမ တသ္မာဒ် ကာရဏာဒ် အဝါဒိၐံ သ မဒီယာံ ကထာံ ဂၖဟီတွာ ယုၐ္မာန် ဗောဓယိၐျတိ၊
၁၅ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။
16 ကိယတ္ကာလာတ် ပရံ ယူယံ မာံ ဒြၐ္ဋုံ န လပ္သျဓွေ ကိန္တု ကိယတ္ကာလာတ် ပရံ ပုန ရ္ဒြၐ္ဋုံ လပ္သျဓွေ ယတောဟံ ပိတုး သမီပံ ဂစ္ဆာမိ၊
၁၆ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်း မူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။
17 တတး ၑိၐျာဏာံ ကိယန္တော ဇနား ပရသ္ပရံ ဝဒိတုမ် အာရဘန္တ, ကိယတ္ကာလာတ် ပရံ မာံ ဒြၐ္ဋုံ န လပ္သျဓွေ ကိန္တု ကိယတ္ကာလာတ် ပရံ ပုန ရ္ဒြၐ္ဋုံ လပ္သျဓွေ ယတောဟံ ပိတုး သမီပံ ဂစ္ဆာမိ, ဣတိ ယဒ် ဝါကျမ် အယံ ဝဒတိ တတ် ကိံ?
၁၇တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော် မူသောစကားသည် အဘယ်သို့နည်း။
18 တတး ကိယတ္ကာလာတ် ပရမ် ဣတိ တသျ ဝါကျံ ကိံ? တသျ ဝါကျသျာဘိပြာယံ ဝယံ ဗောဒ္ဓုံ န ၑက္နုမသ္တဲရိတိ
၁၈ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။
19 နိဂဒိတေ ယီၑုသ္တေၐာံ ပြၑ္နေစ္ဆာံ ဇ္ဉာတွာ တေဘျော'ကထယတ် ကိယတ္ကာလာတ် ပရံ မာံ ဒြၐ္ဋုံ န လပ္သျဓွေ, ကိန္တု ကိယတ္ကာလာတ် ပရံ ပူန ရ္ဒြၐ္ဋုံ လပ္သျဓွေ, ယာမိမာံ ကထာမကထယံ တသျာ အဘိပြာယံ ကိံ ယူယံ ပရသ္ပရံ မၖဂယဓွေ?
၁၉တပည့်တော်တို့သည်မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။
20 ယုၐ္မာနဟမ် အတိယထာရ္ထံ ဝဒါမိ ယူယံ ကြန္ဒိၐျထ ဝိလပိၐျထ စ, ကိန္တု ဇဂတော လောကာ အာနန္ဒိၐျန္တိ; ယူယံ ၑောကာကုလာ ဘဝိၐျထ ကိန္တု ၑောကာတ် ပရံ အာနန္ဒယုက္တာ ဘဝိၐျထ၊
၂၀ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။
21 ပြသဝကာလ ဥပသ္ထိတေ နာရီ ယထာ ပြသဝဝေဒနယာ ဝျာကုလာ ဘဝတိ ကိန္တု ပုတြေ ဘူမိၐ္ဌေ သတိ မနုၐျဲကော ဇန္မနာ နရလောကေ ပြဝိၐ္ဋ ဣတျာနန္ဒာတ် တသျာသ္တတ္သရွွံ ဒုးခံ မနသိ န တိၐ္ဌတိ,
၂၁မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင် ပြီးမှ ဤလောက၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။
22 တထာ ယူယမပိ သာမ္ပြတံ ၑောကာကုလာ ဘဝထ ကိန္တု ပုနရပိ ယုၐ္မဘျံ ဒရ္ၑနံ ဒါသျာမိ တေန ယုၐ္မာကမ် အန္တးကရဏာနိ သာနန္ဒာနိ ဘဝိၐျန္တိ, ယုၐ္မာကံ တမ် အာနန္ဒဉ္စ ကောပိ ဟရ္တ္တုံ န ၑက္ၐျတိ၊
၂၂ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။
23 တသ္မိန် ဒိဝသေ ကာမပိ ကထာံ မာံ န ပြက္ၐျထ၊ ယုၐ္မာနဟမ် အတိယထာရ္ထံ ဝဒါမိ, မမ နာမ္နာ ယတ် ကိဉ္စိဒ် ပိတရံ ယာစိၐျဓွေ တဒေဝ သ ဒါသျတိ၊
၂၃ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။
24 ပူရွွေ မမ နာမ္နာ ကိမပိ နာယာစဓွံ, ယာစဓွံ တတး ပြာပ္သျထ တသ္မာဒ် ယုၐ္မာကံ သမ္ပူရ္ဏာနန္ဒော ဇနိၐျတေ၊
၂၄ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။
25 ဥပမာကထာဘိး သရွွာဏျေတာနိ ယုၐ္မာန် ဇ္ဉာပိတဝါန် ကိန္တု ယသ္မိန် သမယေ ဥပမယာ နောက္တွာ ပိတုး ကထာံ သ္ပၐ္ဋံ ဇ္ဉာပယိၐျာမိ သမယ ဧတာဒၖၑ အာဂစ္ဆတိ၊
၂၅ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အားအတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။
26 တဒါ မမ နာမ္နာ ပြာရ္ထယိၐျဓွေ 'ဟံ ယုၐ္မန္နိမိတ္တံ ပိတရံ ဝိနေၐျေ ကထာမိမာံ န ဝဒါမိ;
၂၆ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။
27 ယတော ယူယံ မယိ ပြေမ ကုရုထ, တထာဟမ် ဤၑွရသျ သမီပါဒ် အာဂတဝါန် ဣတျပိ ပြတီထ, တသ္မာဒ် ကာရဏာတ် ကာရဏာတ် ပိတာ သွယံ ယုၐ္မာသု ပြီယတေ၊
၂၇အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည်ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။
28 ပိတုး သမီပါဇ္ဇဇဒ် အာဂတောသ္မိ ဇဂတ် ပရိတျဇျ စ ပုနရပိ ပိတုး သမီပံ ဂစ္ဆာမိ၊
၂၈ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တဖန် ဤလောကမှထွက်၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။
29 တဒါ ၑိၐျာ အဝဒန်, ဟေ ပြဘော ဘဝါန် ဥပမယာ နောက္တွာဓုနာ သ္ပၐ္ဋံ ဝဒတိ၊
၂၉တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟော ပြောတော်မူ၏။
30 ဘဝါန် သရွွဇ္ဉး ကေနစိတ် ပၖၐ္ဋော ဘဝိတုမပိ ဘဝတး ပြယောဇနံ နာသ္တီတျဓုနာသ္မာကံ သ္ထိရဇ္ဉာနံ ဇာတံ တသ္မာဒ် ဘဝါန် ဤၑွရသျ သမီပါဒ် အာဂတဝါန် ဣတျတြ ဝယံ ဝိၑွသိမး၊
၃၀အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော် သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။
31 တတော ယီၑုး ပြတျဝါဒီဒ် ဣဒါနီံ ကိံ ယူယံ ဝိၑွသိထ?
၃၁ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။
32 ပၑျတ သရွွေ ယူယံ ဝိကီရ္ဏား သန္တော မာမ် ဧကာကိနံ ပီရတျဇျ သွံ သွံ သ္ထာနံ ဂမိၐျထ, ဧတာဒၖၑး သမယ အာဂစ္ဆတိ ဝရံ ပြာယေဏောပသ္ထိတဝါန်; တထာပျဟံ နဲကာကီ ဘဝါမိ ယတး ပိတာ မယာ သာရ္ဒ္ဓမ် အာသ္တေ၊
၃၂သင်တို့သည် ကွဲပြား၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ်။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။
33 ယထာ မယာ ယုၐ္မာကံ ၑာန္တိ ရ္ဇာယတေ တဒရ္ထမ် ဧတား ကထာ ယုၐ္မဘျမ် အစကထံ; အသ္မိန် ဇဂတိ ယုၐ္မာကံ က္လေၑော ဃဋိၐျတေ ကိန္တွက္ၐောဘာ ဘဝတ ယတော မယာ ဇဂဇ္ဇိတံ၊
၃၃သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။

< ယောဟနး 16 >