< ပြေရိတား 24 >
1 ပဉ္စဘျော ဒိနေဘျး ပရံ ဟနာနီယနာမာ မဟာယာဇကော'ဓိပတေး သမက္ၐံ ပေါ်လသျ ပြာတိကူလျေန နိဝေဒယိတုံ တရ္တုလ္လနာမာနံ ကဉ္စန ဝက္တာရံ ပြာစီနဇနာံၑ္စ သင်္ဂိနး ကၖတွာ ကဲသရိယာနဂရမ် အာဂစ္ဆတ်၊
၁နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-
2 တတး ပေါ်လေ သမာနီတေ သတိ တရ္တုလ္လသ္တသျာပဝါဒကထာံ ကထယိတုမ် အာရဘတ ဟေ မဟာမဟိမဖီလိက္ၐ ဘဝတော ဝယမ် အတိနိရွွိဃ္နံ ကာလံ ယာပယာမော ဘဝတး ပရိဏာမဒရ္ၑိတယာ ဧတဒ္ဒေၑီယာနာံ ဗဟူနိ မင်္ဂလာနိ ဃဋိတာနိ,
၂ဘုရင်ခံမင်းသည်ပေါလုကိုရှေ့တော်သို့ခေါ် ယူပြီးသောအခါ ရှေ့နေတေရတုလုက ``အရှင် ဖေလဇ်မင်း၊ အရှင်၏အမြော်အမြင်ကြီးမှု ကြောင့် အကျွန်ုပ်တို့သည်အလွန်အေးချမ်းသာ ယာစွာနေထိုင်နိုင်ကြပါ၏။ အရှင်သည် အကျွန်ုပ်တို့၏တိုင်းပြည်အကျိုးအတွက် လိုအပ်သောအသစ်ပြုပြင်ပြောင်းလဲမှု များကိုပြုလုပ်ပေးလျက်ရှိပါ၏။-
3 ဣတိ ဟေတော ရွယမတိကၖတဇ္ဉား သန္တး သရွွတြ သရွွဒါ ဘဝတော ဂုဏာန် ဂါယမး၊
၃ဤဆောင်ရွက်ချက်များကိုအကျွန်ုပ်တို့သည် အရပ်တကာတွင် အခါခပ်သိမ်းအထူး ကျေးဇူးတင်စွာဖြင့်ကြိုဆိုကြပါ၏။-
4 ကိန္တု ဗဟုဘိး ကထာဘိ ရ္ဘဝန္တံ ယေန န ဝိရဉ္ဇယာမိ တသ္မာဒ် ဝိနယေ ဘဝါန် ဗနုကမ္ပျ မဒလ္ပကထာံ ၑၖဏောတု၊
၄အကျွန်ုပ်သည်အရှင်၏အချိန်ကိုများစွာ မယူလိုပါ။ သို့ဖြစ်၍အကျဉ်းချုပ်အားဖြင့် အကျွန်ုပ်တို့လျှောက်လဲသည်ကိုနားထောင် ပါရန်ပန်ကြားပါ၏။-
5 ဧၐ မဟာမာရီသွရူပေါ နာသရတီယမတဂြာဟိသံဃာတသျ မုချော ဘူတွာ သရွွဒေၑေၐု သရွွေၐာံ ယိဟူဒီယာနာံ ရာဇဒြောဟာစရဏပြဝၖတ္တိံ ဇနယတီတျသ္မာဘိ ရ္နိၑ္စိတံ၊
၅ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
6 သ မန္ဒိရမပိ အၑုစိ ကရ္တ္တုံ စေၐ္ဋိတဝါန်; ဣတိ ကာရဏာဒ် ဝယမ် ဧနံ ဓၖတွာ သွဝျဝသ္ထာနုသာရေဏ ဝိစာရယိတုံ ပြာဝရ္တ္တာမဟိ;
၆ဗိမာန်တော်ကိုလည်းညစ်ညမ်းစေရန်ကြိုးစား အားထုတ်သဖြင့် သူ့အားအကျွန်ုပ်တို့ဖမ်းဆီး ခဲ့ကြပါ၏။ (သူ့အားအကျွန်ုပ်တို့သည်ပညတ် တရားအရစစ်ဆေးစီရင်ရန်အလိုရှိသော် လည်း၊-
7 ကိန္တု လုၐိယး သဟသြသေနာပတိရာဂတျ ဗလာဒ် အသ္မာကံ ကရေဘျ ဧနံ ဂၖဟီတွာ
၇တပ်မှူးလုသိသည်လာ၍အကျွန်ုပ်တို့လက် မှအတင်းအဋ္ဌမ္မခေါ်ယူသွားပါ၏။-
8 ဧတသျာပဝါဒကာန် ဘဝတး သမီပမ် အာဂန္တုမ် အာဇ္ဉာပယတ်၊ ဝယံ ယသ္မိန် တမပဝါဒါမော ဘဝတာ ပဒပဝါဒကထာယာံ ဝိစာရိတာယာံ သတျာံ သရွွံ ဝၖတ္တာန္တံ ဝေဒိတုံ ၑက္ၐျတေ၊
၈သူ့အားပြစ်တင်ပြောဆိုသူတို့ကိုလည်းအရှင် ၏ထံသို့လာကြရန်အမိန့်ပေးခဲ့ပါ၏။) အရှင်ကိုယ်တိုင်သူ့အားစစ်ဆေးမေးမြန်းကြည့် ပါလျှင်သူ့အားအကျွန်ုပ်တို့စွပ်စွဲသည့်အချက် အားလုံးကိုကြားသိရပါလိမ့်မည်'' ဟုလျှောက်၏။-
9 တတော ယိဟူဒီယာ အပိ သွီကၖတျ ကထိတဝန္တ ဧၐာ ကထာ ပြမာဏမ်၊
၉ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။
10 အဓိပတော် ကထာံ ကထယိတုံ ပေါ်လံ ပြတီင်္ဂိတံ ကၖတဝတိ သ ကထိတဝါန် ဘဝါန် ဗဟူန် ဝတ္သရာန် ယာဝဒ် ဧတဒ္ဒေၑသျ ၑာသနံ ကရောတီတိ ဝိဇ္ဉာယ ပြတျုတ္တရံ ဒါတုမ် အက္ၐောဘော'ဘဝမ်၊
၁၀ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
11 အဒျ ကေဝလံ ဒွါဒၑ ဒိနာနိ ယာတာနိ, အဟမ် အာရာဓနာံ ကရ္တ္တုံ ယိရူၑာလမနဂရံ ဂတဝါန် ဧၐာ ကထာ ဘဝတာ ဇ္ဉာတုံ ၑကျတေ;
၁၁အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်ရန်သွားရောက်ခဲ့ သည်မှာတစ်ဆယ့်နှစ်ရက်မျှသာရှိပါသေး သည်။ ဤအချက်များကိုအရှင်စုံစမ်းသိ ရှိနိုင်ပါ၏။-
12 ကိန္တွိဘေ မာံ မဓျေမန္ဒိရံ ကေနာပိ သဟ ဝိတဏ္ဍာံ ကုရွွန္တံ ကုတြာပိ ဘဇနဘဝနေ နဂရေ ဝါ လောကာန် ကုပြဝၖတ္တိံ ဇနယန္တုံ န ဒၖၐ္ဋဝန္တး၊
၁၂ဗိမာန်တော်တွင်ဖြစ်စေ၊ တရားဇရပ်များ တွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေလူတို့ဆူပူ လှုပ်ရှားအောင် အကျွန်ုပ်လှုံ့ဆော်ပေးသည် ကိုယုဒအမျိုးသားတို့မတွေ့မရှိခဲ့ ကြပါ။-
13 ဣဒါနီံ ယသ္မိန် ယသ္မိန် မာမ် အပဝဒန္တေ တသျ ကိမပိ ပြမာဏံ ဒါတုံ န ၑက္နုဝန္တိ၊
၁၃ယခုအကျွန်ုပ်အားစွပ်စွဲပြောဆိုကြသည့် အချက်များကို သူတို့သည်သက်သေမပြ နိုင်ကြပါ။-
14 ကိန္တု ဘဝိၐျဒွါကျဂြန္ထေ ဝျဝသ္ထာဂြန္ထေ စ ယာ ယာ ကထာ လိခိတာသ္တေ တာသု သရွွာသု ဝိၑွသျ ယန္မတမ် ဣမေ ဝိဓရ္မ္မံ ဇာနန္တိ တန္မတာနုသာရေဏာဟံ နိဇပိတၖပုရုၐာဏာမ် ဤၑွရမ် အာရာဓယာမီတျဟံ ဘဝတး သမက္ၐမ် အင်္ဂီကရောမိ၊
၁၄သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။-
15 ဓာရ္မ္မိကာဏာမ် အဓာရ္မ္မိကာဏာဉ္စ ပြမီတလောကာနာမေဝေါတ္ထာနံ ဘဝိၐျတီတိ ကထာမိမေ သွီကုရွွန္တိ တထာဟမပိ တသ္မိန် ဤၑွရေ ပြတျာၑာံ ကရောမိ;
၁၅အကျွန်ုပ်သည်ဘုရားသခင်ကိုအားကိုး မျှော်လင့်သူဖြစ်၍ လူဆိုးလူကောင်းမရွေး လူခပ်သိမ်းတို့သည် သေခြင်းမှရှင်ပြန် ထမြောက်ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။-
16 ဤၑွရသျ မာနဝါနာဉ္စ သမီပေ ယထာ နိရ္ဒောၐော ဘဝါမိ တဒရ္ထံ သတတံ ယတ္နဝါန် အသ္မိ၊
၁၆သို့ဖြစ်၍အကျွန်ုပ်သည်ဘုရားသခင်ရှေ့လူ တို့ရှေ့တွင် မိမိ၏သြတ္တပ္ပစိတ်ကြည်လင်မှုရှိ စေရန်အစဉ်အမြဲအစွမ်းကုန်ကြိုးစား အားထုတ်ပါ၏။
17 ဗဟုၐု ဝတ္သရေၐု ဂတေၐု သွဒေၑီယလောကာနာံ နိမိတ္တံ ဒါနီယဒြဝျာဏိ နဲဝေဒျာနိ စ သမာဒါယ ပုနရာဂမနံ ကၖတဝါန်၊
၁၇``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-
18 တတောဟံ ၑုစိ ရ္ဘူတွာ လောကာနာံ သမာဂမံ ကလဟံ ဝါ န ကာရိတဝါန် တထာပျာၑိယာဒေၑီယား ကိယန္တော ယိဟုဒီယလောကာ မဓျေမန္ဒိရံ မာံ ဓၖတဝန္တး၊
၁၈ဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။-
19 မမောပရိ ယဒိ ကာစိဒပဝါဒကထာသ္တိ တရှိ ဘဝတး သမီပမ် ဥပသ္ထာယ တေၐာမေဝ သာက္ၐျဒါနမ် ဥစိတမ်၊
၁၉သို့ရာတွင်ထိုနေရာတွင်အာရှနယ်မှလာ သောယုဒအမျိုးသားအချို့ရှိပါ၏။ အကျွန်ုပ် အားစွပ်စွဲပြောဆိုစရာရှိလျှင်သူတို့ကိုယ် တိုင်ဤအရပ်သို့လာ၍၊-
20 နောစေတ် ပူရွွေ မဟာသဘာသ္ထာနာံ လောကာနာံ သန္နိဓော် မမ ဒဏ္ဍာယမာနတွသမယေ, အဟမဒျ မၖတာနာမုတ္ထာနေ ယုၐ္မာဘိ ရွိစာရိတောသ္မိ,
၂၀အကျွန်ုပ်ကူးလွန်သောအပြစ်ကိုအရှင့်ထံ တွင်ဖော်ပြစွပ်စွဲသင့်ပါ၏။-
21 တေၐာံ မဓျေ တိၐ္ဌန္နဟံ ယာမိမာံ ကထာမုစ္စဲး သွရေဏ ကထိတဝါန် တဒနျော မမ ကောပိ ဒေါၐော'လဘျတ န ဝေတိ ဝရမ် ဧတေ သမုပသ္ထိတလောကာ ဝဒန္တု၊
၂၁ထိုသို့မဟုတ်လျှင်လည်းအကျွန်ုပ်သည် တရားလွှတ်တော်အဖွဲ့ရှေ့တွင် ချေပလျှောက် လဲနေစဉ်အခါက `အကျွန်ုပ်သည်သူသေ တို့ရှင်ပြန်ထမြောက်ကြလိမ့်မည်ကိုမျှော် လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏' ဟူ၍ကြွေး ကြော်ခဲ့သည့်စကားရပ်မှတစ်ပါးအခြား အဘယ်ပြစ်မှုရှိကြောင်းဤသူတို့ဖော်ပြ ကြပါစေ'' ဟုလျှောက်လေ၏။
22 တဒါ ဖီလိက္ၐ ဧတာံ ကထာံ ၑြုတွာ တန္မတသျ ဝိၑေၐဝၖတ္တာန္တံ ဝိဇ္ဉာတုံ ဝိစာရံ သ္ထဂိတံ ကၖတွာ ကထိတဝါန် လုၐိယေ သဟသြသေနာပတော် သမာယာတေ သတိ ယုၐ္မာကံ ဝိစာရမ် အဟံ နိၐ္ပာဒယိၐျာမိ၊
၂၂ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-
23 အနန္တရံ ဗန္ဓနံ ဝိနာ ပေါ်လံ ရက္ၐိတုံ တသျ သေဝနာယ သာက္ၐာတ္ကရဏာယ ဝါ တဒီယာတ္မီယဗန္ဓုဇနာန် န ဝါရယိတုဉ္စ ၑမသေနာပတိမ် အာဒိၐ္ဋဝါန်၊
၂၃ပေါလုကိုအစောင့်အကြပ်နှင့်အကျယ်ချုပ် ထားကာ သူ၏မိတ်ဆွေသင်္ဂဟများလာရောက် ပြုစုသည်ကိုခွင့်ပြုရန်တပ်ခွဲမှူးအားအမိန့် ပေး၏။
24 အလ္ပဒိနာတ် ပရံ ဖီလိက္ၐော'ဓိပတိ ရ္ဒြုၐိလ္လာနာမ္နာ ယိဟူဒီယယာ သွဘာရျျယာ သဟာဂတျ ပေါ်လမာဟူယ တသျ မုခါတ် ခြီၐ္ဋဓရ္မ္မသျ ဝၖတ္တာန္တမ် အၑြော်ၐီတ်၊
၂၄ရက်အနည်းငယ်ကြာသောအခါဖေလဇ်သည် မိမိ၏ဇနီးဒြုသိလေနှင့်အတူလာရောက်၏။ ဒြုသိလေကားယုဒအမျိုးသမီးဖြစ်၏။ ဖေလဇ် သည်ပေါလုကိုအခေါ်ခိုင်းပြီးလျှင် ခရစ်တော် ယေရှုအားယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလု ဟောပြောသောတရားစကားများကိုကြား နာလေသည်။-
25 ပေါ်လေန နျာယသျ ပရိမိတဘောဂသျ စရမဝိစာရသျ စ ကထာယာံ ကထိတာယာံ သတျာံ ဖီလိက္ၐး ကမ္ပမာနး သန် ဝျာဟရဒ် ဣဒါနီံ ယာဟိ, အဟမ် အဝကာၑံ ပြာပျ တွာမ် အာဟူသျာမိ၊
၂၅သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
26 မုက္တိပြပ္တျရ္ထံ ပေါ်လေန မဟျံ မုဒြာဒါသျန္တေ ဣတိ ပတျာၑာံ ကၖတွာ သ ပုနး ပုနသ္တမာဟူယ တေန သာကံ ကထောပကထနံ ကၖတဝါန်၊
၂၆ဖေလဇ်သည်မိမိအားပေါလုလာဘ်ထိုးလိမ့် မည်ဟုမျှော်လင့်ကာ သူ့အားမကြာမကြာ ခေါ်၍စကားပြောလေ၏။
27 ကိန္တု ဝတ္သရဒွယာတ် ပရံ ပရ္ကိယဖီၐ္ဋ ဖာလိက္ၐသျ ပဒံ ပြာပ္တေ သတိ ဖီလိက္ၐော ယိဟူဒီယာန် သန္တုၐ္ဋာန် စိကီရ္ၐန် ပေါ်လံ ဗဒ္ဓံ သံသ္ထာပျ ဂတဝါန်၊
၂၇နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။