< ပြေရိတား 25 >
1 အနန္တရံ ဖီၐ္ဋော နိဇရာဇျမ် အာဂတျ ဒိနတြယာတ် ပရံ ကဲသရိယာတော ယိရူၑာလမ္နဂရမ် အာဂမတ်၊
၁ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိ သောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။
2 တဒါ မဟာယာဇကော ယိဟူဒီယာနာံ ပြဓာနလောကာၑ္စ တသျ သမက္ၐံ ပေါ်လမ် အပါဝဒန္တ၊
၂ထိုအခါယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူ အကြီးအကဲတို့သည်၊
3 ဘဝါန် တံ ယိရူၑာလမမ် အာနေတုမ် အာဇ္ဉာပယတွိတိ ဝိနီယ တေ တသ္မာဒ် အနုဂြဟံ ဝါဉ္ဆိတဝန္တး၊
၃ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။
4 ယတး ပထိမဓျေ ဂေါပနေန ပေါ်လံ ဟန္တုံ တဲ ရ္ဃာတကာ နိယုက္တား၊ ဖီၐ္ဋ ဥတ္တရံ ဒတ္တဝါန် ပေါ်လး ကဲသရိယာယာံ သ္ထာသျတိ ပုနရလ္ပဒိနာတ် ပရမ် အဟံ တတြ ယာသျာမိ၊
၄ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။
5 တတသ္တသျ မာနုၐသျ ယဒိ ကၑ္စိဒ် အပရာဓသ္တိၐ္ဌတိ တရှိ ယုၐ္မာကံ ယေ ၑက္နုဝန္တိ တေ မယာ သဟ တတြ ဂတွာ တမပဝဒန္တု သ ဧတာံ ကထာံ ကထိတဝါန်၊
၅သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
6 ဒၑဒိဝသေဘျော'ဓိကံ ဝိလမ္ဗျ ဖီၐ္ဋသ္တသ္မာတ် ကဲသရိယာနဂရံ ဂတွာ ပရသ္မိန် ဒိဝသေ ဝိစာရာသန ဥပဒိၑျ ပေါ်လမ် အာနေတုမ် အာဇ္ဉာပယတ်၊
၆ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
7 ပေါ်လေ သမုပသ္ထိတေ သတိ ယိရူၑာလမ္နဂရာဒ် အာဂတာ ယိဟူဒီယလောကာသ္တံ စတုရ္ဒိၑိ သံဝေၐ္ဋျ တသျ ဝိရုဒ္ဓံ ဗဟူန် မဟာဒေါၐာန် ဥတ္ထာပိတဝန္တး ကိန္တု တေၐာံ ကိမပိ ပြမာဏံ ဒါတုံ န ၑက္နုဝန္တး၊
၇ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။
8 တတး ပေါ်လး သွသ္မိန် ဥတ္တရမိဒမ် ဥဒိတဝါန်, ယိဟူဒီယာနာံ ဝျဝသ္ထာယာ မန္ဒိရသျ ကဲသရသျ ဝါ ပြတိကူလံ ကိမပိ ကရ္မ္မ နာဟံ ကၖတဝါန်၊
၈ပေါလုကလည်း၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကိုပြောလေ၏။
9 ကိန္တု ဖီၐ္ဋော ယိဟူဒီယာန် သန္တုၐ္ဋာန် ကရ္တ္တုမ် အဘိလၐန် ပေါ်လမ် အဘာၐတ တွံ ကိံ ယိရူၑာလမံ ဂတွာသ္မိန် အဘိယောဂေ မမ သာက္ၐာဒ် ဝိစာရိတော ဘဝိၐျသိ?
၉သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။
10 တတး ပေါ်လ ဥတ္တရံ ပြောက္တဝါန်, ယတြ မမ ဝိစာရော ဘဝိတုံ ယောဂျး ကဲသရသျ တတြ ဝိစာရာသန ဧဝ သမုပသ္ထိတောသ္မိ; အဟံ ယိဟူဒီယာနာံ ကာမပိ ဟာနိံ နာကာရ္ၐမ် ဣတိ ဘဝါန် ယထာရ္ထတော ဝိဇာနာတိ၊
၁၀ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ။
11 ကဉ္စိဒပရာဓံ ကိဉ္စန ဝဓာရှံ ကရ္မ္မ ဝါ ယဒျဟမ် အကရိၐျံ တရှိ ပြာဏဟနနဒဏ္ဍမပိ ဘောက္တုမ် ဥဒျတော'ဘဝိၐျံ, ကိန္တု တေ မမ သမပဝါဒံ ကုရွွန္တိ သ ယဒိ ကလ္ပိတမာတြော ဘဝတိ တရှိ တေၐာံ ကရေၐု မာံ သမရ္ပယိတုံ ကသျာပျဓိကာရော နာသ္တိ, ကဲသရသျ နိကဋေ မမ ဝိစာရော ဘဝတု၊
၁၁အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။
12 တဒါ ဖီၐ္ဋော မန္တြိဘိး သာရ္ဒ္ဓံ သံမန္တြျ ပေါ်လာယ ကထိတဝါန်, ကဲသရသျ နိကဋေ ကိံ တဝ ဝိစာရော ဘဝိၐျတိ? ကဲသရသျ သမီပံ ဂမိၐျသိ၊
၁၂ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည်ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
13 ကိယဒ္ဒိနေဘျး ပရမ် အာဂြိပ္ပရာဇာ ဗရ္ဏီကီ စ ဖီၐ္ဋံ သာက္ၐာတ် ကရ္တ္တုံ ကဲသရိယာနဂရမ် အာဂတဝန္တော်၊
၁၃ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။
14 တဒါ တော် ဗဟုဒိနာနိ တတြ သ္ထိတော် တတး ဖီၐ္ဋသ္တံ ရာဇာနံ ပေါ်လသျ ကထာံ ဝိဇ္ဉာပျ ကထယိတုမ် အာရဘတ ပေါ်လနာမာနမ် ဧကံ ဗန္ဒိ ဖီလိက္ၐော ဗဒ္ဓံ သံသ္ထာပျ ဂတဝါန်၊
၁၄အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။
15 ယိရူၑာလမိ မမ သ္ထိတိကာလေ မဟာယာဇကော ယိဟူဒီယာနာံ ပြာစီနလောကာၑ္စ တမ် အပေါဒျ တမ္ပြတိ ဒဏ္ဍာဇ္ဉာံ ပြာရ္ထယန္တ၊
၁၅ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊
16 တတောဟမ် ဣတျုတ္တရမ် အဝဒံ ယာဝဒ် အပေါဒိတော ဇနး သွာပဝါဒကာန် သာက္ၐာတ် ကၖတွာ သွသ္မိန် ယော'ပရာဓ အာရောပိတသ္တသျ ပြတျုတ္တရံ ဒါတုံ သုယောဂံ န ပြာပ္နောတိ, တာဝတ္ကာလံ ကသျာပိ မာနုၐသျ ပြာဏနာၑာဇ္ဉာပနံ ရောမိလောကာနာံ ရီတိ ရ္နဟိ၊
၁၆ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို၏။
17 တတသ္တေၐွတြာဂတေၐု ပရသ္မိန် ဒိဝသေ'ဟမ် အဝိလမ္ဗံ ဝိစာရာသန ဥပဝိၑျ တံ မာနုၐမ် အာနေတုမ် အာဇ္ဉာပယမ်၊
၁၇ထိုသူတို့သည်ဤမြို့သို့ ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲနက်ဖြန်နေ့၌ တရားပလ္လင် ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။
18 တဒနန္တရံ တသျာပဝါဒကာ ဥပသ္ထာယ ယာဒၖၑမ် အဟံ စိန္တိတဝါန် တာဒၖၑံ ကဉ္စန မဟာပဝါဒံ နောတ္ထာပျ
၁၈သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်၎င်း၊ ယေရှုအမည်ရှိသော၊
19 သွေၐာံ မတေ တထာ ပေါ်လော ယံ သဇီဝံ ဝဒတိ တသ္မိန် ယီၑုနာမနိ မၖတဇနေ စ တသျ ဝိရုဒ္ဓံ ကထိတဝန္တး၊
၁၉သေပြီးသော သူတယောက်နှင့်၎င်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။
20 တတောဟံ တာဒၖဂွိစာရေ သံၑယာနး သန် ကထိတဝါန် တွံ ယိရူၑာလမံ ဂတွာ ကိံ တတြ ဝိစာရိတော ဘဝိတုမ် ဣစ္ဆသိ?
၂၀ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင်မြို့သို့ သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊
21 တဒါ ပေါ်လော မဟာရာဇသျ နိကဋေ ဝိစာရိတော ဘဝိတုံ ပြာရ္ထယတ, တသ္မာဒ် ယာဝတ္ကာလံ တံ ကဲသရသျ သမီပံ ပြေၐယိတုံ န ၑက္နောမိ တာဝတ္ကာလံ တမတြ သ္ထာပယိတုမ် အာဒိၐ္ဋဝါန်၊
၂၁ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။
22 တတ အာဂြိပ္ပး ဖီၐ္ဋမ် ဥက္တဝါန်, အဟမပိ တသျ မာနုၐသျ ကထာံ ၑြောတုမ် အဘိလၐာမိ၊ တဒါ ဖီၐ္ဋော ဝျာဟရတ် ၑွသ္တဒီယာံ ကထာံ တွံ ၑြောၐျသိ၊
၂၂အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နတ်ဖြန်နေ့၌ သူ၏စကားကိုနားထောင်ပါလော့ဟု ဆို၏။
23 ပရသ္မိန် ဒိဝသေ အာဂြိပ္ပော ဗရ္ဏီကီ စ မဟာသမာဂမံ ကၖတွာ ပြဓာနဝါဟိနီပတိဘိ ရ္နဂရသ္ထပြဓာနလောကဲၑ္စ သဟ မိလိတွာ ရာဇဂၖဟမာဂတျ သမုပသ္ထိတော် တဒါ ဖီၐ္ဋသျာဇ္ဉယာ ပေါ်လ အာနီတော'ဘဝတ်၊
၂၃နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ၏။
24 တဒါ ဖီၐ္ဋး ကထိတဝါန် ဟေ ရာဇန် အာဂြိပ္ပ ဟေ ဥပသ္ထိတား သရွွေ လောကာ ယိရူၑာလမ္နဂရေ ယိဟူဒီယလောကသမူဟော ယသ္မိန် မာနုၐေ မမ သမီပေ နိဝေဒနံ ကၖတွာ ပြောစ္စဲး ကထာမိမာံ ကထိတဝါန် ပုနရလ္ပကာလမပိ တသျ ဇီဝနံ နောစိတံ တမေတံ မာနုၐံ ပၑျတ၊
၂၄ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း ယုဒလူများအပေါင်း တို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အား လျှောက်၍၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။
25 ကိန္တွေၐ ဇနး ပြာဏနာၑရှံ ကိမပိ ကရ္မ္မ န ကၖတဝါန် ဣတျဇာနာံ တထာပိ သ မဟာရာဇသျ သန္နိဓော် ဝိစာရိတော ဘဝိတုံ ပြာရ္ထယတ တသ္မာတ် တသျ သမီပံ တံ ပြေၐယိတုံ မတိမကရဝမ်၊
၂၅သူသည်သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍၎င်း၊ သူသည်ဘုန်းကြီတော်မူသော ဘုရင်၏ အယူတော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှါ ကျွန်ုပ်စီရင်၏။
26 ကိန္တု ၑြီယုက္တသျ သမီပမ် ဧတသ္မိန် ကိံ လေခနီယမ် ဣတျသျ ကသျစိန် နိရ္ဏယသျ န ဇာတတွာဒ် ဧတသျ ဝိစာရေ သတိ ယထာဟံ လေခိတုံ ကိဉ္စန နိၑ္စိတံ ပြာပ္နောမိ တဒရ္ထံ ယုၐ္မာကံ သမက္ၐံ ဝိၑေၐတော ဟေ အာဂြိပ္ပရာဇ ဘဝတး သမက္ၐမ် ဧတမ် အာနယေ၊
၂၆သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌၎င်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။
27 ယတော ဗန္ဒိပြေၐဏသမယေ တသျာဘိယောဂသျ ကိဉ္စိဒလေခနမ် အဟမ် အယုက္တံ ဇာနာမိ၊
၂၇အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ် မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည် ထင်ပါသည် ဟုဆို၏။