< ဣဗြိဏး 4 >

1 အပရံ တဒွိၑြာမပြာပ္တေး ပြတိဇ္ဉာ ယဒိ တိၐ္ဌတိ တရှျသ္မာကံ ကၑ္စိတ် စေတ် တသျား ဖလေန ဝဉ္စိတော ဘဝေတ် ဝယမ် ဧတသ္မာဒ် ဗိဘီမး၊
ထို့ကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။
2 ယတော 'သ္မာကံ သမီပေ ယဒွတ် တဒွတ် တေၐာံ သမီပေ'ပိ သုသံဝါဒး ပြစာရိတော 'ဘဝတ် ကိန္တု တဲး ၑြုတံ ဝါကျံ တာန် ပြတိ နိၐ္ဖလမ် အဘဝတ်, ယတသ္တေ ၑြောတာရော ဝိၑွာသေန သာရ္ဒ္ဓံ တန္နာမိၑြယန်၊
ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော တရား စကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။
3 တဒ် ဝိၑြာမသ္ထာနံ ဝိၑွာသိဘိရသ္မာဘိး ပြဝိၑျတေ ယတသ္တေနောက္တံ, "အဟံ ကောပါတ် ၑပထံ ကၖတဝါန် ဣမံ, ပြဝေက္ၐျတေ ဇနဲရေတဲ ရ္န ဝိၑြာမသ္ထလံ မမ၊ " ကိန္တု တသျ ကရ္မ္မာဏိ ဇဂတး သၖၐ္ဋိကာလာတ် သမာပ္တာနိ သန္တိ၊
ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ကြရ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။
4 ယတး ကသ္မိံၑ္စိတ် သ္ထာနေ သပ္တမံ ဒိနမဓိ တေနေဒမ် ဥက္တံ, ယထာ, "ဤၑွရး သပ္တမေ ဒိနေ သွကၖတေဘျး သရွွကရ္မ္မဘျော ဝိၑၑြာမ၊ "
ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု၍ ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။
5 ကိန္တွေတသ္မိန် သ္ထာနေ ပုနသ္တေနောစျတေ, ယထာ, "ပြဝေက္ၐျတေ ဇနဲရေတဲ ရ္န ဝိၑြာမသ္ထလံ မမ၊ "
ထိုကျမ်းစာ၌ တဖန်လာသည်ကား၊ သူတို့သည် ငါ၏ ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း။
6 ဖလတသ္တတ် သ္ထာနံ ကဲၑ္စိတ် ပြဝေၐ္ဋဝျံ ကိန္တု ယေ ပုရာ သုသံဝါဒံ ၑြုတဝန္တသ္တဲရဝိၑွာသာတ် တန္န ပြဝိၐ္ဋမ်,
ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့ သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။
7 ဣတိ ဟေတေား သ ပုနရဒျနာမကံ ဒိနံ နိရူပျ ဒီရ္ဃကာလေ ဂတေ'ပိ ပူရွွောက္တာံ ဝါစံ ဒါယူဒါ ကထယတိ, ယထာ, "အဒျ ယူယံ ကထာံ တသျ ယဒိ သံၑြောတုမိစ္ဆထ, တရှိ မာ ကုရုတေဒါနီံ ကဌိနာနိ မနာံသိ ဝး၊ "
တဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစုံတခု သော နေ့ရက်ကို သေချာစွာမှတ်သားသတည်း။
8 အပရံ ယိဟောၑူယော ယဒိ တာန် ဝျၑြာမယိၐျတ် တရှိ တတး ပရမ် အပရသျ ဒိနသျ ဝါဂ် ဤၑွရေဏ နာကထယိၐျတ၊
ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည် မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ် ဆိုဘွယ်ရှိသနည်း။
9 အတ ဤၑွရသျ ပြဇာဘိး ကရ္တ္တဝျ ဧကော ဝိၑြာမသ္တိၐ္ဌတိ၊
ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး၏။
10 အပရမ် ဤၑွရော ယဒွတ် သွကၖတကရ္မ္မဘျော ဝိၑၑြာမ တဒွတ် တသျ ဝိၑြာမသ္ထာနံ ပြဝိၐ္ဋော ဇနော'ပိ သွကၖတကရ္မ္မဘျော ဝိၑြာမျတိ၊
၁၀ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။
11 အတော ဝယံ တဒ် ဝိၑြာမသ္ထာနံ ပြဝေၐ္ဋုံ ယတာမဟဲ, တဒဝိၑွာသောဒါဟရဏေန ကော'ပိ န ပတတု၊
၁၁ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည် အကြောင်းကြိုးစား အားထုတ်ကြကုန်အံ့။
12 ဤၑွရသျ ဝါဒေါ'မရး ပြဘာဝဝိၑိၐ္ဋၑ္စ သရွွသ္မာဒ် ဒွိဓာရခင်္ဂါဒပိ တီက္ၐ္ဏး, အပရံ ပြာဏာတ္မနော ရ္ဂြန္ထိမဇ္ဇယောၑ္စ ပရိဘေဒါယ ဝိစ္ဆေဒကာရီ မနသၑ္စ သင်္ကလ္ပာနာမ် အဘိပြေတာနာဉ္စ ဝိစာရကး၊
၁၂ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။
13 အပရံ ယသျ သမီပေ သွီယာ သွီယာ ကထာသ္မာဘိး ကထယိတဝျာ တသျာဂေါစရး ကော'ပိ ပြာဏီ နာသ္တိ တသျ ဒၖၐ္ဋော် သရွွမေဝါနာဝၖတံ ပြကာၑိတဉ္စာသ္တေ၊
၁၃ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။
14 အပရံ ယ ဥစ္စတမံ သွရ္ဂံ ပြဝိၐ္ဋ ဧတာဒၖၑ ဧကော ဝျက္တိရရ္ထတ ဤၑွရသျ ပုတြော ယီၑုရသ္မာကံ မဟာယာဇကော'သ္တိ, အတော ဟေတော ရွယံ ဓရ္မ္မပြတိဇ္ဉာံ ဒၖဎမ် အာလမ္ဗာမဟဲ၊
၁၄ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊
15 အသ္မာကံ ယော မဟာယာဇကော 'သ္တိ သော'သ္မာကံ ဒုးခဲ ရ္ဒုးခိတော ဘဝိတုမ် အၑက္တော နဟိ ကိန္တု ပါပံ ဝိနာ သရွွဝိၐယေ ဝယမိဝ ပရီက္ၐိတး၊
၁၅ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
16 အတဧဝ ကၖပါံ ဂြဟီတုံ ပြယောဇနီယောပကာရာရ္ထမ် အနုဂြဟံ ပြာပ္တုဉ္စ ဝယမ် ဥတ္သာဟေနာနုဂြဟသိံဟာသနသျ သမီပံ ယာမး၊
၁၆ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။

< ဣဗြိဏး 4 >