< ကလသိနး 1 >
1 ဤၑွရသျေစ္ဆယာ ယီၑုခြီၐ္ဋသျ ပြေရိတး ပေါ်လသ္တီမထိယော ဘြာတာ စ ကလသီနဂရသ္ထာန် ပဝိတြာန် ဝိၑွသ္တာန် ခြီၐ္ဋာၑြိတဘြာတၖန် ပြတိ ပတြံ လိခတး၊
၁ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည်၊
2 အသ္မာကံ တာတ ဤၑွရး ပြဘု ရျီၑုခြီၐ္ဋၑ္စ ယုၐ္မာန် ပြတိ ပြသာဒံ ၑာန္တိဉ္စ ကြိယာသ္တာံ၊
၂ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
3 ခြီၐ္ဋေ ယီၑော် ယုၐ္မာကံ ဝိၑွာသသျ သရွွာန် ပဝိတြလောကာန် ပြတိ ပြေမ္နၑ္စ ဝါရ္တ္တာံ ၑြုတွာ
၃သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊
4 ဝယံ သဒါ ယုၐ္မဒရ္ထံ ပြာရ္ထနာံ ကုရွွန္တး သွရ္ဂေ နိဟိတာယာ ယုၐ္မာကံ ဘာဝိသမ္ပဒး ကာရဏာတ် သွကီယပြဘော ရျီၑုခြီၐ္ဋသျ တာတမ် ဤၑွရံ ဓနျံ ဝဒါမး၊
၄သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့ အဘို့ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
5 ယူယံ တသျာ ဘာဝိသမ္ပဒေါ ဝါရ္တ္တာံ ယယာ သုသံဝါဒရူပိဏျာ သတျဝါဏျာ ဇ္ဉာပိတား
၅ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
6 သာ ယဒွတ် ကၖသ္နံ ဇဂဒ် အဘိဂစ္ဆတိ တဒွဒ် ယုၐ္မာန် အပျဘျဂမတ်, ယူယဉ္စ ယဒ် ဒိနမ် အာရဘျေၑွရသျာနုဂြဟသျ ဝါရ္တ္တာံ ၑြုတွာ သတျရူပေဏ ဇ္ဉာတဝန္တသ္တဒါရဘျ ယုၐ္မာကံ မဓျေ'ပိ ဖလတိ ဝရ္ဒ္ဓတေ စ၊
၆ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
7 အသ္မာကံ ပြိယး သဟဒါသော ယုၐ္မာကံ ကၖတေ စ ခြီၐ္ဋသျ ဝိၑွသ္တပရိစာရကော ယ ဣပဖြာသ္တဒ် ဝါကျံ
၇သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။
8 ယုၐ္မာန် အာဒိၐ္ဋဝါန် သ ဧဝါသ္မာန် အာတ္မနာ ဇနိတံ ယုၐ္မာကံ ပြေမ ဇ္ဉာပိတဝါန်၊
၈သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။
9 ဝယံ ယဒ် ဒိနမ် အာရဘျ တာံ ဝါရ္တ္တာံ ၑြုတဝန္တသ္တဒါရဘျ နိရန္တရံ ယုၐ္မာကံ ကၖတေ ပြာရ္ထနာံ ကုရ္မ္မး ဖလတော ယူယံ ယတ် ပူရ္ဏာဘျာမ် အာတ္မိကဇ္ဉာနဝုဒ္ဓိဘျာမ် ဤၑွရသျာဘိတမံ သမ္ပူရ္ဏရူပေဏာဝဂစ္ဆေတ,
၉ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက် နေကြ၏။
10 ပြဘော ရျောဂျံ သရွွထာ သန္တောၐဇနကဉ္စာစာရံ ကုရျျာတာရ္ထတ ဤၑွရဇ္ဉာနေ ဝရ္ဒ္ဓမာနား သရွွသတ္ကရ္မ္မရူပံ ဖလံ ဖလေတ,
၁၀ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဥာဏ်တိုးပွါးခြင်း ရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊
11 ယထာ စေၑွရသျ မဟိမယုက္တယာ ၑက္တျာ သာနန္ဒေန ပူရ္ဏာံ သဟိၐ္ဏုတာံ တိတိက္ၐာဉ္စာစရိတုံ ၑက္ၐျထ တာဒၖၑေန ပူရ္ဏဗလေန ယဒ် ဗလဝန္တော ဘဝေတ,
၁၁ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
12 ယၑ္စ ပိတာ တေဇောဝါသိနာံ ပဝိတြလောကာနာမ် အဓိကာရသျာံၑိတွာယာသ္မာန် ယောဂျာန် ကၖတဝါန် တံ ယဒ် ဓနျံ ဝဒေတ ဝရမ် ဧနံ ယာစာမဟေ၊
၁၂အလင်း၌နေသော သန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။
13 ယတး သော'သ္မာန် တိမိရသျ ကရ္တ္တၖတွာဒ် ဥဒ္ဓၖတျ သွကီယသျ ပြိယပုတြသျ ရာဇျေ သ္ထာပိတဝါန်၊
၁၃မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။
14 တသ္မာတ် ပုတြာဒ် ဝယံ ပရိတြာဏမ် အရ္ထတး ပါပမောစနံ ပြာပ္တဝန္တး၊
၁၄ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။
15 သ စာဒၖၑျသျေၑွရသျ ပြတိမူရ္တိး ကၖတ္သ္နာယား သၖၐ္ဋေရာဒိကရ္တ္တာ စ၊
၁၅ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
16 ယတး သရွွမေဝ တေန သသၖဇေ သိံဟာသနရာဇတွပရာကြမာဒီနိ သွရ္ဂမရ္တ္တျသ္ထိတာနိ ဒၖၑျာဒၖၑျာနိ ဝသ္တူနိ သရွွာဏိ တေနဲဝ တသ္မဲ စ သသၖဇိရေ၊
၁၆အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
17 သ သရွွေၐာမ် အာဒိး သရွွေၐာံ သ္ထိတိကာရကၑ္စ၊
၁၇သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
18 သ ဧဝ သမိတိရူပါယာသ္တနော ရ္မူရ္ဒ္ဓါ ကိဉ္စ သရွွဝိၐယေ သ ယဒ် အဂြိယော ဘဝေတ် တဒရ္ထံ သ ဧဝ မၖတာနာံ မဓျာတ် ပြထမတ ဥတ္ထိတော'ဂြၑ္စ၊
၁၈အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။
19 ယတ ဤၑွရသျ ကၖတ္သ္နံ ပူရ္ဏတွံ တမေဝါဝါသယိတုံ
၁၉အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊
20 ကြုၑေ ပါတိတေန တသျ ရက္တေန သန္ဓိံ ဝိဓာယ တေနဲဝ သွရ္ဂမရ္တ္တျသ္ထိတာနိ သရွွာဏိ သွေန သဟ သန္ဓာပယိတုဉ္စေၑွရေဏာဘိလေၐေ၊
၂၀လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ၎င်း အလိုရှိတော်မူ၏။
21 ပူရွွံ ဒူရသ္ထာ ဒုၐ္ကြိယာရတမနသ္ကတွာတ် တသျ ရိပဝၑ္စာသ္တ ယေ ယူယံ တာန် ယုၐ္မာန် အပိ သ ဣဒါနီံ တသျ မာံသလၑရီရေ မရဏေန သွေန သဟ သန္ဓာပိတဝါန်၊
၂၁အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခုမိဿဟာယဖွဲ့စေတော်မူ၏။
22 ယတး သ သွသမ္မုခေ ပဝိတြာန် နိၐ္ကလင်္ကာန် အနိန္ဒနီယာံၑ္စ ယုၐ္မာန် သ္ထာပယိတုမ် ဣစ္ဆတိ၊
၂၂အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊
23 ကိန္တွေတဒရ္ထံ ယုၐ္မာဘိ ရ္ဗဒ္ဓမူလဲး သုသ္ထိရဲၑ္စ ဘဝိတဝျမ်, အာကာၑမဏ္ဍလသျာဓးသ္ထိတာနာံ သရွွလောကာနာံ မဓျေ စ ဃုၐျမာဏော ယး သုသံဝါဒေါ ယုၐ္မာဘိရၑြာဝိ တဇ္ဇာတာယာံ ပြတျာၑာယာံ ယုၐ္မာဘိရစလဲ ရ္ဘဝိတဝျံ၊
၂၃တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။
24 တသျ သုသံဝါဒသျဲကး ပရိစာရကော ယော'ဟံ ပေါ်လး သော'ဟမ် ဣဒါနီမ် အာနန္ဒေန ယုၐ္မဒရ္ထံ ဒုးခါနိ သဟေ ခြီၐ္ဋသျ က္လေၑဘောဂသျ ယောံၑော'ပူရ္ဏသ္တမေဝ တသျ တနေား သမိတေး ကၖတေ သွၑရီရေ ပူရယာမိ စ၊
၂၄ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခု ဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။
25 ယတ ဤၑွရသျ မန္တြဏယာ ယုၐ္မဒရ္ထမ် ဤၑွရီယဝါကျသျ ပြစာရသျ ဘာရော မယိ သမပိတသ္တသ္မာဒ် အဟံ တသျား သမိတေး ပရိစာရကော'ဘဝံ၊
၂၅သင်တို့အကျိုးကို ထောက်၍၊ ငါအား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော်နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏ အဖြစ်သို့ရောက်ရပြီ၊
26 တတ် နိဂူဎံ ဝါကျံ ပူရွွယုဂေၐု ပူရွွပုရုၐေဘျး ပြစ္ဆန္နမ် အာသီတ် ကိန္တွိဒါနီံ တသျ ပဝိတြလောကာနာံ သန္နိဓော် တေန ပြာကာၑျတ၊ (aiōn )
၂၆ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ။ (aiōn )
27 ယတော ဘိန္နဇာတီယာနာံ မဓျေ တတ် နိဂူဎဝါကျံ ကီဒၖဂ္ဂော်ရဝနိဓိသမ္ဗလိတံ တတ် ပဝိတြလောကာန် ဇ္ဉာပယိတုမ် ဤၑွရော'ဘျလၐတ်၊ ယုၐ္မန္မဓျဝရ္တ္တီ ခြီၐ္ဋ ဧဝ သ နိဓိ ရ္ဂဲရဝါၑာဘူမိၑ္စ၊
၂၇တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
28 တသ္မာဒ် ဝယံ တမေဝ ဃောၐယန္တော ယဒ် ဧကဲကံ မာနဝံ သိဒ္ဓီဘူတံ ခြီၐ္ဋေ သ္ထာပယေမ တဒရ္ထမေကဲကံ မာနဝံ ပြဗောဓယာမး ပူရ္ဏဇ္ဉာနေန စဲကဲကံ မာနဝံ ဥပဒိၑာမး၊
၂၈ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။
29 ဧတဒရ္ထံ တသျ ယာ ၑက္တိး ပြဗလရူပေဏ မမ မဓျေ ပြကာၑတေ တယာဟံ ယတမာနး ၑြာဘျာမိ၊
၂၉ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။