< ဣဖိၐိဏး 2 >
1 ပုရာ ယူယမ် အပရာဓဲး ပါပဲၑ္စ မၖတား သန္တသ္တာနျာစရန္တ ဣဟလောကသျ သံသာရာနုသာရေဏာကာၑရာဇျသျာဓိပတိမ္ (aiōn )
၁ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ၊
2 အရ္ထတး သာမ္ပြတမ် အာဇ္ဉာလင်္ဃိဝံၑေၐု ကရ္မ္မကာရိဏမ် အာတ္မာနမ် အနွဝြဇတ၊
၂သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ။ (aiōn )
3 တေၐာံ မဓျေ သရွွေ ဝယမပိ ပူရွွံ ၑရီရသျ မနသ္ကာမနာယာဉ္စေဟာံ သာဓယန္တး သွၑရီရသျာဘိလာၐာန် အာစရာမ သရွွေ'နျ ဣဝ စ သွဘာဝတး ကြောဓဘဇနာနျဘဝါမ၊
၃ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။
4 ကိန္တု ကရုဏာနိဓိရီၑွရော ယေန မဟာပြေမ္နာသ္မာန် ဒယိတဝါန္
၄သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊
5 တသျ သွပြေမ္နော ဗာဟုလျာဒ် အပရာဓဲ ရ္မၖတာနပျသ္မာန် ခြီၐ္ဋေန သဟ ဇီဝိတဝါန် ယတော'နုဂြဟာဒ် ယူယံ ပရိတြာဏံ ပြာပ္တား၊
၅ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။
6 သ စ ခြီၐ္ဋေန ယီၑုနာသ္မာန် တေန သာရ္ဒ္ဓမ် ဥတ္ထာပိတဝါန် သွရ္ဂ ဥပဝေၑိတဝါံၑ္စ၊
၆ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။
7 ဣတ္ထံ သ ခြီၐ္ဋေန ယီၑုနာသ္မာန် ပြတိ သွဟိတဲၐိတယာ ဘာဝိယုဂေၐု သွကီယာနုဂြဟသျာနုပမံ နိဓိံ ပြကာၑယိတုမ် ဣစ္ဆတိ၊ (aiōn )
၇အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။ (aiōn )
8 ယူယမ် အနုဂြဟာဒ် ဝိၑွာသေန ပရိတြာဏံ ပြာပ္တား, တစ္စ ယုၐ္မန္မူလကံ နဟိ ကိန္တွီၑွရသျဲဝ ဒါနံ,
၈ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
9 တတ် ကရ္မ္မဏာံ ဖလမ် အပိ နဟိ, အတး ကေနာပိ န ၑ္လာဃိတဝျံ၊
၉ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
10 ယတော ဝယံ တသျ ကာရျျံ ပြာဂ် ဤၑွရေဏ နိရူပိတာဘိး သတ္ကြိယာဘိး ကာလယာပနာယ ခြီၐ္ဋေ ယီၑော် တေန မၖၐ္ဋာၑ္စ၊
၁၀အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
11 ပုရာ ဇန္မနာ ဘိန္နဇာတီယာ ဟသ္တကၖတံ တွက္ဆေဒံ ပြာပ္တဲ ရ္လောကဲၑ္စာစ္ဆိန္နတွစ ဣတိနာမ္နာ ချာတာ ယေ ယူယံ တဲ ရျုၐ္မာဘိရိဒံ သ္မရ္တ္တဝျံ
၁၁ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို၎င်း၊
12 ယတ် တသ္မိန် သမယေ ယူယံ ခြီၐ္ဋာဒ် ဘိန္နာ ဣသြာယေလလောကာနာံ သဟဝါသာဒ် ဒူရသ္ထား ပြတိဇ္ဉာသမ္ဗလိတနိယမာနာံ ဗဟိး သ္ထိတား သန္တော နိရာၑာ နိရီၑွရာၑ္စ ဇဂတျာဓွမ် ဣတိ၊
၁၂ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။
13 ကိန္တွဓုနာ ခြီၐ္ဋေ ယီၑာဝါၑြယံ ပြာပျ ပုရာ ဒူရဝရ္တ္တိနော ယူယံ ခြီၐ္ဋသျ ၑောဏိတေန နိကဋဝရ္တ္တိနော'ဘဝတ၊
၁၃သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။
14 ယတး သ ဧဝါသ္မာကံ သန္ဓိး သ ဒွယမ် ဧကီကၖတဝါန် ၑတြုတာရူပိဏီံ မဓျဝရ္တ္တိနီံ ပြဘေဒကဘိတ္တိံ ဘဂ္နဝါန် ဒဏ္ဍာဇ္ဉာယုက္တံ ဝိဓိၑာသ္တြံ သွၑရီရေဏ လုပ္တဝါံၑ္စ၊
၁၄အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။
15 ယတး သ သန္ဓိံ ဝိဓာယ တော် ဒွေါ် သွသ္မိန် ဧကံ နုတနံ မာနဝံ ကရ္တ္တုံ
၁၅ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ် ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုး နှစ်စုတို့ကို တစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊
16 သွကီယကြုၑေ ၑတြုတာံ နိဟတျ တေနဲဝဲကသ္မိန် ၑရီရေ တယော ရ္ဒွယောရီၑွရေဏ သန္ဓိံ ကာရယိတုံ နိၑ္စတဝါန်၊
၁၆ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ်တဦး တကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝ တည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။
17 သ စာဂတျ ဒူရဝရ္တ္တိနော ယုၐ္မာန် နိကဋဝရ္တ္တိနော 'သ္မာံၑ္စ သန္ဓေ ရ္မင်္ဂလဝါရ္တ္တာံ ဇ္ဉာပိတဝါန်၊
၁၇ထိုခရစ်တော်သည်လည်းကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသောငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။
18 ယတသ္တသ္မာဒ် ဥဘယပက္ၐီယာ ဝယမ် ဧကေနာတ္မနာ ပိတုး သမီပံ ဂမနာယ သာမရ္ထျံ ပြာပ္တဝန္တး၊
၁၈ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ။
19 အတ ဣဒါနီံ ယူယမ် အသမ္ပရ္ကီယာ ဝိဒေၑိနၑ္စ န တိၐ္ဌနတး ပဝိတြလောကဲး သဟဝါသိန ဤၑွရသျ ဝေၑ္မဝါသိနၑ္စာဓွေ၊
၁၉ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။
20 အပရံ ပြေရိတာ ဘဝိၐျဒွါဒိနၑ္စ ယတြ ဘိတ္တိမူလသွရူပါသ္တတြ ယူယံ တသ္မိန် မူလေ နိစီယဓွေ တတြ စ သွယံ ယီၑုး ခြီၐ္ဋး ပြဓာနး ကောဏသ္ထပြသ္တရး၊
၂၀အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။
21 တေန ကၖတ္သ္နာ နိရ္မ္မိတိး သံဂြထျမာနာ ပြဘေား ပဝိတြံ မန္ဒိရံ ဘဝိတုံ ဝရ္ဒ္ဓတေ၊
၂၁ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။
22 ယူယမပိ တတြ သံဂြထျမာနာ အာတ္မနေၑွရသျ ဝါသသ္ထာနံ ဘဝထ၊
၂၂ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။