< ပြေရိတား 15 >

1 ယိဟူဒါဒေၑာတ် ကိယန္တော ဇနာ အာဂတျ ဘြာတၖဂဏမိတ္ထံ ၑိက္ၐိတဝန္တော မူသာဝျဝသ္ထယာ ယဒိ ယုၐ္မာကံ တွက္ဆေဒေါ န ဘဝတိ တရှိ ယူယံ ပရိတြာဏံ ပြာပ္တုံ န ၑက္ၐျထ၊
ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ၏။
2 ပေါ်လဗရ္ဏဗ္ဗော် တဲး သဟ ဗဟူန် ဝိစာရာန် ဝိဝါဒါံၑ္စ ကၖတဝန္တော်, တတော မဏ္ဍလီယနောကာ ဧတသျား ကထာယာသ္တတ္တွံ ဇ္ဉာတုံ ယိရူၑာလမ္နဂရသ္ထာန် ပြေရိတာန် ပြာစီနာံၑ္စ ပြတိ ပေါ်လဗရ္ဏဗ္ဗာပြဘၖတီန် ကတိပယဇနာန် ပြေၐယိတုံ နိၑ္စယံ ကၖတဝန္တး၊
ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေး ငြင်းခုံခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့်ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ၏။
3 တေ မဏ္ဍလျာ ပြေရိတား သန္တး ဖဲဏီကီၑောမိရောန္ဒေၑာဘျာံ ဂတွာ ဘိန္နဒေၑီယာနာံ မနးပရိဝရ္တ္တနသျ ဝါရ္တ္တယာ ဘြာတၖဏာံ ပရမာဟ္လာဒမ် အဇနယန်၊
အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို ရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်း တို့ကို အလွန်ဝမ်းမြောက်စေကြ၏။
4 ယိရူၑာလမျုပသ္ထာယ ပြေရိတဂဏေန လောကပြာစီနဂဏေန သမာဇေန စ သမုပဂၖဟီတား သန္တး သွဲရီၑွရော ယာနိ ကရ္မ္မာဏိ ကၖတဝါန် တေၐာံ သရွွဝၖတ္တာန္တာန် တေၐာံ သမက္ၐမ် အကထယန်၊
ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်း ကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ၏။
5 ကိန္တု ဝိၑွာသိနး ကိယန္တး ဖိရူၑိမတဂြာဟိဏော လောကာ ဥတ္ထာယ ကထာမေတာံ ကထိတဝန္တော ဘိန္နဒေၑီယာနာံ တွက္ဆေဒံ ကရ္တ္တုံ မူသာဝျဝသ္ထာံ ပါလယိတုဉ္စ သမာဒေၐ္ဋဝျမ်၊
ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏ တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။
6 တတး ပြေရိတာ လောကပြာစီနာၑ္စ တသျ ဝိဝေစနာံ ကရ္တ္တုံ သဘာယာံ သ္ထိတဝန္တး၊
ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့် ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ၏။
7 ဗဟုဝိစာရေၐု ဇာတၐု ပိတရ ဥတ္ထာယ ကထိတဝါန်, ဟေ ဘြာတရော ယထာ ဘိန္နဒေၑီယလောကာ မမ မုခါတ် သုသံဝါဒံ ၑြုတွာ ဝိၑွသန္တိ တဒရ္ထံ ဗဟုဒိနာတ် ပူရွွမ် ဤၑွရောသ္မာကံ မဓျေ မာံ ဝၖတွာ နိယုက္တဝါန်၊
များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ၏။
8 အန္တရျျာမီၑွရော ယထာသ္မဘျံ တထာ ဘိန္နဒေၑီယေဘျး ပဝိတြမာတ္မာနံ ပြဒါယ ဝိၑွာသေန တေၐာမ် အန္တးကရဏာနိ ပဝိတြာဏိ ကၖတွာ
စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်း တူသူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
9 တေၐာမ် အသ္မာကဉ္စ မဓျေ ကိမပိ ဝိၑေၐံ န သ္ထာပယိတွာ တာနဓိ သွယံ ပြမာဏံ ဒတ္တဝါန် ဣတိ ယူယံ ဇာနီထ၊
ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါတို့ကို ခြားနားစေတော်မမူ။
10 အတဧဝါသ္မာကံ ပူရွွပုရုၐာ ဝယဉ္စ သွယံ ယဒျုဂသျ ဘာရံ သောဎုံ န ၑက္တား သမ္ပြတိ တံ ၑိၐျဂဏသျ သ္ကန္ဓေၐု နျသိတုံ ကုတ ဤၑွရသျ ပရီက္ၐာံ ကရိၐျထ?
၁၀သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။
11 ပြဘော ရျီၑုခြီၐ္ဋသျာနုဂြဟေဏ တေ ယထာ ဝယမပိ တထာ ပရိတြာဏံ ပြာပ္တုမ် အာၑာံ ကုရ္မ္မး၊
၁၁သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည် နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရု ပြောဆို၏။
12 အနန္တရံ ဗရ္ဏဗ္ဗာပေါ်လာဘျာမ် ဤၑွရော ဘိန္နဒေၑီယာနာံ မဓျေ ယဒျဒ် အာၑ္စရျျမ် အဒ္ဘုတဉ္စ ကရ္မ္မ ကၖတဝါန် တဒွၖတ္တာန္တံ တော် သွမုခါဘျာမ် အဝရ္ဏယတာံ သဘာသ္ထား သရွွေ နီရဝါး သန္တး ၑြုတဝန္တး၊
၁၂ထိုအခါဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူ သမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာ နေ၍နားထောင်ကြ၏။
13 တယေား ကထာယာံ သမာပ္တာယာံ သတျာံ ယာကူဗ် ကထယိတုမ် အာရဗ္ဓဝါန္
၁၃ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြ လော့။
14 ဟေ ဘြာတရော မမ ကထာယာမ် မနော နိဓတ္တ၊ ဤၑွရး သွနာမာရ္ထံ ဘိန္နဒေၑီယလောကာနာမ် မဓျာဒ် ဧကံ လောကသံဃံ ဂြဟီတုံ မတိံ ကၖတွာ ယေန ပြကာရေဏ ပြထမံ တာန် ပြတိ ကၖပါဝလေကနံ ကၖတဝါန် တံ ၑိမောန် ဝရ္ဏိတဝါန်၊
၁၄ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့် အရှုကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြော ခဲ့ပြီ။
15 ဘဝိၐျဒွါဒိဘိရုက္တာနိ ယာနိ ဝါကျာနိ တဲး သာရ္ဒ္ဓမ် ဧတသျဲကျံ ဘဝတိ ယထာ လိခိတမာသ္တေ၊
၁၅ထိုအကြောင်းအရာသည်လည်း ပရောဖက် တို့၏ စကားနှင့် ညီ၏။
16 သရွွေၐာံ ကရ္မ္မဏာံ ယသ္တု သာဓကး ပရမေၑွရး၊ သ ဧဝေဒံ ဝဒေဒွါကျံ ၑေၐား သကလမာနဝါး၊ ဘိန္နဒေၑီယလောကာၑ္စ ယာဝန္တော မမ နာမတး၊ ဘဝန္တိ ဟိ သုဝိချာတာသ္တေ ယထာ ပရမေၑိတုး၊
၁၆ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။
17 တတွံ သမျက် သမီဟန္တေ တန္နိမိတ္တမဟံ ကိလ၊ ပရာဝၖတျ သမာဂတျ ဒါယူဒး ပတိတံ ပုနး၊ ဒူၐျမုတ္ထာပယိၐျာမိ တဒီယံ သရွွဝသ္တု စ၊ ပတိတံ ပုနရုထာပျ သဇ္ဇယိၐျာမိ သရွွထာ။
၁၇လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု။
18 အာ ပြထမာဒ် ဤၑွရး သွီယာနိ သရွွကရ္မ္မာဏိ ဇာနာတိ၊ (aiōn g165)
၁၈ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူ သမျှသော အမှုအရာတို့ကိုသိတော်မူသည်။ (aiōn g165)
19 အတဧဝ မမ နိဝေဒနမိဒံ ဘိန္နဒေၑီယလောကာနာံ မဓျေ ယေ ဇနာ ဤၑွရံ ပြတိ ပရာဝရ္တ္တန္တ တေၐာမုပရိ အနျံ ကမပိ ဘာရံ န နျသျ
၁၉ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက် ဘဲလျက်၊
20 ဒေဝတာပြသာဒါၑုစိဘက္ၐျံ ဝျဘိစာရကရ္မ္မ ကဏ္ဌသမ္ပီဍနမာရိတပြာဏိဘက္ၐျံ ရက္တဘက္ၐျဉ္စ ဧတာနိ ပရိတျက္တုံ လိခါမး၊
၂၀ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
21 ယတး ပူရွွကာလတော မူသာဝျဝသ္ထာပြစာရိဏော လောကာ နဂရေ နဂရေ သန္တိ ပြတိဝိၑြာမဝါရဉ္စ ဘဇနဘဝနေ တသျား ပါဌော ဘဝတိ၊
၂၁အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏ တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
22 တတး ပရံ ပြေရိတဂဏော လောကပြာစီနဂဏး သရွွာ မဏ္ဍလီ စ သွေၐာံ မဓျေ ဗရ္ၑဗ္ဗာ နာမ္နာ ဝိချာတော မနောနီတော် ကၖတွာ ပေါ်လဗရ္ဏဗ္ဗာဘျာံ သာရ္ဒ္ဓမ် အာန္တိယခိယာနဂရံ ပြတိ ပြေၐဏမ် ဥစိတံ ဗုဒ္ဓွာ တာဘျာံ ပတြံ ပြဲၐယန်၊
၂၂ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ၏။
23 တသ္မိန် ပတြေ လိခိတမိံဒ, အာန္တိယခိယာ-သုရိယာ-ကိလိကိယာဒေၑသ္ထဘိန္နဒေၑီယဘြာတၖဂဏာယ ပြေရိတဂဏသျ လောကပြာစီနဂဏသျ ဘြာတၖဂဏသျ စ နမသ္ကာရး၊
၂၃သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
24 ဝိၑေၐတော'သ္မာကမ် အာဇ္ဉာမ် အပြာပျာပိ ကိယန္တော ဇနာ အသ္မာကံ မဓျာဒ် ဂတွာ တွက္ဆေဒေါ မူသာဝျဝသ္ထာ စ ပါလယိတဝျာဝိတိ ယုၐ္မာန် ၑိက္ၐယိတွာ ယုၐ္မာကံ မနသာမသ္ထဲရျျံ ကၖတွာ ယုၐ္မာန် သသန္ဒေဟာန် အကုရွွန် ဧတာံ ကထာံ ဝယမ် အၑၖန္မ၊
၂၄လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှ ထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရ သည်ဖြစ်၍၊
25 တတ္ကာရဏာဒ် ဝယမ် ဧကမန္တြဏား သန္တး သဘာယာံ သ္ထိတွာ ပြဘော ရျီၑုခြီၐ္ဋသျ နာမနိမိတ္တံ မၖတျုမုခဂတာဘျာမသ္မာကံ
၂၅ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိ အသက်ကို စွန့်စားသော သူတည်းဟူသော၊
26 ပြိယဗရ္ဏဗ္ဗာပေါ်လာဘျာံ သာရ္ဒ္ဓံ မနောနီတလောကာနာံ ကေၐာဉ္စိဒ် ယုၐ္မာကံ သန္နိဓော် ပြေၐဏမ် ဥစိတံ ဗုဒ္ဓဝန္တး၊
၂၆ငါတို့ချစ်သောဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သော သူ တို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့် အညီ၊
27 အတော ယိဟူဒါသီလော် ယုၐ္မာန် ပြတိ ပြေၐိတဝန္တး, ဧတယော ရ္မုခါဘျာံ သရွွာံ ကထာံ ဇ္ဉာသျထ၊
၂၇ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ်ကြ၏။
28 ဒေဝတာပြသာဒဘက္ၐျံ ရက္တဘက္ၐျံ ဂလပီဍနမာရိတပြာဏိဘက္ၐျံ ဝျဘိစာရကရ္မ္မ စေမာနိ သရွွာဏိ ယုၐ္မာဘိသ္တျာဇျာနိ; ဧတတ္ပြယောဇနီယာဇ္ဉာဝျတိရေကေန ယုၐ္မာကမ် ဥပရိ ဘာရမနျံ န နျသိတုံ ပဝိတြသျာတ္မနော'သ္မာကဉ္စ ဥစိတဇ္ဉာနမ် အဘဝတ်၊
၂၈ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊
29 အတဧဝ တေဘျး သရွွေဘျး သွေၐု ရက္ၐိတေၐု ယူယံ ဘဒြံ ကရ္မ္မ ကရိၐျထ၊ ယုၐ္မာကံ မင်္ဂလံ ဘူယာတ်၊
၂၉လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။
30 တေ ဝိသၖၐ္ဋား သန္တ အာန္တိယခိယာနဂရ ဥပသ္ထာယ လောကနိဝဟံ သံဂၖဟျ ပတြမ် အဒဒန်၊
၃၀ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီး လျှင် မှာစာကိုအပ်ပေးကြ၏။
31 တတသ္တေ တတ္ပတြံ ပဌိတွာ သာန္တွနာံ ပြာပျ သာနန္ဒာ အဘဝန်၊
၃၁မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။
32 ယိဟူဒါသီလော် စ သွယံ ပြစာရကော် ဘူတွာ ဘြာတၖဂဏံ နာနောပဒိၑျ တာန် သုသ္ထိရာန် အကုရုတာမ်၊
၃၂ယုဒနှင့် သိလတို့သည် ပရောဖက် ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်တို့ကို ဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။
33 ဣတ္ထံ တော် တတြ တဲး သာကံ ကတိပယဒိနာနိ ယာပယိတွာ ပၑ္စာတ် ပြေရိတာနာံ သမီပေ ပြတျာဂမနာရ္ထံ တေၐာံ သန္နိဓေး ကလျာဏေန ဝိသၖၐ္ဋာဝဘဝတာံ၊
၃၃ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။
34 ကိန္တု သီလသ္တတြ သ္ထာတုံ ဝါဉ္ဆိတဝါန်၊
၃၄သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
35 အပရံ ပေါ်လဗရ္ဏဗ္ဗော် ဗဟဝး ၑိၐျာၑ္စ လောကာန် ဥပဒိၑျ ပြဘေား သုသံဝါဒံ ပြစာရယန္တ အာန္တိယခိယာယာံ ကာလံ ယာပိတဝန္တး၊
၃၅ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမ ဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ် တရားတည်း ဟူသော ဧဝံဂေလိတရားကိုဟောပြောကြ၏။
36 ကတိပယဒိနေၐု ဂတေၐု ပေါ်လော ဗရ္ဏဗ္ဗာမ် အဝဒတ် အာဂစ္ဆာဝါံ ယေၐု နဂရေၐွီၑွရသျ သုသံဝါဒံ ပြစာရိတဝန္တော် တာနိ သရွွနဂရာဏိ ပုနရ္ဂတွာ ဘြာတရး ကီဒၖၑား သန္တီတိ ဒြၐ္ဋုံ တာန် သာက္ၐာတ် ကုရွွး၊
၃၆အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဘူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့ သည် အဘယ်သို့ရှိနေသည်ကိုကြည့်ရှု၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗအားဆို၏။
37 တေန မာရ္ကနာမ္နာ ဝိချာတံ ယောဟနံ သင်္ဂိနံ ကရ္တ္တုံ ဗရ္ဏဗ္ဗာ မတိမကရောတ်,
၃၇ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကို ခေါ်မည်ဟု အကြံရှိ၏။
38 ကိန္တု သ ပူရွွံ တာဘျာံ သဟ ကာရျျာရ္ထံ န ဂတွာ ပါမ္ဖူလိယာဒေၑေ တော် တျက္တဝါန် တတ္ကာရဏာတ် ပေါ်လသ္တံ သင်္ဂိနံ ကရ္တ္တုမ် အနုစိတံ ဇ္ဉာတဝါန်၊
၃၈ပေါလုက၊ ပံဖုလိပြည်၌သူတို့နှင့်ခွါ၍ အမှုထမ်း ရာသို့မလိုက် မသွားသောထိုသူကိုမခေါ်သင့်ဟု သဘောရှိ၏။
39 ဣတ္ထံ တယောရတိၑယဝိရောဓသျောပသ္ထိတတွာတ် တော် ပရသ္ပရံ ပၖထဂဘဝတာံ တတော ဗရ္ဏဗ္ဗာ မာရ္ကံ ဂၖဟီတွာ ပေါတေန ကုပြောပဒွီပံ ဂတဝါန်;
၃၉ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည်မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။
40 ကိန္တု ပေါ်လး သီလံ မနောနီတံ ကၖတွာ ဘြာတၖဘိရီၑွရာနုဂြဟေ သမရ္ပိတး သန် ပြသ္ထာယ
၄၀ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက်၍၊
41 သုရိယာကိလိကိယာဒေၑာဘျာံ မဏ္ဍလီး သ္ထိရီကုရွွန် အဂစ္ဆတ်၊
၄၁အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ၏။

< ပြေရိတား 15 >